Pages

Friday, April 30, 2010

ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ

ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ




မနှစ်က ဒီအချိန်မှာ မွေးနေ့ ကို သီရိလင်္ကာမှာ
ဘုရားအမှူးရှိတဲ့ သံဃာတော်တို့ အား ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။
ဒီပုံကတော့ ဆွမ်းစားကျောင်းအတွင်း မှာ ရှိတဲ့
ဘုရားရှင်ကို ကိုယ်တိုင် ဆွမ်းကပ်လှူခဲ့တာပေါ့။




ဆွမ်းကပ်တဲ့ နေရာမှာ ကပ္ပိယ ဒါယကာ ဒါယိကာမများ
မရှိတော့ စာသင် သံဃာတွေ ကိုယ်တိုင် ဝေယျာဝစ္စ
လုပ်ကြရတယ်။ မွေးနေ့ ရှင် ကိုယ်တိုင်လည်း
အပါဝင် ကုသိုလ်ယူခဲ့တာပေါ့။





ဟော ... ဒီနှစ် ရောက်ပြန်တော့
ကိုယ်တိုင် ဆွမ်းကပ်ရမည့် အခြေနေမှာ မရှိတာမို့ 
ကိုယ်တိုင်ပဲ သင်တန်းက
ကျောင်းသူတွေရဲ့  လှူဖွယ်များကို အလှူခံရပါလေရော...





အော်...ဥရောပ ဆိုတော့လည်း မွေးနေ့  ပန်းစည်း ပေးတာကို
ပထမဆုံး အလှူခံရရှိခဲ့ပြန်ပါတယ်။
မွေးနေ့ ရှင် ကုသိုလ်ရအောင် ပေးလှူတာ ရှိမှာပေါ့။
ဘုရား ရှင်အား လှူဒါန်းရတာပေါ့။






မွေးနေ့ ကဒ်တဲ့။
မွေးနေ့ မှာ ပျော်ရွှင်ဖို့  ဆုတောင်း ပေးထားတဲ့ကဒ်ပေါ့။
ဒီလိုကဒ်ကိုလည်း ဒါဟာ ပထမဆုံး အကြိမ် ရဘူးတာပဲ။


ပြန်စဉ်းစားကြည့်တယ်...
ကိုယ်က လှူရတာက ပျော်စရာ ကောင်းတာလား။
အလှူခံရရှိတာက ပျော်စရာ ကောင်းတာလား။
ရရှိတာရော၊ ပေးလိုက်ရတာရော ပျော်စရာတော့ ပျော်စရာ ကြည့်ပါပဲ။
လူတိုင်းလိုလိုလည်း မွေးနေ့ လက်ဆောင် ရဘူးကြပါလိမ့်မယ်။
ပေးလည်း ပေးဘူးကြပါလိမ့်မယ်။
ဆိုတော့ ...
ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ...။



မြတ်ရောင်နီ
(၃၀၊ ၀၄၊၂၀၁၀)







Thursday, April 29, 2010

မွေး နေ့  ၀ိဇာတ မင်္ဂလာ

မွေးနေ့  ၀ိဇာတ မင်္ဂလာ




ဒီနေ့  မြတ်ရောင်နီ ရဲ့  မွေးနေ့ တူ မင်္ဂလာ အခါ ရက်မြတ်ပါ။

မွေးနေ့ ဆိုတာ တကယ်တော့ တစ်ရက်တည်းပါ။

ဒါပေမယ့် အများအနေနဲ့ တော့ နှစ်စဉ်မွေးနေ့ ဆိုပြီး ပြုလုပ်ကြ၊ ပြောကြပါတယ်။

မွေးနေ့ ကို ပါဠိလို့  ၀ိဇာတ လို့  ဆိုပါတယ်။ အမိဝမ်းက ကျွတ်လွတ်ခြင်းပေါ့။

သို့ သော် အဘိဓမ္မာ အလို အရ ဇာတိ စဖြစ်တယ် ဆိုတာကလည်း မွေးနေ့ ပါပဲ။
ဝိနည်းစည်းမျဉ်း ဥပဒေ အရ ဇာတိ ကို အမိဝမ်းမှာ ကိုယ်ဝန်သန္ဓေ တည်စ မှ စပြီး ရေတွက်ပါတယ်။

ဒါကြောင့်လည်း ရဟန်းတော်များ ရဟန်းဖြစ်ခွင့်ကို အသက် ၂၀ပြည့်မှ ပြုခွင့်ရှိသော်လည်း အမိ ၀မ်းတွင်းကာလက စပြီးရေတွက်တယ်။ ဒါကြောင့်မို့  ၁၉နှစ်နဲ့ သုံးလဆိုရင် အသက် ၂၀ အဖြစ် အသိမှတ်ပြုထားတာဖြစ်ပါတယ်။

(ဆိုလိုတာက- အမိဝမ်းတွင်း ကိုးလလွယ် ဆယ်လဖွား + အပြင်အသက် ၁၉နှစ် သုံးလ ပေါင်းပြီး အသက် ၂၀ဖြစ်သွားတယ်။)

ဒီလိုဆိုတော့ မွေးနေ့  ဆိုတာ အများ ပြောတဲ့ မြတ်ရာင်နီ ရဲ့ ဝိဇာတ ၀မ်းက ကျွတ်လွတ်စွာ မွေးဖွားတဲ့နေ့ ပေါ့။ ဒီနေ့  ၀ိဇာတ ဆိုတာက အများပြောတဲ့ ဝေါဟာရအတိုင်း
သုတ္တန်နည်းအလိုပေါ့ မွေးနေ့ ပေါ့။


ခါတိုင်းနှစ်လို အထူး သံဃာ့ဒါန အလှူကိုတော့ ကိုယ်တိုင် မလုပ်နိုင်ဘူး။
ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ်ရဲ့  မွေးနေ့ ကို

ဒကာ ဒကာမများက သံဃာ့ ဒါန အလှူများ ကုသိုလ်လုပ်ပေးကြတယ်။
စာအုပ်တွေ ရိုက်နှိပ်ပြီး တကယ့် ဓမ္မဒါန
အဖြစ် လှူဒါန်း ပေးကြတယ်။

အထူးတလည် ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။
နေ့ စဉ်အလုပ်ကိုတော့ ပုံမှန် လုပ်ဖြစ်အောင် လုပ်တယ်။

ကုသိုလ်ကောင်းမှု ဆိုတာ မွေးနေ့ မှ အထူးလုပ်ရမှာ မဟုတ်ဘူး။
နေ့ စဉ်ကို လုပ်နေရမှာပါ။


ဘာလို့ လဲ...
ရှင်းပါတယ်။ စဉ်းစားကြည့်ပေါ့။ မွေးနေ့ ဆိုတာ တစ်ခါတည်း မွေးဖွားခဲ့တာပဲကိုး။
မွေးတဲ့ နေ့ နဲ့ တူတဲ့ နေမို့ သာ

မွေးနေ့ ဆိုပြီး လုပ်နေကြတာ။

ဒါ့ထက်ပို စဉ်းစားကြည့်ပါက မွေးနေ့  ဆိုတာ နေ့ တိုင်းမွေးနေ့ ပါ။
နေ့ တိုင်းမွေးနေတာ။ နေတိုင်း သေနေတာပေါ့။

စာကတော့ နေ့ တိုင်းမွေး နေ့ တိုင်းသေကို ဖြစ်ပျက် လို့  ပြောပါတယ်။
ပါဠိလို ဥဒယဗ္ဗယ ပေါ့။


ဒါကို ဆင်ခြင်မိရင် မွေးနေ့ မှ ကုသိုလ်လုပ်ရမယ်။
ပုတီးစိပ်မယ်။ ဘယ်နှစ်ခေါက် ဘယ်သုတ်ကို ရွတ်မယ် ဆိုတာတွေ

နေ့ စဉ်တောင် လုပ်ဖြစ်မယ်။

ဗုဒ္ဓတရားတော် အလိုအရ ဇာတိပိ ဒုက္ခာ- သန္ဓေတည်နေခြင်း၊
မွေးဖွားရခြင်းတို့ ဟာ ဆင်းရဲ ကြောင်း
ဟောတော်မူထားပါတယ်။
ဟုတ်ပါတယ်။ အမိဝမ်းတွင်း နေရတဲ့ ပုံကို စိတ်ကူးကြည့်ပါ။
နောက်ပြီး

ကလေး ဘ၀က စပြီး ငိုပွဲနဲ့  စကျင်းပခဲ့ရပါတယ်။

တစ်ချို့ ကလေးမငိုရင်တောင် ငိုအောင် ပြုလုပ်ပေးရတယ်တဲ့။
ခုတော့ သား သမီး ဖွားလာတာကို ဒုက္ခလို့  ဘယ်သူမှ
မမြင်ပါဘူး။
ပျော်ပျော်ပါးပါး သားလေး သမီးလေး ရပြီ ဆိုပြီး ပျော်တော့တာပါပဲ။


အဲဒီ ကတည်းက ဒုက္ခကို စခဲ့တာ..
ဒုက္ခမှန်း မသိလေတော့ Happy birth to you! လုပ်ကြပြီပေါ့။

မမှားပါဘူး။ ဘ၀မှ ရလာပြီ ဆိုမှတော့ ဒုက္ခ မှ လွတ်အောင် ပျော်ရွှင်နိုင်စေအောင်
ဆုတောင်း ပေးကြတာပေါ့လေ။

အပျော်အစစ်ကြီး ပျော်ရွှင်နိုင်ကြပါစေ...

မှတ်ချက်။
ကဲ ... စာရေးချိန်မရသေးလို့  မွေးနေ့ ကြောင်း မိတ်ဆက်အနေနဲ့  ရေးသားလိုက်ပါတယ်။

မွေးနေ့ ရှင် အသက်ကား -
ဗေဒင်ဇာတာ ထဲကအတိုင်း ပြောရရင်

သုံးပုံ တစ်ပုံ ပြည့်လုခါနီး နှစ်နှစ်အလို။


မြတ်ရောင်နီ

( ၂၉၊၀၄၊၂၀၁၀)
ကဆုန်လပြည့်ကျော် ၂ ရက်

Tuesday, April 27, 2010

စိတ်ပါသွားပြီ

စိတ်ပါသွားပြီ



စိတ်ပါသွားပြီ ဆိုတာနဲ့ တင်ထားတဲ့ ပုံကို ကြည့်ပြီး
ပေးမထားတဲ့ အမှတ်တွေ လျှော့ပစ်မှာ စိုးမိသေး။

ကျေးဇူးပြုပြီး...ရှေ့ ဆက်ဖတ်ပါ။

ကိုယ့်စိတ်ပါသွားတာ ဒီလိုပါ။ နဂိုရ်က စိတ်မပါဘူးလေ။
ဘယ်စိတ်ပါ ပါ့မလဲ၊ စိတ်ပါရ ကောင်းမှန်းကို မသိတာ။
စိတ်ပါဖို့ လမ်းစလည်း မရှိဘူးလေ။

ကိုယ့်အဖြစ် ကြည့်ပါ့လား၊ ကိုယ့်ပြည်ဌာန နေတုံးက အင်တာနက် ဆိုလို့ 
အီးမေး ၃ခါလား ပို့ ဘူးတယ်။ ဒါတောင် တစ်ခါက အထင်ကြီးအောင် ကြွားပြောတာ။

ကိုယ်ပိုင် ကင်မရာနဲ့ ဆိုလို့  တစ်ခါမှ ဓာတ်ပုံ မရိုက်ဖူးဘူး။ တကယ် အတည်။
ငှါးပြီးတော့ မှတ်မှတ်ရရ ရိုက်ဖူးတယ်။

ကိုယ့်ဆီ လာပြီး အလှူခံကြမှာမဟုတ်တော့ဘူး။ အဟီး။

အင်း...ခုတော့လေ နိုင်ငံခြား ရောက်လာတော့ ကိုယ်ပိုင် ကင်မရာလေး
ရှိအောင်လုပ်ထားရသပေါ့။
အင်တာနက် ဆိုတာကလည်း အီးမေးပို့ ရုံတင် မဟုတ်တော့ဘူး။
ချက်လိုက် ပြုတ်လိုက်။

ဒါ့ထက် ပိုပြီး ဘလော့ဂ် လုပ်လို့ ရပါလား ဆိုတာသိတော့
သူငယ်ချင်း လက်ဆောင်ပေးတဲ့ ဘလော့လေးမှာ
စာလေးတွေ ရေးလိုက်နဲ့ ။ ဓာတ်ပုံရိုက်တာလည်း စိတ်ပါသွား။
ဘလော့မှာ စာရေးရတာလည်း စိတ်ပါသွားတာနော်...။

