Pages

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, May 6, 2011

တွေး စေချင်


တွေး စေချင်



ဘယ်ကလာသလဲ?
သိပါဘူး။

ဘယ်ကိုသွားမလဲ?
သိပါဘူး။

သိဘူးလား?
သိပါတယ်။

တကယ်သိလား?
မသိပါ။




သိသော်လည်း မတွေးဖြစ်တာကများသည်။
ထို့ ကြောင့် တွေးဆင်ခြင်ဖို့ ရာ ရေးလိုက်ပါသည်။
တွေးဆင်ခြင်နိုင်ကြပါစေ ကုန်...


မြတ်ရောင်နီ

( ၀၆ ၊ ၀၅ ၊ ၂၀၁၁)

ဒီနေရာလေးမှာ ရေးပါ..

Tuesday, May 3, 2011

စိတ်ပဲ



စိတ်ပဲ



တရားလေး ဘေး

ထားလိုက်လေး
သေမှာ
မေ့နေသေး။

တရားလေး အေး
နီးစပ်ပေး
သေမှာ
ခုလိုတွေး။



မှတ်ချက်။ ။ ယနေ့ မှစ သင်တန်းတက်ရသည်ဖြစ်သောကြောင့်

အသစ်မတင်နိုင်သည့်အခါ အဟောင်းများ ရှာပြီးတော့ကား
အားပေးကြလေကုန်။


မြတ်ရောင်နီ

( ၀၃၊ ၀၅၊ ၂၀၁၁)

ဒီမှာ ရေးပါ..

Monday, April 11, 2011

တန်ခူးလ


တန်ခူးလ

ဟောင်းရွက်ညှာ ခါလစ်လို့ ၊ တာသစ်ကယ်တဲ့ နံ့ ကြိုင်။
သုတ်ဖြူးလေဆော်က ၊ ပန်းကံ့ကော် ၀တ်မှုံကျင်း၊
သင်းပျံ့ လှိုင်လှိုင်။
ကြယ်နှစ်ပြိုင် ၊ သွယ်ဆိုင်ပ၀င်း။
စိတြငယ်နှင့် ၊ ငွေသော်တာတို့ ၊
ယုဂန်ချာတောင်တော်စွန်းမှာ၊
ထွန်းထိန်လို့ လင်း။


စာဆိုတော် ဦးမင်း ၁၂ ရာသီဘွဲ့ 



........................................................................................


( တန်ခူးလမှ ကဗျာတစ်ပုဒ်)

ငုတမ်းချင်း


ငုနှင့် ပိတောက် နွေမှာလှိုင်၊
သင်းပျံ့ မွေးကြိုင်ကြိုင် ။
အပြိုင်အဆိုင် ယှဉ်ဘက်ကင်း၊
လှရက်ပါဘိခြင်း။.......

http://www.mrmrt.info/


ဆရာ Mr MRT

.............................................................................................


တန်ခူးလဗေဒင်

တန်ခူး သာ လှ။
...... ............
(ပေယျာလ)

မှတ်ကြောင်း
ရက်ရာဇာ
ရွေးနည်းတည်း။

( ဗေဒကျမ်းဆရာ ရွှေမြန်မာ)

..............................................................................

တန်ခူးလ
ကဗျာယောင်ယောင်



+ တာကူး

+ တံခူး
တန်ခူး

+ တကူး
တခူး

+ ဦးတန်ခူး
နှောင်းတန်ခူး။

+ ကူးချင် ကူး
ခူးချင် ခူး ။

+ ကူး ချင်ရင်
ခူး။

+ ခူး ချင်ရင်
ကူး။

+ နှစ်ဦးမှာလည်း
တန်အောင် ခူး။

+ နှစ်နှောင်းချိန်ထိလည်း
တန်အောင် ခူး။

+ ခူး ခူး ခူး
ကူး ကူး ကူး။




စာစီသူ...
ဘုန်းဘုန်းဘိုတေ



မှတ်စရာ။ ။ ဟိုးရှေးအခါက
ဘုန်းကြီးကျောင်း ၊ ဘုန်းကြီးကြောင်း ..ဟု
အရေးမှားလေသည့် ဘုန်းကြီးတစ်ပါး ကဲ့ပမာလို

ရှေးခေတ်က ဤလကို အမျိုးမျိုးရေးကြလေသည်။
ခုတော့ကား အမှတ်တရနှယ် ကဗျာယောင်ယောင်

သူများကဗျာထဲ ရောနှောကြိတ်ကာ
ကူးစေလို ခူးစေလိုသောကြောင့်....။





မြတ်ရောင်နီ
(၁၁ ၊ ၀၄ ၊ ၂၀၁၁ )



ဒီနေရာကလေးမှာရေးပါ..

Monday, April 4, 2011

တရား စခန်း



တရား စခန်း



တရားနှင့်

စခန်းသွား။

လူမှု ၀တ်တရား
ဗြဟ်မစိုရ် တရား
ဒါန တရား
သီလ တရား
ဘာဝနာ တရား
ကိုယ်စီထား။

တရားနှင့်
စခန်းသွား။



မှတ်ချက်။ ။အေလာ နေပြည်တော်မှာ
တရားစခန်း တရားတော် အမည်ဖြင့် တရားဟောခဲ့ပါသည်။


မြတ်ရောင်နီ

( ၀၄ ၊ ၀၄ ၊ ၂၀၁၁ )

..

