Pages

Friday, July 8, 2011

ဝက်ဘ်ဆိုဒ်လေး ဖြစ်လာ ပါပေါ့


ဝက်ဘ်ဆိုဒ်လေး ဖြစ်လာပါပေါ့


ဟိုတုန်းက မြတ်ရောင်နီ ဘလော့ဂ်လေးကို ကိုယ်တိုင် မလုပ်တတ်တော့
သူငယ်ချင်း တစ်ပါးက ဖေးမကူညီကာ ၂၀၁၀ နှစ်သစ်လက်ဆောင်တဲ့။

အဲဒီလိုနဲ့  ကိုယ်တွေ့ ကြုံ အသိလေးတွေ ၊ ဘုရားဟော တရားဓမ္မတွေ၊
အောက်ထစ်ဆုံး အနေနဲ့  စာမရေးဖြစ်တောင် ဓာတ်ပုံလေးတွေ
ဘလော့ဂ်ပေါ်မှာ စာတမ်းလေးတွေ အောက်မှာ ရေးသားကာ
အလုပ်တစ်ခု အနေ စိတ်ပါလက်ပါ ရေးသား ဖြန့် ဝေခဲ့တယ်။

အဲသလို ဖြန့် ဝေခဲ့တဲ့ ဘလော့ဂ်လေးဟာ ကိုယ့်ဌာနေ ရောက်တဲ့အခါ
ကိုယ့်ဘလော့ဂ်ကို အလွမ်းပြေ ကြည့်တာတောင် မရတော့
ကိုယ့်ဘလော့ဂ်လေးကို လွမ်းမိရဲ့ ။ အခြားဘယ်ဘလော့ဂ်တွေကိုမှ
သာမန်ဘလော့ဂ်ဆိုရင် ဘာမှ ဖွင့်မရဘူး။ နိုင်ငံရေး ဘလော့ဂ်ဖြစ်လို့ 
ပိတ်ထားတယ် ဆိုတဲ့ စာတမ်းတွေ့ ရပါတယ်။

( ကျော်တတ်၊ ခွတတ် ဆိုရင် ဖွင့်လို ရသတဲ့။ ခု တော့ မောင်ဘုန်းတို့
အခက်သားပေပဲ ။ မကျော်တတ် ၊ မခွတတ်.... မလေ့လာမိဘဲကိုး )။

စာရေးတဲ့ ၀ါသနာက လည်း ရေးရင်းရေးရင်း ၀ါသနာက ပါသွားတယ်။
အဲဒါကြောင့်မို့  ကိုယ့်ဌာနေမှာ မဂ္ဂဇင်းတိုက်မဟုတ်ပဲ ဘလော့ဂ်လေးကိုလည်း
ရေးချင်သေးတယ်။ မဂ္ဂဇင်းပို့ မည့်စာလည်း ပို့ ပေါ့လေ။ ဘလော့ဂ်ရေးဖို့  ဘယ်လို
လုပ်ပါ့မလဲလို့  ပြည်ပရောက် ဘလော့ဂါ အချင်းချင်း ပြောပြညီးပြ
လေသောအခါ တစ်ဦးသောသူက .....

ဘုန်းဘုန်း တပည့်တော် ပြောကြည့်လိုက်အုံးမယ်။ တပည့်တော် အဆင်ပြေရင်
လှူပါ့မယ်တဲ့။

( အိုး ... သာဓု သာဓု ပါတကား )

ဘုန်းကြီးဆိုတာကလည်း လှူမည့်သူ့ ရှေ့ မှ ညီးပြရတယ်ဆိုပဲ။
ဆရာတော်တစ်ပါးကဇာတ်တော်က အဲလို လာတာကွယ့်လို့ မိန့် ပါတယ်။
မောင်ရင် မှတ်သားတဲ့လေ။ ( မှန်ပါ့ ... ဆရာတော့်ဘုရား )

ကိုယ့်အနေနဲ့  ညီးပြတာ ဆိုတာထက် ကိုယ်က တကယ့်ကို ရေးချင်စိတ်ရှိတာမို့ 
ပြောလိုက်တာပါ။ ခုတော့လည်း သူ တို့ အလှူကို ချီးမြှောက်ရသပေါ့။
သူတို့ အလှူလည်း အထမြောက်သွားတာပေါ့။

( မှတ်ကြပါ ဘုရား ဘုန်းဘုရားတို့  ...)

ဝက်ဘဆိုဒ် အလှူရှင်များမှာ-

မိဘများအား ရည်စူး၍ The Bliss Foundation မှ
နိဗ္ဗာန်ရည်မှန်းကာ လှူဒါန်းကြပါကုန်၏
( နိဗ္ဗာန်၏ အထောက်ပံ့ ဖြစ်ပါစေသား
)


yes, http://www.myatyaungni.com/ is working perfectly now.