အထက်ပါ ပုံသည်
ရောမမှာ မနေသေးပေမယ့် ရောမက လာကြတဲ့ အီတလီသူလေးတွေနဲ့အတူ
ဟော်လန်၊ ထိုင်း ကိုယ်တော်များနဲ့  ဆွမ်းစား အပြန် လမ်းကြုံအောင်
တမင် သွားခဲ့ကြတဲ့ ဥယျာဉ်ထဲမှာ အမှတ်တရ


မြင်းစိုင်းသမားတော့ မဟုတ်ဘူး






စက်မှုထွန်းကားတဲ့ နိုင်ငံတော့ ဟုတ်ပါတယ်။
ဒါပေမယ့် စက်ပစ္စည်း ပေါလို့ ရိုးအီ သွားလို့ လေလား၊
အင်္ဂလိပ် ဥယျာဉ် ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ
ရဲသားကြီး ကိုလှရွှေ ရဲမေ လုံမ တို့ 
ကိုယ့်မြင်း ကိုယ်စီးပြီး လာတဲ့သူတွေကို
စောင့်ရှောက်လှည့်လည်နေပုံ



ဆိုက္ကားတော့ ဆိုက္ကားပဲ






အဲဒါပဲ။ ရှားရှားပါးပါး
ဆိုက္ကားတော့ ဆိုက္ကားပဲ။
အရှေ့ နဲ့  အနောက်ကွာတာ။

ရှေ့ နဲ့ နောက် လည်းကွာတာ။
ကိုယ်တို့ ဆီမှာက ဘီးနှစ်ဘီးက နောက်က
ဒီက ရှေ့ က...။

ပြီးတော့...
ထားလိုက်ပါတော့လေ...။


တကယ်ဟ





ဖန်သားပြင်ပေါ်မှာ တွေ့ နေတာတော့ ကြာပြီ။
ဒီလို ဆော့တာ ကစားတာကို။
ဒီ စပေါ့ထ်ကို ခုလို လက်တွေ့  မမြင်ဘူးတာနဲ့ ခုမှပဲ ဓာတ်ပုံရိုက်ယူခဲ့တာ။
သူတို့ အတွက် မထူးဆန်း၊
ကိုယ့်အတွက်တော့ အထူး...
( အဟမ်း)။



နေနာရီ တဲ့





နေနာရီ- လို့  ပြောတာပဲ။

ဘယ်လို ကြည့်ရသလဲ မေးတော့
ရှင်းပြတဲ့သူပြောတာက အတော်ရှင်းတယ်။
တပည့်တော်လည်း မသိဘူးတဲ့။

ရှင်းပြသူကိုယ်တိုင်က ဂျာမန်ပါပဲ။
သို့ သော်...သူလည်း
သူသိသလို ရှင်းပြတာပါပဲ။



မြတ်ရောင်နီ
(၂၇၊၀၄၊၂၀၁၀)

Monday, April 26, 2010

အကောင်ကြီးတယ် နှစ်ခေါက်လျှောက်

အကောင်ကြီးတယ် နှစ်ခေါက်လျှောက်


အားလုံး ကြားဖူးပြီးသားပါပဲ။ ပုံပြင်လေး တစ်ပုဒ်ပေါ့။
မှတ်မိသလောက် ကိုယ့်စကားနဲ့ ကိုယ် ပြန်ပြောရရင်-

ဟိုရှေးရှေးတုံးကပေါ့။


ဦးသူတော် တစ်ပါး ကျောင်းအနီးနားရှိတဲ့ ပုဇွန်လုံးကို စားချင်တာနဲ့  အကြံဖန်ထုတ်ပါသတဲ့။
အကုသိုလ်ဖြစ်မှာလည်း ကြောက်တဲ့ ဦးသူတော်။
သူ့ ကာယကံ မြောက် အကုသိုလ်ဖြစ်မှာစိုးတာက လွန်ရော။
သူ့ အထင် သူ့ အကြံက ကိုယ်တိုင်သတ်ရင် အကုသိုလ်ဖြစ်မယ်ပေါ့။

ဒီလိုနဲ့  ဒယ်အိုးထဲ ဆီထည့်ပြီး မီးဖိုပေါ်တင်ထားပါသတဲ့။
ပြီးတော့မှ ဒုတ်တန်းသေးသေးလေး ဒယ်အိုးပေါ်တင်ထားတယ်။
ပုဇွန်လုံးလေးတွေကို ဖြတ်လျှောက်ခိုင်းတယ်။
ဒယ်အိုး ဆီပူထဲ ကျသေရင်တော့ မင်းတို့ ထိုက်နဲ့  မင်းတို့ ကံပဲ။ ငါ နဲ့  မဆိုင်ဘူးပေါ့။

အကောင်သေးသေးလေးတွေက အိတ်စ်ပီးရန့် စ် မရှိတော့လည်း
တစ်ခေါက်ထဲနဲ့  လန့် လန့် ပြာပြာမို့  အသက်ဘေးလွတ်အောင်
လျှောက်လိုက်ကြတာ လွယ်လွယ်ကူကူပဲ ဦးသူတော် အကြိုက်ဖြစ်သွားပါသတဲ့။
မင်းတို့ ကံပဲ။ မင်းတို့ ကံကိုက ဆိုးတာပဲပေါ့။

အကောင်ကြီးကြီးက တစ်ခေါက်လျှောက်တာ လွတ်သွားပါသတဲ့။
ဦးသူတော် အကြိုက်မတွေ့ ဘူး။
ဒါနဲ့  ဦးသူတော်က မင်းက အကောင်ကြီးတယ် နှစ်ခေါက်လျှောက် ဟူသတည်း။
အဲဒီနောက်မှာ အကောင်ကြီးလည်း
ဦးသူတော် အကြိုက် ဖြစ်သွားတော့တာပေါ့။


ဒုစရိုက် ( ၁၀ ) ပါး ကို မှတ်မိလွယ်အောင် ဆောင်ပုဒ်လေးနဲ့  မှတ်ကြသေးတာပေါ့။

ဆောင်ပုဒ်-၁။ သက်သတ်- ခိုးမှု၊ ကာမေသု ၊ သုံးခု ကာယကံ။
၂။လှည့်စား- ရန်တိုက်၊ မိုက်မိုက်ကန်းကန်း- နှုတ်ကြမ်းလေခြင်း၊
ပြိန်ဖျဉ်းစကား၊ ပြောဆိုငြား၊ လေးပါး ၀စီကံ။
၃။ သူ့ ဥစ္စာမှန် ၊ မတရားကြံ၍ ၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊
အယူမှား၊ သုံးပါးမနောကံ။


လေးဆယ် ဖြစ်လာပုံ အကျဉ်းမှတ်ဖို့ -

ဆောင်ပုဒ်- ဒုစရိုက်နဲ့  သုစရိုက်ပြိုင်၊ ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊
ဂုဏ်ကိုပြောပြ၊ ၀မ်းမြောက်ကြပြန်၊လေးဆယ်မှန်၊ မြှောက်ဟန် သဘောပိုက်။

တောင်မြို့ ၊ မဟာဂန္ဓာရုံ ဆရာတော်။ ရတနာ့ဂုဏ်ရည်၊ စာမျက်နှာ- ၂၆၆
နှင့်( အဂုင်္တ္တရနိကာယ)။


မှတ်ချက်။ ။ ဦးသူတော်က နှစ်ခေါက်လျှောက်ခိုင်းတာဟာ
သူ့ အကြိုက်ဖြစ်ကို ဖြစ်စေချင်လို့  နှစ်ခေါက်လျှောက်ခိုင်းတာ။

ကိုယ်ကလည်း ကိုယ့်အကြိုက် လည်း ဖြစ်
စာဖတ်တဲ့ ပရိသတ် တွေလည်း မှတ်မိစေချင်တာနဲ့  ပြန်တင်ပေးလိုက်တာပါ။

အဲ ...မတူတာက
ဦးသူတော်က ပုဇွန်လုံးတွေကို ဒယ်အိုး အပူထဲ ကျစေချင်တယ်။
ကိုယ်က သံပူရည် ဒယ်အိုးထဲ မကျစေချင်ဘူး။ဒါပဲ အဖြေက။

ဒါကြောင့် လိုရင်းဖြစ်တဲ့ အကောင်ကြီး ဆောင်ပုဒ်ကို
နှစ်ခေါက် ထပ်တင်ပေးလိုက်ပါတယ်။

စာပေအလို ၀ိသဒိသူပမာအလင်္ကာ
မတူညီတဲ့ ဥပမာ အလင်္ကာ ဟူလိုသောဝ်...

မကောင်းတာကို မကောင်းသည့်အတိုင်းသိပြီး ရှောင်နိုင်ပါစေပေါ့။


မြတ်ရောင်နီ

(၂၆၊၀၄၊၂၀၁၀)

Sunday, April 25, 2010

တိုတိုလေး မှတ်သားစရာများ ( ၃ )

တိုတိုလေး မှတ်သားစရာများ ( ၃ )


အကုသိုလ်ရဲ့  လမ်းစ ( လမ်းကြောင်း )


ဒုစရိုက် ၁၀ ပါးကို အကုသိုလ်ရဲ့ လမ်းစ လမ်းကြောင်းလို့ ခေါ်ပါတယ်။ စာအလိုကတော့ အကုသလ ကမ္မပထ ပါတဲ့။ သူ့ ရဲ့  ဂိတ်ဆုံးလမ်းခရီးက ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် ဆိုတဲ့ အပါယ်လေးပါး ဖြစ်ပါတယ်။

အကုသိုလ် မကောင်းမှုတွေ ဆိုတာနဲ့  ပါတ်သက်လို့  မှတ်သားထားရမှာက-

၁။ကိုယ်တိုင်ပြုလုပ်ခြင်း ( သာဟတ္ထိက)၊
၂။ သူများကို လုပ်ပါလို့ စေခိုင်းတိုက်တွန်းခြင်း ( အာဏတ္တိ)
၃။မကောင်းတာလုပ်တာကို ကောင်းကျိုးရသည့်အနေနဲ့ 
မကောင်းတာ လုပ်ချင်လာအောင် ပြောခြင်း၊ နားချခြင်း၊(၀ဏ္ဏဘာသန)
၎။သူများလုပ်နေတဲ့ မကောင်းတာကို စိတ်တူ သဘောတူ လိုက်လျောခြင်း
( သမနုည) တို့ ဟာလည်း ဒုစရိုက် အလုပ် ကျူးလွန်ရာ ရောက်ပါတယ်။

ဒါကို ပဲ ဒုစရိုက် ၁၀ ပါး အပြား ၄၀- ပါတဲ့။ ဒုစရိုက် အကျဉ်း ၁၀ ပါး ကို အကျယ်ချဲ့ ရင် အပါး ၄၀ ဖြစ်သွားတယ်လို့  ဆိုလိုတာဖြစ်ပါတယ်။

ဒုစရိုက် ( ၁၀ ) ပါး ကို မှတ်မိလွယ်အောင် ဆောင်ပုဒ်လေးနဲ့  မှတ်ကြသေးတာပေါ့။

ဆောင်ပုဒ်-၁။ သက်သတ်- ခိုးမှု၊ ကာမေသု ၊ သုံးခု ကာယကံ။
၂။လှည့်စား- ရန်တိုက်၊ မိုက်မိုက်ကန်းကန်း- နှုတ်ကြမ်းလေခြင်း၊
ပြိန်ဖျဉ်းစကား၊ ပြောဆိုငြား၊ လေးပါး ၀စီကံ။
၃။ သူ့ ဥစ္စာမှန် ၊ မတရားကြံ၍ ၊ ဖေါက်ပြန်သေကြေ၊ ပျက်စေလိုငြား၊
အယူမှား၊ သုံးပါးမနောကံ။


လေးဆယ် ဖြစ်လာပုံ အကျဉ်းမှတ်ဖို့ -

ဆောင်ပုဒ်- ဒုစရိုက်နဲ့  သုစရိုက်ပြိုင်၊ ဤဆယ်ခိုင်ကို၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊
ဂုဏ်ကိုပြောပြ၊ ၀မ်းမြောက်ကြပြန်၊လေးဆယ်မှန်၊ မြှောက်ဟန် သဘောပိုက်။

တောင်မြို့ ၊ မဟာဂန္ဓာရုံ ဆရာတော်။ ရတနာ့ဂုဏ်ရည်၊ စာမျက်နှာ- ၂၆၆
နှင့်( အဂုင်္တ္တရနိကာယ)။