Wednesday, October 27, 2010

ဒီနေ့ ပဲ လုပ်သင့်တာ


ဒီနေ့ ပဲ လုပ်သင့်တာ


အဇ္ဇေ၀ ကိစ္စံ ကာတဗ္ဗံ ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

( ၀ိဘင်္ဂ၀ဂ် ၊ဘဒ္ဒေကရတ္တသုတ် ၊ ဥပရိပဏ္ဏာသပါဠိတော်)


၁။ လုပ်သင့်ရာရာ၊ ကောင်းသည့်ဟာ ၊ ခုသာ လုပ်ထားကြ။
၂။ မနက်ဖန်မှာ ၊ သေရမှာ ၊ ဘယ်ဝါ မသိကြ။
၃။ သေမင်းထံမှာ ၊ ချိန်းချက်တာ ၊ သေချာ မရှိကြ။

ဘာသာပြန် ဘုန်းဘုန်းဘိုတေ ( ၂၀၁၀ )



အသိပေး ၊ သတိပေးနှိုးဆော်ချက်


တစ်နေ့  အနည်းဆုံး တစ်ကြိမ်
တစ်ခေါက်လောက်လေး ဆိုကြည့်ပါ့လား။
ကုသိုလ်ရတယ်။ အပြစ်မဖြစ်ဘူး။

ကိုယ်ဘာလုပ်ရမယ်ဆိုတဲ့ အတွေး ပေါ်လာနိုင်တယ်။
ဘာလုပ်သင့်တယ်ဆိုတာသိပြီး သိတဲ့အတိုင်း
လုပ်ချင်လာမယ်။ လုပ်ဖြစ်လာမယ်။

ကိုယ်လမ်းကြောင်းကို ကိုယ့်ဖာသာ ထွင်လာပါလိမ့်မယ်။
မိုးခါးရေသောက် အများအကြိုက်တွေဖြစ်တဲ့
အလုပ်မျိုး လုပ်ရတာတွေ နည်းနည်းလာလိမ့်မယ်။

စမ်းပြီး ကြိုးစားကာ ပြုလုပ်ကြည့်ပါက
ခုပြောတာထက် ထူးတာတွေကို
ကိုယ်တိုင်တွေ့ လာပါလိမ့်မယ်-
ဒိဋ္ဌ မျက်မှောက်။

စိတ်ချသာယုံ။
ပြောမယုံ ကြုံဖူးမှသိပါ့မယ်။




မြတ်ရောင်နီ

( ၂၇ ၊ ၁၀ ၊ ၂၀၁၀ )



.

Wednesday, October 13, 2010

သူများပြောလို ကိုယ့်ကိုယ်ကို

သူများပြောလို ကိုယ့်ကိုယ်ကို


၁၅၈။ အတ္တာနမေ၀ ပဌမံ ၊ ပတိရူပေ နိဝေသယေ၊

အထည မနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

( ဓမ္မပဒ ၊ အတ္တ၀ဂ်၊ ဥပနန္ဒသကျပုတ္တတ္ထေရ၀တ္ထု )


၁။ သူများပြောလို ၊ ကိုယ့်ကိုယ်ကို ၊ ထိုဂုဏ်ရှိပါစေ။

ထိုသို့ ရှိငြား ၊ ခြားတစ်ပါး ၊ ပြောကြားကြပါလေ။

၂။ မရှိခဲ့သော် ၊ ကိုယ့်ပြန်ဆော် ၊ ရန်သော် ဖြစ်ပွါးစေ။
ကဲ့ရဲ့ သံလျင်း ၊ ဆက်ကာညှင်း ၊ မယွင်း တွေ့ ရသလေ။

၃။ ကိုယ့်မှာ ဂုဏ်ထား ၊ ပြောလေငြား ၊ လူများ ချစ်ခင်စေ။
ခြီးမွမ်းသံလည်း ၊ ထပ်ခါတွဲ ၊ ရမြဲ ရပါလေ။

ဘာသာပြန် စပ်ဆို
ဘုန်းဘုန်းဘိုတေ - ၂၀၁၀





မှတ်ချက်။ ။ ဓမ္မပဒ အဋ္ဌကထာကို ကြည့်ရှုလေ့လာကာ

သံပေါက် လင်္ကာ စပ်ဆိုလိုက်ပါသည်။


မြတ်ရောင်နီ
( ၁၃ ၊ ၁၀ ၊ ၂၀၁၀ )
.

Thursday, October 7, 2010

ယောက်မလို ၊ လျှာလို လူစားများ



ယောက်မလို ၊ လျှာလို လူစားများ


၂၅။ ယာဝဇီဝမ္ပိ စေ ဗာလော ၊ ပဏ္ဍိတံ ပယိရုပါသတိ၊

န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗိ သူပရသံ ယထာ။

( ပဏ္ဍိတကဏ္ဍ ၊ လောကနီတိ )

သိဥာဏ်ကင်းပ ၊ လူ့ ဗာလသည် ၊
ပညာရှိနား၊ ဆည်းကပ်ငြားလည်း ၊

သူတော်အကျင့် ၊ (ရှောင်ကာလင့်၍ )၊
တရားကြောင်းရာ၊ ဆိုးကောင်းတာကို၊

ယောက်လိုတူစွာ ၊ ဟင်းအလျာထို ၊
ပေါ့ငံစပ်ခါး မသိငြားသို့ ။


( ဘာသာပြန် - ဘုန်းဘုန်းဘိုတေ၊ ၂၀၁၀ )

၂၆။ မုဟုတ္တမပိ စေ ၀ိညူ ၊ ပဏ္ဍိတံ ပယိရုပါသတိ၊
ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ ၊ ဇိဝှါ သူပရသံ ယထာ။
( ပဏ္ဍိတကဏ္ဍ ၊ လောကနီတိ )

သိဥာဏ်ပြည့်ဝ ၊ ပဏ္ဍိတသည် ၊
ပညာရှိနား ၊ ဆည်းကပ်သွား၍ ၊

သူတော်အကျင့် ၊ (ကုန်ရလင့်ကာ) ၊
တရားကြောင်းရာ ၊ ဆိုကောင်းတာကို ၊

ပေါ့ငံစပ်ခါး ၊ သိသွားလျင်စွာ ၊ လျှာပမာလို။

( ဘာသာပြန် - ဘုန်းဘုန်းဘိုတေ ၊ ၂၀၁၀ )


