Pages

Monday, May 30, 2011

ကိုယ်ကျင့် အဘိဓမ္မာ



ကိုယ်ကျင့် အဘိဓမ္မာ

AHIBHAMMA IN DAILY LIFE

တောင်မြို့  ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ၏
ကိုယ်ကျင့် အဘိဓမ္မာ ကျမ်းစာကို လာမည့် ( ၀၃ ၊ ၀၆၊ ၂၀၁၁ )
သောကြာနေ့ တွင် (နှစ်ပတ်တစ်ခါ ) စတင် ပို့ ချ ဟောကြား သွားပါမည်။

ပထမ အပတ် စိတ် အကြောင်းကို ဆရာတော့်ကျမ်းစာနှင့်အတူ
မိမိ လေ့လာဆည်းပူး နားလည်ထားသလို ရှင်းပြပေးပါမည်။

စိတ်တို့ ၏ သဘောသဘာဝ
စိတ်တွေသည် ဘယ်နေရာမှာ တည်ရှိသလဲ
စိတ်ကောင်းဖြစ်ပေါ်စေမည့် စိတ်ထားနည်းလမ်းများ...
စသည်စသည်များကို ရှင်းလင်းပို့ ချ ဟောကြားသွားပါမည်။

ပို့ ချ ရှင်းလင်းမည့် ဘာသာစကား
အင်္ဂလိပ် နှင့် ဂျာမန်ဘာသာ နှစ်မျိုးတွဲကာ ပို့ ချရှင်းလင်းပါမည်။


ပို့ ချမည့် ဌာန

သာရိပုတ္တ အင်စတီကျု
Fischergasse 18
85354Freising


သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ ဟူသည့်အတိုင်း
တရားတော်ကို နာယူရ သင်ယူခွင့်ရခြင်းသည်
အလွန့် အလွန်ခဲရင်းလှပေ၏

(လူ့ ဘ၀၏ မဟာအခွင့်ရေးကြီးပါတည်း။)

မာ ဝေါ ခဏံ ၀ိရောဓေထ ဟူသည့်အတိုင်း
အခွင့်ကောင်းကို လက်မလွတ်စေလို...


မြတ်ရောင်နီ
( ၂၉၊ ၀၅ ၊ ၂၀၁၁ )





ဒီနေရာကလေးမှာ ရေးပါ..

Friday, May 27, 2011

အချစ် မပျက်စေလို



အချစ် မပျက်စေလို




တစ်ခါတစ်လေ တွေးကြည့်မိတာက အချစ်ဆိုတဲ့ စကားလုံး။

လူတိုင်းက ချစ်တာကို သဘောကျကြတာ များပါတယ်။

အချစ်ပျက်သွားမှာကိုတော့ ကြောက်ကြပါတယ်။

လူတိုင်းဆိုသလို ဘုန်းကြီးလည်း ချစ်တာသဘောကျသလို
အချစ်ပျက်မှာလည်း ကြောက်ကြပါတယ်။

အဲ... အချစ်ဆိုတဲ့ စကားလုံးက ဘုန်းကြီးမဆိုင်တော့ မဟုတ်။
အချစ်ဆိုတာလည်း အမျိုးမျိုး ရှိပေတာကိုး။

သာမန်လူတွေ ချစ်တဲ့ အချစ်ကို အဓိပ္ပါယ် မဖွင့်ဆိုလိုတော့ပါ။
ဘုန်းကြီးတွေ ချစ်တဲ့ အချစ်ကို ပြောပြချင်သေးတယ်။

စာထဲမှာလည်း မျက်စိတောင် ပိယစက္ခု ချစ်တဲ့မျက်စိနဲ့ 
အချင်းချင်း ကြည့်ရှု နေထိုင်ကြရင် ပြောဆိုကြရင်အဆင်ပြေပါသတဲ့။
အချစ်ရှိတော့ အရာရာ ဆိုသလို ခွင့်လွတ်တတ်ကြပါတယ်။

အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယ အရှင်ကိမိလ တို့  နေတဲ့ပုံစံပေါ့။
တစ်ဦးပေါ် တစ်ဦး အပြစ်မယူကြဘူး။
တစ်ဖက်သား လုပ်သမျှ
လိုက်လျောကြတယ်။

ကိုယ်နဲ့ စိတ် သုံးပါးဖြစ်ပေမယ့်
စိတ်တွေက တစ်ထပ်တည်းကျတယ်။


ရှေ့ မှာရော ကွယ်ရာမှာရော
အချင်းချင်း ချစ်တဲ့ စိတ်အတိုင်း
ချစ်တဲ့ စကားနဲ့  ချစ်တဲ့ လုပ်ဆောင်ချက်