အများ အမြင်မှာ မကောင်းတာလုပ်တာကို ကိုယ်တိုင် လုပ်မှ အကုသိုလ်ဖြစ်တာ။ မြှောက်ပေးရင် အကုသိုလ် မဖြစ်သလို ထင်တတ်ကြပါတယ်။

တစ်ခါတလေများဆိုရင် သူများ မဟုတ်တာ လုပ်ဖို့  တိုင်ပင်လာပြီ ဆိုတာနဲ့ လုပ်လေကွာ၊ ဟုတ်တယ်၊ မင်းနေရာ ငါဆို ဒီလိုပဲ တွယ်ထည့်လိုက်မှာ။ နောက်မဆုတ်နဲ့ ။ အညံ့မခံနဲ့  ။ မင်းဘက်က မှန်တယ် ။ ဒီလိုပဲ လုပ်ရမှာပဲ။ ပါဏာတိပါတနဲ့ ပါတ်သတ်လို့ ပေါ့။

အဒိန္နာဒါန နဲ့ဆိုရင်လည်း လာဘ်ပေးလာဘ်ယူ ဒို့ ရန်သူတဲ့ ။ အို.. စာတမ်းသာပါကွာ။ သူတို့ လည်း ဒီလို အလစ်သုတ်နေကြတာကွ။ မယူရင် ကိုယ်အ တယ်ကျမှာပေါ့။ ကြီးပွါးချင်တယ်ဆိုရင် မင်းလုပ်လိုက်လေကွာ။

ကာမေသု ကိစ္စ ဆိုရင်လည်း ဟေ့ကောင် လက်မနှေးနဲ့ နော်။ အခွင့်ရတုံးလေး ယူထား၊ ဒီလိုနဲ့ ကာယကံ သုံးပါး မှာ လည်း ဒီလို မြှောက်ပေးတတ်ကြပါတယ်။

တစ်ချို့ မြှောက်ပေးတဲ့ ကိစ္စမှာ ထောင်မကျပေမယ့် အဘိဓမ္မာသဘောအရက ဒုစရိုက် အမှု ကျူးလွန်တာပါပဲ။

မုသားမပါ လင်္ကာမချောတဲ့ကွ။ လိမ်နိုင်မှ ပညာရှိတဲ့- စသဖြင့် စသဖြင့် ကျန်တဲ့ မကောင်းတဲ့ ဒုစရိုက်ကို တိုက်တွန်းလေသံ ပါသမျှ ပြောသူတေ၊ွ သဘောတူသူတွေ ၊ မကောင်းတာကို အကောင်းလုပ်ပြောသူတွေ ဟာလည်း ဒုစရိုက်သမား စာရင်းဝင် ပါတယ်ဗျာ။


မှတ်ချက်။ ။ကိုယ်သိထားသလို ခေတ်နှင့်လျော်ညီစွာ ပြုပြင်တတ်ဖို့ ရန် ရေးသားလိုက်ပါတယ်။ ရတနာ့ဂုဏ်ရည် ကျမ်းမှာ ရိုးရိုးရှင်းရှင်း ဖတ်ရှု လေ့လာ မှတ်သားနိုင်ပါတယ်။


တိုတိုလေးများ ဆက်လက်ပြီး ရေးသားပါဦးမယ်။

မြတ်ရောင်နီ
(၂၅၊၀၄၊၂၀၁၀)



span

Friday, April 23, 2010

တိုတိုလေး မှတ်သားစရာများ ( ၂ )


တိုတိုလေး မှတ်သားစရာများ ( ၂ )



ကံ သုံးပါး

ကံဟာ ဒုစရိုက် ကံ။ သုစရိုက် ကံ လို့  နှစ်မျိုးရှိပါတယ်။ ရှေးဦးစွာ ဒုစရိုက်ကံများကို ပြောပြပါ့မယ်။
ပြီးမှ သုစရိုက် ကို ပြောတာပေါ့။

ဒုစရိုက် ကာယကံ-

၁။ပါဏာတိပါတ- သူများအသက် သတ်မှု။

၂။အဒိန္နာဒါန- သူများပစ္စည်းခိုးယူမှု
၃။ကာမေသု မိစ္ဆာရ- သူများသားမယားစော်ကား မော်ကားမှု


ထပ်မံ ရှင်းလင်းချက်
၁။အသက်မှန်သမျှ မည်သည့် အသက်ကိုမျှ မသတ်ရ၊ မညှဉ်းဆဲရပါ။ လူသတ်မှ ဒုစရိုက်အမှု ကျူး လွန်တယ်လို့ မှတ်ကြပါတယ်။ တိရစ္ဆာန်ကိုတော့ လွယ်လွယ်လေး သတ်ဖြတ် စားသောက် တတ်ပါ တယ်။ တိရစ္ဆာန်သတ်လည်း အဘိဓမ္မာ သဘောအရ ဒုစရိုက်အမှု ကျူးလွန်တာပဲ ဖြစ်ပါတယ်။

၂။ ဈေးသည်များရဲ့ ချိန်ဝင်ကိုဖြစ်စေ၊ အလေးကတ္တားကို ဖြစ်စေ လှည့်ပတ်ညာပြီး သူများပစ္စည်း မတရားသဖြင့်ယူခြင်း။ လခစားဖြစ်ပြီး ခွင့်မပြုသော လာဘ်စားမှုတို့ ဟာ လခယူပြီးဖြစ်တာမို့  ပြည်သူ ရဲ့ ပစ္စည်း ခိုးယူရာရောက်ပါတယ်။


၃။ သားသမီး ချင်း မောင်နှမချင်း မစာမနာ၊ အနိုင်ကျင့်ကာ အဓမ္မပြုကျင့်မှုတို့ ဖြစ်ပါတယ်။

ဒီသုံးပါးကို ကာယ ဒုစရိုက် ။ ကာယကံ လို့ ခေါ်ပါတယ်။


ဒုစရိုက် ၀စီကံ-


၁။မုသာဝါဒ- မုသားလိမ်ညာ ပြောခြင်း။ မဟုတ်က ဟုတ်က ပြောခြင်း။

၂။ပိသုဏ၀ါစာ- တစ်ဦးနဲ့ တစ်ဦးမသင့်မြတ်အောင် မကောင်းသတင်းပြောခြင်း၊ဖြန့် ခြင်း။
၃။ဖရုသ၀ါစာ- မကြားဝံ့ မနာသာ ရိုင်းပြစွာ ပြောဆိုခြင်း။ ယုတ်မာစွာပြောတတ်ခြင်း။
၎။သမ္ဖပ္ပလာပ- စကားလေ စကားလွင့်။ အရည်မရ အဖတ်မရ အကျိုးမရှိစကားပြောခြင်း။
တို့ဖြစ်ပါတယ်။
ဒီလေးပါးကို ၀စီ ဒုစရိုက် ။ ၀စီကံ လို့ ခေါ်ပါတယ်။

ဒုစရိုက် မနောကံ-

၁။ အဘိဇ္ဈာ- ကိုယ်တိုင် အလုပ်မလုပ်ပဲ သူများပစ္စည်း အချောင်ရဖို့ ၊
အချောင်နှိုက်ဖို့  ကြံစည်ခြင်း။

၂။ဗျာပါဒ- စိတ်ထဲမှာ သူများကို သတ်ဖြတ်ဖို့ ။ မလိုမုန်းတီးစိတ်များ ဖြစ်နေခြင်း။
၃။မိစ္ဆာဒိဋ္ဌိ- မှားယွင်းစွာနားလည်ခြင်း၊ နားလည်မှုများ မှားနေခြင်း၊ အတွေး အခေါ်အယူဆတို့ 
မှန်ကန် စွာ မသိနားမလည်ခြင်း။ ( မိစ္ဆာ-မှားယွင်း၊ ဒိဋ္ဌိ-အယူဆ၊) တို့ ဖြစ်ပါတယ်။
ဒီ သုံးပါးကို မနော ဒုစရိုက် ။ မနောကံ လို့ ခေါ်ပါတယ်။

လူအများစု သိနေတာက သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ မုဒိန်း စော်ကားမှု၊ သိသိသာသာ ခိုးတာကို ပဲ ဒုစရိုက် သမား လို့ ထင်တတ်ကြပါတယ်။

( သိသိသာခိုးတာ ဆိုတာက မသိမသာ လာဘ်စား၊ သိသိ သာသာ လာဘ်စားတာကို ခိုးတယ်လို့  မထင်ကြ၊ မသိကို မသိတော့ သလို ဖြစ်နေတာမို့  သိသိသာသာ ခိုးတာ လို့  ဆိုလိုက်တာပါ။)

ပြီးတော့ ၀စီကံ နဲ့  ဒုစရိုက် သမားများ၊ မနောကံနဲ့ ဒုစရိုက် သမားများ ရှိတတ်ကြပါတယ်။ မသိလိုက် မသိပါ မေ့မေ့လျော့လျော့ ရှိတတ်တာမို့  အဲဒီ အထဲ ကိုယ်မပါဝင်မိစေဖို့ ၊ ရှောင်ကာ ရှားကာ နေတတ်ဖို့  ပြောပြလိုက်တာပါ။


အမှာ။ ။ကံသုံးပါး အဓိပ္ပါယ် နဲ့  သီလ သမာဓိ ပညာ ဆက်စပ်ပုံကို
တိုတိုလေး ( ၂ ) မှာ ရေးပါ့မယ်- လို့ ပြောခဲ့သော်လည်း
တိုတိုလေး မှတ်သားစရာများ ဖြစ်တာမို့ နောက်ထပ်
အပိုင်းဆက်များကို ဆက်စပ်သလို ကြိုးစားကာ ရေးသားပါ့မယ်။


မြတ်ရောင်နီ
(၂၃၊၀၄၊၂၀၁၀)

Monday, April 19, 2010

တိုတိုလေး မှတ်သားစရာများ (၁)

တိုတိုလေး မှတ်သားစရာများ ( ၁ )

ကံ သုံးပါး


နေ့ စဉ် လူတိုင်း လုပ်နေကျ အလုပ် ဟာ သုံးမျိုးဘဲ ရှိပါတယ်။

ကိုယ်ရယ်၊ နှုတ်ရယ် ၊ စိတ်ရယ် ဆိုတာပါပဲ။

ကိုယ် နဲ့  လုပ်တာမှန်သမျှ ကာယကံ

နှုတ်နဲ့  ပြောတာ မှန်သမျှ ၀စီကံ
စိတ်နဲ့  စိတ်ကူး ကြံစည်တာမှန်သမျှ မနောကံ တို့ ဖြစ်ပါတယ်။

ကံ သုံးပါး လုံရမယ် ဆိုကြပါတယ်။
မကောင်းတာ မလုပ်မိစေနဲ့ ။

မကောင်းတာ မပြောမိစေနဲ့ ။
မကောင်းတာ မကြံမိစေနဲ့ - ပေါ့။

ဒါဆို ကံ သုံးပါးစလုံး လုံသွားပါပြီ။

အပါယ်ကို ဘယ်သူ ရိုက်ချချ ကျကို မကျတော့တာပါ။

ကံသုံးပါး ကျူးလွန်ရင် ဒုစရိုက် အလုပ်လို့ လုပ်တယ် ခေါ်ပါတယ်။

လူအများက ထင်နေတာက နိုင်ငံ ရဲ့ ဥပဒေနဲ့ မလွတ်ကင်းတာကို
ပြုလုပ်ရင် ဒုစရိုက်သမား လို့  ထင်တတ်ကြပါတယ်။
အဲဒါလည်း မှန်တော့ မှန်ပါတယ်။အတိကျ မမှန်နိုင်ပါ။

သို့ သော် ခုပြောမှာက
၊ ပြောနေတာက
နိုင်ငံ ဥပဒေ ထက် တင်းကြပ်တဲ့ ဘ၀ရဲ့ 
ကံ ဥပဒေ ပါ။
ကံ ဥပဒေက ပိုပြီး အရေးကြီးပါတယ်။


နိုင်ငံ ဥပဒေ ကျူးလွန်က တစ်ဘ၀ သာ။

(သာမန်ကျူးလွန်မှုမျိုး ဆိုလိုသည်။)
ကံ ဥပဒေ ကျူးလွန်မိက သံသရာမှာ ခေါင်းဖေါ်နိုင်ဖို့ 
လမ်းစ မမြင်ပါဘူး။

ဥပမာ ဆိုပါစို့ 
-
တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။
တစ်ကောင့်တစ်ကောင်
နိုင်ထက်ကလူ ပြုနေတာ။
ကောင်းတာလုပ်ဖို့ မဖြစ်နိုင်ဘူး ၊
(တစ်ခါတရံ တော့ ဖြစ်ကောင်းရဲ့ )
ကျွတ်လမ်း
လွတ်လမ်းမမြင်ပါဘူး။
ငရဲ ရောက်သွားတယ် ဆိုရင် ပိုလို့ ဝေးစွာ့။