မှတ်ချက်။ ။ ကဗျာ စပ်ချင်စိတ်ပေါ်လာတာနဲ့ 
ပါဠိဂါထာကို မြန်မာဂါထာခေါ် မြန်မာကဗျာ အဖြစ်
( မဖြစ်တစ်ဖြစ်)
ဖန်တီးကာပို့ စ် အသစ် အနေ တင်လိုက်ရပေသတည်း။



မြတ်ရောင်နီ

( ၀၇ ၊ ၁၀ ၊ ၂၀၁၀ )




span

Tuesday, June 15, 2010

မိတ်ဆွေလား ၊ မိတ်ဆွေးလား



မိတ်ဆွေလား ၊ မိတ်ဆွေးလား

မိတ်ဆွေ ဆိုတာကတော့ မိတ်လည်းဖြစ် ၊ တကယ့် ဆွေမျိုးရင်းချာလိုလည်းဖြစ်တဲ့ အနစ်နာ ခံတတ်သူမျိုးပေါ့။ မိတ်ဆွေး ဆိုတာကတော့ မိတ်ကောင်း လိုလိုနဲ့  တကယ့်အရေးကြုံတဲ့ အခါ မကူညီတတ်သူမျိုး၊ နောက်ပြီး ကိုယ့်ရဲ့ စေတနာကို အလွဲသုံးစား လုပ်တတ်တဲ့ သူမျိုးကို ကိုယ်ဘဲ ကျန်ခဲ့ရပြီး ဆွေးရတတ်သည်မို့  မိတ်ဆွေး ဟု အကျဉ်းဋီကာ မှတ်နိုင်ပါတယ်။

ဘုရားရှင် ဟောတဲ့ တရားတွေဟာ မကောင်းတာရှောင်ဖို့  ကောင်းတာကို ပြုလုပ်တတ်ဖို့  အေးငြိမ်းရာ ဦးတည်တဲ့ တရားတွေတော်တွေချည်းပါပဲ။

အပေါင်းအသင်း မိတ်ဆွေ ပေါင်းသင်းတတ်ဖို့ ကိုလည်း ကောင်းတဲ့သူ မကောင်း တဲ့သူ လို့ သိရအောင် ခွဲခြားကာ ညွှန်ပြဟောတော်မူပါတယ်။ မိတ်ဆွေ နဲ့  မိတ်ဆွေး သိအောင် ပေါ့။

မိတ်ဆွေဖြစ်တဲ့သူမျိုးကို ပေါင်းသင်းခွင့်ရတာနဲ့  အစစ အရာရာ စိတ်ချမ်းသာနိုင်မှာပါ။ မိတ်ဆွေးလို လူမျိုး ပေါင်းသင်း မိလိုက်ပြီ ဆိုရင်တော့ မှောက်ပြီသာမှတ်ပေတော့။

မိတ်ဆွေ မိတ်ဆွေး နဲ့  စပ်ပြီးတော့ သုတ်ပါထေယျပါဠိ ၊ သိင်္ဂါလ လူငယ်လေး အား ဟောကြားတော်မူထားပါတယ်။

ဒါကိုပဲ ဆရာတော် ဦးဗုဓ်ရဲ့  ဂိဟိဝိနယ ဆုံးမစာမှာ တစ်ခန်းတစ်နား ကဗျာ ဆောင်ပုဒ်များဖြင့် ရေးသား စပ်ဆို ထားခဲ့ပါတယ်။ ဂိဟိဝိနယ ဆိုတာကတော့ လူများ လိုက်နာ တတ်ဖို့  ကျင့်ဝတ်များ လို့ ဆိုလိုပါတယ်။

ရေးစပ်ထားတဲ့ အရှိ အရှိတိုင်း ပြန်လည်ကာ ရေးတင် လိုက်ပါ့မယ်။

မိတ်ဆွေပျက် ခြောက်ပါး

ဆောင်ပုဒ်- ကြွေအန်ကြူးထ ၊ မိန်းမကြူးထွေ ၊ သေစာကြူးမှု ၊ အတုပြုငြား ၊
လှည့်စားတစ်ထောက် ၊မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ ၊
ဤသူခြောက်ပါး ၊ မိတ်ဖြစ်သားကြောင့် ၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

ကိုယ်ကျိုးသာ ငဲ့သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- လက်ချည်းလာ၍ ၊ ဥစ္စာဆောင်သယ် ၊ နည်းငယ်ဖြင့်သာ ၊ များစွာလိုရှိ ၊ ဘေးထိရောက်ခါ ၊ပြုလာတုံဘိ ၊ မိမိကျိုးငှါ ၊ မှီလာပေါင်းယှဉ် ၊ လေးယောက်စဉ်ကား ၊ အညဒတ္ထုဟရတည်း။

နှုတ်ဖြင့်သာ ဟန်ဆောင်သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- ရှေ့ ဖြင့်စေ့စပ် ၊ တထပ်နောက်မှီး ၊ ချည်းနည်းသဂြိုဟ် ၊ ပေးလိုစဟန် ၊
ပစ္စုပ္ပန်မူ ၊ ပြညွှန်ပျက်ပြား ၊ဤလေးပါးကား ၊ မှတ်သား ၀စီပမရမတည်း။

ချစ်ဖွယ်ကိုသာ ဆိုတတ်သော အဆွေခင်ပွန်းတု လေးယောက်

ဆောင်ပုဒ်- မကောင်းခွင့်ပြု ၊ ကောင်းမှုကိုလျှင် ၊ ဆင်ခြင်မရှု ၊ ခွင့်ပြုသည်ပင် ၊
ရှေ့ တွင်ချီးမွမ်း ၊
ဖုံးလွှမ်းကွယ်လျင် ၊ ကဲ့ရဲ့ ချင်သည် ၊ လေးအင် ပီယ ဘာဏီတည်း။

