Pages

Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Monday, June 27, 2011

ဓာတ်ပုံပြခန်း


ဓာတ်ပုံပြခန်း





နွန်းဘာဂ်မြို့  ဆွမ်းအလှူ့ ရှင်အိမ်၏
ဘုရားခန်းနှင့်တူသော ဘုရားခန်း

( နတ်ရုပ် နတ်ပူဇော်ပွဲများ မရှိသောကြောင့်
ဘုရားခန်းနှင့်တူသော ဘုရားခန်းဟု ဆိုပါသည်။)





သံဃာတော်များအတွက်...
နေရာကျယ်ကျယ်ဝန်းဝန်း ရှိစေလိုသည့်အတွက်ကြောင့်
ဟိုတယ်မှာ ကျောင်းအမှတ် သီတင်းသုံးဖို့ 
လျှောက်ထားလာပါသည်။

ဟိုတယ် အ၀င်ဝမှာ အပြုံးဖြင့် ကြိုဆိုသည့်
အလှူရှင်ကို အပြုံးများ ပြန်လည်ပေးခဲ့သည်။




ဟိုတယ် အထက်ဆုံးထပ် အပြင်ရှုခင်း ရှုမျှော်မည်ပြုစဉ်
ဂျာမန်ဒကာတစ်ယောက်၏ ဖုန်းကို ပြန်ဖြေပေးခဲ့သည်။

အလှူဒကာရဲ့  လျှပ်တပြတ် ရိုက်ချက်






အရှင်ဘုရား မြို့ ရှုခင်းလေးက လှတယ် ဘုရား
ဒီနား သီတင်းသုံးပေးပါ ဆိုတော့လည်း-
( ဓာတ်ပုံရိုက်တဲ့ ၀ါသနာက အစက မှ...)





ကျောင်းအမှတ်ဖြစ်သွားတဲ့ ဟိုတယ်ခန်းထဲမှာ
ဂျာမန် အစားစာ အရုဏ်ဆွမ်းများ ဘုဉ်းပေးစဉ်



ကိုယ်ကတော့ ပါလာတဲ့ သပိတ်ကိုလွယ်
အပိုယူဆောင်ခဲ့တဲ့ နှစ်ထပ်သင်္ကန်းကြီးကိုတော့
အလိုက်တသိနားလည်တဲ့ ကပ္ပိယ ဒကာကြီးက လွယ်လို့ 
သယ်ယူကာ ကုသိုလ်ယူလို့ ပေါ့-




ဘုရားရှင် လက်ထက်ကတော့
ခြေဆေးရေ ဆေးပြီး၊ ခြေသုတ်ကာကုသိုလ်ပြုကြတယ်။

ဥရောပမှာ အေးတော့လည်း နဲနဲပါးပါး ကပ်နေတဲ့
ဖုန် အမှုံမွှားကို သားလိမ္မာလေးက ကုသိုလ်ယူလို့ -







မြန်မာ အလှူရှင်တွေဆိုတော့ အလှူ့ အမကြီးက
အကြိုနေ့ ကတည်းက မြန်မာ ဟင်းလျာများကို
အားပါးတရချက်လို့ ၊ လှူမည့်နေ့ တိုင်ချက်လို့ ။

နီးစပ်သူများကလည်း အချိုပွဲစသည်များ

လှူကြတာ ပျော်ပျော်ပါးပါးကြီးပါပဲ...။








သားတို့  အဲသလိုမျိုး ဆွမ်းလောင်းရတယ်ကွယ့်..။
ပိဏ္ဍပါတ ဆိုတာ လောင်းတဲ့ ဆွမ်း သပိတ်ထဲကျတာကို ခေါ်သကွယ့်
ပိဏ္ဍပါတ- ဆွမ်းခံခြင်း၊ ဆွမ်းခံယူ အလှူခံခြင်း

မိဘများက သေချာလေး သင်ပေးနေပုံ....






သားလည်း လောင်းနော် ။
ဆွမ်းကို အဲသလို လောင်း..လောင်း...။
ကလေးများအတွက် ကုသိုလ်လည်းရ ၊
ဒီလိုဆွမ်းလောင်းရတယ်ဆိုတဲ့
ဗဟုသုတတစ်မျိုးလည်းရသပေါ့လေ။





ဘုန်းကြီးပြီးရင်
အားလုံးဧည့်သည်တွေလည်း
သုံးဆောင်ကြအောင်နော်...