အမှာ။ ။ကံသုံးပါး အဓိပ္ပါယ် နဲ့  သီလ သမာဓိ ပညာ ဆက်စပ်ပုံကို

တိုတိုလေး ( ၂ ) မှာ ရေးပါ့မယ်။
သင်တန်း စာမေးပွဲ မေလ ၆ ရက်မှာ ဖြေရမှာမို့ 
ဖတ်စရာ တစ်ခုအနေနဲ့ လာလည်နေကြ
အထူးဧည့်သည်တော် အတွက်
လက်ဆောင်ပေးလိုက်ခြင်းပါ။

အကျယ် မရေးနိုင်သေးပါ။




မြတ်ရောင်နီ

(၁၉၊၀၄၊၂၀၁၀)

Sunday, April 18, 2010

နတ်လူ သာဓု ခေါ်စေသောဝ်



နတ်လူ သာဓု ခေါ်စေသောဝ်





၂၀၁၀ခုနှစ်။၁၄ ရက် နေ့ မှ ၁၇ ရက်ထိ။
၁၃၇၁ ၊ ၁၃၇၂ခု နှစ်ဆန်း တစ်ရက်နေ့ ထိ
၎ရက်တိုင်တိုင် ၂၄ နာရီ မဟာပဋ္ဌာန်းရွတ်ဖတ်
ပူဇော်ခဲ့ရာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ထိုကုသိုလ် အစုစုကို အမျှပေးဝေပါ၏
နတ် လူ သာဓု ခေါ်စေသောဝ်...
အမျှ အမျှ အမျှ
ယူတော်ကြမူကြကုန် လော...( သုံးကြိမ်)


ပထမ ဆုံး အကြိမ်




ကွန်ပျူတာနဲ့  ပဋ္ဌာန်း ရွတ်ဖတ်တာဆိုလို့  ဒါ ...ပထမ ဆုံး အကြိမ်ပါပဲ။
တစ်နေ့  ၄ နာရီ နှုန်းထားနဲ့  ရွတ်ဖတ်ဖူးခဲ့တာလဲ ပထမဆုံး အကြိမ်ပါပဲ။
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခဲ့တာ သံဃာ အနည်းဆုံး ရွတ်ဖတ် ပူဇော်
ကြတာလည်း ပထမဆုံး အကြိမ်ပါပဲ။
ပဋ္ဌာန်းနာကြတဲ့ ပရိသတ် အနည်းဆုံးကလည်း.....
နိုင်ငံအများပြားသိအောင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာကို ကြေငြာတာလည်း...
၂၄နာရီ ပဋ္ဌာန်း စာအုပ် ငါးအုပ်ပြီးသွားသည်အထိ ပူဇော်တာလည်း...
(ပေယျာလ များ မြှုပ်ပြီး ရွတ်ဖတ် ပူဇော်လိုက်တာပါ)
ဂုဏ်ပကာသန မပါ... လှူဖွယ်ဗလာ...ပုံမှန်သဘာဝါနဲ့  ကျင်းပတာလည်း...
ဒီလောက်နဲ့ တော်ထားမှ....


ထူးထူးခြားခြား ဂျာမန်ဥူးဇင်းတစ်ပါး




ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်တယ် ဆိုတာ မြန်မာ သံဃာတော်များ ပြုလုပ်လေ့ရှိတဲ့
ပူဇော်မှု တစ်ခုမို့ မထူးဆန်းသော်လည်း ထူးထူးခြားခြား ဆိုတာက
ခု ဂျာမန် ဥူးဇင်း တစ်ပါးက နေ့ စဉ် ပဋ္ဌာန်း (ပစ္စယနိဒ္ဒေသ) တစ်ခေါက်
မိမိနဲ့ အတူ ရွတ်ဖတ် ပူဇော်ရုံသာမက ခု သင်္ကြန်ကာလ မှာလည်း
၎ ရက်ဆက်တိုက်တစ်နေ့  ၂ နာရီ ပူဇော် ခဲ့ပါတယ်။ ထို့ ကြောင့်...




မြတ်ရောင်နီ
(၁၈၊၀၄၊၂၀၁၀)

Saturday, April 17, 2010

မင်္ဂလာ အပေါင်း ခညောင်း နိုင်ကြပါစေ

မင်္ဂလာ အပေါင်း ခညောင်း နိုင်ကြပါစေ

နှစ်သစ် မင်္ဂလာ နေ့ ရက်မှာ ဆုတောင်းပေးလိုတာက
နေ့ စဉ် လိုလို လိုအပ်နေတဲ့ မင်္ဂလာများ ရှိဖို့ ပါဘဲ။

မင်္ဂလာ ရှိရင် ကြီးပွါးတိုးတက်ပါတယ်။

မင်္ဂလာ ဆိုတဲ့ ပါဠိ က ကြီးပွါးတိုးတက်ခြင်းပါ။

မင်္ဂလာ ဆိုတာ ဘာလဲ ၊ အဖြူ လား အမည်း လား မသဲကွဲကြလို့ 

ကြီးပွါးတိုးတက်လိုကြတဲ့ လူတွေရော နတ်တွေပါ
ကြံစည်တွေးနေကြတာဟာ တစ်ဆယ့်နှစ် နှစ်တောင် ကြာပါသတဲ့။
( သုတ္တနိပါတ ၊ ခုဒ္ဒပါဌပါဠိ) တို့ မှာလာပါတယ်။

မင်္ဂလာကျက်သရေ၊ တိုးပါစေ၊ ရွတ်လေ မင်္ဂလသုတ်။ တဲ့။


တကယ်တော့ ဘုရားရှင်ရဲ့ တရားတော်တိုင်း ဟာ

ရွတ်ဖို့ သက်သက်တော့ မဟုတ်ပါလေ။
အနက် အဓိပ္ပါယ်ကို သိအောင် လုပ်ရမယ်။
သိပြီးရင် ကျင့်ကြံ ကြိုးစား ရမည့် တရားတွေချည်းသာ။
မရွတ်မဖတ် မလေ့လာပါကလည်း ဘာမှသိမှာ မဟုတ်ပါလေ။
ဒါကြောင့် လူတိုင်း နီးပါး အလွတ် ရနေတဲ့

မင်္ဂလ သုတ်ကိုလည်း ဆက်လက်ရွတ်ဖတ် ပူဇော်ပါ။

(၃၈) ပါး မင်္ဂလာ များကိုလည်း
နှစ်သစ် မင်္ဂလာမှ သည် အသက် ရှည်သရွေ့  ရှိသရွေ့ 
ကိုယ်စီကိုယ်စီ သန္တာန် အသီးသီးမှာ
နားလည်ပြီး ကျင့်ကြံကာ
၃၈ ပါးမြောက် ခေမံ မင်္ဂလာ ဆိုတဲ့ နိဗ္ဗာန် အထိ

မင်္ဂလာ အပေါင်း ခညောင်းနိုင်ကြပါစေ...



မှတ်ချက်။ ။ မင်္ဂလသုတ် သည် လူတိုင်း အလွတ်ရပြီး ဖြစ်သောကြောင့်လည်းကောင်း၊

မင်္ဂလာ တရား စီဒီများ ရှိပြီး ဖြစ်သော ကြောင့်လည်းကောင်း အထူး ရှင်းလင်းကာ
မရေးတော့ပြီ။

မြတ်ရောင်နီ
မြန်မာ နှစ်သစ် မင်္ဂလာ
( ၁၇၊၀၄၊၂၀၁၀)

Friday, April 16, 2010

အေးစေ ငြိမ်းစေ သင်္ကြန် ခါတော် ရေ

အေးစေ ငြိမ်းစေ သင်္ကြန် ခါတော် ရေ





သင်္ကြန်မှာ ဘုရားရှင်အား ရေသပ္ပါယ်ရင်းနဲ့ 
ဂုဏ်တော်တွေ ရွတ်ပွါးကြမယ်။ ရွတ်ပွါးကြတယ်။
အေးစေ ငြိမ်းစေ ဖို့  နည်းလမ်းလေးတွေ ပါ့လား။
မြန်မာ မိသားစု နှင့် ထိုင်း ဒကာမများ



ဝါ၀ါ မြင်တိုင်း ရွှေပိတောက်လို့  မထင်လိုက်ပါနဲ့ 




သူငယ်ချင်း က ကိုယ့်ရဲ့ ဂျီထော့ စတေးတက်စ် မက်ဆေ့မှာ တင်ထားတဲ့ ပိတောက်ပန်းကို ကြည့်ပြီး ဂျာမန်မှာ ပိတောက်ပန်း ရှိလို့ လားတဲ့။ ဟုတ်ပါတယ် ၊ မရှိပါဘူး။ မတွေ့ မိဘူး။
ဂျာမန်မြေမှာ ပိတောက်ပန်း မရှိပေမယ့်
ပိတောက်ပန်းကို သတိရတာနဲ့ ပဲ ပိတောက်နဲ့ အ၀ါ ချင်းတူတဲ့ နာမည်မသိတဲ့ ပန်းပင်ကို
အစားထိုး ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။

ပိတောက်မဟုတ်ပေမယ့် ၀ါတော့ ၀ါနိုင်ပါသေးတယ် နော။
ဝါ၀ါ မြင်တိုင်း ရွှေပိတောက်လို့  မထင်လိုက်ပါနဲ့ - ဗျာ။


မြတ်ရောင်နီ
သင်္ကြန် အတက်နေ့ 
( ၁၆၊၀၄၊၂၀၁၀)

Thursday, April 15, 2010

မင်္ဂလာ သင်္ကြန်


ဘုန်းဘုန်းတို့ ရဲ့ မင်္ဂလာ သင်္ကြန်





မနေ့ က ပြောခဲ့တဲ့ အကျနေ့ လား အတက်နေ့ လား ဆိုတဲ့
ဆောင်းပါးမှာ ရေးခဲ့တဲ့ အတိုင်း
မင်္ဂလသုတ်ကို ထိုင်သင်တန်းကျောင်းမှာ
ချီးမြှောက် ရွတ်ဖတ်ပေးခဲ့ပြီး
မင်္ဂလသုတ် ရတနာသုံးပါးဂုဏ်တော်များ မွှမ်းထုံထားတဲ့
ရေစင်သန့်သန့် စန္ဒကူးနံ့ သာရေကို
မင်္ဂလာ သင်္ကြန် အဖြစ်
မှတ်တမ်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။



ဘုရား အနေကဇာတင်ခြင်းကို တစ်ကိုယ်တော် ရွတ်ဖတ်ပေးခဲ့တယ်။
ဘုရားဂုဏ်တော်ကိုတော့
ကိုယ်တိုင်လည်း ပါဝင် ။ အားလုံးကိုလည်း ရွတ်ဆိုစေပြီး
ပွါးများ ရွတ်ဆိုခဲ့ပါတယ်။




ပရိတ်သတ်ကတော့ များပါ့။
သူတို့ လည်း အားရပါးရ။
စိတ်တွေလည်း ပျော်ရွှင်ကြ။

ကိုယ့်ဘက်ကလည်း စေတနာထား။
မေတ္တာတွေလည်း ပွါး။

သူတို့ ရဲ့ စေတနာ
ကိုယ့်စေတနာ

စေတနာချင်း
လည်ခြင်းဖက်။

စိတ်ဓာတ်တူရင်
အပူပင် ကင်းတယ်။





မြတ်ရောင်နီ
သင်္ကြန် အကြတ်နေ့ 
(၁၅၊၀၄၊ ၂၀၁၀)

Wednesday, April 14, 2010

အကျ နေ့ လား အတက်နေ့ လား


အကျနေ့ လား အတက်နေ့ လား


ယနေ့  ၁၄ ရက်နေ့ ဟာ မဟာသင်္ကြန် အကျနေ့ ပါ။ သို့ သော် စိတ်ဓာတ်တို့ သည် ခါတိုင်းနေ့ များထက် တက်ကြွနေပါတယ်။ ၁၃ရက်နေ့  ည အိပ်ယာဝင်တော့မယ် ဆိုကတည်းက စိတ်က တက် ကြွ နေတယ်။ မနက်ဖန် မနက် ၄ နာရီ စောစောထပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ရတော့မယ် ဆိုပြီး ဖုန်းမှာ ပါတဲ့ နှိုးစက်ကို ၄ နာရီမထိုးမီ အလန်း ပေးထားလိုက်တယ်။