ကျေးဇူး ရွက်ဆောင်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- မေ့လျင်စောင့်လာ ၊ ဥစ္စာစောင့်ရှောက် ၊ ဘေးရောက်ကိုးကွယ် ၊
ပြုဖွယ်ရှိက ၊ နှစ်ဆဥစ္စာ ၊ချေးပေးလာသည် ၊ လေးဖြာ ဥပကာရက တည်း။

ဆင်းရဲမကွာ ချမ်းသာမပစ်သော အဆွေ ခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- လျှို့ ဝှက်စကား ၊ ကြားစေတုံလျက် ၊ သူလျှို့ ဝှက်၍ ၊ ဘေးတွေ့ မစွန့်  ၊
မတွန့် တို ပါ ၊သူ့ ကို ညှာလျက် ၊ ကိုယ့်သက်စွန့် မြောက် ၊ ဤလေးယောက်ကား ၊
မျှလောက်ချမ်းသာ ဆင်းရဲတည်း။

အကျိုးစီးပွါးကို ပြောကြားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- မကောင်းမြစ်ထာ ၊ ကောင်းရာသွင်းထား ၊ မကြားစတောင်း ၊
အကြောင်းကြားလာ ၊ နတ်ရွာလမ်းပြ ၊ဤလေးဝကား ၊ မည်ရ အတ္ထက္ခာယီ တည်း။

အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်

ဆောင်ပုဒ်- ဥစ္စာခမ်းနား ၊ ပပွားသမြို့  ၊ မနှစ်လို့ ငြား ၊ ပွားကရွှင်မြူး ၊
ကျေးဇူးမဲ့ကို ၊ ဆိုသော်တားမြစ် ၊ကျေးဇူးဖြစ်ကို ၊ ဆိုသော်ချီးမွမ်း ၊
သူတို့ တမ်းကား ၊ မိတ်ကျွမ်း အနုကမ္ပ တည်း ။


ဆရာတော် ဦးဗုဓ် ဆိုသည်မှာ သာသနာ့သမိုင်းမှာ ဗုဓ်စ ဗုဓ်လယ် ဗုဓ်ဆုံးဆိုပြီး ကမ္ပည်းအတင် ခံရသည့် ဗုဓ်ဆုံး ဆရာတော်ကြီးပါတည်း။ ဗုဓ်စဆိုသည်မှာ မြတ်စွာဗုဒ္ဓကို ရည်ညွန်းပါသည်။ ဗုဓ်လယ်ဆိုသည်မှာ မဟာဗုဒ္ဓဃောသ ဆရာတော် ၊ ဘုရားဟော ဒေသနာများကို အဓိပ္ပါယ်ဖွင့် ဆိုသည့် အဋ္ဌကထာဆရာတော်ဖြစ်ပါသည်။

ဒီလိုနည်းနဲ့  ဟိုး...ရှေးရှေး ဗုဓ်ဆုံး ဆရာတော်က ကဗျာဥာဏ် ရင့်သန်ကာ ပါဠိတော်ကို မြန်မာလို ရေးစပ်တော်မူသွားကြပါတယ်။ ကဗျာရဲ့ မိတ်ဆွေ မိတ်ဆွေး ကို သေချာ ခွဲခြား ဖတ်ရှုနိုင်ကြပါစေ ဟုသာ။


မှတ်ချက်။ ။ ဦးမောင်မောင် ( ဟံသာဝတီ ) ဆယ်စောင်တွဲ စာအုပ်မှ
ဆောင်ပုဒ်များ ကူးယူပါသည်။ ရှေးဆရာတော်တို့ ရေးသားသော ကဗျာများကိုလည်း
ယခုခေတ်လူများ ဖတ်ရှုနိုင်ရန် နှင့် လိုက်နာနိုင်ရန် ရည်ရွယ်ကာ
ပြန်လည်ကာ ရေးတင်လိုက်ပါသည်။

မြတ်ရောင်နီ
( ၁၅ ၊ ၀၆ ၊ ၂၀၁၀ )


Sunday, June 13, 2010

သဗ္ဗေ သတ္တာ ကမ္မဿကာ


သဗ္ဗေ သတ္တာ ကမ္မဿကာ


( ဘယ်သူ မပြု မိမိမှု )


သဗ္ဗေ သတ္တာ ကမ္မဿကာ ဆိုတဲ့ ပါဠိ က အားလုံးဟာ ကိုယ့်ရဲ့  ကံကို ပိုင်ဆိုင်ကြတယ် -လို့ 
ဆိုလိုပါတယ်။ ဒါပေမယ့် လောကလူတို့  ပြောနေကျ စကားအတိုင်း ဘယ်သူမပြု မိမိမှု လို့  ဆိုလေ့ရှိ ကြတာမို့  သင့်လျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ကောင်းတာလုပ်ရင် ကိုယ်ဘဲ စံရမယ်။ မကောင်းတာလုပ်ပါက ကိုယ်ဘဲ ခံရပါမယ်။
ဘာပဲ ဖြစ်ချင်ဖြစ်ချင် ဆုတောင်းရုံ သက်သက်ကတော့ မဖြစ်တာ သေချာပါတယ်။ ဒီလို ကံ ကံ၏ အကျိုး ယုံကြည်မှသာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတာ ဖြစ်လာမှာပါ။ သမ္မာဒိဋ္ဌိဟာ မဂ္ဂင်ရှစ်ပါး
မှာလည်း ရှေ့ ဆုံးက နေတာကို သတိပြုစေချင်ပါတယ်။


