Pages

Monday, July 19, 2010

ကိုယ်ပြုလုပ်ခဲ့သမျှ မှတ်တမ်း

ကိုယ်ပြုလုပ်ခဲ့သမျှ မှတ်တမ်း




ဖိတ်စာ မဟုတ်ပါ။
လှလှပပ လေး ပြင်ဆင်ထားပြီး
သင်တန်းမှာ လေ့ကျင့်ခန်း ရေးထားတဲ့
သင်တန်းသားတစ်ဦးရဲ့ စာရွက်တစ်ရွက်




ဂျာမန်ဘာသာ ဆိုတဲ့...ခေါင်းစဉ်ကို
ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံမျိုးရေးပြီး
တစ်ဦးနဲ့ တစ်ဦး ရေးသားပုံကို အတုယူဖို့ အတွက်
ဤသို့  အတန်း အပြင်ဘက်မှာ ချိတ်ဆွဲထားပါတယ်။





သင်တန်း ကာလ ပြီးသွားချိန်မှာတော့
တက္ကသိုလ်ခန်းမထဲ မှာ စာဖြေသွားရာ
တက္ကသိုလ် အဆောက်ဦ အတွင်းက ခန်းနားမှု
အမှတ်တရ ဓာတ်ပုံ






ကဲ... ပုံကို သေချာ ကြည့်ဦး။

သူတို့ ရဲ့  လွတ်လပ်မှုကတော့ တကယ်ပဲ။
ပုံရဲ့ ဘေးမှာ ဘာမှ ရစ်နှောင်ထားတာ မရှိဘူး။





ဒီ ဥရောပမှာ က
ဦးခေါင်းလေးတွေ သက်သက်ကိုလည်း
မြတ်မြတ်နိုးနိုး ဂုဏ်ပြုထားတာ တွေ့ ရတယ်။





စာမေးပွဲ မဖြေမီ စာမေးပွဲ ခန်းမထဲမှာ

ဝါသနာဆိုတော့ အခက်သား။

တတ်သိပညာ မနေသာ ဆိုသလိုမျိုး
ရှိသည့်ကင်မရာ မနေသာ- ဆိုရမလိုလို။





စာမေးပွဲ ခန်းမထဲသို့ မ၀င်မီ
သူငယ်ချင်း တစ်ချို့ နှင့်အတူ
အမှတ်တရ





အညာသား ဘုန်းဘုန်း တော့
ဟောဒီ သူငယ်ချင်း ကပ္ပလီ အာဖရိကမ နှစ်ယောက်ရဲ့  ကြားမှဘဲ
အသားတော် ဖြူဖြူဖွေး လေတော့တယ်။



မှတ်ချက်။ ။ ကြည့်လိုသူတို့ ဝါသနာပါက နှစ်ခေါက်ထပ်ကြည့်စေ။
ဒါ့ထက် အားမရသေးပါက
စိတ်ကြိုက်အပြန်အလှန်လှန် ထပ်ကြည့်စေ။


မကြည့်လိုသူတို့  တစ်ခေါက်ထဲနဲ့  ခွင့်လွတ်ကာ
မတိမ်းမစောင်း ဗိန်းမောင်းတီးပြီး အမြန်ပိတ်စေ။

သင်ခန်းစာ အနေဖြင့် ကိုယ်လိုရာဘက်သို့ ဆွဲကာ ယူနိုင်စေ။

လာရောက် အားပေး ကြည့်ရှုသူအပေါင်း
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းစေ။


မြတ်ရောင်နီ
( ၂၀ ၊ ၀၇ ၊ ၂၀၁၀ )

Sunday, July 18, 2010

အလ္လာပ သလ္လာပ ( ချက်တင်း )


အလ္လာပ သလ္လာပ
( ချက်တင်း )



( အလ္လာပ သလ္လာပ ချက်တင်းမဖတ်မီ မှာထားချက်။
ချက်တင်းဆိုသော်လည်း သင်ခန်းစာ ရဖွယ်ရှိ၍ ရေးတင်လိုက်ပါသည်။)

အလ္လာပ သလ္လာပ ဆိုတာ ဟိုဟိုဒီဒီ ပြောခြင်းကို ခေါ်တယ်။ ဟိုတုံးက လူကြီးတွေက ပြောကြတာ တော့ ဘာလုပ်နေကြလဲ အချင်းချင်း မေးလိုက်ရင် စကားပြောနေသူတို့ က ငါတို့  အလ္လာပသလ္လာပ ပြောနေတာပါလို့  ပြန်ဖြေတယ်။