နှိုးစက်မနှိုးခင် ကိုယ်က နိုးနေပြီ။ ကြည့်လိုက်တော့ ၃နာရီခွဲ။ ပြန်ပြီး ထပ်အိပ်ရသေးတယ်။ နာရီနိုးစက်ကို မြည်မှ ထမယ်ပေါ့။ နာရီ နှိုးစက်မကျခင် ၅မိနစ် စောနိုးနေပြန်ပါတယ်။ အဲဒီတော့မှ ပြန်အိပ် လို့ တော့ မဖြစ်တော့ဘူး ဆိုပြီး မျက်နှာသစ်လိုက်ပါတယ်။

၎နာရီ ထိုးပြီ ဆိုတော့ နမော တဿ သုံးခေါက်နဲ့  မဟာပဋ္ဌာန်း ပူဇော်ပွဲကြီးကို စတင်လိုက်ပါတယ်။ ပင့်သံဃာ အထူးမရှိ။ ကြေငြာထားတဲ့ အတိုင်း ၂ ပါးထဲသာ။ ထို့ နောက် ပစ္စယုဒ္ဒေသ သံပြိုင် ၂ ပါး ရွတ်ဖတ်ပူဇော်ပါတယ်။ ပြီးမှ ဂျာမန်ဥူးဇင်း ဆက်လက်ပြီး တစ်နာရီစေ့အောင် ရွတ်ဖတ်ပါတယ်။

အဲဒီအချိန်မှာတော့ ကိုယ်က ၅နာရီမထိုးမီ ၅မိနစ် နှိုးစက် တစ်ခါ ပြန်ချပြီး ကွေးလိုက်ပါတယ်။ ကိုယ့် အလှည့်ရောက်မှ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

မနက်ခင်းမှာတော့ သူက တစ်နာရီ၊ ကိုယ်ကတော့ နှစ်နာရီပေါ့။ မနက်ခင်း ၁၀ နာရီ ၁၁ နာရီမှာ ဂျာမန် ကျောင်းဆရာမ ဦးဆောင်ကာ ကျောင်းသား ကျောင်းသူများနဲ့  အတူ ဘုရား ရေသပ္ပါယ် ခဲ့ကြပါတယ်။ အပြီးမှာ ဂျာမန် ဥူးဇင်းက သူတို့ သိလိုတဲ့ အကြောင်းရာများကိုလည်း ဖြေပေါ့။ သိသင့်သိထိုက်တာတွေ ပြောပြ။ ဘုရားဝတ်ပြု၊ တရားထိုင် ကိုယ်ပါ ရောပြီး ဆောင် ရွက်ခဲ့ရတယ်။

ညနေခင်းမှာလည်း ၆နာရီခွဲ မှ ၇နာရီခွဲက ဂျာမန် ဥူးဇင်း ရွတ်ဖတ်ပူဇော်ပါတယ်။ ကိုယ်ကတော့ ၇ နာရီခွဲမှ ၉ နာရီခွဲထိ ၂ နာရီ ဆက်တိုက် ပူဇော်ခဲ့ပါတယ်။ ကြားမှာ နှာခေါင်းပိတ်နေတာနဲ့  ရေနွေး ထသောက် ဟီတာ ဖွင့် လုပ်တာ ၅ မိနစ်လောက် ပျက်သွားတယ်။

ဒါက မဟာပဋ္ဌာန်း နဲ့ ပါတ်သက်လို့  ကိုယ့်တို့ ရဲ့ စိတ်လေးတွေ တက်ကြွနေတဲ့ ပုံရိပ်ပါ။

နေ့ ခင်းမှာ သင်တန်းသွားတယ်။ သင်တန်းသွားတော့လည်း ထိုင်းသင်တန်းဆိုတော့။ သူတို့ လည်း သင်္ကြန်ပါတဲ့။ သူတို့ အခေါ် ကတော့ စုန်ကရန်း တဲ့။ အဆင်သင့် သူတို့  ပြင်ထားတယ်။ ဗုဒ္ဓါဘိသေက ရေစင်နဲ့  မင်္ဂလာ အခါယူမလို့ ပေါ့။

ကိုယ်က လည်း သဘောပေါက်တယ်။ အရင်နေ့ က သူတို့  အချင်းချင်း ပြောနေကြ တာ ကို။ အိန္ဒိယ ထွက် စန္ဒကူး ရေမွှေးပုလင်း အသင့်ရှိနေတာမို့  ယူသွားခဲ့ပြီး စန္ဒကူး နံ့ သာ ရေမွှေးနဲ့ ရေ ရောသမ မွှေပြီး ဘုရားကို ပူဇော်ခဲ့တယ်။

ဗုဒ္ဓါဘိသေက မပြုလုပ်ခင် ၅ ပါးသီလပေးတယ်။ ပြီးတော့ ဘုရားဂုဏ်တော် ပွါးများဖို့ သူတို့ ကို ဆိုခိုင်းပြီး ကိုယ်ကပါ ဆိုလည်း ဆို ရေစင်သွင်းလောင်း ပူဇော်ခဲ့ပါတယ်။ ပြီးမှ အနေကဇာတင် ဂါထာ ကို သုံးခေါက် တစ်ပါးတည်း ရွတ်ဖတ် ပူဇော်ပါတယ်။

သူတို့ အတွက် ကျေနပ်ဝမ်းမြောက်စေဖို့  မင်္ဂလသုတ်၊ ယံဒုန္နိမိတ္တ ဂါထာစတာတွေလည်း ရွတ်ဖတ် ပေးခဲ့ရဲ့ ။ ပြီးမှ ညောင်ရေအိုးထဲက သပြေခက်ပမာ ဒီက ပန်းခက်နဲ့  လူတွေကို ဖြန်းဖြန်းပြီး သိသိ သာသာ ဘုန်းကြီး မင်္ဂလာသင်္ကြန်ကျ ခဲ့ပါတယ်။

သူတို့ တစ်တွေလည်း ခေါင်းလေး များကိုယ်စီ ငုံ့ ကာ
ဘုန်းကြီး တစ်ပါးရဲ့  မင်္ဂလာ သင်္ကြန် ရေပေါက် များ မင်္ဂလာ ရှိစွာ ရရှိသွားကြပါတယ်။

အများထဲက တစ်ဦးကတော့ သူရဲ့ မွေးနေ့ မိုလို့  ဆိုပြီး လှူဖွယ်တန်းရာတွေကို တစ်ထုပ် တစ်ပိုး ကြီး လှူပြန်ပါတယ်။ အဲ သူ့ အတွက်လည်း ပုဉ်းကြီးပါစေ အသက်ရှည်ပါစေ ပေါ့ ရည်ရွယ်ပြီး ပြော ပြော ဆိုဆိုနဲ့  ဂါထာလေးတွေ ရွတ် ပေးခဲ့ရပြန်သေးတယ်။

ဒီနေ့ သင်တန်းစာကတော့ အထူးမရှိ။ နမူနာ မေးခွန်းတွေကို လေ့ကျင့်ပေးတာပါ။

သင်တန်းအပြီးတော့ ၁၀မိနစ် တရားထိုင်ပါတယ်။ အဲဒီနောက် ဗုဒ္ဓံ ပူဇေမိ ဓမ္မံ ပူဇေမိ သံဃံ ပူဇေမိ ။ ပြီးတော့မှ ဣမံ ပုညံ သဗ္ဗသတ္တာနံ ဟောတု- လို့  သူတို့ ကို လိုက်ဆိုခိုင်းတယ်။

ဒါပေမယ့် ကျောင်းသူ တစ်ယောက်က ဣမံ ပုညံ သဗ္ဗသတ္တာနံ ဟောတု အဓိပ္ပါယ်က ဘာလဲ ဆိုတာ မသိလို့  တဲ့။ အဲဒါကြောင့်မို့  -သတ္တ၀ါအားလုံးကို ကိုယ်လုပ်ခဲ့တဲ့ တရားထိုင် ကောင်းမှုကို အမျှ ပေးတယ် - ဆိုတာရှင်းပြရလိုက်တယ်။ သူလည်း သဘောပေါက်သွားပါတယ်။

အဲဒီနောက် ကိုယ်အလှူခံ ရရှိထားတဲ့ ငှက်ပျောသီးများနဲ့ ပန်းသီး တွေကိုလည်း ဆရာမ ပြန်စွန့် ကြဲခဲ့တယ်။ လိမ္မော်သီးကိုတော့ ကျောင်းသူတွေ အားလုံး တစ်လုံးစီ စွန့် လိုက်ပြီး ကိုယ်က အလှူပေး လုပ်ခဲ့ ပြန်တယ်။

ရေသန့်ပုလင်း နှစ်ပုလင်း ကိုတော့ ကျောင်းမှာ ရေသန့် တစ်ပုလင်း သာ ရှိနေတာနဲ့ မဟာပဋ္ဌာန်း ရေ အဖြစ် အသုံးပြုဖို့ ရန် တက်တက်ကြွကြွနဲ့ အပါ ထမ်းခဲ့ပါတော့တယ်။

ကျောင်းရောက်လို့ နဲနဲ အားတဲ့ အချိန်လေးမှာ မိတ်ဆွေတို့ ရဲ့  အမျိုးမျိုးသော ရေပန်းစားနေတဲ့ သင်္ကြန်ရေးရာ ဘလော့အကြောင်းရာတွေကို အလစ် ဖတ်လိုက်သေးတယ်။ အဲဒီနောက် ပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခဲ့တယ်။ ဒီ့နောက်မှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို တက်တက်ကြွကြွနဲ့  ရေးပြီး ပို့ စ် တစ်ခုအနေနဲ့  ရေးတင်လိုက်ပါတယ်။ အဲ ဒီနောက် တက်တက်ကြွကြွနဲ့  ........။

မြတ်ရောင်နီ
သင်္ကြန်အကျနေ့ 
(၁၄၊၀၄၊၂၀၁၀)

ဗုဒ္ဓါဘိသေက မဟာသင်္ကြန်တော်

ဗုဒ္ဓါဘိသေက မဟာသင်္ကြန်တော်





ဗုဒ္ဓါဘိသေက ရေစင်သန့် သန့် ဖြင့် သပ္ပါယ် ပူဇော်ကြရာ သူတို့ လည်းပါ...
ယိုးဒယားသူ ကျေးဇူးရှင် ဆွမ်းဒကာမလေး




ရေသပ္ပါယ် လာကြတဲ့ သူတွေကို ဧည့်ခံဖို့  ကျောင်း ဝေယျာဝစ္စရော
ရေသပ္ပါယ်တာရော ပါဝင် လှုပ်ရှား ကုသိုလ်ယူတဲ့
ကျေးဇူးရှင် အိန္ဒိယသူ ဆွမ်း ဒကာမ ဒကာမကြီး


မနက်စောစော ရေသပ္ပါယ်လာကြ၊ အလည်ပတ်လာကြတဲ့ ဒေသခံ ကျောင်းသားကျောင်းသူများ ၂၀ကျော် လာပါတယ်။ သူတို့  သိချင်တာလေးနဲ့  သင်္ကြန်အကြောင်း သံဃာအကြောင်းရာများကို ဂျာမန်ဥူးဇင်းမှ ရှင်းပြပေးပါတယ်။
ဓာတ်ပုံအနေနဲ့ မှတ်တမ်းတင် ခဲ့သော်လည်း ဂျာမန် ဥပဒေ အရ ခွင့်ပြုချက် မရသေးတာနဲ့ 
ရှိနေတဲ့ ပုံ၂ ပုံကိုပဲ ဖေါ်ပြလိုက်ပါတယ်။



မြတ်ရောင်နီ

သင်္ကြန် အကျနေ့ 
(၁၄၊၀၄၊၂၀၁၀)

Tuesday, April 13, 2010

၂၄ နာရီ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး

၂၄နာရီ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး


မြန်မာနှစ်

၁၃၇၁၊၁၃၇၂ခုနှစ်

၂၀၁၀ခု


၁၄ ရက်နေ့  မှစ ၁၇ ရက်နေ့  အထိ

တစ်နေ့  ခြောက်နာရီ နှုန်းဖြင့် လေးရက်တိုင်တိုင်
၂၄ နာရီ မဟာပဋ္ဌာန်း

ရွတ်ဖတ် ပူဇော်ပွဲကြီး ကျင်းပ သွားပါမည်။

ရွတ်ဖတ်ပူဇော်မည့် အချိန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မနက် ၄ နာရီ မှ ၅ နာရီ ထိ
မနက် ၅ နာရီ မှ ၆ နာရီထိ
မနက် ၈ နာရီ မှ ၉ နာရီထိ

