အားလုံး အိုကေ ကြရဲ့ နော်
မြတ်ရောင်နီ
အရှင်ဟု သမုတ် အကျွန်ုပ်သည်
၂၈ရက် မတ်ခ်ျလ ၂၀၁၁ခုနှစ်ပြ။
လမြန်မာတပေါင်း ဆုတ်ညောင်းကိုးမှာ
တနင်္လာကျား သမုတ်ထားသည့်နေ့ ဝယ်
ညကိုးကျော်ကျော် အချိန်တော်ရယ်
ပြည်တော်မှသည်
ဂျာမဏီဆီသို့ 
ပြန်လည်ရောက်ရှိခဲ့ပေသည်။
ရောက်လျင်ရောက်ချင်း
စာအတင်း စာအဖျဉ်း
( အဲ ...အဲ....အဲ....)။
ရောက်လျင်ရောက်ချင်း
စာနှင့်လင်းအောင်
ရေးမည်ကြံသော်လည်း....
နတ်ဘုတ်ခေါ် ကွန်ပျူတာက ဗလာ၊
ထေရ်ဆရာကို လှူဒါန်းခဲ့သမို့ က တစ်ကြောင်း၊
သူများကွန်ပျူတာ မြန်မာဖောင့် မရှိတာက တစ်သွယ်၊
ဘလော့ဝယ်ရှိထား ပတ်စ၀က် မေ့သွားတာက တစ်ရပ်၊
ဒီအချက်ချက်တွေကြောင့် မြန်မာဖေါင့်ကို ဒေါင်းလော့ဆွဲ
အဖေါ်သဟဲများက ဒီလိုလုပ်လိုက် ဟိုလိုလုပ်လိုက်တဲ့။
(တော်ပါသေးရဲ့  ဒဲ့ ၀င်သွားလို့  မြန်မာဖေါင့်ရသွားတာ)။
အ-တဲ့နေရာ နှစ်ယောက် မရှိဘူးထင့်။
ရေးချင်စိတ်က ရေးရင်း မချင့်။
တစ်နေ့ က မြတ်ရောင်နီ စီဘောက်မှာ
အဆွေသဟာကို နှုတ်ဆက်ချင်ဇောနဲ့ 
အားလုံး အိုကြရဲ့ နော်...တဲ့။
သာမန်ကာ လျှံကာ စာဖတ်သူများ
အိုကေကြရဲ့ လား လို့ ဖတ်မိမယ်။
(တော်သေးသဟနော်..ကိုယ့်အရေးမှား သူတို့ မသိလိုက်ဘူး..)။
စေ့စေ့ပေါက်ပေါက် စာဖတ်သူများက
အားလုံး အိုကြရဲ့ နော် လို့ မေးလေတော့
သေဖို့  နီးနေကြပြီးလားနော်လို့ 
မေးတယ်လို့ တွေးမိလေးမလား မသိ။
( ဒီ အစာဖတ်မှားတာလည်း မဆိုးဘူး၊ တရားနဲ့ နီးမယ် )။
သို့ တည်းမဟုတ်
တို့ ( ဒို့ ) ကို နိုင်ငံခြားမှာ
အိုဗာစတေး ( အို ) ကြရဲ့ လား
ရွဲ့ ပြောတယ် မေးတယ်လို့ များ
ထင်ကြလေလားလည်း မသိရ။
( ဒီလိုကား မဆိုလို ၊ မရည်ရွယ်မိ )။
ခုတော့ကား ရှင်းလောက်ပါပြီ ။
အိုကေကြရဲ့ လားနော်။
မှတ်ချက်။ ။ အားလုံး အဆင်ပြေကြရဲ့ လား ဟု မေးခြင်း
နှုတ်ဆက်ခြင်း အမှတ်တရ
မြတ်ရောင်နီ
( ၃၁ ၊ ၀၃ ၊ ၂၀၁၁ )