နောက်ကျတော့ လူတွေက တစ်မျိုးပြောင်းပြီး ပြောလာကြပြန်တယ်။ စကားပြောတာကိုပဲ ငါတို့  အားလူးဖုတ်နေတာ။ အားလူးပေးနေတာတဲ့။ ခုခေတ်စကား တွေက စနည်းနာကြည့်တော့လည်း အမျိုးမျိုးပြောင်းလဲတာကို တွေ့ ရတယ်။

အင်တာနက်မှာတော့ အလ္လာပသလ္လာပကို ပဲ ဘာလုပ်နေလဲ မေးရင် ချက်တင်း လုပ်နေတယ်တဲ့။

တစ်ချို့ က ချက်တင်းတင် အားမရတော့ တဖက်တစ်ယောက်က အော့ဖ်လိုင်းဖြစ်နေရင်တောင်မှ မက်ဆေ့လေးတွေ ထားပြီး ချက်တင်း လုပ်ခဲ့ပါသေးတယ်။

ဟော...ဒီမှာ နမူနာ...

These messages were sent while you were offline.

11:32 AM ဒကာ- ရှင်ဘုရား... သရဏဂုံရွတ်တာ..ဗုဒ္ဓံ သရဏံ ဂစ္စဆာမိ၊
ဓမ္မံသရဏံ ဂစ္စဆာမိ၊ သ...... နဲ့
ဗုဒ္ဓေါမေ သရဏံ ဧညံနတ္ထိ ဘာကွာ သလဲ လို့..
ဘယ်ဟာရွတ်ရွတ်ရ သလား...

စာလုံးပေါင်းမှားခြင်းသည်းခံပါ၊
အမြန်ဖြေကြားပေးစေခြင်ပါသည်။

ဟဲဟဲ..

11:33 AM အရမ်းလွမ်းတာပဲ..


( ဟေ့... ဒကာ ဘုန်းကြီးကို လွမ်းတာတွေ ပြောပြရသလား။
အလွမ်းတွေကို သင်ပေးနေတာပေါ့လေ။ အဟဲ။)


( ဒီနေ့ တော့ နဲနဲ လေး အချိန်ရတာနဲ့  ဒကာလေးကို စကားစလိုက်တယ်။)
me: ဗျိုး ...ဒကာတော် ။ ဒကာတော်။
ဒကာ : ဂျာ
me: ဂျာ ဆိုတာက
6:46 PM ဒကာ: ဗျာလို့ထူးတာ
me: အဲလို ကျောပါ ဂျာ
ဒကာ: ဂျကား မဖီလို့
me: ကရေး ချိုတော့ ဒီရိုပဲပေါ့ရေ။
( ဘုန်းကြီးရူးနဲ့  လှေလူးဆိုတာ ဒါပဲလား မသိဘူး။
ဒါမှမဟုတ် အိုးရွဲ့ ကို စာလောင်းရွဲ့ နဲ့ ဖုံးဆိုတာလည်းရှိသေး။)

ဒကာ: ဟားဟား
ဟိုတစ်လောက မေးတာဖြေအုံးလေ..
( ဟိုတစ်လောက မေးတာဆိုတာက အပေါ်က မေးခွန်းပါပဲ။)
6:47 PM me: အေးဟ။ ဖြေတာပါ့။
ဒကာ: သရဏဂုံ ရွတ်တဲ့ ကိစ္စ
me: အင်းရှင်းတယ်လေ
ပါဠိတော်မှာ သရဏဂုမ်ပဲ ရှိတဲ့ဟာ။
6:48 PM ဒကာ: အာ
me: နောက်ကျတော့ ကြည်ညိုစိတ်လွန်ပြီး ကိုယ်လိုရာ ဆိုကြတာပဲ။
ဒကာ: ဗုဒ္ဒေါမေ သရဏံ အဥံနတ္ထိ.. နဲ့ ဗုဓ္ဒံ ဒရဏံ။
( ဒကာက အင်း အိုင်တွေ တတ်လို့ လားမသိဘူး။
ရေးထားတဲ့ ပါဠိတွေက
ပါဠိသင်ထားတဲ့ ဘုန်းကြီး တစ်ပါး မျက်စိနဲ့  ဖတ်မရဘူး)။
me: အဟီး
( ကိုယ်လည်း အဟီး လုပ်လိုက်တော့တယ်)။
6:49 PM ပါဠိတွေက မတွေ့ ဖူးဘူး။
ဒကာ: ဘယ်ဟာ ကိုရွတ်ရွတ် အတူတူပဲလား..
ပါလိတွေက မော်ဒန်လေ..
( သူပြောမှပဲ မော်ဒန် ပါဠိ ဖြစ်တော့တယ်။
ကြားဖူးပေါင် ဆင်ကြီး ဂ ဠုန်ချီ )။
me: အဟမ်း။ အေးဟ။
ရွတ်တာကတော့ ရတယ်လေ။
6:50 PM တူတာကတော့ စာဖတ်ကြည့်လိုက်ပါ၊ မတူဘူး။
စာလုံးပေါင်းခြင်း မတူသလို-
အဓိပ္ပါယ်ချင်းလည်း မတူပါဘူး။

