Pages

Tuesday, May 4, 2010

ဒုက္ခ သုက္ခ

ဒုက္ခ သုက္ခ



လူတွေ အပြောများတာက ဒုက္ခ သုက္ခတွေ များလိုက်တာတဲ့။ သူတို့ ပြောလိုရာက ဒုက္ခ ဒုက္ခတွေ များတာလို့  ဆိုကြလေဟန်တူရဲ့ ။

တကယ်တမ်း ပြောပြီးနေထိုင် ရမှာက ဒုက္ခ သုခ လို့ ဖြစ်အောင် နေရမှာ။ ဒုက္ခ မှာ ဒုက်ကို ကြည့်ပြီး သုခ ကိုလည်း သုက္ခ ဆိုပြီး ဒုက္ခ သက်သက်လို့  ညီးကြတယ်။

ဒုက္ခတော့ ဒုက္ခပေါ့။ သို့ သော် လောကဓမ် (၈) ပါးထဲ မှာ သုခံ ဒုက္ခံ လို့  ဆန်ကျင့်ဘက်စုံတွဲ လောကဓမ် ရှိပါတယ်။ နေတတ်မယ် ဆိုရင် လောက ထဲမှာ သုခ ဖြစ်အောင် နေရမှာ။ ဒုက္ခ လို့  ရှုတာလဲ သုခကို ဦးတည် မိဖို့ ပဲ။

ဆိုပါစို့ - အာ .. နွေရာသီ ဒီမှာ ပူလိုက်တာကွာ လို့  ညီးနေကြမယ်ပေါ့။
အဟုတ်ပဲ။ ပူတာ ဒုက္ခပေါ့။

အဲလို ညီးပြရမယ် ဆိုရင် ဒီမှာ အေးလိုက်တာကွာ လို့  ပြန်ညီးရုံပဲ ရှိတော့တယ်။
ဒါလည်း ဒုက္ခပဲ။

ဒီ ဒုက္ခကို ဘယ်လို ရှင်းမလဲ။
ပူတယ်ကွာ လို့  ဒုက္ခမှန်း သိရင် အပူသက်သာအောင် နေမယ်။ အပူသက်သာအောင် အေးရာ အေးကြောင်း နေရာကို ရှာရမယ်ပေါ့။ အအေးဓာတ်ရရင် သုခပဲ။

အေးတဲ့ ဒုက္ခလည်း ဒီအတိုင်း ပါပဲ။ အေးတာ ကာကွယ်ဖို့  အနွေး ဓာတ် ဖြစ်မယ့်ဟာရှာရမယ်။ အနွေးဓာတ် ရရင် သုခပဲပေါ့။


ဒီလိုဆိုတော့ ဒုက္ခ သုခ ဖြစ်မယ်။ ဒုက္ခ သုက္ခ မဖြစ်တော့ဘူးပေါ့။

နောက်ဆုံး ဘုရားရှင်ရဲ့  တရားတော်နဲ့ ဂွင်ချကြည့်ရင်တော့ ဣမဿ ကေ၀လဿ ဒုက္ခန္ဓဿ
သမုဒယော ဟောတိ - ပါဠိ အရ- အားလုံးဟာ ဒုက္ခတွေချည်းပဲ ဆိုတဲ့ ဒေသနာတော် နဲ့  ညီပေတယ်။

လူတွေ ညီးတွားသလို ဒုက္ခသုက္ခ များရာ ဘ၀ အစစ်ပါတကား။



သူငယ်ချင်း တစ်ပါးနဲ့  ပြောကြ ဆိုကြရာမှ သူက ပူလိုက်တာကွာလို့ ပြောလိုက်တာနဲ့  တွေးမိတွေးရာ ရေးမိသည်။ စာမေးပွဲ ရှိသည့် အတွက် ဒီလောက်နဲ့ သာ ....။

မြတ်ရောင်နီ
(၀၄၊၀၅၊၂၀၁၀)

Sunday, May 2, 2010

သာဓု ခေါ်စို့ နှုတ်မလေး ဖို့ 



သာဓုခေါ်စို့  နှုတ်မလေးဖို့ 





သူများ ဒါန လုပ်ရင်၊ သာဓု ခေါ်ဖို့  နှုတ်မလေး ရဘူး။ ဟို တုန်းက ကြာဖူးတယ်၊ သာဓု ခေါ်ရင် အလှူ တစ်ဝက် ရ သတတ်။ အဲလို ရလို့ ကတော့ အလှူပွဲ ဘယ်မှာ ရှိသလဲ စုံစမ်းပြီး သာဓု ခေါ်ဖို့ ပဲ။ တစ်ဝက်ပေါင်းများရင် အများကြီး အများကြီး အော်ရီဂျင်နယ်လ် အလှူ့ ရှင်တွေထက်တောင် များသွား လိမ့်မယ်။ တကယ် တကယ် ။ ဟုတ်တယ်ဟုတ်။