ဒီလိုနဲ့ ပဲ ၀က်ဘဆိုက်လေး ဖြစ်လာပါပေါ့။



မြတ်ရောင်နီ
( ၀၈၊ ၀၇ ၊ ၂၀၁၁ )



ဒီနေရာကလေးမှာ ရေးပါ..

Wednesday, July 6, 2011

တွေ့ ဆုံ ပွဲ လေး


တွေ့ ဆုံပွဲလေး


ဗောဓိဝိဟာရ ဘုန်းကြီးကျောင်း ၏ ဗုဒ္ဓဘာသာ အဖွဲ့ မှ

၁၀.၇.၂၀၁၁ ညနေ ၆ နာရီခွဲ (၁၈ နာရီ၃၀)တွင် အရှင်တေဇောဘာသ နှင့်အတူ

စုပေါင်း၍ဘုရားစာများရွတ်ဆိုပူဇော်ပြီး တရားထိုင်ကြမည်ဖြစ်ပါ၍
လှိုက်လှဲစွာဖိတ်ကြားအပ်ပါသည်။အရှင်တေဇောဘာသ သည်
သူရဲ့ မွေးရပ်မြေ မြန်မာနိုင်ငံတွင် ဘုန်းကြီးကျောင်း အသစ်တည်ထောင်မည်။
ထို့ အတွက် မပြန်မီ အရှင်ဘုရားရဲ့ ကြီးမားလှသော တာဝန်များကို ဆောင်ရွက်ရာမှာ
ကံကောင်းခြင်းများ၊ အင်အားများ၊အောင်မြင်မှုများရပါစေလိုကြောင်း
ဆုတောင်းပေးကြပါမည်။

တစ်ချိန်ထဲမှာပဲ အရှင်ဘုရား Freising မှာရှိနေချိန်အတွင်း မှာဗောဓိဝိဟာရ

ဘုန်းကြီးကျောင်း ၏ ဗုဒ္ဓဘာသာ အဖွဲ့ အတွက်သာမက အားလုံးအတွက်

ဆောင်ရွက်ပေးခဲ့တာတွေကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါသည်။
သို့ ဖြစ်ပါ၍ တိုညနေကို အေးချမ်းမှု၊ရွတ်ဆိုပူဇော်မှု၊ စိတ်မကောင်းမှု၊
စည်းကမ်းရှိမှု၊ တည်ကြည်သောအပြုံးများနဲ့  အတူတကွ ကုန်ဆုံးကြပါစို့ ...

( ဘာသာပြန် ဘလော့ဂါ- ဒကာမ မရှင်လေး )


Die buddhistische Gemeinde des Kloster Bodhi Vihara lädt am 10. Juli 2011 um 18.30 Uhr sehr herzlich zur gemeinsamen Andacht, Rezitation und Meditation mit unserem ehrwürdigen Ashin U Tejobhasa ein.

Vor seiner Reise in seine Heimat Myanmar (Burma/Birma) zur Gründung eines neuen Klosters, wollen wir ihm gemeinsam mit dieser Zusammenkunft bei seiner anspruchsvollen Aufgabe alles erdenkliche Glück, Kraft und allzeit gutes Gelingen wünschen. Gleichzeitig wollen wir ihm für die Zeit, die er mit uns verbrachte und für sein Wirken in Freising, welches stets eine große Bereicherung nicht nur für unsere Gemeinde war, danken.


Lassen Sie uns den Abend gemeinsam verbringen, in Besinnung, Ruhe und Andacht, voll der Heiterkeit innerer Gelöstheit von dem Vergänglichen, in Disziplin, lächelnd und ernsthaft, erzählend, rezitierend, lernend und lehrend am Unvergänglichen.

Indira Kindl und Michael Schmidt




မှတ်ချက်။ ။ ဘာသာပြန်ဆိုပေးသည့် ဘလော့ဂါ ဒကာမ မရှင်လေးကို
ကျေးဇူးတင်ပါသည်။ အားလုံးကိုလည်း ဒီစာနှင့်အတူ ဖိတ်ကြားပါသည်။





မြတ်ရောင်နီ
( ၀၆ ၊ ၀၇ ၊ ၂၀၁၁ )

ဒီနေရာကလေးမှာ ရေးပါ..