ဒကာ: ဆိုတော့..
ဘယ်ဟာက တရားဝင်တာလဲ လို့..
me: ၀ါသနာပါရာ လုပ်ပေါ့။
6:51 PM ဒကာ: ဟမ်..
အဓ္ဒါပ္ပယ် မတူဘူးဆို..
( ဒကာ ရေ စကားလုံးတွေက သောက်ထားလားမသိဘူး မူးနေတယ်။
ဖြည့်ဖတ်ရုံမဟုတ်ဘူး။ ပြင်ဖတ်နေရတယ်)။

me: သရဏဂမန ဆိုတာ တရားဝင် ဘုရားသက်တော်
ထင်ရှားရှိစဉ်ကတည်းက ရှိတာပဲ။
ဗုဒ္ဓေါ မေ သရဏံ ၊ အညံ နတ္ထိ လည်း ဆိုရင် ဆိုကြမှာပဲ။
သေချာတော့ ရှိ မရှိ မသေချာဘူး။
6:52 PM ကိုရင်ဝတ်တဲ့အခါ ဖြစ်ဖြစ်၊
အခြားဘာသာမှ ဗုဒ္ဓဘာသာထဲဝင်တော့မည့်
ဒကာဒကာမဖြစ်ဖြစ်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စတဲ့ သရဏဂုမ် ကိုပဲ ဆိုရတယ်။
ဒကာလေး ရှင်းပြီးလာကွယ့်။
( အတည်လည်း ပြောရ။ ရယ်လည်း ပြောရ။
လူငယ်သဘာဝ သိထားသည်မို့ )။

6:53 PM ဒကာ: ဗုဒ္ဒေါမေ သရဏံ အညာဉ်နတ္တိ ကို
ပို သဘောကျတယ် ရှင်ဘုရား.
ငယ်ကတည်းက ရွတ်လာတာ..
me: သဘောကျရင် ဆိုလေ။
ဥူးဇင်းက မင်းမတားပါဘူး။
အကုသိုလ်လည်း မဖြစ်ပါဘူး။

ဒကာ: ဘာဖြစ်လို့ နှစ်ခု ဖြစ်နေတာလဲ...
အဓ္ဒပါယ် မတူးဘူးထင်လို့ပေါ.. လူပဲဟာ..
6:54 PM စွမ်းတာကို ပိုရွတ်ခြင်တာပေါ့..လို့..ပုထု စဉ်ပဲဟာကို..
me: စွမ်းတာကတော့ စွမ်းတာချည်းပဲ
နမော ဗုဒ္ဓဿ လောက် ရွတ်တောင် စွမ်းတယ်ကွ။

ဒကာ: တစ်ခုလောက် မေးခြင်သေးတယ်..
ဟဲဟဲ..
6:55 PM မေတ္တာပွားတာ...
me: ဟေ့ဒကာ။ ဒါက ရှင်းပြီလား။
( အင်တာနေရှင်နယ်လ်
တောဘုန်းကြီး အသံဖြင့် ခေါ်လိုက်တယ်။
ဟေ့ ဒကာလို့  ..)။
ဒကာ: အင်း..
နှစ်ခုလုံး ရွတ်မယ်..
မနက်ပိုင်းနဲ့ ညနေပိုင်းခွဲရွတ်မယ်..
me: သဝေ မပါ ကိုးဂါထာ လို့ ခေါ်တယ်
ဒကာ: ပြတ်ကရော..
ဘာလဲ သဝေ..