ကံ ကံ၏ အကျိုး ပေးပုံကို ရှင်းရှင်း လင်းလင်း သိချင်တဲ့ လူငယ်လေး မောင်သုဘ ရဲ့  အမေးကို
ဘုရားရှင်က ဖြေကြားတော်မူပါတယ်။ ဒါကိုပဲ သုဘသုတ္တန် အဖြစ် သင်္ဂါယနာ မထေရ်မြတ်တို့ က မှတ်တမ်း တင်ထားခဲ့ပါတယ်။

အဲဒီသုတ်တော်ရဲ့  ဆိုလိုရင်း အဓိပ္ပါယ်ကို အမရပူရမြို့ ၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
၏ ပထမ ဆုံး ကျမ်းဖြစ်တဲ့ ရတနာ့ဂုဏ်ရည်ကျမ်း စာမျက်နှာ ( ၂၅၅ ) မှာ ဆောင်ပုဒ်များဖြင့် ဖေါ်ပြ ရေးသား ထားပါတယ်။

ကံ ကံ၏ အကျိုးတရားများ

၁။ သူများအသက် ၊ သတ်သည့်တွက် ၊ အသက် ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ ၊ ရှည်လျား အသက်ကို။

၃။ နှိပ်စက်ကလူ ၊ ညှဉ်းဆဲသူ ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း ၊ မနှိမ်နှင်း ၊ ကင်းရှင်းရောဂါကို။

၅။ ထန်းပြင်းဒေါသ ၊ ကြီးတတ်က ၊ အလှပျက်မည်ဆို ။
၆။ ဒေါသကင်းစင် ၊ မေတ္တာယှဉ် ၊ ကြည်လင်လှသကို။

၇။ မနာလိုပြန် ၊ ဣဿာထန် ၊ ခြံရံ ကင်းမည်ဆို။
၈။ ဣဿာမထား ၊ ၀မ်းမြောက်ငြား ၊ပေါများခြွေရံကို။

၉။ မလှူမဒါန်း ၊ မပေးကမ်း ၊ ခြောက်ခန်း ဥစ္စာဆို။
၁၀။ စွန့် ကြဲလေ့တုံ ၊ ပြုပါကုန် ၊ ကုံလုံ ကြွယ်ဝကုန်။

၁၁။ မာန်မာနကြွယ် ၊ ထိုသူဝယ် ၊ မျိုးနွယ် ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး ၊ မာန်ကိုချိုး ၊ အမျိုး မြတ်သကို။

၁၃။ သိဖွယ်ဟူသမျှ ၊ မမေးက ၊ ဖျဉ်း-အ ပညာဆို။
၁၄။ ကြားများ များအောင် ၊ မေးလေ့ဆောင် ၊ ခု နောင် တတ်သိလို။


မှတ်ချက်။ ။ လာရောက် ဖတ်ရှု နေကျ လူ ဒကာ ဒကာမ စာဖတ် ပရိသတ် အတွက်
အထူးတလည်အနေ ဆောင်ပုဒ်များကို
ရေးသားကူးယူ တင်ပြလိုက်တာပါ။
နားလည်အောင် သေချာဖတ်ရှု မှတ်သားကာ

ကိုယ့်ရဲ့ ရင်သွေးငယ်များကို တစ်ဆင့် သွန်သင် နိုင်ကြပါစေသောဝ်...

( သံဃာတော်များကား သိနေကြပြီးသား ဟု ယုံကြည်မိပါတယ်)



မြတ်ရောင်နီ

( ၁၃၊ ၀၆၊ ၂၀၁၀)
.

Friday, March 26, 2010

သူ့ ကို အမှတ်ရတာများပါ မှ

သူ့ ကို အ မှတ် ရ တာ များ ပါ မှ


၁။ ညဥ့်နေ့  တစ်နေ့  ထက်ဝက်နေ့ တည်း။ တစ်ကြိမ် ရွှေ့ စား၊ ထက်ဝက် စား နှင့်။

လေး ငါး လုတ် သွင်း ၊ မသေလျင်းမူ၊ ခြောက်ယောက်သူကို ၊ မေ့သူ ဟောထား။
တစ်လုတ်စားတွင်း ၊ ရှုရှိုက်တွင်းမှာ မသေပါမူ၊ မြတ်စွာ ဘုရား ၊ ဟောတရားကို၊
အားထုတ်အံ့ဟု၊ နှစ်ယောက်သူသာ၊ အပူထက်စွာ ပွါးသတည်း။

၂။ မြွေကင်း ကိုက်ခဲ၊ ခြေချော်လဲ နှင့်၊ ဆွမ်းခဲ မကြေ၊ ပိတ္တေပျက်ပြား၊
လေဖျက်သွားလည်း၊ လူများသတ်မှန်၊ ဘီးလူရန်ကြောင့်၊ သေပြန်ရသေး၊
ဖန်ဖန်တွေးသည်၊ သေရေး သတိ ပွါးပုံတည်း။

(ယမက၀ဂ်၊ မရဏဿတိ ပထမ၊ ဒုတိယ သုတ်၊ အဂုင်္တ္တရနိကာယ)



ဟို...လွန်ခဲ့တဲ့ တစ်ဆယ့်ခုနှစ်ကျော်ကျော်က ကိုရင်ဘ၀မှာ ကျက်ခဲ့တဲ့ ဆောင်ပုဒ်လေး။

တန်ဖိုးရှိ၊ ဘ၀ အတွက် တာသွားတဲ့ ဆောင်ပုဒ်လေး။ တစ်နေ့ ကမှ တိုက်ဆိုင်မှုကြောင့် ပေါ်လာတာနဲ့  ပြန်မျှဝေချင်တာနဲ့  ရေးတင်လိုက်တာပါ။
အဓိပ္ပါယ်ကို
ရေးဖြစ်ရင် ဆောင်းပါး ရေးမယ် မှန်းထားပါတယ်။ လောလောဆယ် ကျေပွန်စွာ ဖတ်ထားပါလေဦး။