Saturday, July 2, 2011

ချစ်ပါ မုန်းပါ


ချစ်ပါ ၊ မုန်းပါ


ဆောင်းပါး ခေါင်းစဉ်တစ်ခုလေး စိတ်ထဲမှာ ပေါ်လာတယ်။ ချစ်ပါ မုန်းပါ တဲ့။

ချစ်ပါ ဆိုလည်း မမုန်းပါနဲ့ ။ မုန်းပါဆိုလည်း မချစ်ပါနဲ့ လို့  ဆိုမှ အဆင်ပြေတာ။
ခုတော့ စိတ်ထဲ ပေါ်လာတာက ချစ်ပါ မုန်းပါ တဲ့လေ။

ဒီလိုပါ တစ်ခါတစ်လေ စဉ်းစားမိရဲ့ ။ အချစ်နဲ့ ကင်းတဲ့ နိဗ္ဗာန် ဟာ
အချစ်ရှိမရှိရဘူးလို့  သိထားကြမယ်လေ။ နိ - မရှိ၊ ၀ါန ( ဗာန) အချစ်၊
တွယ်တာမှု။ ဒီလို တစ်ပုဒ်ချင်း ကြည့်လိုက်တော့ နိဗ္ဗာန်က အချစ်မရှိတဲ့။

သို့ သော် ချစ်ပါ လို့ ကိုယ်က ဆိုလိုက်တော့၊ ဘုန်းကြီးတစ်ပါးအနေနဲ့ 
လွန်တယ်များ ထင်ကြလေမလားပဲ။ ကိုယ့်သိထားတဲ့ ဘုရားဟောဂါထာ
လေးနဲ့  ကြည့်တော့ ချစ်ဖို့  လိုတာ သိလာပါလိမ့်မယ်။

ချစ်ပါ...

အတၱာနေဥၥ ပိယံ ဇညာ ၊ ရေကၡယ် နံ သုရကၡိတံ၊
တိဏၰံ မညတရံ ယာမံ ၊ ပ႗ိဇေဂၢယ် ပဏ္ဍိတော။ ( ဓမ္မပဒ)

( မိမိကိုယ်ကိုချစ်ပါ။ ) မိမိကိုယ်ကို ချစ်ပါတယ်လို့  ဆိုရင်
သူတော်ကောင်းမှန်က မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေပါ။
ကိုယ့်အသက် အရွယ်သုံးပါးမှာ တစ်ပါးပါးမှာတော့
သတိတရား လက်ကိုင်ထားကာ ကိုယ့်အရှုပ်ကို ရှင်းပါလေ။
( ဘုန်းဘုန်းဘိုတေ - ဘာသာပြန် )

ကိုင်းကြည့်လေ။ ဗုဒ္ဓက ဟောတော်မူပြီ။ ကိုယ့်ကိုယ်ကိုချစ်ဖို့ ။
ကိုယ့်ကိုယ်ကိုချစ်တတ်ပါမှ။ သူများကို ချစ်တတ်မှာ။

ချစ်တယ်ဆိုတာကို အချစ်ကြမ်းကို မဆိုလို။

လူတိုင်းအပေါ် မေတ္တာထားနိုင်ဖို့ ကို ဆိုလိုပါတယ်။

အဲလိုမှ မဟုတ်ရင် မေတ္တာမွဲပြီး စိတ်လည်း မွဲနိုင်ပါတယ်။

စိတ်ချမ်းသာလိုက မေတ္တာချမ်းသာပါစေ။

ချစ်နိုင်အောင် လူတိုင်းအပေါ်မှာ

ကိုယ်နှုတ်စိတ်အားဖြင့် မေတ္တာလေးနဲ့  ဆောင်ရွက်ပေါ့။

ဒါဆိုရင် ကိုယ့်ကိုယ်ကိုလည်း ဗုဒ္ဓ အလိုတော်ကျ ချစ်တတ်သူ ဖြစ်သွားပါပြီ။


မုန်းပါ...

ချစ်တဲ့သဘောကိုသာ လူတိုင်းကြိုက်တာ၊ မုန်းတဲ့စိတ်ကို ခပ်ကြောက်ကြောက်။

မမုန်းလည်း မမုန်းချင်ကြပါ။ မမုန်းချင်ပေမယ့် ကိုယ်စိတ်ထားနဲ့  မတိုက်ဆိုင်ခဲ့ရင် ၊
သို့ မဟုတ် ကိုယ့်ပေါ်မှာ ကျောသွားခဲ့ရင် ပစ်ပစ်ခါခါကို မုန်းတတ်ကြလေရဲ့ ။

သတ်ချင်လာလောက်အောင်လည်း မုန်းလေတယ်။
တစ်ချို့ ဆိုရင် အပြစ် ကျူးလွန်သည်အထိ
ဖြစ်သွားကြတယ်ပေါ့။