( ကိုယ်ကလည်း ကိုယ်ပြောချင်ဇော ၊ သိစေချင်တဲ့ ဆန္ဒနဲ့ 
သဝေ မပါတွေ လုပ်ထည့်လိုက်တာ။ သူလည်သွားတယ်)။

me: ဗုဒ္ဓသရဏံ ဂစ္ဆာမိ စတဲ့ သရဏဂုမ်က
သဝေ ထိုး မပါဘူးလေ။

( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တစ်ဂါထာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။ တစ်ဂါထာ။
သံဃံ သရဏံ ဂစ္ဆာမိ။ တစ်ဂါထာ။
သုံးကြိမ်ရွတ်တော့ ကိုးဂါထာ)။

6:56 PM အညော မေ မှာ မေမှာ သဝေထိုးမပါဘဲ မေ မဖြစ်ဘူး။
ဒကာ: ဗုဒ္ဒေါမေ တော့ သဝေ ပါသား..ပဲ..
me: အေးလေ
6:57 PM အေးလေ
ပါတာ မပါတာ ပြောလိုရင်းမဟုတ်ဘူး
ဒကာ: မပါရင် ဂါထာဆို..
( စိုင်းစိုင်းပြောသလို ပြောလိုက်ချင်တယ်။
အားလုံးကို ရှုပ်နေတာပဲ။
သူ့ စိတ်ထဲမှာပေါ့ ။ ကိုယ်က ၀င်ကြည့်လိုက်တာ ၊
အဟဲ ။မှန်းကြည့်တာနော်။)

me: ဘုန်းကြီးတွေ အခေါ်ဝေါ်သိအောင် ပြောပြတာလေ။
6:58 PM ဒကာ: အော်........... ရှင်း ပြီ.. ဂျာ..

မေတ္တာပွားများတဲ့ ကိစ္စ. ဆက်ရှင်းပါအုံး..
အတိုဆုံး.. နဲ့ အထိရောက်ဆုံး..
( ခေတ်က ဒုန်းပျံ ခေတ် ၊
ဂျိုတုခေတ်ဆိုတာ လက်ခံသွားပြီကွာ။
မြန်မြန်ဆန်ဆန် သိချင်တယ်။
အချိန်တိုတိုလေးမှာ။)


me: သဝေထိုး ပါခြင်းမပါခြင်းကို မပြောလိုပါ။
ဒကာ: ဟိုတစ်ပတ်က မေတ္တာ တန်ခိုးနဲ့ သရဏ ဂုံ တန်ခိုး ဖတ်ထားတာ..
6:59 PM me: ဖတ်ထားတော့ ကောင်းတာပေါ့။
( တော်သေးတာပါ့။ သက်သာသွားတယ်။)
ဒကာ: မေးမလို့ ကိစ္စ။ ဘုန်းကြီးက မအားဘူး..

(ကဲ ... လုပ်ပြန်ပြီ ဘုန်းကြီးကတဲ့။
ဥူးဇင်းလို့  ပြောပါဟ။
ငယ်ချင်ပါတယ်ဆို။)

me: ဥူးဇင်းပြောစရာမလိုတော့ဘူးပေါ့။
ဒကာ: ခု အားပြီ ဖြေတော့...
me: ခုဖြေပြီးပြီ။ မှတ်တော့။
7:00 PM ဗုဒ္ဓေါ မေ သရဏံ ၊ အညံ နတ္ထိ တဲ့။
ဘုရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိဆိုတာ
တကယ် ဟုတ်ရင် ကောင်းပါ့။
နတ်ကိုးကွယ်တာ ၊ ဗေဒင် ယတြာယုံကြည်ရင်
ကိုယ့်ကိုယ်လိမ်တာပဲ။
ဒကာ: နေအုံး...
အညော မေ.. က မကြားဖူးဘူး..
( ဆောရီး ၊ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ။
ချက်တင်းမှာ အညော လို့  ပြောမိလို့  )


7:01 PM me: ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတာက
ဘုရားရှင်ကို ကိုးကွယ်ပါ၏ ဆိုတာလေ။
ဒကာ: ရှင်ဘုရား ။ ပါလိ မလုပ်နဲ့လေ..
အသံမထွက်တတ်ဖူး.