နှုတ်မလေးဖို့  ဆိုတာက အဲလို ရည်ရွယ်ပြောတာ မဟုတ်ဘူး။ စိတ်မထားတတ်ရင် မနာလို စိတ်တွေ၊ မဟုတ်မမှန်တဲ့ စိတ်တွေ ပွါးမိမယ်။ အဲလိုလေး မဖြစ်ရလေအောင်၊ ပြီးတော့ ပတ္တာ နုမောဒနာ-တဲ့ ၊ သူများလုပ်တဲ့ ကုသိုလ်ကို သာဓုခေါ်ရင် ဒါန တစ်မျိုး ဖြစ်တယ် လို့  အဘိဓမ္မာ မှာ ပြဆိုပါတယ်။
သာဓုလည်းခေါ်ပေါ့။

ကဲ ဒီလို ဆိုတော့ သာဓု ခေါ်စို့ နှုတ်မလေးဖို့ ။ ပြီးတော့... .


သာဓုခေါ်နိုင်ရန် အလှူရှင်စာရင်းကို ဧပြီလ နေ့ ဆွမ်း ဒါယကာစာရင်းကို ရေးပေးပါ့မယ်။

လစဉ်တိုင်းလည်း ရေးပေးနေပါတယ်။ လတိုင်း ရေးပြရခြင်း အကြောင်းကတော့ အလှူရှင်က တစ်လ နဲ့  တစ်လ ပုံမှန် မရှိသေးတဲ့ အတွက် ဖေါ်ပြလိုက်တာပါ။


ဧပြီလ ဆွမ်း ဒါယကာများ စာရင်း

၁။မြန်မာဆမ် မိသားစု
၂။ ကိုဆေးရှား မိသားစု နှင့်၊ မတရုတ်မ
၃။လုယာမော ထိုင်းစားသောက်ဆိုင်
၎။ မယု ထိုင်း (ကလပ်စ် မိတ်)
၅။ကိုဆေးရှားမိသားစုနှင့် မတရုတ်မ
၆။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၇။ဒေါ်နာတကံ၊ဒေါ်ပန်၊ စုံကြိုင်း ထိုင်းမိသားစုများ
၈။မြန်မာဆမ် မိသားစု
၉။ လက်ကျန်လေးများ
၁၀။လုယာမော ထိုင်းစားသောက်ဆိုင်
၁၁။ဒေါ်နိလာမီ သီရိလင်္ကာ
၁၂။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၁၃။ဒေါ်ပန် နှင့် ထိုင်းဒါယိကာမ များ
၁၄။ မစုံကြိုင်း ထိုင်း
၁၅။မြန်မာဆမ် မိသားစု၊ မပဉ္စ၀ဏ် နှင့် သူ့ သူငယ်ချင်းထိုင်း
၁၆။ ကိုဆေးရှား မိသားစု နှင့် လက်ကျန်ပေါင်းကာ
၁၇။လုယာမော ထိုင်းစားသောက်ဆိုင်
၁၈။ဒေါ်နိလာမီ သီရိလင်္ကာ
၁၉။ သီရီလင်္ကာ လက်ကျန်လေးများ
၂၀။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွား အလှူခံ
၂၁။မစုံကြိုင်း ထိုင်း
၂၂။မြန်မာဆမ် မိသားစု
၂၃။ဒေါ်ပန် ထိုင်း၊ ကိုဆေးရှား မိသားစု
၂၄။လုယာမော ထိုင်း စားသောက်ဆိုင်
၂၅။ ဒေါ်နိလာမီ သီရိလင်္ကာ
၂၆။ဂူချိုင်း ကူပွန်ဖြင့် ဆိုင်သွားအလှူခံ
၂၇။ဒေါ်သီရိနဘံ ထိုင်း ဆရာမကြီး
၂၈။ဒေါ်နာတကံ ထိုင်း မိသားစု နှင့် ထိုင်းမိသားစုများ
၂၉။မြန်မာဆမ် မိသားစု၊ ဒေါ်နာတကံ ထိုင်း
၃၀။ကိုဆေးရှား မိသားစု



အရောင်တူ ချယ်ပေးထားပါတယ်။ ဆွမ်းဒါယကာ စာရင်း ကြည့်လို့ လွယ်အောင်ပေါ့။


မြတ်ရောင်နီ
(၀၂၊ ၀၅၊၂၀၁၀)


Saturday, May 1, 2010

ဘလော့ဂ်ဖွင့် အီးမေးလ်

ဘလော့ဂ်ဖွင့် အီးမေးလ်

ဦးဇင်းဘုရား...