မြတ်ရောင်နီ
(၂၆၊၀၃၊၂၀၁၀)

Friday, February 19, 2010

လ ထက် သာ တဲ့ လ




သီတဂူ ဆရာတော် ရဲ့ သက်တော် ( ၇၃ ) နှစ်ပြည့် ၊ တပေါင်းလပြည့်နေ့ ၊ မွေးနေ့  ပူဇာ အဖြစ် လရောင်ကို နမ်းရှိုက်သူများ ကဗျာစာစဉ် (၃) ကို သူငယ်ချင်းဖြစ်သူ လင်းထက် (မြင်းခြံ ) က စုစည်းတာဖြစ်ပါတယ်။ သူ့ ရဲ ဖိတ်ခေါ်မှုကြောင့် ကိုယ်လည်း ဆရာတော် ရဲ့  မွေးနေ့ မှာ ကျေးဇူး ဆပ်ခွင့် ရတယ်ပေါ့။ ဆရာတော်ရဲ့ ကျေးဇူးကြီးမား ပုံ ပြောမကုန်တာကို ကိုယ့်ရဲ့ နားလည်တဲ့ စကားများနဲ့ အကျဉ်းမျှ ရေးလိုက်ပါတယ်။ သီတဂူ ဆိုတာ လ အဓိပ္ပါယ်ရတော့ ကောင်းကင်က လ နဲ့  မြေပြင်က လ ကို နှိုင်းယှဉ် ပူဇော်လိုက်ပါတယ်။ ကဗျာ ဆရာ တရားဝင် မဟုတ်ပေမယ့် တောင် ခြစ် မြောက်ခြစ် ၀ါသနာ ဓာတ်ခံလေးနဲ့  ကြိုးစား ရေးလိုက်ခြင်းပါ။ ကဗျာကို တစ်စိမ့်စိမ့် ခံစားပြီး ဆရာတော့်ဂုဏ် ကြည်ညိုကြလေကုန်။


လထက်သာတဲ့လ


+ ဖိုးရွှေလကို လူတိုင်းတ

ညညအခါ သူ့ ဘ၀။

+ ဖိုးရွှေလ ဟာ သူ့ နေ့ ည
တစ်ခါတစ်ခါ သူလင်းရ
သူ့ ရဲ့ သဘာဝ။

+ လရောင်မွေးဖွား သူ့ ရဲ့ ည
လူတိုင်းရင်မှာ တဖွဖွ
စိတ်မှာအေးချမ်း တစ်ခဏ။

+ သီတဂူလ လူတိုင်းတ
နေ့ ညအခါ သူ့ ဘ၀၊
နတ်ဒေ၀ါလည်း ပါဝင်ကြ။

+ သီတဂူလ သာတိုင်းလှ
ချိန်ခါ မရွေး သူ လင်းပြ
သူ့ ရဲ့  သဘာဝ။

+ ဓမ္မရောင် မွေးဖွား သူ့ နေ့ ည
လူနတ်ရင်မှာ အေးမြမြ
ငြိမ်းချမ်းခွင်မှာ ထာဝရ။

ရှင်ဒဿန ( မြင်းခြံ )


မှတ်ချက်။ ။ မှတ်ချက်လေး တို့ လိုက်အုံးမှ။
အဲလို မတို့ လိုက်ရင် အရှင်တေဇောဘာသ ( မြင်းခြံ ) နဲ့  ရှင်ဒဿန( မြင်းခြံ )တစ်ပါးစီ ထင်နေလိမ့်မယ်။ အတူတူ ဖြစ်ပါတယ် ။ ကလောင်နာမည် နောက်တစ်မျိုး ဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။

မြတ်ရောင်နီ
(၁၉၊၀၂၊၂၀၁၀)

Sunday, January 31, 2010

သူ နှင့် ငါ


သူ နဲ့  ငါ

+ သူ မဟုတ်တဲ့ သူ
သူပဲ။

+ ငါ မဟုတ်တဲ့ ငါ
ငါပဲ။

+ သူ နဲ့  ငါ
ငါ နဲ့  သူ။

+ ဘယ်လိုဟာ ပြောပြော
သမုတ်သော သူ၏
အမှန်သိ
ဒေသနာ သမ္မုတိ။

+ သူ မဟုတ်တဲ့ သူ
သူ မဟုတ်။

+ ငါ မဟုတ်တဲ့ ငါ
ငါ မဟုတ်။

+ သူ နဲ့  ငါ
ငါ နဲ့  သူ

+ ဘယ်လိုဟာ ပြောပြော
သူ ငါ မရှိသော
ရောနှော ရုပ် နာမ်၏
အမှန်သိ
ပရမတ်ဒေသနာ ရှိ။

အရှင်တေဇောဘာသ ( မြင်းခြံ )




မြတ်ရောင်နီ
(၃၁၊၀၁၊၂၀၁၀)

Thursday, January 14, 2010

ဖုံးသင့်တာ ဖုံး၊ ဖေါ်သင့်တာဖေါ်

ဖုံးသင့်တာ ဖုံး ၊ ဖေါ်သင့်တာဖေါ်

ဖုံးထားသင့်သော အရာများမှာ-

၁။မာတုဂါမ ခေါ် အမျိုးသမီးများ ဖုံးသင့်တာ ဖုံးထား( မဖွင့်လေ ကောင်းလေ)
၂။ပုဏ္ဏားတွေရဲ့  ဂါထာမန္တရား ဟူးရာပါကျန် ဗေဒင်အဆုံး ဖုံးထား
(မဟောလေကောင်းလေ)
၃။မှားယွင်းသော ဒဿန အတွေးခေါ် မိစ္ဆာအမြင်များဖုံးထား
( ပြောမပြ၊ ရေးမပြလေ ကောင်းလေ)
သို့ မှသာ လိုရာအကျိုး ရွက်ဆောင် နိုင်မည်။( အာဝဟန္တိ)