ခု ဆိုလိုတာက ဒီလိုမျိုး မုန်းဖို့ မဟုတ်။

ပုဂ္ဂိုလ်ရေးရ ဘယ်သူ့ ကိုယ်မှ မမုန်းသင့်ပါဘူး။
ဘာလို့ လည်း ဆိုတော့ မုန်းတာက မုန်းတဲ့သူ ကိုယ်တိုင်ကလည်းမကြိုက်၊
အမုန်းခံရသူလည်း မမိုက်။ မုန်းတဲ့စိတ်ကြောင့် ကိုယ်ပဲပူလောင်ရတယ်။
အသွေးအသား ဆတ်ဆတ်တုန်တဲ့အထိ ဖြစ်လာတယ်။

ဒါဆို ဘယ်သူ့ ကို မုန်းမလဲ။ အဓိက ကိုယ့်ကိုယ်ကို စပြီး မုန်းလိုက်ပါ။
ဘယ်လိုမုန်းရမလဲ။ ဗုဒ္ဓဟောထားတာတွေကို ကြည့်ပြီး မုန်းပေါ့။

ဘုရားရှင်က ရုပ်ခန္ဓာနဲ့  ပါတ်သက်ပြီး ချစ်စရာလို့  မပြောခဲ့ပါဘူး၊

မဟောခဲ့ပါဘူး။ ချမ်းသာတယ်လို့ လည်း မဟောပြန်ဘူး။ ဆင်းရဲတယ်တဲ့။

ဒီခန္ဓာကိုယ်ကြီးက နေ့ ရှိနေသရွေ့  အစာကျွေးရ ၊ လိမ်းခြယ်ပေးတာတောင်မှ

တစ်ခါတစ်ခါ ကိုးလို့  ကန့် လန့်  ကိုယ်ဖြစ်ချင်သလို မဖြစ်။ နာတာ ကျင်တာ၊
ကိုက်တာ ခဲတာ။ အစားမှားတာ နဲ့ ၊ နဲနဲလည်း အိုရင့်လာပြီဆိုတာနဲ့ 
( အိုရင် မင်းမစွမ်း၊ အဲ..) အိုမင်းမစွမ်းတွေ ဖြစ်လာတယ်။
အဲလို သိသိကြီးနဲ့ 
မမုန်းနိုင်ခဲ့ပါဘူး။

နောက်ပြီး ကိုယ်ခန္ဓာ အထက်ပိုင်းကလည်း မကောင်းတာတွေ လျှံထွက်၊

မျက်ချေး နှပ်ချေး နှာဖာချေး စတာတွေ အပေါ်လျှံလာတယ်။

အောက်ဘက်မှာလည်းယိုထွက်ကျပုံက သေး၊ ချေး ( ဆီး ၊ ၀မ်း ) တွေ နေ့ စဉ်ပါပဲ။

သို့ သော် အပြစ်မထင် အပြစ်မမြင်။ အချစ်က မစင်သေးတာကိုး။

တကယ်တော့ အချစ်ဖျက် အမုန်းတွေ စွက်ပြီး ဒုက္ခတုန်း ၊
သို့ မဟုတ် အပုပ်ကောင်
လို့  ရှုရမှာလေ။
ကမ္မဋ္ဌာန်းအလိုကတော့ အသုဘဘာဝနာပေါ့။


ကိုယ့်ကိုယ်ကို ရွံလာမယ်၊ မုန်းလာမယ်ဆိုရင် သူများကိုလည်း မုန်းသွားမယ်။
ဒီနေရာ မုန်းတယ် ဆိုတာက မစွဲလန်းတာကို ဆိုလိုပါတယ်။

အပြစ်မှမမြင်သေးရင် အချစ်ကတော့ ရွှင်နေအုံးမှာပါပဲ။


ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ဟောတော်မူတဲ့ တရားထဲမှာက
တပည့်တော်တို့  ပစ္စပ္ပန်ခန္ဓာလည်း မလိုချင် ၊ အနာဂတ်ခန္ဓာကိုလည်း မလိုချင်
ခန္ဓာကိုယ် ရွံမုန်းသော ဥာဏ်ဖြင့် လှူဒါန်းပါ၏ တဲ့။
မုန်းတတ်အောင် သင်ပေးတာပါ။


ဒီလောက်ဆိုရင် မုန်းလည်း မုန်းတတ်လောက်ပါပြီ။

ချစ်ပါ မုန်းပါ

ချစ်ပါ မုန်းပါ
ချစ်ပါ မုန်းပါ


မြတ်ရောင်နီ
( ၀၂ ၊ ၀၇ ၊ ၂၀၁၁ )

ဒီနေရာလေးမှာ ရေးပါ..