( မနက်ခင်း သုံးနာရီ )

ညနေ- ၆ နာရီ ခွဲ မှ ၇ နာရီ ခွဲထိ
ညနေ - ၇ နာရီ ခွဲ မှ ၈ နာရီ ခွဲထိ
ညနေ- ၈ နာရီ ခွဲ မှ ၉ နာရီ ခွဲထိ

( ညနေ ပိုင်း သုံးနာရီ )

စုစုပေါင်း တစ်နေ့  ၆ နာရီ ။ ၄ ရက် ၂၄ နာရီ ဖြစ်ပါသည်။



ရွတ်ဖတ် ပူဇော်မည့် သံဃာ ၂ ပါး

အရှင်တေဇောဘာသ ( မြင်းခြံ )
အရှင်ဌိတဓမ္မ ( ဂျာမန် )


ရလာသည့် အခွင့်ရေးကို လက်မလွတ်စေဖို့  အသိပေးခြင်း

ကြုံတောင့် ကြုံခဲလှသော မဟာပဋ္ဌာန်း တရားတော်မြတ်ကြီးကို
နာယူလိုကုန်သော ဓမ္မမိတ်ဆွေ သူတော်စင်တို့အား နာယူနိုင်ရန်
အသိပေး နှိုးဆော် တိုက်တွန်း လိုက်ရပါသည်။


ရည်ရွယ်ချက်

မြန်မာလူမျိုးတို့ နှင့် ထိုင်းလူမျိုးတို့  အား ကုသိုလ်လည်းဖြစ် ၊ အလွမ်းလည်း ပြေစေရန် အတွက်လည်းကောင်း ၊ ဒေသခံ လူအများအား သင်္ကြန်နှင့် နှစ်သစ်ကူး ပွဲတော်ကို သိရှိစေရန် အတွက် မိတ်ဆက် လိုသောကြောင့် လည်းကောင်း။ မိမိကိုယ်တိုင်ကပင် ဗုဒ္ဓမြတ်စွာအား မဟာ ပဋ္ဌာန်းဖြင့် မြတ်မြတ်နိုးနိုး ရွတ်ဖတ် ပူဇော် လိုသောကြောင့် လည်းကောင်း ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ သင်္ကြန် နှင့် မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးသည်
ယခုနှစ်မှ ဂျာမဏီနိုင်ငံ ၊ ဖရိုက်ဇင်းမြို့ တွင် စတင်ပါသည် ။
မနက်ခင်း ၉ နာရီနောက်ပိုင်း ရေချိုးချိန်နှင့် ဆွမ်း ကိစ္စအတွက်ကြောင့်လည်းကောင်း၊ နေ့ ခင်းပိုင်း ဂျာမန်သင်တန်း ရှိနေသောကြောင့်လည်းကောင်း ထို အချိန်များဝယ် မရွတ်ဖတ်နိုင်ပါ။


မြတ်ရောင်နီ

(၁၃၊၀၄၊၂၀၁၀)

သင်္ကြန် အကြိုနေ့  ဗုဒ္ဓမြတ်စွာအား ရေသပ္ပါယ်



ဗုဒ္ဓမြတ်စွာအား ရေ မသပ္ပါယ်မီ ဂုဏ်တော် များ ရွတ်ပွါးနေပုံ






ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်များကို ဆက်လက် ရွတ်ပွါးကာ ရေသပ္ပါယ်နေပုံ


မြတ်ရောင်နီ
(၁၃၊၀၄၊၂၀၁၀)

Monday, April 12, 2010

မြင့်မြတ်သော စကားကြီး (၁၀) မျိုး

မြင့်မြတ်သော စကားကြီး (၁၀) မျိုး


အဓိသီလ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား လေးမျိုး

၁။ အပ္ပိ စ္ဆ ကထာ- အလိုနည်းရာ နည်းကြောင်း စကား ပြောခြင်း
၂။ သန္တောသ ကထာ- တင်းတိမ်ရောင့်ရဲသည့် စကား ပြောခြင်း၊
၃။ အသံသဂ္ဂ ကထာ- တွယ်တာငြိကပ်မှု ကင်းသည့် စကားပြောခြင်း
၎။ သီလ ကထာ - ကိုယ်ကျင့်သီလ နှင့် စပ်လျဉ်းသည့် စကားပြောခြင်း


အဓိစိတ္တ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပ၀ိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

၂။ ၀ီရိယ ကထာ - ကြိုးစား အားထုတ်မှုနှင့် စပ်လျဉ်းသည့် စကား ပြောခြင်း
၃။ သမာဓိ ကထာ- တည်တည်ကြည်ကြည်ရှိ မှုနှင့် စပ်လျဉ်းသည့် စကားပြောခြင်း

အဓိပညာ သိက္ခာ ဖြည့်ကျင့်ရာ ရောက်သော စကား သုံးမျိုး


၁။ ပညာ ကထာ - ပညာ ရေးရာ စကား ပြောခြင်း

၂။ ၀ိမုတ္တိ ကထာ- လွတ်မြောက်ရေးရာ စကား ပြောခြင်း
၃။ ၀ိမုတ္တိဉာဏ ဒဿန ကထာ- လွတ်မြောက်ရေး ဉာဏ်အမြင် နှင့်  စပ်ရာ စကားပြောခြင်း

(မူလပဏ္ဏာသ အဋ္ဌကထာ)


သာသနာတော်မြတ်ကြီး၌ သီလ သမာဓိ ပညာ ဟု သိက္ခာ သုံးပါးသာ ရှိသည်။
သိက္ခာသုံးပါးသည် မြင့်မြတ်ပါက အဓိသီလ အဓိစိတ္တ အဓိပညာ ဟု အဓိ ထည့်စွက်ကာ အသုံးပြု သည် ကို တွေ့ ရသည်။ ဤသုံးပါးနှင့်သာလျင် ဗုဒ္ဓဘာသာ တို့ ၏ အမြင့်ဆုံး ပန်းတိုင်သို့ လျှောက်ကြ ရသည်။

ထိုလျှောက်သည့် လမ်းများစွာထဲတွင်

ဤ စကား ပြောဆိုခြင်းသည်လည်း နေ့ စဉ်နှင့်အမျှ မလွဲမသွေ လူတိုင်း ပြောဆိုနေကြရပေသည်။

ထို့ ကြောင့် စကားသည် တရား ဖြစ်သွားပါလျင် အမြင့်ဆုံး ပန်းတိုင်သို့  လျှောက်နိုင်ကြောင်း
သိစေလိုသောကြောင့် မိမိ၏ ပါဠိတော်များကို လေ့လာ မှတ်တမ်းပြုစုထားသည့် စာအုပ်မှ ထုတ်နှုတ်ပြီးလျင် တစ်ဆင့် မျှဝေလိုက်ရပေသတည်း။



မှတ်ချက်။ ။ မြင့်မြတ်သော ဆိုထားတော့ သာမန်တော့ မဟုတ်ဘူးနော်။
ပညာဆိုပါစို့  လောကီရေးရာ ပညာရေးပြောနေတာကို ဆိုလိုဟန်မတူ။
မဂ်ပညာ ဖိုလ်ပညာ ဆိုလိုရပါလိမ့်မယ်။
ဒါပေမယ့် သာမန် ပညာရေးရာ ပြောရင်လည်း စိတ်ကတော့
ရာဂ စိတ် ဒေါသစိတ် မောဟစိတ်များ
ခဏ တစ်ဖြုတ် ကင်းနိုင်တာမို့  ပန်းတိုင်နဲ့  နီးမယ်လို့ယူဆပါကြောင်း.........
.




မြတ်ရောင်နီ

( ၁၂၊ ၀၄၊၂၀၁၀)

Sunday, April 11, 2010

တရားပွဲ ကြေငြာခြင်း




အရှင်တေဇောဘာသ (မြင်းခြံ )

တရားပွဲ ကြေငြာခြင်း
ဗောဓိပက္ခိယ ဓမ္မ (၃၇)ပါး မှ
ဗိုလ် (၅)ပါး ကို အစဉ်တိုင်း ဟောကြားသွားမည် ဖြစ်ပါသည်။



၁။သဒ္ဓါ- သဒ္ဓါ၊ ယုံကြည်ခြင်း (၁၁၊၀၁၊၂၀၁၀)(ဟောပြီး)
၂။ဝီရိယ-၀ီရိယ၊လုံလရှိခြင်း (၁၅၊၀၂၊၂၀၁၀)(ဟောပြီး)
၃။သတိ- သတိ၊မမေ့လျော့ခြင်း ( ၀၈၊၀၃၊၂၀၁၀)(ဟောပြီး)
၎။သမာဓိ-သမာဓိ၊စူးစိုက်ခြင်း (၁၂၊၀၄၊၂၀၁၀)(ယနေ့ )
၅။ပညာ- ပညာ၊နားလည်ခြင်း ( ၁၀၊၀၅၊၂၀၁၀)(မျှော်)

တရားပွဲ ကျင်းပရာ။ ။မြူးနစ်မြို့ ၊ D B U. တက္ကသိုလ်မှတ်တိုင်
U 3/ U 6 Universität
အချိန်။ ။ည ၁၉:၀၀ မှ ၂၁:၀၀ နာရီထိ




Thema: Bodhipakkhiyā dhammā - Die 37 zur
Erleuchtung gehörenden Dinge
I. Die fünf geistigen Kräfte (pañca balāni)

1. Vertrauen (saddhā) 11. Januar
2. Willenskraft (viriya) 15. Februar
3. Achtsamkeit (sati) 08. März
4. Sammlung (samādhi) 12. April
5. Wissen oder Einsicht (paññā) 10. Mai

Zeit: jeweils 19:00-21:00 Uhr

Dhamma-Talk der Bodhi Vihara Sangha:
Ehrwürdiger Tejobhasa aus Burma
in englischer Sprache mit deutscher Übersetzung
auf Einladung der Buddhistischen Gesellschaft München
.
Ort: München, Amalienstraße 71, Meditationsraum der DBU;
erreichbar zu Fuß von der U-Bahnhaltestelle
Universität U3/U6


မြူးနစ်မြို့ ဝန်းကျင်မှာ နေထိုင်ကြကုန်သော တရားနာယူလိုကြကုန်သော
ရွှေဓမ္မမိတ်ဆွေတို့ အား အသိပေး ဖိတ်ကြားအပ်ပါသည်။
မှတ်ချက်။ ။တရားပွဲကို အင်္ဂလိပ်ဘာသာဖြင့်ဟောကြားမည်။
ဂျာမန်ဘာသာပြန်တစ်ယောက် အင်္ဂလိပ်မှ ဂျာမန်ဘာသာသို့ 
ဘာသာပြန်ပေးပါမည်။
(အကြိုတစ်ရက်နေ့ တိုင်း သတိပေးခြင်းဖြစ်ပါတယ်။)



မေတ္တာ၊မုဒိတာဖြင့်
မြတ်ရောင်နီ
(၁၁၊၀၄၊၂၀၁၀)

Saturday, April 10, 2010

အလို

အလို


တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။ ( သုတ္တနိပါတ) -

အလို ကို ဟိုရှေး ကမ္ဘာဦးကာလက ၁။ အလို၊ ၂။ ဆာလောင်ခြင်း၊ ၃။ ဆွေးမြေ့အိုးယွင်းခြင်း ဆိုတဲ့ ရောဂါသုံးမျိုးထဲမှာ တစ်မျိုး အပါဝင် လို့ ဆိုပါတယ်။

ရောဂါ လို့ ဆိုပေမယ့် အလို ဆိုတဲ့ အရာ လူတိုင်းလိုလို နေတာပါပဲ။ လုံးဝ မလိုဘူး ဆိုချင် ဆို ငြားသော်လည်း တစ်ခုခုတော့ လိုနေဦးမှာပါ။ အလို မရှိတာ ဆိုလို့  အလိုမရှိရာ နိဗ္ဗာန်သာ ဖြစ်ပါ တယ်။

အလိုကို ရသွားရင် လူတိုင်းလည်း ပျော်ရွှင်ရဲ့ ။ ဒါပေမယ့် အလိုကတော့ မရပ်နိုင်ပါ။ ကောင်းတာ ကောင်းတာကို ပြောင်းပြောင်းပြီး လိုချင်သေးတာပါပဲ။ အိုကေ။ ကောင်းတာ မလိုဘူး ။ ဖြစ်သလို သုံး တတ်တယ် လို့ ဆိုကြပြန်ရင်လည်း ပထမ အလို အတွက် ပြည့်တာ။ ဒုတိယ အလိုမှ စ လိုတာတွေ အများကြီးပါ။