တစ်ထပ်တည်း ကျနေတယ်။

အချင်းချင်း ဟာမိုနီ ဖြစ်အောင် နေကြပါတယ်။
စာကပြောတာက နို့ နဲ့ ရေ ရောထားသလိုမျိုးတဲ့။

ဒါ ချစ်ခြင်းသင်္ကေတ တစ်ရပ်ပေါ့။


အချစ်မပျက်စေချင်ရင်
ဒါကြည့်သောအားဖြင့် မထေရ်ကြီးများလို

နေရမယ် ဆိုတာ သဘောပေါက်လာတယ်။

ပြီးတော့ လူများရဲ့  အကြည်ညိုခံပြီး လှူဒါန်းသမျှ
သင်္ကန်း ဆွမ်း ကျောင်း ဆေး
သုံးစွဲနေရတဲ့
ဘုန်းကြီး ဘ၀ဟာလည်း
အချစ်မပျက်စေဖို့  သတိ
ထားရပြန်တယ်။
သတိထားရမည့် ဘ၀ဖြစ်ပါတယ်။


စာထဲမှာတော့ တောင်းလွန်းရင် အချစ်ပျက်ပါသတဲ့။ ကြားဘူးတဲ့
ပုံပြင်က ရဋ္ဌပါလ မထေရ်ဟာ ဖခမည်းတော်တောင် မတောင်းပါဘူးတဲ့။
ဖိတ်မံထားတာတောင်မှ မတောင်းလေတော့ ဖခမည်းတော်ရဲ့ 
စိတ်က အတောင်းခံချင်လာတယ်လေ။

( လူတွေရဲ့  သဘောလေလား။
အရက် မကြိုက်ပါဘူးဆို အတင်း ပေးတိုက်တယ်။

သောက်တတ်လာရင် ပေးမတိုက်တော့ဘူး။ )

ဒါနဲ့ ပဲ ခမည်းတော်က သားရဟန်းကို မေးပါလေရော၊
ဘာလို့  မတောင်းတာလဲ
ဆိုတာကိုပေါ့ ။

ဒီလိုပါ ။ ရဋ္ဌပါလ မထေရ်ခမျာ လူရဲ့  သဘော မနော သိပြီးသားမို့ 
အချစ်မပျက်စေလိုတာကြောင့် မတောင်းခဲ့ကို သေချာရှင်းပြတယ်။

၁။တောင်းလို့  ရရင် တော်ရဲ့ ၊
ကိုယ်တောင်းတာ မရခဲ့ရင်
မပေးတဲ့ သူကို အချစ်ပျက်လာမယ်။

အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။

၂။ တောင်းလို့  ပေးရတာများလာခဲ့ရင်
ပေးနေရတဲ့သူကလည်း

တောင်းတဲ့ သူကိုအချစ်ပျက်လာမယ်။
အချစ်ပျက်လာနိုင်စရာ ဖြစ်တယ်။


အဲလို အချစ်မပျက်စေလိုတာမို့ လို့ 
ရှင်းတော့မှ ခမည်းတော်လင်းသွားတယ်။

ဒါတင်မကသေးဘူး။ ဟိုတုန်းက ရဟန်းတွေက မနိုင်မနင်း
ကျောင်းကြီးတွေ ဆောက်၊ ကျောင်းဒကာက သီးသန့် မရှိ။
နောက်မှ လူမြင်တိုင်း လုပ်အားပေးခေါ် လုပ်ကြ။
လိုအပ်ရာရာ အလှူခံကြ လုပ်ကြပါသတဲ့။

နောက်တောင်းပါများလာတော့
လူတွေက သင်္ကန်းရောင်နဲ့  တူတဲ့
နွားမြင်တာတောင်မှ ရဟန်း ထင်ပြီး အိမ်ထဲ ပုန်းရတဲ့
အဖြစ်ပျက်က ရှေးကာလ ဖြစ်ခဲ့ပါတယ်။
ဒါလည်း အချစ်ပျက်သွားတဲ့ ပုံပြင်တစ်ပုဒ်။


( စကားညှပ်- ယခုခေတ် မြို့ များမှာ
အလှူခံ မလာရ ဆိုင်းဘုတ်နဲ့ ခပ်ဆင်ဆင်။)


ဟုတ်ပါတယ်။ တောင်းတာက လူကို မဆိုထားနဲ့  တိရစ္ဆာန်တောင်
မကြိုက်ဘူးလေ။ တစ်ခါတော့ ရဟန်းတစ်ပါးက တောထဲမှာ
တရားအားထုတ်တယ်။ ငှက်တွေ က ကျွိတီ ကျွိတီ ဆူဆူညံညံ
လုပ်တယ်။ ကြာလာတော့ တရားမရ။ နားကြားပြင်းကပ်လာတယ်။
နောက် အဖေါ်တစ်ပါးက အကြံပေးတာနဲ့  ငှက်တွေကို မင်းတို့ 
အတောင်တွေ ငါ့ပေး ၊ ငါ့ပေး အော်လို့  နောက် မလာတော့ဘူးတဲ့။
အချစ်ပျက်သွားတယ်ပေါ့။

