Pages

Sunday, October 3, 2010

တရားပွဲ ကြေငြာခြင်း

တရားပွဲ ကြေငြာခြင်း




အရှင်တေဇောဘာသ ( မြင်းခြံ )



ယနေ့  သာသနာ နှစ် ၂၅၅၄ခု ၊ မြန်မာ နှစ် ၁၃၇၂ခုနှစ် ၊

တော်သလင်းလပြည့်ကျော်( ၁၁) ရက် ၊
၂၀၁၀ခု၊ အောက်တိုဘာလ ၄ရက် ၊ တနလာင်္နေ့ 
ညနေ ၇ နာရီမှ ည ၉ နာရီထိ အောက်ပါနေရာတွင်
ဘာဝနာနှင့်ဆိုင်ရာ တရားတော်များကို ဟောကြားပါမည်။

တရားတော် နာယူနိုင်ရန် အသိပေး ကြေငြာလိုက်ပါသည်။



နေရာ- Thailändsches Restaurant Thantawan

Genovevaweg31 ( Ecke Willibaldstrße)
80689 München




မြတ်ရောင်နီ

( ၀၄ ၊ ၁၀ ၊ ၂၀၁၀)

.

နန်းတော်ကြွ ၊ ဆွမ်းစားပင့်

နန်းတော်ကြွ ၊ ဆွမ်းစားပင့်




ဖရိုက်ဇင်းမြို့မှ ဆာမ်မိသားစုက
နန်းတော် ရှုစားရင်း ဆွမ်းစားပါပင့်တာနဲ့ 
လုဝစ်ဂ် နံပါတ် တူး ရဲ့  နန်းတော်ကို သွားခဲ့ပါတယ်။
နန်းတော်တည်ထားတာက ကျွန်းအလယ်မှာပါ။
နှစ်ပေါင်း တစ်ရာကျော်ကပေါ့။
နန်းတော်သို့  သွားမည့် ခြီးမ်ဇေး သဘောင်္ဆိပ် မုခ်ဦးပုံ






ခေတ်မီ ဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ပေမယ့်
သဘောင်္ဆိပ်ရဲ့  ဒီဘက်ကမ်းက မြို့ ပတ်ရထားဟာလည်း
အမြတ်တနိုး ရှေးဟောင်းရထားကိုပဲ
အသုံးပြုထားတာကို တွေ့ ရပြန်လို့  ဂုဏ်ယူစရာမို့ ။






ဒကာကြီးရေ လုပ်လိုက်စမ်းပါဦး...
ရေခိုးငွေ့ နဲ့  မောင်းတဲ့ သဘောင်္ပေါ်
မတက်ခင် ၊ မထွက်ခင်လေး
နှစ်ပါးတွဲ တစ်ပုံလောက်






ဒါကသဘောင်္ အပေါ် ရှုခင်းပေါ့ ဒကာကြီးရာ...
နောက်ထပ် တစ်ပုံ




ကြည့်ဦး - ကွန်ကရစ်နဲ့  လုပ်ရင် ရရဲ့ သားနဲ့ 
သဘာဝကို သိပ်မြတ်နိုးတာပါ့လား...
သစ်သားများနဲ့  တံတားလုပ်ထားတယ်။
ကျွန်းပေါ် မရောက်မီ သဘောင်္က အဆင်းပုံ





ကဲ မြင်းလှည်းလေးနဲ့  အတူပျော်စီးကြမယ်
တက်ခဲ့ကြဟေ့...




ဟော... ရောက်တာ မြန်လိုက်တာ။
နန်းတော်ရှေ့ တောင် ရောက်ပါပေါ့လား...
နန်းတော်ရှေ့  ဆရာတင်... အဲ ဆရာတေ တို့  မပါ။
( အပျော်စီး မြင်းလှည်းမိုလို့ လေ )





နန်းတော်ဆိုတာ ဒါပါပဲ။ လက်ရာကတော့
ရှေးလက်ရာတွေပဲ ၊ အနုစိပ်ထားတော့
အနီးကပ်ကြည့်လေ လှလေ။ အတွင်းမှာ ပိုလှသည်။
သို့ သော် ဓာတ်ပုံ အတွင်းမှာ ရိုက်ခွင့် မရှိလေသောကြောင့်...