အားပါးတရကြီး သုံးဆောင်ကြပါ။
အားပါးတရကြီး ဧည့်ခံကျွေးမွေး အလှူပြုပုံ




လာရောက်ကြသည့် ဓမ္မ မိတ်ဆွေ
ပရိသတ်များနှင့်အတူ အမှတ်တရ ဓာတ်ပုံ


မှတ်ချက်။ ။ဓာတ်ပုံ မတင်တာ ကြာသွားပြီဖြစ်သည်။
မိမိ ကင်မရာကား မြန်မာပြည်မှာ ခုန်ချသွားသည်။
ဒီရောက်လာတော့ ကင်မရာ အသစ်လေး ရောက်လာသည်။
သို့ သော် မန်မိုရီကဒ်မပါသည်မို့  ဓာတ်ပုံရိုက် မတင်ဖြစ်။
ယခုသော်ကား ဒကာနှစ်ဦးရဲ့  လှူဒါန်းသမှု ပြုသဖြင့်
ဓာတ်ပုံတင်သည့်စခန်း ဓာတ်ပုံပြခန်းလေး တင်ဖြစ်သည်။
အလှူ့ ရှင်များကို သာဓုခေါ်ပေးကြစေလို...။



မြတ်ရောင်နီ
( ၂၇ ၊ ၀၆ ၊ ၂၀၁၁ )

ဒီနေရာကလေးမှာ ရေးပါ..

Monday, April 18, 2011

ဘုရား မြင်ပါစေ



ဘုရား မြင်ပါစေ






စေတီတော် အတော်များများမှာ
နဂါးရုပ်ဖြင့် ပြုလုပ်ထားတဲ့
လှေခါးများ ကိုတွေ့ ခဲ့ရပါတယ်။




တရား အားထုတ်သည့် အခါများမှာ
မလျှော့ မတင်း စောင်းကြိုးညှင်း
ဟူ၏သို့ 





အရဟံ




သမ္မာသမ္ဗုဒ္ဓေါ




ဝိဇ္ဇာစရဏ သမ္ပန္နော





သုဂတော





လောက၀ိဒူ




အနုတ္တရော ပုရိသ ဒမ္မသာရထိ






သတ္ထာ ဒေ၀မနုဿာနံ




ဗုဒ္ဓေါ




ဘဂ၀ါ




ဒသဗလော





လောကနာထော




သယမ္ဘူ



သကျမုနိ



သဗ္ဗညူ

ဘုရားမြင်ပါစေ

ဗုဒ္ဓဿ ပူဇာ မဟာတေဇ၀န္တော-
ဘုရားရှင်အား ပူဇော်ပါ၊ တန်ခိုးကြီး၏။

ဗုဒ္ဓါနုဿတိံ ဘာဝေတိ ဘာဝနာန မနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ ၊ ပူရယိဿတိ မာနသံ။

ဘာဝနာတို့ တွင် အမြတ်ဆုံးဖြစ်သည့် ဗုဒ္ဓါနုဿတိ ကို ပွါးများပါ။
ပွါးများပါများလျင် မိမိ စိတ်အလိုဆန္ဒပြည့်ဝပါလိမ့်မည်။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ ၊ သမေ စိတ္တေ သမံ သဖလံ။

သက်တော်ထင်ရှား မြတ်ဘုရားကို ပူဇော် သကဲ့သို့ 
ပရိနိဗ္ဗာန်ပြုပြီးသည့် မြတ်ဘုရားမှာလည်း
စိတ်ပါလက်ပါ မှန်းဆကာ ပူဇော်ပါ။
အကျိုးပေးလာသည်မှာ အတူတူပင် ဖြစ်မည်။

ဗုဒ္ဓဂုဏံ ၊ ပွါးသူမှန် ခန္ဓာ စေတီထိုက်။
( တောင်မြို့ ၊ ဘုန်းကြီးကုဏ်၊ ဟောတရားမှ)

နှလုံးသားဝယ် ၊ ဘုရားတည် ၊ တကယ်စွမ်းတဲ့ လူသားပေ။
( တိပိ- ယောဆရာတော် ဟောတရားမှ )

ဓမ္မံ ပဿန္တော ၊ မံ ပဿတိ နာမ။

တရားသိမြင် သဘောပေါက်လျင်

ငါ့ ဘုရားကို မြင်သည် မည်၏။

( တရား အားထုတ်ကြပါလို့  ဆိုလိုရင်းတည်း)