ပြီးတော့ နဂါးတစ်ကောင်ကလည်း အဲလိုပဲ ရဟန်းတရားအားထုတ်နေတာမို့ 
ဝေ့လည် ဝေ့လည် နဲ့  နေပါတယ်။ အန္တရာယ်ပေးတာတော့ မဟုတ်ပါဘူး။
သို့ ပေမယ့် ရဟန်းက သိပ်ကြောက်တတ်တာမို့  အကို ဖြစ်သူကို
အကြံဥာဏ်တောင်းပါသတဲ့။

အကိုက မင်း နဂါးကို မြင်တော့ ဘာထူးထူးခြားခြား
မြင်သလဲပေါ့။ ညီရဟန်းက လည်ပင်းမှာ ပတ္တမြားတွေ့ ပါတယ်။
အဲဒါဆို အဲဒါတောင်းကွာ။ တောင်းရင် အချစ်ပျက်မှာကို သိလေတဲ့
အကိုရဲ့  အကြံပေးမှုနဲ့ အတူ ညီငယ်က တောင်းပါသတဲ့။
နဂါးလည်း ညီငယ်နား မဝေ့လည်တော့ပဲ အချစ်ပျက်သွားပါတယ်။

ဒါကြောင့် လူပဲ ဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ်
သူများဆီက ပစ္စည်းကိုဖြစ်ဖြစ် အကူညီကို ဖြစ်ဖြစ်
တောင်းရင် ၊ တောင်းပါများရင် အချစ်ပျက်တာလည်း
သိထားသင့်ပါတယ်။ သိပြီးရင်တော့ အချစ်မပျက်စေကြနဲ့ ပေါ့။

အချစ်မပျက်စေလို....



မှတ်ချက်။ ။ ၀ိနည်း သုတ္တန်တို့ မှာ လာသည်ကို
နားလည်လွယ် စကားလုံးဖြင့် မှတ်သားသင့်သည်များကို
မှတ်မိသမျှ သုံးနှုန်း ရေးသားထားပါသည်။




မြတ်ရောင်နီ
( ၂၇ ၊ ၀၅ ၊ ၂၀၁၁ )









ဒီနေရာမှာ ရေးပါ..

Monday, May 23, 2011

ကမ်ကောင်းကြပါစေ



ကမ်ကောင်းကြပါစေ



ကမ်ကောင်းဖို့  အရေးကြီးပါတယ်။

ကမ်ကောင်းရင် ကံကောင်းမယ်။
ကမ်ဆိုတာတာက ပါဠိလို ကမ္မ ။
ကမ္မဆိုသည်မှာ အလုပ်ပါပဲ။

နေ့ စဉ်ဆိုသလို အလုပ်တွေ အမျိုးမျိုး လုပ်နေကြပါတယ်။
လူအလိုက် ဘုန်းအကြီးအလိုက် ဆိုသလိုပေါ့။
နာမည်တပ်ပြီး ပြောရရင်တော့ ၀န်းထမ်း အလုပ်
ပုဂ္ဂလိက ကိုယ်ပိုင် အလုပ် အမျိုးမျိုးပေါ့။

ဘာပဲပြောပြော ကမ္မဆိုတဲ့ ကမ်ဟာ အလုပ်ကောင်းဖို့  လိုတယ်ပေါ့။
လူတွေ အတွက် ကမ် အလုပ်ကောင်းရင် ငွေဝင်ကောင်းမယ်။
ပြီးတော့ တရားဘက်လုပ်ရင်လည်း ငြိမ်းချမ်းမှုကောင်းမယ်။

ဘုန်းကြီးများအတွက် ကမ်ဟာ
ကိုယ့်အလုပ်လုပ်နေရင် လာဘ်လာဘ ပေါများမယ်။
ပြီးတော့ တရားအလုပ်ကောင်းရင် ငြိမ်းချမ်းမှုကောင်းမယ်။

ထပ်ပြီး အသေးစိပ် ပြောရရင်တော့
ကိုယ်နဲ့ ပြုလုပ်တဲ့ အလုပ် ၊
ပါးစပ်နဲ့ ပြောဆိုတဲ့ နှုတ်အလုပ် ၊
စိတ်အတွေး အကြံ စိတ်အလုပ်
ဒီ အလုပ် သုံးခုပဲ ရှိပါတယ်။

ဒီသုံးခုကောင်းနေရင်ကမ်ကောင်းတယ်ပေါ့နော်။
ကမ်ကောင်းကြပါစေပေါ့။




မြတ်ရောင်နီ
( ၂၃ ၊ ၀၅၊ ၂၀၁၁ )





ဒီနေရာမှာ ရေးပါ..