me: မေ ဆိုတာ ကျနော်ရဲ့ ကျမရဲ့ 
ကျနော့်မှာ ကျမမှာ
ဗုဒ္ဓေါ -ဘုရားရှင်သည်၊
သရဏံ -ကိုးကွယ်ရာ အစစ်တည်း၊
အညံ - ဘုရားမှ အခြားသော
7:02 PM သရဏံ ကိုးကွယ်ရာသည် ။
နတ္ထိ မရှိလို့  ဆိုတယ်ဗျာ
ရှင်းပီလား။
ဒကာ: ရှင်းပါပိ
7:03 PM me: ကဲ ရှင်းရင် တရားပွဲသိမ်းကြစို့ ။
ဒကာ: ဟာ..
ကျန်သေးတယ်လေ..
me: ဘာလဲဟ
ဒကာ: မေတ္တာ ပွားတာ..
me: ပွါးလေကွာ။ ပွါးတတ်သလို။
ဒကာ: တိုတိုနဲ့ ရှင်းရှင်း..
7:04 PM me: တိုတိုလည်းကြိုက်၊ ရှင်းရှင်းလည်းကြိုက်
ဒကာ: ရှေ့နောက်တောင်မြောက်တွေက အရမ်းရှေတယ်.. မှတ်မိဘူး..
( ရှည်လို့  ရေးဟဲ့၊ ရှေ တယ်လို့ မရေးရဘူး။
ဒီစကားလုံးက အသံထွက်တဲ့အတိုင်းရေးတာ ပြဿနာမရှိဘူး။
တစ်ချို့ စကားလုံးတွေဆိုရင် ဖတ်ဖို့ မတွေး ၀ံ့စရာ။ )

me: အင်း ဒါဆို ကျန်းမာပါစေ ။ ချမ်းသာပါစေ။
ဒကာ: တစ်ကြောင်း ထဲ လုပ်ပါ..။
( ဒကာက ...ကျန်းမာပါစေက တစ်ကြောင်း၊
ချမ်းသာပါစေက တစ်ကြောင်းဆိုတော့ များနေတယ်ပေါ့။)။
me: ကျန်းမာ ချမ်းသာ အဆင်ပြေကြပါစေ။
ကဲ တစ်ကြောင်းထဲဗျာ။
7:05 PM ဒကာ: ဟာ..
me: ဟဲ့ကောင်
ဒကာ: ဘယ်သူတွေကိုလဲ လို့..
me: မှန်းတဲ့သူကိုပေါ့။
လူတိုင်း။ သတ္တ၀ါတိုင်းပေါ့
ဒကာ: ပြီးရော..
7:06 PM တတ်သလိုပဲ လုပ်လိုက်တော့မယ်..
( ဟုတ်တော့ ဟုတ်သလိုလိုပဲ။
ဘယ်လို လုပ်မယ်တော့မသိဘူး။)

me: မြင်ဘူးသူတိုင်း ကျန်းမာချမ်းသာအဆင်ပြေပါစေ
မမြင်ဘူးသူတွေလည်း ကျန်းမာချမ်းသာအဆင်ပြေပါစေ
( ကိုယ်လည်း မေတ္တသုတ်ထဲက
ဒိဋ္ဌာ ၀ါယေ၀ အဒိဋ္ဌာ - ကို ဘာသာပြန်ပေးလိုက်တယ်။)
ဟုတ်ပီလား။ အားလုံးကိုခြုံမိအောင်ဆိုရင် ဒီနှစ်မျိုးပဲရှိတယ်။
ဒကာ: မြင်အပ် မမြင်အပ်တွေရော မပါဘူးလား..ဟဲဟဲ
7:07 PM me: ဒကာတော်မင်းမြတ်။
တော်လှချည်လား။ မေတ္တသုတ်ကို ရသားပဲ။
ဒကာ: အမယ် ရပါတယ်.. အစ တစ်ပုဒ်နှစ်ပုဒ်လောက်တော့.. ဟီး။

7:08 PM me: အဟီး။ ကောင်းတယ်ကွာ။
( အွန်လိုင်းမှာ ပါးစပ်က အသံမထွက်တော့ လက်က ရယ်လိုက်တယ်။)