လူ့ လောက မှာ လိုတာတွေက တစ်ခုပြီး တစ်ခု။ အလို လေးတွေ ရတာဟာ ကျေနပ်စရာပါ။ ပီတိ သဘောပါ။ ပီတိ ဆိုတာလည်း ကိုယ်လိုတာ ရလို့  ကောင်းတဲ့ဘက်ကို အသုံးချမယ် ၊ အသုံး ပြု မယ် ။ အများအတွက် အသုံးဝင်တော့မယ် ဆိုပြီး တွေးပျော်တဲ့ ပီတိမျိုးက အကောင်းသား။

အဲလို မဟုတ်ဘဲ ကိုယ်ရတာလေးကို ကိုယ့်ဖာသာ ကျေနပ်နေပြီး။ သိမ်းထားမယ် ဆိုရင်တော့
အဲသလို ပီတိ မျိုးကတော့ အလကားပါပဲ။ အနည်းဆုံး ကိုယ်တစ်ယောက် အတွက် အသုံးပြုနိုင်မယ်။

ကိုယ်အသုံးပြုလိုက်တာဟာ သူများအတွက်လည်း တိုက်ရိုက် ဖြစ်ဖြစ် သွယ်ဝိုက် ဖြစ်ဖြစ် တစ်မျိုးမျိုး နဲ့ တော့ အကျိုးရှိသွားမယ်ပေါ့။ ဒီလို အလိုလေးတွေ ရသွားလို့  ပျော်တာက ကောင်းသားပဲ။


အလို တိုင်းဟာ ရသွားလို့  ပျော်ရွှင်မှုဟာလည်း ခဏပါ။ ရသွားပြီး နောက်ဆုံး ပျက်ဆီးချိန်မှာတော့ အလို ဟာ အငို ဖြစ်သွားရတာပါပဲ။ လိုနေတဲ့ အလိုကို မရရင်လည်း မကျေ နပ်ခြင်းက ဖြစ်ပြန်ရော။ ကလေး လည်း ငိုရ။ လူကြီးလည်း ငိုရတာပါပဲ။ ဟုတ် မဟုတ် စဉ်းစား ကြ ပေါ့ လေ။

အလိုနဲ့  ပါတ်သက်ပြီး အလို ရ လို့ လည်း အငိုနဲ့  လမ်းဆုံးစရာ ရှိတယ်။ အလို မရလို့ လည်း အငို
နဲ့  လမ်းဆုံးရတာ ရှိတာပဲ။ ဒီလိုဆိုတော့ အလို ရဲ့  နိဂုံး မလှဘူးပေါ့။

သို့ ပေမယ့်လေ၊ သာမန် ပြောပြောရမယ့် အလိုကတော့ အလို ပြည့်ရင် စိတ်ချမ်းသာတာ အမှန်ပါပဲ။ အလိုနဲ့  ပါတ်သက်လို့  လူတွေ ရှာရှာဖွေဖွေ စားစားသောက်သောက် မဖြစ်မနေ လိုတဲ့ အလိုတွေ ပါ ။ ဒါက အလိုကို ရအောင် လုပ်ရမယ်ပေါ့။ရှာရ ဖွေရမယ်ပေါ့။

ဒါပေမယ့် လိုနေတာကို ကြီးပွါးချင်စိတ် စောတာနဲ့ ပဲ မတရားတဲ့ နည်းတွေသုံးပြီး၊ ကိုယ် ချမ်းသာ ပြီးရော ၊ ဘယ်လို နည်းနဲ့ ရရ။ ခုခေတ်က ဒီလို ရှာမှ ချမ်းသာမှာ။သမားရိုးကျ စီးပွါးရေး ရှာသူတွေ ကြည့်ပါ့လား၊ မချမ်းသာဘူး ဆိုတဲ့ လူမိုက်အားပေး စကားကို နားယောင်ပြီး ဖြတ်လမ်း နည်း စီးပွါးရှာတာလည်း မဟုတ်သေးဘူး။

စီးပွါးရေး ဖြစ်ဖြစ်၊ ပညာရေး ဖြစ်ဖြစ်၊ ကြီးပွါးရေး တစ်ခုခု ဖြစ်ဖြစ် တတ်နိုင်သမျှ အစွမ်းကုန်
ကြိုးစား ပါ။ ကိုယ်ကြိုးစားလို့  ရတဲ့ ရလာဒ်ကိုလည်း နည်းနည်းများများ တင်းတိမ်နိုင်ရမယ်။ အစွမ်း ကုန် ကြိုးစားပြီးပြီပဲ လို့  ပြန်တွေးပြီး ပျော်တတ် ရမယ်။ ငါ ခုလုပ်ခဲ့တဲ့ အလုပ်မှန်သမျှ တရားတဲ့ နည်းလမ်းနဲ့  ဖြစ်လာခဲ့တာပဲ ဆိုတာမျိုးပေါ့။

အစွမ်းကုန် ကြိုးစားပြီး ရလာတဲ့ ရလာဒ်လေးကို တင်းတိမ် နှစ်သိမ့် ကြည်နူးနေ တာဟာ လည်း သန္တုဋ္ဌိ မင်္ဂလာ တစ်ပါးပါပဲ။ ပြီးတော့ သန္တုဋ္ဌိ ပရမံ ဓနံ တဲ့။ အမွန်မြတ်ဆုံးသော ဥစ္စာ ပစ္စည်းပါ ပဲ။ အမြတ်ဆုံး ချမ်းသာလို့  ဆိုချင် ဆိုပေါ့။

ဒါတင် မကသေးဘူး။ လူ့ လောက လူ့  အသိုင်းဝိုင်းမှာ မိဘရယ် သားသမီးရယ်။ ဆရာရယ် တပည့်ရယ်။ သံဃာရယ် ဒကာရယ်။ အလုပ်ပိုင်ရှင်ရယ် အလုပ်သမားရယ် စတာတွေ ဆိုတာ ရှိကြ တယ်။ အဲဒီ အသိုင်းဝိုင်း နှစ်ခုရဲ့ ကြား ကိုယ်လုပ်ရမည့် တာဝန် ၀တ္တရားတွေ ဖြည့်ကျင့်ဖို့  အလိုမျိုးကတော့ မဖြစ်မနေ လိုတယ်။ ဒီလို အလိုမျိုးတွေက အလို ကို ပြည့်အောင် ဖြည့်ရပါမယ်။


ဒီလိုအလိုမျိုး အလိုနဲ့ တွဲမှ အလိုလည်းစဲ အငိုလည်းလွဲ မယ်။ ဆိုလိုတာက အလိုတွဲ ဆို တာ ၀တ္တရား ကျေပွန်မှု။ အလိုစဲ ဆိုတာက- နိဗ္ဗာန်။ ၀ါန-အလို။ နိ - စဲ။ အငိုလွဲက ရှင်းပါတယ်။ အလို မရှိရင် အငို မရှိဘူး။

စူဠ၀ဂ္ဂ ပါဠိတော်မှ- တသ္မာဟိ ၀တ္တံ ပူရေယျ၊(ပ) တတော နိဗ္ဗာန မေဟိတိ။
လို့  ပြထားပါတယ်။ ဒါကြောင့် အလိုကို အလိုစဲ သည့် အထိ ဖြည့်ကျင့်ရပါမယ်။ ကျင့်ဝတ် အသီးသီး အတိုင်း လိုက်နာရင် သေချာပါတယ် ။ အလိုမရှိရာ နိဗ္ဗာန်ဆိုတာ ရပြီပေါ့။

အလို ဆောင်းပါး ရေးဖြစ်သွားတာက ဒီ အလို ကြောင့်ပဲပေါ့။

ကိုယ့်ရဲ့  ဘ၀ စင်ကြယ်စွာ နေနည်း ဆောင်းပါး ကို ညီမ ဖြစ်သူက တရားစခန်းဝင် ယောဂီသူ တော်စင်တွေကို စာအုပ်သေးသေး ရိုက်နှိပ်ပြီး ဓမ္မလက်ဆောင်မွန် ပြုလုပ်လိုတယ် ပြောတယ်။ ပြီး တော့ သူလိုတဲ့ အတိုင်း အမှာစာ၊ ကိုယ်ရေး အကျဉ်း၊ မျက်နှာဖုံး ကအစ လိုအပ်ရာရာ ကို ရေးပေးပါ ဆိုလို့ ရေးပေးခဲ့ပါ တယ်။

ခုတော့ စာအုပ် အနေထား ရိုက်ပြီးနေပြီ။ ပရင့်ထုတ်ရုံပဲ ကျန်တော့တာတဲ့။ အမှာစာ နောက်ကျောမှာ လိုနေလို့ ။ ကဗျာလေး ရေးပေးပါဦးလား။ ပြောင်ချည်း သက်သက်ဆို ကြည့်မ ကောင်း လို့ -တဲ့ လေ။

သူ့ ကို ပြောလိုက်ပါရဲ ၊့ ကဗျာက စိတ်ခံစားချက် ရှိမှ ထွက်တာ။ ရေးပါဆိုရင် ဘာရေးရမှန်း မသိ တော့ဘူးလို့ ။ ဒါပေမယ့် ကြိုးစား သေးတာပေါ့ဟာ လို့  ပြောခဲ့တယ်။ ကြိုးစားပေမယ့် ကဗျာက သူလို တဲ့ ကဗျာ ထွက်မလာဘဲ ချိုဂိုဟားဇံ ဆိုတဲ့ ကဗျာက နေရာဦးသွားပြီး နှစ်ပုဒ် ရေးဖြစ်တယ်။ သူ့ လိုတဲ့ ကဗျာမဟုတ် ။ အများဖတ်ဖို့  ဘလော့ကဗျာလေး ဖြစ်သွားတယ်။

ထပ်ပြီး သူက အလို ကို ဖြည့်ပေးဖို့ ၊ ထပ်ပြောတယ်။ ကဗျာ မဖြစ်လဲ အဆို အမိန့် လေးပေါ့ တဲ့။ အဲသလို ပြောတော့လည်း ဘာ အဆိုမိန့် ရေးရမှာလည်း မသိပြန်ဘူး။ သူက သင်္ကြန်မတိုင်ခင်
သူ့ အလို ကို ဖြည့်ပေးဖို့  ချည်း ထပ်ပြောပြန်လာတယ်။ လိုတာက စာကြောင်း ရေ (၁၉)ကြောင်း စာ တဲ့။ ဒါနဲ့ ပဲ သူလိုနေတယ်လို့  သဘောပေါက်ကာ ကောက်ခြစ်ပေးလိုက်တယ်။

ကိုယ်လည်း ရေးတာကတော့ အဆိုမိန့်  ဆန်ဆန်ရေးပေးလိုက်တယ်။ အဆိုမိန့်  ဖြစ်မဖြစ် တော့ မသိဘူး။ သူလိုနေတဲ့ နေရာက အမှာစာရဲ့  နောက်ကျောဘက် မှာဆိုတော့ သူ့ ကို ဒီလို ရေးပေး လိုက်ပါတယ်။
ညီမလေး
အမှာစာရဲ့ နောက်ကျောဘေး
လွတ်လပ်နေတဲ့ စာမျက်နှာက လိုနေတာပေါ့နော်။
ကဲ ဒီလိုဆို အလို လေး ဖြည့်လိုက်မယ်။

အလို


၁။ မရှိ မဖြစ် လိုအပ်နေတာလေးတွေကို

အချိန်ရှိသခိုက် အရွယ်ရှိသခိုက်မှာ
ရရှိအောင် စုစု ဆောင်းဆောင်း ရှာဖွေထားပါ။

၂။ လိုအပ်နေတာလေးတွေကို

လိုနေတာထက် ပိုပြီးတော့
မတရားတဲ့ နည်းလမ်းနဲ့ မရှာမိပါစေနဲ့ ။

၃။တင်းတိမ်ရောင့်ရဲနိုင်တာဟာ
မင်္ဂလာတစ်ပါးဖြစ်သလို
အလိုကိုလည်း ပြည့်စေတာပါပဲ။

၎။လိုနေတဲ့ အထဲမှာ-
မိဘ၊ သားသမီး ဆရာ ဒကာ စတဲ့
လူမှု ၀တ္တရား အသီးသီးကို
မပျက်မကွက် မလိုရအောင် ဖြည့်ကျင့်ပါ။

၅။အမြင့်ဆုံး အဆင့်က -
အလို လုံးဝ မရှိတော့တာဟာ
ဘုရားရှင် ဖြစ်စေချင်တဲ့ ရည်မှန်းချက်ပါ။
အဲဒီ အဆင့်ထိ ရောက်အောင် ကြိုးစားနိုင်ကြပါစေ။