Monday, May 9, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့ မြတ်


ကဆုန်လပြည့် ဗုဒ္ဓနေ့ မြတ်

Vesakh- Feier


ဝေဆက်ဒေးပွဲတော်


သာသာနာနှစ် ၂၅၅၅ ဝေဆက်ဒေး ပွဲတော်ကို
အောက်ပါ အစီစဉ်တိုင်း ကျင်းပသွားပါမည်။

မနက် ၁၁ နာရီ ၃၀
ကျောင်းသစ်ဖွင့်ပွဲ နှင့်အတူ ဗုဒ္ဓဆင်းတုတော် လှူဒါန်းပူဇော်ခြင်း
ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း ၊ ဆုတောင်း ပတ္ထနာများပြုကြခြင်း

၁၂ နာရီ
သံဃာတော်များအား
ဆွမ်းကပ်လှူဒါန်းခြင်း


၁၂နာရီ ၃၀
လာရောက်ကြသည့် ဧည့်သည်တော် ဒကာ ဒကာမများ
ကိုယ်တိုင်ယူစနစ်ဖြင့် သုံးဆောင်ကြခြင်း

နေ့ ခင်း ၁ နာရီ ၃၀
သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံ တို့ မှ
ရိုးရာ အဆို အကဖြင့် ဧည့်ခံတည်ခင်းခြင်း

၂ နာရီ ၃၀
လိုအပ်ရာရာ ဂိလာန ရဟန်းတော်များအား ထောက်ပံ့
ဆေးပဒေသာပင်လှူဒါန်းခြင်း

၃နာရီ
ဝေဆက်ဒေးနေ့ တရားပွဲ

၎နာရီ
ကိုစေစား တတ်ပီယ မှ
ဂီတာလက်သံဖြင့် ဖျော်ဖြေဧည့်ခံခြင်း

ညနေ ၆ နာရီ
ဘုရားဝတ်ပြု ၊ တရားထိုင်ခြင်း

၆ နာရီ ၄၀
အခန်းနားပြီးဆုံးခြင်းနှင့်
သန့် ရှင်းရေး ကုသိုလ်ပြုလုပ်ကြခြင်း


ကျင်းပမည့်

နေရာ- Fischergasse 18,
85354 Freising

နေ့ ရက်- မေလ ၁၅ ရက် ၂၀၁၁ ခုနှစ်၊
တနင်္ဂနွေနေ့ 



ရပ်ဝေး ရပ်နီးမှာ နေထိုင်ကြကုန်သော
သူတော်စင် အပေါင်းတို့  လာရောက်နိုင်ဖို့ ရာ
ကြိုတင် အသိပေး ဖိတ်ကြား လိုက်ပါသည်။

ဂေါပက ကိုယ်စား
အရှင်တေဇောဘာသ ( မြင်းခြံ )




မြတ်ရောင်နီ

( ၁၀၊ ၀၅ ၊ ၂၀၁၁ )




ဒီနေရာမှာ ရေးပါ..

Friday, May 6, 2011

တွေး စေချင်


တွေး စေချင်



ဘယ်ကလာသလဲ?
သိပါဘူး။

ဘယ်ကိုသွားမလဲ?
သိပါဘူး။

သိဘူးလား?
သိပါတယ်။

တကယ်သိလား?
မသိပါ။




သိသော်လည်း မတွေးဖြစ်တာကများသည်။
ထို့ ကြောင့် တွေးဆင်ခြင်ဖို့ ရာ ရေးလိုက်ပါသည်။
တွေးဆင်ခြင်နိုင်ကြပါစေ ကုန်...


မြတ်ရောင်နီ

( ၀၆ ၊ ၀၅ ၊ ၂၀၁၁)

ဒီနေရာလေးမှာ ရေးပါ..

Tuesday, May 3, 2011

စိတ်ပဲ



စိတ်ပဲ



တရားလေး ဘေး

ထားလိုက်လေး
သေမှာ
မေ့နေသေး။

တရားလေး အေး
နီးစပ်ပေး
သေမှာ
ခုလိုတွေး။



မှတ်ချက်။ ။ ယနေ့ မှစ သင်တန်းတက်ရသည်ဖြစ်သောကြောင့်

အသစ်မတင်နိုင်သည့်အခါ အဟောင်းများ ရှာပြီးတော့ကား
အားပေးကြလေကုန်။


မြတ်ရောင်နီ

( ၀၃၊ ၀၅၊ ၂၀၁၁)

ဒီမှာ ရေးပါ..