ဒကာ: ပိုဒ် ပြောတာ..
me: မတော်မရှိ ငါ့တပည့်။
ဒကာ: ပုဒ် မဟုတ်ဘူး..
ဟာဟ
me: ဒီလိုကို ဖြစ်နေရမယ်
7:09 PM ကဲ ဒါဆို မေတ္တာလည်း ရှင်းပြီနော်
7:10 PM ဒကား: ရှင်းပါ ပြီ..
ဒီနေ့တော့ အွန်လိုင်း တက်ရကြိုးနပ်ပါ ဘိ..
7:11 PM me: အေးပေါ့ကွာ ။အွန်လိုင်းမှာ ရှာတာတွေ့ တာပဲ
မဟုတ်လား။
ဒကာ: ဒါပေါ့..
7:12 PM me: ဥူးဇင်းလည်း မောင်မင်းကြီးသားနဲ့ တွေ့ တော့
စဉ်းစဉ်းစားစား ပြောရတာပေါ့။ အလ္လာပ သလ္လာပ ချက်တင်း ဆိုပြီး
နာမည် တပ်ပြီး ဘလော့တင်မယ်။
ဒကာ: လုပ်ပြန်ပြီ...
( အရင်တစ်ခါ ဘလော့ တင်ပြီးပြီ တစ်ပုဒ်။
ဒါကြောင့်သူက လုပ်ပြန်ပြီလို့ ပြောတာပါ။)

7:13 PM me: ကိုယ့်အတွက် ကုန်ကြမ်းရပြီ။
ဘလော့မှာ ကုန်ချောအောင် ချောလိုက်တော့မယ်။
ဒကာ: သဘော တော်အတိုင်းပါပဲ..
( ဒီလို လိမ္မာစမ်းပါဟ။)
အင်း။ ဒို့လဲ နောက်တခါ ဆင်ခြင်ချက်မှ ရတော့ မယ်..
me: အဟဲ
7:14 PM မတရားပြောရင် ဘယ်တင်ပမလဲဟ
ဒကာ: တော်ကြာ အမြင်မတော်တာတွေ။
ဘလော့ပေါ်ရောက်နေလို့ နာမည် ကြီးနေအုံးမယ်.
me: နာမည်မပါဘူးကွာ။
လူတွေ သိစေချင်လွန်းလို့ ပါ။
တစ်ချို့ က ဘုန်းကြီးဆို ခပ်ကြောက်ကြောက်။
ပြောစရာ မရှိဖြစ်နေတယ် လေ။
7:15 PM ဒကာ: ပြီးရော..
7:16 PM me: ဘုန်းကြီးလည်း အပျော်လေး တွေ ပြောချင်တာပေါ့။
ဒကာ: အင်းဟုတ်သားပဲ..
တစ်နေကုန် မျက်နာ တည်ကြီးနဲ့ ဆိုတော့ ခက်တာပေါ့ နော..
me: အေးပေါ့။ တရားတွေ့ ကြည့်ဆိုရင်
မော်ဒန် ဘုန်းဘုန်းတို့ က
တစ်မျိုးပေါ့ကွယ်။
ဒကာ: ဟီး
me: အေး
7:17 PM ရယ်သင့်ရင် ရယ်ဦးမှ။
မာဆယ်လေးတွေ လန်းသွားမှာပေါ့နော်။
7:18 PM ဒကာ: ဟားဟား...
အဲဒီမှာ ဘယ်လောက်ကြာအုံးမှာလဲ..
me: ကိုယ်နေချင်သလောက်နေလို့ ရပါတယ်။
ခုတစ်နှစ်ဗီဇာတိုးထားတယ်။
ဒကာ: တယ်ဟုတ်ပါလား..
me: ၀ါကျွတ်လောက်ပြန်ဦးမယ်။
7:19 PM ဒကာ: အော်.
ရှင်ဘုရား ခဏလေး computer restart ပြန်လုပ်မလို့..နော်.
7:27 PM me: အေး ..ဒါပဲဟေ့ လက်တွေ ညောင်းလာပြီ။
တင်လိုက်တော့မယ်။ ဘလော့ကို။
ဒကာ: ok ok
- Hide quoted text -

ဒီလိုနဲ့  အလ္လာပသလ္လာပ ချက်တင်းလည်း နားလိုက်ပါတော့တယ်။



မှတ်ချက်။ ။ ဒကာလေး တစ်ယောက်နဲ့  ချက်တင်းလုပ်ထားတာကို
ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။ ကွင်းစ ကွင်းပိတ်များ
စိတ်ရွှင်လန်းစေဖို့ ရာ နှင့်  လိုအပ်တယ်ထင်လို့  ထပ်မံ
ဖြည့်စွက်ထားတာပါ။ သူ့ စကားကို အတတ်နိုင်ဆုံး မပြင်ပဲ ထားပြီး
ကိုယ့်စကားကိုသာ စာဖတ်သူတို့ ပိုမို နားလည်ဖို့  ပြင်ထားပါတယ်။



မြတ်ရောင်နီ

( ၁၉ ၊ ၀၇ ၊ ၂၀၁၀ )