( ဓမ္မပဒ )


မှတ်ချက်။ ။ မြန်မာပြည် ဒီတစ်ခေါက်လည်ပတ်စဉ်
သီရိခေတ္တရာ မှ စေတီနှင့် ရုပ်ပွါးဆင်းတုတော်များ
ပူဇော် ဓာတ်ပုံမှတ်တမ်း ဖြစ်ပါသည်။


ကြည့်ရှုကြည်ညိုသသူ သူတော်စင်အပေါင်းတို့ 
!
ဂုဏ်တော်ကို ပုံတော် မကွယ်မိစေဖို့ ရာ
ဘုရားမြင်ပါစေ စာသားများ ဖတ်ရှုလေ့လာကာ
ဘုရားမြင်အောင် ကြိုးစားကြလေကုန်။





မြတ်ရောင်နီ

( ၁၈ ၊ ၀၄ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

Thursday, April 14, 2011

မဟာသင်္ကြန် ပွဲတော်



မဟာသင်္ကြန် ပွဲတော်






မဟာသင်္ကြန် ပွဲတော် အမှတ်တရ ဓာတ်ပုံ

အ၀င် တံခါးဝမှာ လျှောက်လွှာစာရွက်အပြည့် နဲ့ 
ရွှေ ဒကာမ တစ်ဦးက မြန်မာလိုပရင့်ထုတ်ပြီး ယူလာပါတယ်။
မဟာသင်္ကြန်ပွဲတော်... တဲ့။





ဘုရားရုပ်ပွါး ဆင်းတုတော်များ
အ၀င်ဝမှာ

လူမြင်သာအောင် ပူဇော်ထားပုံ






တစ်ဆူတည်းသော မြတ်စွာဘုရားက
တစ်ဖက်မှာ ရပ်တော်မူလျက်






တကယ်တော့ .....
ရိုးရာ ဓလေ့ ထုံးစံမို့ 
အများမြင်သာအောင် ပူဇော်ပြခြင်းသာ။

ကိုယ်ကိုယ်တိုင် အေးပါတယ်ဆိုပြီး
ဝတ်ထားတာက အထပ်ထပ်။

ဘုရားကျတော့ အပြင်ဘက်။
ရေအေးကိုလည်း သပ္ပါယ်လျက်။
( တစ်ဦးကတော့ ဟာသစွက်။ )





နောက်တစ်ပါးကလည်း
ရှည်ရှည်ဝေးဝေး တွေးဟန်မတူ၊
ထုံးစံအရ ပူဇော်ပုံပေါ်ပါတယ်။

စိတ်ထားတတ်ရင်တော့
အမြတ်ကျန်ပါတယ်။




အကြည်ညိုခံ ဘ၀မှာ
ကြည်ညိုမှု တိုးအောင် ရွက်ဆောင်ခြင်းဟာလည်း
အလုပ်တစ်ခုအနေ ဖြစ်ပါတယ်။





ဆွမ်းမဘုဉ်းမီ
ရောက်လာကြတဲ့ ပရိသတ်များအတွက်
သီလယူစေခြင်း ၊ ပရိတ်တရားနာစေခြင်း
အမှတ်တရ





ဆွမ်းဘုဉ်းခါနီးဝယ်
ဒါနစွမ်းအားရှိသူတို့ ၏ ဆွမ်းကို
အကြွေးမတင်စေရန်
လက်ငင်း ဆင်ခြင်ကြပုံ




ဒီနှစ် သင်္ကြန်မှာ ထူးထူးခြားခြား
ပထမဦးစွာ အတွေ့ ကြုံသစ်ရလိုက်တယ်။
ဘုန်းကြီးကို ရေကန်တော့ကြတာပါ -တဲ့။

( ထိုင်းရိုးရာ ဓလေ့သာဖြစ်ပါတယ်။)





ဘုန်းကြီးတွေ ရေကန်တော့တဲ့အခါမှာ
အေးမှာစိုးလို့  ရေနွေးရောပါတယ်။
(အင်း.... )





ဒါဘဲ ဘုရား...
နောက်ထပ် ကျောင်းသစ် ငှါးထားတယ် ဆိုတာပေါ့ လို့ 
လိုက်လံ ရှင်းလင်းပြခဲ့ပါတယ်။