နန်းတော်ရှေ့ မှာ ကြည့်ရှုဖို့ 
ရေပန်းတွေနဲ့  အလှ အပ ပြင်ဆင်ထားတာဟာလည်း
မြင်ရသူတို့  စိတ်ဝင်စားစေဖို့ ပေါ့။




တစ်ဖက်ကမ်းက ကြည့်ရင် နန်းတော်ကို မြင်နိုင်ဖို့ 
တောကိုရှင်းကာ စီမံပေးထားပါတယ်။
အနီးရောက်ရင် သဘောင်္ပေါ်က မြင်ရတယ်။
သဘောင်္က အဲဒီနေရာမှာ မရပ်ရ ၊
ရှေ့ ဆက်သွားကာ ရပ်ရသည်။





ရှေးတုန်းက ဘုရင်တွေ ရဲမက်တွေ ခေတ်က
စစ်ပွဲအောင်မြင်တဲ့အခါမှာတော့
ဒီလိုမျိုးပုံကို
ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ထားကြပါတယ်။




မှတ်ချက်။ ။ ခါတိုင်းလိုပဲပေါ့။
ဝါသနာပါသူများ အတွက် ကြည့်ရှုရန်ပေါ့။
ကြိုးစားကာ တင်ပေးထားပါတယ်။

မြတ်ရောင်နီ
( ၀၃၊ ၁၀ ၊ ၂၀၁၀ )

.

Friday, October 1, 2010

စက်တင်ဘာလ နေ့ ဆွမ်းမှတ်တမ်း

စက်တင်ဘာလ နေ့ ဆွမ်းမှတ်တမ်း


.


၁။ ထိုင်းဘုန်းကြီးကျောင်း ဟမ်းဘာဂ်မြို့ 
၂။ မစ်ဂရိုင်း စားသောက်ဆိုင် ( ကူပွန် )
၃။ဒေါ်ဖု ထိုင်း နှင့် အခြားလေယာဉ်မောင်များ
၎။လုယာမော ထိုင်းစားသောက်ဆိုင်
၅။ထိုင်း ဒကာမများ သံဃဒါန ဆွမ်း
၆။ထိုင်း ဒကာ ၈ ယောက် ။ ကိုတိုဘီ ဂျာမန်
၇။ဒေါ်ပန် ထိုင်း၊ နှင့် ထိုင်းသံအမတ် ဖရန့် ဖို့ ဒ်
၈။မစ်ဂရိုင်း စားသောက်ဆိုင် ( ကူပွန် )
၉။ဒေါ်ယွန်း ထိုင်း
၁၀။ဒေါ်နာတကံ ထိုင်း
၁၁။လုယာမော ထိုင်းစားသောက်ဆိုင်
၁၂။ဒေါ်နိလာမိ သီရိလင်္ကာ ။ ထိုင်း ဒကာမများ
၁၃။ကိုတိုဘီ ဂျာမန်။ လက်ကျန်လေးများ
၁၄။ဦးသရဏ ထိုင်း
၁၅။လုယာမော ထိုင်းစားသောက်ဆိုင်
၁၆။ မစ်ဂရိုင်း စားသောက်ဆိုင် ( ကူပွန် )
၁၇။ဒေါ်နာတကံ ထိုင်း
၁၈။လုယာမော ထိုင်းစားသောက်ဆိုင်
၁၉။ဒေါ်စက်မေ အသက် ၉၅ နှစ်ပြည့် မွေးနေ့  ဆာမ်မိသားစု
၂၀။ဒေါ်နာကံ ထိုင်း
၂၁။ဘိုးဘွားရိပ်သာ ဂျာမန် မိသားစု
၂၂။မသွယ်သွယ်ဝင်း ၃၂ နှစ်ပြည့် မွေးနေ့ ဆွမ်း
၂၃။ဒေါ်အင်ဒိရ အိန္ဒိယ၊ ဒေါ်တုခန် ထိုင်း၊ ဒေါ်နာကံနှင့် ထိုင်းများ
၂၄။ အရင်နေ့ လက်ကျန်လေးများ
၂၅။ဒေါ်ယဉ်ယဉ်ဆွေ မွေးနေ့  အလှူ
၂၆။ဒေါ်နိလာမိ သီရိလင်္ကာ
၂၇။ကိုတိုဘီ ဂျာမန်၊ လက်ကျန်လေးများ
၂၈။ဒေါ်ပန် ထိုင်း
၂၉။ဒေါ်စုံကြိုင်း ထိုင်း
၃၀။မစ်ဂရိုင်း စားသောက်ဆိုင် ( ကူပွန် )


သာဓုခေါ်နိုင်လျှင် ကုသိုလ် တစ်ဝက်ရတယ် လို့  ကြားဘူးပါတယ်။ ရ မရ အတိကျ မသိပါ။ အဲလို သာဓု မခေါ်နိုင်လို့ အခြားစိတ်တစ်မျိုးဖြစ်လျင်၊ မြင်လျင်တော့ အခြားကုသိုလ်စိတ် မဟုတ်တာ ဖြစ်နိုင်တယ်ပေါ့။
ကဲ... ကုသိုလ်စိတ်လေးတွေ ဖြစ်ကြရအောင်
သာဓု ခေါ်နိုင်ကြစေသောဝ်။




မြတ်ရောင်နီ

( ၀၁ ၊ ၁၀ ၊ ၂၀၁၀ )