ဖေါ်သင့်သော အရာများမှာ-

၁။ဖိုးရွှေလမင်း အရောင် ဖြာချင်သလောက်ဖြာ၊လင်းချင်သလောက်လင်း
(ထိန်လေ ကောင်းလေ)
၂။နေမင်း အရောင် ရှိမှ ကောင်းမယ်။( သူ့ အချိန်နဲ့ သူ နေလုံးဝ
မပျောက်လေ ကောင်းလေ)။
၃။မြတ်စွာဘုရား ဟောကြားသည့် တရားတော် ( ပြန့် ပွါးလေ ကောင်းလေ)
သို့ မှသာ လောက တစ်ဝှမ်း သာယာမည်။(၀ိရောစန္တိ)


အကျဉ်းချုပ် မှတ်လိုသော်-
ဆောင်ပုဒ်- မာတုဂါမ ၊ ဗြာဟ္မဏမန္တန်၊ မိစ္ဆာဒိဋ္ဌိ ဖုံးဖိတော်ပြန်။
လ၊ နေ၀န်း နှင့်၊ ဘုရားဟောကျမ်းဂန်၊ဖေါ်ဖွင့်ပြ မှတ်ကြတင့်တယ်မှန်။

အင်္ဂုတ္တရနိကာယ၊ ၃။ကုသိနာရ၀ဂ္ဂ၊၉။ပဋိ စ္ဆန္နသုတ္တ

ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
ဥပမာ- ကျမ်းဂန်မှာ လရောင်၊ နေရောင် သည်
ဖွင့်လျင်တင့်တယ်သည်။ ဖုံးလျင်မတင့်တယ် ဟုသာရှိပါသည်။
သိလွယ်စိမ့်သောငှါ ဤသို့  ပြန်ဆိုခြင်း ဖြစ်ပါသည်။

မြတ်ရောင်နီ
(၁၅၊၀၁၊၂၀၁၀)

Friday, January 8, 2010

သားသမီး မကောင်း မိဘ ခေါင်း

၁။ယုတ်ညံ့သော မိခင်မှ မွေးဖွားလျင် စကားကြမ်း၏။
၂။ယုတ်ညံ့သော ဖခင်မှ မွေးဖွားလျင် အမူအကျင့် ကြမ်း၏
၃။ယုတ်ညံ့သော မိဘ နှစ်ပါးစလုံး မှ မွေးဖွားလျင် စကားရော
အမူအကျင့်ပါ ကြမ်း၏
(ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်)။

ပါဠိ- မာတာဟီနဿ ဒုဗ္ဘာသာ၊ ပိတာ ဟီနဿ ဒုက္ကရိယာ။
ဥဘော မာတာပိတာ ဟီနာ၊ ဒုဗ္ဘာသာ စ ဒုက္ကရိယာ။

၂။သုဇန ကဏ္ဍ ဂါထာနံပါတ်(၅၂)။


အကျဉ်းချုပ် မှတ်လိုသော်-


ဆောင်ပုဒ်
- နှုတ်အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ မိခင် ယုတ်ညံ့၏၊
ကိုယ်အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ ဖခင် ယုတ်ညံ့၏၊
ကိုယ် နှုတ် အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ မိဘ ယုတ်ညံ့၏။


စစ်ကိုင်း၊ မြစကြာကျောင်းတိုက်၊


ဓမ္မာစရိယတန်း စာလေ့လာစဉ်က
မှတ်သားဖူးခဲ့တဲ့ဆောင်ပုဒ်။

သံဃာတော်များ ဘုရားဝတ်ပြုရာမှာ
အမြဲဆိုလေ့ရှိပါတယ်။

မြတ်ရောင်နီ
(၀၈၊၀၁၊၂၀၁၀)


Wednesday, January 6, 2010

သီလရှိသူ ကျိုး(၅)ဆူ

၁။ကိုယ်ကျင့်တရား ကောင်းမွန်လို့  ကြွယ်ဝချမ်းသာခြင်း။
၂။ကောင်းသတင်း ထွက်ခြင်း
၃။ဘယ်လိုပရိသတ်ထဲတိုးတိုး ရဲရဲတင်းရှိခြင်း။
၎။သေရပြီ ဆိုတောင်မှ တွေဝေ မိန်းမောမျောတာမျိုး မဟုတ်ဘဲ သေရခြင်း။
၅။သုဂတိ သဂ္ဂ သို့  ရောက်ရှိခြင်း။

အကျဉ်းချုပ် မှတ်လိုသော်-

ဆောင်ပုဒ်- ဥစ္စာရခြင်း၊ ကောင်းသတင်း၊ ပျံ့ သင်း ဝေေ၀ဆာ။
ပရိသတ်တွင်း၊ ချဉ်းကပ်လျဉ်း၊ ရဲတင်း ၀င်နိုင်တာ။
မတွေဝေဘဲ သေရမြဲ၊ သေလည်း ၊ သုဂတိသာ။
သီလရှိသူ၊ ကျိုး(၅)ဆူ ၊ ရယူနိုင်ပေတာ။



အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်

ယခုလက်ရှိ ပဓာန နာယကချုပ် ဆရာတော်
ဥပဇ္ဈာယ်ဆရာတော်
နေထိုင်ခဲ့စဉ်က အမှတ်တရ သြ၀ါဒ မှတ်တမ်း

ဝိနည်းမဟာဝဂ္ဂပါဠိ-၃၂၂
မှတ်ချက်။ ။သီလအကျိုးမှာ ၅မျိုး ဒီနေရာမှာ ပြဆိုပေမယ့်
များစွာ ရှိပါသေးပါတယ်။ အလိုရှိက ရှာကြည့်ကြကုန်။