လာရောက်ကြတဲ့ ဘုန်းကြီး နှင့် လူများကို
မြန်မာနိုင်ငံမှာလို ဘုရားလိုက်ပြစရာ မရှိတော့လည်း
အနီးနားက ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို
လိုက်လံ ကြည့်ရှုကြ လေ့လာကြရတာပေါ့လေ။



မှတ်ချက်။ ။ ထိုင်းဒကာမ တစ်ဦး အီးမေးလ်မှ
ပို့ ထားသည့် ဓာတ်ပုံများကို
ဓာတ်ပုံကို ၀ါသနာပါကလည်းကြည့်၊
ကုသိုလ်လည်း တိုးပွါးစေဖို့ ရာ
ဖေါ်ပြလိုက်ပါသည်။



မြတ်ရောင်နီ

( ၁၄ ၊ ၀၄ ၊၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

Sunday, November 14, 2010

ကျောင်းကထိန် အလှူတော်မင်္ဂလာ



ကျောင်းကထိန် အလှူတော်မင်္ဂလာ






ကထိန်ဆိုင်းဘုတ်ကို
ဂျာမန်၊ မြန်မာ ၊ ထိုင်း
ဘာသာ သုံးခုဖြင့် ရေးထားပါတယ်





အခန်းနားကျင်းပရာမှာတော့
မဂ္ဂင်
ရှစ်ပါးကိုယ်စားပြု သာသနာ့အလံတော်ကို
နံရံမှာ ချိတ်ပေးထားပါတယ်






မြန်မာမိသားစုများကလည်း
နယ်ဝေး အသီးသီးမှ လာရောက်ကြပြီး
မိသားစု စုပေါင်း ကထိန်
ဆိုင်းဘုတ်ကို ရေးကာ ယူလာခဲ့ကြပါတယ်။





ကျောင်းရှေ့ နံရံမှာတော့ ကားအကြိုပို့  လုပ်ပေးဖို့ 
ဆိုင်းဘုတ်ကိုလည်း ဘာသာသုံးမျိုး နဲ့ 
ချိတ်ထားပေးပါတယ်။
သို့ ပေမယ့် အခန်းနားစတင်ချိန် အဆက်သွယ် လုပ်မရလို့ 
အဆင်မပြေတဲ့သူလည်း အဆင်ပြေအောင် လာခဲ့ကြပါတယ်။






အခန်းနားမှာ ကြွရောက်သံဃာတော်များမှာ
မြန်မာ ၂ ၊ ဂျာမန် ၂ ၊ ထိုင်း ၂
အသီးသီး ၂ ပါးစီ






တရားနာပရိသတ်ကလည်း စုံစွာ
မြန်မာ၊ ထိုင်း ၊ တရုတ် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ပီရူး ၊ ဂျာမန်






သံဃာတော်များ ဆွမ်းခံရာဝယ်

ကိုယ်က အကြီးဆုံး ဘုန်းကြီးကြီးဖြစ်နေပါတယ်
ဂျာမန်လူမျိုးတို့ ကလည်း လောင်းကြ လှူကြ






သံဃာတော်များ တန်းစီကြွ ဆွမ်းအလှူခံကြပုံ






ဆွမ်းမဘုဉ်းမီ ပစ္စဝေက္ခဏာ ဆင်ခြင်ကြပုံ





မြန်မာ ဘုန်းဘုန်း နှစ်ပါးနှင့်
မြန်မာ မိသားစုများ

( တစ်ဖွဲ့ က ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ )။



မှတ်ချက် ။ ။ ဓာတ်ပုံ အစုံလင် မရိုက်လိုက်ရသည့်အတွက်
ရှိသလောက်လေးကို ကြည့်ရှုဖို့ ရန်
ဘလော့ပေါ်မှာ တင်လိုက်ပါတယ်။

အားလုံးကိုယ်တိုင်လာရောက် ကုသိုလ်ပြုကြသူနှင့်
တစ်ဆင့်လူကြုံဖြင့် ကုသိုလ် ပြုသူအပေါင်း

အကြောင်းကြောင့် စိတ်ထဲမှာရှိပြီး
မလာနိုင်သူအပေါင်း

အားလုံးအားလုံးတို့ ကို
သာဓုခေါ်ပါ၏
လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။





မြတ်ရောင်နီ
( ၁၄ ၊ ၁၁ ၊ ၂၀၁၀ )