အရှင်တေဇောဘာသ( မြင်းခြံ)

ညီမလေး ပြောတဲ့ (၁၉)ကြောင်း စာ အတိကျ ရေးပေးလိုက်တယ်။
အလို မှသည် မြင်းခြံ အထိ ကွက်တိ။

သူ အဲဒီလို လိုတာကို ဖြည့်လိုက်ရတာလည်း ကိုယ့် အလိုလည်း ပြည့်သွားတယ်။ သူ့ တောင် ကျေးဇူးတင်ရမှာပါ့လား။ ကိုယ်လည်း ဘာရေးရမလဲ လို့  ဆောင်းပါး အသစ်လိုနေတာ။ ခုတော့ ဘလော့ဂါ ဂျူတီတာဝန် ၀တ္တရား ရဲ့ အလိုကိုလည်း သူက ဖြည့်ပေးလိုက်လို့  ပြည့်ပြီ။

ပြီးတော့- မကောင်းမြစ်ထာ၊ ကောင်းရာညွန်လစ် ၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ၊ ခြောက်ခု လွန်သေချာ ဆိုတဲ့ သုတ္တန်လာ သိင်္ဂါလောဝါဒ သုတ်နဲ့  အညီ ရဟန်း တာဝန် ၀တ္တရားလည်း ဖြည့်ပြီးသားဖြစ်ဆိုတော့ လိုတာလေးတွေ ပြည့်သွားတာပေါ့။

အားလုံးလည်း အလို ဆောင်းပါးကို နားလည်သဘောပေါက်ကာ ဖြည့်ကျင့်နိုင်ပါစေ။ အငိုလွဲ- အလိုစဲ သည့် နိဗ္ဗာန်ကိုလည်း ရောက်ကြပါစေဟု ရည်ရွယ်ကာ ရေးသားလိုက်ပါတော့တယ်။


မြတ်ရောင်နီ

(၁၀၊၀၄၊၂၀၁၀)

Friday, April 9, 2010

သတိ... ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၁၅ (ဃ)


သတိကို သတိပြု

အပိုင်း (ဃ)

မရဏာနုဿတိ ဘာဝနာပြီးတော့-
၉။ကာယဂတာသတိ ပါ။ ကိုယ်မှာ ဖြစ်တဲ့ ရှိနေတဲ့ အရာကို ပြန်လည် သတိရှိအောင်
ပြုလုပ် တာပါ။

ကိုယ်မှာ ဘာတွေ ရှိသလဲ -
ဤငါ့ကိုယ်တွင် ဆံပင် အမွေး (လက်သည်း ခြေသည်း ) သွား အရေ။ အသား အကြော
အရိုး ရိုးတွင်းခြင်ဆီ အညှို့ ။ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် ။ အူမ အူသိမ် အစာသစ် အစာဟောင်း ဥဏှောက်။သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်။

ဒွတ္တိံသ- ၃၂မျိုး၊ ကောဋ္ဌာသ- မသထီစရာ ရွံစရာအစု။ လို့ ခေါ်ပါတယ်။

အဲလို ဆင်ခြင်ပွါးများရင် လည်း ကိုယ့်ကို ဟုတ်လှတယ် မထင်တော့ဘူး။ နို့ မို့ ရင် ချောတယ်၊
လှတယ် ထင်မယ်။ ရေမွှေးဆွတ်လို့ မွှေးတာ၊ သနပ်ခါး မိတ်ကပ်လူးလို့  မွှေးတာ ၊ ဆပ်ပြာ အမွှေး သုံးလို့ ၊ ခေါင်းအလှဆီ အမွှေးသုံးလို့ မွေးတာ ငါက မွေးတယ် လုပ်နေမယ်။ ဟုတ်တယ် ဟုတ်၊
( ကိုယ်အပါဝင်) ထင်မိသယောင်။

တကယ်တမ်းကြပြန်တော့ ဆံပင် ကျွတ်သွားလို့  ထမင်း ပန်းကန်ထဲ တွေ့ တာတောင် ပျို့ သလို
လို ဖြစ်တတ်ရဲ့ ။ ခေါင်းပေါ်နေတုံးက လှတယ် ထင်တာ။ ကဲ သိပြီလား။ ကျန်တဲ့ ရွံစရာ မှန်သမျှ အမှန် တိုင်း သိပါလေ။

ပါဠိ ဂရမ်မာ နည်း အရကတော့ ကာယ ကို ( ကု+ အာယ ) ပုဒ်ခွဲရတယ်။ ကု ဆိုတာကု စ္ဆိတ- ရွံစရာ။ အာယ ဆိုတာ အပေါင်း-လို့  ဆိုပါတယ်။

ဘုန်းကြီး တစ်ပါးက က ကု စ္ဆိတ ရွံစရာကို ပဲ ရွံစရာလို့  ဘာသာမပြန်ဘဲ။ ချေး လို့ ဒဲ့ဒိုး ဘာသာပြန်တယ်။ သူ့ အလို ကာယ ဆိုတာ တစ်ကိုယ်လုံး ချေးတုံး လို့  မြန်မာလို ဘာသာ ပြန်လို တယ်။ စကား ရိုင်းရင် သည်းခံပါ။ ဒါမှ ထိရောက်မှာမို့ ။

သူ ပြန်တဲ့ ဘာသာပြန်ကို ကြည့်ပြီး စပ်ရာ စပ်ရာတွေး တွေးလိုက်တော့ ကာယလို့ ဆိုတဲ့ ခန္ဓာကိုယ်မှာ အပေါက် ( ၉) မျိုး ရှိတာ ပြန်စဉ်းစားမိပြန်ရဲ့ ။ အဲဒီ အပေါက် (၉) ပေါက်ကိုပဲ စာအလို- ကိုးပေါက်ဒွါရ အမာဝ(အနာ) လို့  ပြောတယ်။ အမြဲတမ်း ယိုစီးတတ်လို့ ပါ တဲ့။

ကိုးပေါက်ဆိုတာ အပေါ် ( ၇) ပေါက်နဲ့  အောက် (၂) ပေါက်ကို ပြောတာပါ။ မျက်စိ ၂၊ နား ၂။
နှာခေါင်း၂။ ပါးစပ် ၁။ အောက်က ၂။ (သိသာထင်ရှားပြီ။)

မျက်စိ ၂ ပေါက်က ထွက်တော့ မျက်ချေး၊ နား ၂ ပေါက်က ထွက်လာတော့ နဖာချေး စတာတွေပေါ့။ ချေးတွေ ကြည့်ပါဘဲ။ ကိုယ့်ဖာသာ ဆက်တွေး ကြပါဦးလား။ ကိုယ့်အနေနဲ့ အဲလို ဟိုတွေး ဒီတွေး တွေးမိတာပေါ့။ စာဖတ်တဲ့ အချိန်လေး အဲလောက်တွေး မိမယ်ဆိုရင် အထုံ ပါရမီ ကုသိုလ် ဖြစ်သွား နိုင်တယ်။ ဆင်ခြင်ကြည့်ပါ။

ဒါနဲ့ ပါတ်သက်ပြီးတော့ ဘုရား ရှင် လက်ထက်က အလှမာန်တက်နေတဲ့ အလှမယ် မရူပနန္ဒာပေါ့။ ဘုရား ကျောင်းတောင် မသွားဘဲ နေသေးတယ်။ ရဟန်းမ ၀တ်ခဲ့တာလည်း ဘုရားနဲ့  ဆွေမျိုးစပ်လို့  ။ ဒီ အတိုင်း လူဝတ်ကြောင်ဘ၀နဲ့  နေခဲ့ရင် အများပြောမှာ ကြောက်လို့ ။ သာသနာ့ဘောင် ၀င် ရောက် ခဲ့သူ။

ကျန်တဲ့သူတွေက သူ့ ရှေ့ မှာ ဘုရားဂုဏ်ကို ပြောတာ ပြောလို့ မကုန်နိုင် မခန်းနိုင်။ သူ မသွား ခြင်း အကြောင်းကလည်း သူရုပ်ရည်ရဲ့  အလှပကို အပြစ်တွေ ပြောမှာ စိုးလို့ တဲ့။ နောက်တော့လည်း အများက တိုက်တိုက် တွန်းတွန်း ပြောလာတော့ သူနေလို့  မဖြစ်တော့။ ဘုရားရှင်ထံ ရောက်သွား ခဲ့ ပါတယ်။


ဘုရားရှင် အမှန်တရားကို ပြောပြလို့ သဘောပေါက်သွားတယ်။ ပြောဟောတာက တိုတိုလေး-
အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ၊
ဥ ဂ္ဃရ န္တံ ပ ဂ္ဃရ န္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
စတဲ့ ဂါထာပါ။

ဒီဂါထာလေးကို အကျဉ်း လေ့လာကြည့်တော့ ဒီလိုတွေ့ ရတယ်။ ဥ ဂ္ဃရ န္တံ ဆိုတာ အထက် ကလည်း လျှံထွက်။ ပ ဂ္ဃရ န္တံ - အောက်ကလည်း ယိုထွက်တဲ့။ ဘာတွေလဲ ဆိုတော့ အသုစိံ-မစင်ကြယ် တဲ့ ဟာတွေ။ ပူတိ- ပုပ်ဟောင်ညှီတဲ့ဟာတွေ။ ဒါကို ဗာလာနံ- ကိုယ်လူ သူလို ဗာလ ခေါ်တဲ့ မသိတတ်သူတို့ က။ အဘိ ပတ္ထိတံ- အလွန်ကောင်း တယ် လို့  တောင့်တောင့်တတ ရှိတာတွေတဲ့။ ဆိုတဲ့ စကားလေးတွေ ကို အကြမ်းဖျဉ်းအားဖြင့် နား လည် ကြည့်စမ်းပါ့လား။

(စကားချပ်၊ စကားညှပ် ) မြန်မာစကားကို ပြန်စဉ်းစားကြည့်လိုက်လေ။ ရွံစရာ ကောင်း လိုက်တာ-တဲ့။ ရွံစရာဆိုရင် ဆိုးလိုက်တာလို ပြောရမှာ။ ဗာလာနံ အဘိပတ္ထိတံ ဆိုတော့ ရွံစရာလည်း ကောင်းချင် ကောင်း မှာပေါ့နော။

အပြန်အားဖြင့် မှတ်သားရမှာက ပညာရှိ သူတော်ကောင်းတို့ ဟာ ရွံစရာကို ရွံစရာမှန်း တကယ်သိပြီး တရားအားထုတ်ကြတယ် လို့  သိရမှာပါ။ ရွံစရာကောင်း တာကိုပဲ မတွယ်တာ ဖို့  ဆိုလို ရင်းပါ။ ကဲကြည့်လေ-

မရူပနန္ဒာ ကတော့ ဒီစကားလေးတွေကို တရားနဲ့ လျော်ညီစွာ သဘောပေါက် သွားတာ သောတာပန် ဖြစ်သွားပါ သတတ်။ အဲဒီနောက် အထက်မဂ် ရဖို့  အတွက် ဘုရားရှင် ဆက်လက် ဟော လိုက်တာမို့  ရဟန္တာ မ အဖြစ် ရောက်သွားပါတော့တယ်။

ဒါကတော့ ကာယဂတာ သတိ ရဲ့ အကျိုးလို့  မှတ်ယူနိုင်ပါ တယ်။

( ဓမ္မပဒ၊ ဇရာဝဂ္ဂ၊ ဇနပဒ ကလျာဏီ ရူပနန္ဒာ ထေရီ ၀တ္ထု)



၁၀။ အာနပါနဿတိ ဘာဝနာ သီးသန့် တစ်ပိုင်း ရေးသားပါဦးမယ်လို့  မှန်းထားပါတယ်။

မှတ်ချက်။ ။ မြူးနစ်မြို့  ဂျာမန် ဗုဒ္ဓဘာသာ အသင်းသူ အသားတို့ ကို ဒီလောက် အကျယ် ဟောပြော ချိန် မရလိုက်။ အနုဿတိ ( ၁၀ ) ပါးစလုံး ဟောတာမို့  တို့ ထိဆိတ်ဂဏန်း အမြည်းသဘော လောက် သာ ဟောခဲ့ပါတယ်။ဘလော့ ရေးသားချိန်မှာ စေတနာများ ပိုမိတာကြောင့် အကျယ် ရေး သား ခြင်း ဖြစ်တယ် ဆိုတဲ့ အကြောင်း.....

မြတ်ရောင်နီ

(၀၉၊၀၄၊၂၀၁၀)