Saturday, July 17, 2010

အလှူသာခံစားတတ်တဲ့ ဘုန်းကြီး


အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး

မြတ်ရောင်နီ: ဥူးဇင်းကလည်း တင်သင့်တယ်
ထင်တဲ့ ပုံတွေကို တင်တာပါ။

သူများလုပ်လို့ လုပ်တာမျိုး မဟုတ်ပါဘူး။

ဒကာတော်-တင်ပါ့ဘုရား--တပည့်တော်လဲကြည့်ပီးသာဓုခေါ်ပါတယ်၊
ဘုန်းဘုန်းကို အလှူသာခံစားတတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာစိုးလို့ပါဘုရား။
14 Jul 10, 06:31 PM




ထိုင်ဝမ်က တရုတ် ဒကာဒကာမများကို
တရုတ်လို တရားဟောနေပုံ

( အဲ... ကိုယ်တော့ မဟုတ်ဘူးနော်။
အထင်တွေ မဘစ်လိုက်နဲ့ ဦး။ အဟီး )





တရားနာတဲ့သူကနာ ။
ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါကြသား။
( စိတ်ချင်းစာနာမိပါတယ် ဗျာ။)


အလှူသာခံစားတတ်တဲ့ ဘုန်းကြီးတဲ့လား။
အင်း .. စဉ်းတော့ စဉ်းစားစရာ။

ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ။ )

ဒကာကြီးပြောတဲ့ စကားကတော့
ဘုရားရှင်ရဲ့  စကားကို ရည်ရွယ်ဟန် မတူပါ။


ဒီလို ရည်ရွယ်ဟန်နဲ့ တူပါတယ်။
သူ့ စိတ်ထဲမှာ ပြောမထွက်လို့  ရှိမှာပါ။


( စာရေးသူက ဒကာကြီး စိတ်ကို အာဘော်၊ သရုပ်ဖေါ်ပုံ )


၁။သာသနာမှာနေပြီး၊ သာသနာ့ အလုပ်ထဲက ဂန္ထဓုရ ဆိုတဲ့ စာပေ ကျမ်းဂန် သင်ကြားခြင်း ၊ ပို ချ ခြင်း အလုပ် ၊ တရားဟောခြင်း အလုပ်ကိုလည်း မလုပ်။ ၀ိပဿနာဓုရ ဆိုတဲ့ တရားထိုင် တရား မှတ် ခြင်း အလုပ်ကိုလည်း မလုပ်ပဲ ကျောင်းကြီးကြီးဆောက်နိုင်အောင်၊ အိမ်စီးပွါးရေးကို ထောက်ပံ့ နိုင်အောင် လှုပ်ရှားနေတဲ့ ဘုန်းကြီးများကို ရည်ရွယ်ဟန် ရှိပါတယ်။

ပြီးတော့ သံဃာများများမွေးပြီး ရလာတဲ့ လာဘ်လာဘ သံဃာမကျွေးတဲ့ ကျောင်းမျိုး၊ ရတဲ့ဟာ ကိုယ့်အိတ် ထဲ ထည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုဟန် ရှိပါတယ်။

ပြီးတော့ ဒကာ ဒကာမတွေ ပင့်တဲ့အခါ သဒ္ဓါ ကို မကြည့်ဘဲ အသပြာကို ကြည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုတာနဲ့ လည်းတူရဲ့ ။

ပြီးတော့။ အဲ...တော်မှပဲ။ ဘရိတ်အုပ်ထားမှ။ ပြောတာတွေများရင် သံဃာ အပြစ်ပြောတယ်ဖြစ် နေမယ်။ အမှန်တွေ တော့ အမှန်တွေပဲ။ (ကိုယ့်ပေါင်တွေ တောင်...နာလာပါပြီ။)

၂။ဘုရားရှင်စကား တော်ကို ကြည့်ရင် "ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေပါ တကား။ ဤသို့ သာသနာ့ ၀န်ထမ်း ရဟန်းသာမဏေသည် နေ့ စဉ် မပြတ် စားဆင်ခြင်ထိုက်၏" တဲ့။



အဖြောင့် မြန်မာပြန်လိုက်ရရင် ဘုန်းကြီးဘ၀ ဆိုတာ အလှူသာ ခံစားတတ်တဲ့ ဘ၀ပါတကား၊ ကိုယ် တိုင် စီးပွါးရေးလုပ်ငန်းမရှိ ။ သူတစ်ပါးလှူရာကိုသာ စားရတဲ့ ဘ၀ ပါတကား- ဆိုပြီး နှလုံးသွင်း ပွါး များရပါမယ်။