တပည့်တော် ဒိန်းမတ် က ....ပါ။ ဦးဇင်းဆီ ဖုန်းဆက်တုံးက ဂျာမနီက ၊ အခုတော့ ဒိန်းမတ်ကို ပြန်ရောက်နေပါပြီ။အခု ဦးဇင်း အီးမေးလ်ကို စမ်းပို့ကြည့်တာပါ။ လိပ်စာမှန်ပြီး စာရောက်တယ်ဆိုရင် တပည့်တော်ဆီ အကြောင်းပြန်ပေးပါ။ တပည့်တော် ဦးဇင်းဆီမှာ ဓမ္မနဲ့ ပတ်သက်ပြီး သိချင်တာ လေးများ မေးလျှောက်ချင်လို့ပါ။

ဦးတင်လျှက်

အိုကေ
ဒကာ စာ ရောက်ကြောင်းပါ။ ရပါတယ်ဗျာ။ အကျိုးဖြစ်မယ့် မေးခွန်းတွေ မေးပါ။ ဘာလို့ လဲဆိုတော့ အမေးဖြေတွေ မြန်မာ ဘုန်းကြီး တော်တော်များများဖြေကြပြုကြတာရှိပါတယ်။ အမေးဖြေ အခန်း လုပ်ထားတာတွေရောပေါ့။
ဥူးဇင်းအနေနဲ့ ကတော့ သီးသန့် အမေးဖြေ သီးသန့် ရေးထားတာမရှိဘူး။ နီးစပ်သူမေးခဲ့ရင်သာ လိုလိုလားလား မေးခွန်းမျိုး အကျိုးရှိမေးခွန်းမျိုးဖြေတယ်ဆိုတာ ကြိုတင် ပြောထားပါတယ်။
ပြီးတော့ အချိန်ကလည်း ပြောသလောက်မရလို့ ပါ။ အလိုရှိက မေးပါ။ တတ်နိုင်သရွေ့ ပြောပေးပါ့မယ်။
ကျန်းမာချမ်းသာပါစေ
မေတ္တာဖြင့်
ဥူးဇင်း

ကျေးဇူးကြီးလှပါတယ်ဘုရား။

တပည့်တော် သိချင်တာက ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အ၀ိဇ္ဖာတည်းဟူသော မသိမှုသည် ဘာကို ဆိုလိုပါသလဲ။ ဘယ်အရာတွေကို မသိတာကို အ၀ိဇ္ဖာဟု ဘုရားဟောပါသလဲ ဟု အရှင်ဘုရားသိလျှင် ဖြေပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဦးတင်လျှက်



သိသလောက် ဖြေပေးရရင်တော့-
အဖြေ။ အ၀ိဇ္ဇာ ဟူသည်
သိထိုက်သည်ကိုမသိ၊ မသိထိုက်သည်ကို သိသောတရားကို အ၀ိဇ္ဇာ ဟု ခေါ်၏။

ထိုအ၀ိဇ္ဇာမည်သော မောဟသည်
၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။နိရောဓသစ္စာ၎။မဂ္ဂသစ္စာ
ဤသစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းတတ်၏။
၅။အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဖို့ အစု( ပုဗ္ဗ န္တ)
၆။အနာဂတ်ဖြစ်မည့် ခန္ဓာစသော အဖို့ စု ( အပရ န္တ)
၇။ထို ရှေ့  နောက် နှစ်ပါး ( ပုဗ္ဗ န္တာပရ န္တ)
ထိုတရားတွေ၏ အမှန်သဘောကို ကောင်းစွာမသိအောင် ဖုံးကွယ်၍ထားသည်။
၈။ဤ ပဋိစ္စသမုပ္ပါဒ်တို့ ၏ အမှန်သဘောကိုလည်း မသိအောင် ပိတ်ပင်ထားတတ်သည်။
( အခြေပြု သဂြိုင်္ဟ်- စာ ၄၇၂)

နားလည်အောင် ပြောရရင် ဒီအကြောင်း ၈ မျိုးနဲ့ စပ်ပြီး မသိရင် အ၀ိဇ္ဇာ။
(ကျန်တာ မသိတာတော့ အ၀ိဇ္ဇာ လို့ မဆိုလို။)
ဒီ ၈ ချက်ကို မသိတာကို အ၀ိဇ္ဇာ လို့  ခေါ်ကြောင်း ဒကာရေ မှတ်သားပေတော့။


မှန်ကန်ပြည့်စုံပါသည် အရှင်ဘုရား။ အချက် ရှစ်ချက်ကို မသိတာ အ၀ိဇ္ဇာဟု မှတ်သားခဲ့ဖူးသော်လည်း ပြည့်စုံစွာ မသိ၍ မေးရခြင်း ဖြစ်ပါသည်။

ဦးတင်လျှက်

ဟိုး...တုန်းကတော့ အိတ်ဖွင့်ဆိုပြီး ရေးကြ ပြုကြတယ်။ ခုတော့ ဘလော့ဂ် ဖွင့် အီးမေးလ်
ဆိုပြီး ရေးလိုက်ပါတယ်။ နာမည်ပေးလိုက်ပါတယ်။


မှတ်ချက် ။ ။ သူလို မေးတတ်စေရန်လည်းကောင်း၊ မေ့နေတာကို ပြန်လည် သိစေလိုသောကြောင့်လည်းကောင်း၊ မသိသေးသူများ အသစ်အနေ
မှတ်သားစေလိုသောကြောင့်လည်းကောင်း
ဒီနေ့  မနက် အီးမေးလ် မှ အမေးအဖြေကို တင်လိုက်ပါတယ်။


မြတ်ရောင်နီ
( ၀၁၊၀၅၊၂၀၁၀)



.