မြတ်ရောင်နီ
(၀၆၊၀၁၊၂၀၁၀)

Tuesday, January 5, 2010

မေတ္တာဂုဏ်ရည်

မေတ္တာဂုဏ်ရည်

၁။အေးချမ်းစွာ အိပ်ပျော်ခြင်း၊ ၂။အိပ်ယာနိုးလည်း ရွှင်ရွှင်ပြရှိခြင်း။
၃။အိပ်မက်ကောင်းတာကိုသာ မက်ခြင်း၊အိပ်မက်ဆိုးများမမက်။
၎။လူ ချစ်ခင်မှု အပြည့်ရခြင်း။၅။နတ်တွေကလည်း ချစ်မြတ်နိုးခြင်း
၆။ချစ်မြတ်နိုးရုံမကနတ်များစောင့်ရှောက်ခံရခြင်း။
၇။မီးဘေးဒဏ်၊အဆိပ်၊လက်နက်များ မိမိမှာ မထိခိုက်နိုင်ခြင်း၊
၈။တရားထိုင်မယ်ဆိုရင်လည်း သမာဓိတည်လွယ်ခြင်း၊
၉။မျက်နှာမြင် ချစ်ခင်စရာ ကောင်းခြင်း၊မျက်နှာသန့်ခြင်း၊အေးချမ်းခြင်း။
၁၀။တွေဝေ တွေးတော မိန်းမော မှုမရှိခြင်ဘဲ အေးဆေးစွာသေရခြင်း၊
၁၁။တကယ်လို့  မေတ္တာ ဈာန်ထိ ရမယ်ဆိုရင် ဗြဟ္မာပြည်ထိရောက်ရှိနိုင်ခြင်း-
အားဖြင့် မေတ္တာ အကျိုး (ဂုဏ်ရည်) ၁၁မျိုးရှိပါတယ်။

အကျဉ်း ချုပ် မှတ်လိုပါက-
ဆောင်ပုဒ်-အိပ်-နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊

ချစ်လျက် လူ နတ်၊ စောင့်လတ် နတ်များ၊
မီး-ဆိပ်-ဓား တို့ - ရှောင်ရှား ကိုယ်မှာ၊
လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေခါမတွေ၊ လားလေ ဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွါးမှု အကျိုးတည်း။

မြတ်ရောင်နီ
ဆောင်ပုဒ်ကို ဟိုဟိုဒီဒီ မှတ်ထားတဲ့ ဒိုင်ယာယီ
စာအုပ်မှ ကူးယူဖေါ်ပြသည်။ စာစပ်သူ မသိတော့။
ဘာသာပြန်ကိုတော့ ခေတ်နှင့်ညီအောင် နားလည်သလို ပြန်လိုက်ပါသည်။
(၀၅၊၀၁၊၂၀၁၀)

Monday, January 4, 2010

သာသနာမှာ လိုအပ်နေသူ

၁။ စိတ်ကောင်းထားရမည်။ စိတ်ဓာတ်မွန်မြတ်ရမည်။
၂။ စာတတ်ရမည်။ စာပေနှံ့ စပ်၊ ကျွမ်းကျင်ရမည်။
၃။ တရားတော်အတိုင်း ကျင့်ကြံ အားထုတ်ရမည်။
အကျဉ်းမှတ်လိုသော်-
ဆောင်ပုဒ်- စိတ်ကောင်း စာတတ်၊ အကျင့်မြတ် ၊ လိုအပ်သာသနာ။

ဗဟန်း၊ မဟာဝိသုဒ္ဓါရုံ(ရွှေကျင်)တိုက်သစ် နေခဲ့စဉ်က
မှတ်သားဖူးခဲ့သော မြတ်သြ၀ါဒ

မြတ်ရောင်နီ
(၀၄၊၀၁၊၂၀၁၀)

Sunday, January 3, 2010

အမှားကင်းအောင် နေနည်း ၃မျိုး

၁။ စိတ်ကောင်းထားရမည်။ စိတ်ကောင်းမွေးမြူရမည်။
၂။မိတ်ဆွေအပေါင်းသင်းကို ကောင်းသူနှင့် ရွေးပေါင်းတတ်ရမည်။
၃။တရားတော်ကို ကောင်းစွာနာယူရမည်။ လိုက်နာရမည်။


အကျဉ်းချုပ်-မှတ်လိုသော်-
ဆောင်ပုဒ်- စိတ်ကောင်းထားပါ၊ မိတ်ကောင်းရှာ၊ ကောင်းစွာတရားနာ။
အင်္ဂါသုံးပါး၊ ပြည့်စုံငြား၊ အမှားကင်းမည်သာ။

ရန်ကုန်၊ ဗဟန်း၊မဟာဝိသုဒ္ဓါရုံ(ရွှေကျင်)တိုက်သစ်

နေ့ ခဲ့စဉ်က ကြိုက်နှစ်သက်ခဲ့တဲ့ ဆောင်ပုဒ်ပါ။
မြတ်ရောင်နီ
(၀၃၊၀၁၊၂၀၁၀)

Type the rest of your post here.



Saturday, January 2, 2010

" စိတ် "

စိတ်

အပါယ်လေးပါး
စိတ်ကသွားသည်။

နိဗ္ဗာန်ရောက်မှု
စိတ်ကပြုသည်။

စိတ်ကိုလွတ်ထား
ဆင်းရဲပွါးမည်။

စိတ်ကိုထိန်း
အေးငြိမ်းချမ်းသာမည်။

ရွှေတောင်ဦး တောရ
ဆရာတော် (ကန့် ဘလူ )

မြတ်ရောင်နီ
(၀၂၊၀၁၊၂၀၁၀)