အဲသလိုဆိုတော့ ဘုန်းကြီးမှန်လျင် အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးတွေချည်းပါပဲ။ တို့ ကတော့ စီးပွါးလုပ်ပြီး စားတာ။ အတိုးပေးပြီးစားတာ။ သူများ လှူတာ မစောင့်ဘူး ဆိုတဲ့ ဘုန်းကြီးမျိုး ရှိ ကောင်း ရှိမယ်။ အဲဒါ ဘုရားရှင် အလိုကျ မကျ စဉ်းစားကြည့်ပေါ့။


ဘုန်းကြီး ဆိုတာ ပါဠိလို ဘိက္ခု-တဲ့။
ဘိက္ခု ဆိုတာ ဘိက္ခတိ ယာစတီတိ ဘိက္ခု ပဲ။ ခြေသလုံးမြင်းခေါင်း ခြေနှစ်ချောင်း အသုံးပြုပြီး အရိယာတို့ နည်းလမ်းအတိုင်း အလှူခံစားတတ်လို့ ဘိက္ခု- ဘုန်းကြီး ဆိုထားတာပါတကား။

အလှူခံတာတော့ အမျိုးမျိုးရှိမယ်ပေါ့။ အပ်တဲ့ ဘုရားရှင် အလိုကျ ဆွမ်းခံပြီး အလှူခံစားတာမျိုး၊ ဆွမ်းစားပင့်လို့  အလှူခံစားတာမျိုး ပုံစံတွေ အမျိုးမျိုးပါပဲ။ ကျောင်းလည်း ဒီအတိုင်းပဲ ။ ကျောင်း ဒကာ တွေ ရဲ့ သဒ္ဓါ အလျောက် လှူတာမျိုးဆို အပ်ပြီပေါ့။ သင့်တော်တယ်ပေါ့။ အဲလိုမဟုတ်ရင်တော့ နံပါတ် ၁ ဘုန်းကြီးပါပဲ။

အဲ ဒကာကြီး တစ်ယောက်က ဆွမ်းကပ်တဲ့ ဓာတ်ပုံတွေ တင်တော့ ဘုန်းဘုန်းကို အလှူသာ ခံစား တတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာ စိုးလို့ ပါဘုရား တဲ့။

ပြောတဲ့ စကား မပြည့်မစုံနဲ့ ဆိုတော့ ကိုယ့်ကိုယ် တောင် ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ ကိုယ်လည်း အလှူသာ ခံစားလာတာ ကိုရင် ဘ၀ ကတည်း ကလေ။ ဘယ်လိုလုပ်ပါ့။ အဲဒီမှတ်ချက်ကြည့်ပြီး စာဖတ်သူတွေ နားလည်ရင်တော့ အကောင်းသား။ နားလည်မှုလွဲရင်တော့ ကမောက်ကမ အတွေး တွေ ဖြစ်စရာပဲ။

ကဲ ....ရှိပါစေတော့။ ဒါဆိုရင် ဘိက္ခု ဆိုတာ အလှူခံစားတတ်ရုံနဲ့  ဘိက္ခု ခေါ်တယ်မှတ်သွားလိမ့်မယ်။
သံသာရဘယံ ဣက္ခတီတိ ဘိက္ခု ။ သံသရာကို ဘေးလို့  ရှုမြင်တတ်လို့ လည်း ဘုန်းကြီးလို့  ခေါ်တာ ကိုလည်း စပ်နေလို့  ထပ်မှတ်စေချင်တယ်။

ဘိက္ခု အဖွင့် တွေကတော့ အများကြီးရှိပါတယ်။ ရှည်မှာစိုးလို့  ချန်လှပ်ထားပါတော့မယ်။

အကျဉ်းအနေနဲ့  -
၁။ မအပ်တဲ့ နည်းလမ်းဖြစ်တဲ့ အနေသနနည်း( ၂၁ ) နည်းကို အသုံးပြုပြီး ပစ္စည်းလေးပါးကို ရှားမှီး ခံယူ သုံးစွဲရင် ဒကာကြီးပြောတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး။

၂။ ထိုနည်းများကို ရှောင်ပြီး ဘုရားရှင် ခွင့်ပြုထားတဲ့နည်းနဲ့  ရလာတဲ့ ပစ္စည်းလေးပါးကို ရှာမှီး ခံယူ သုံးစွဲလျင် ဘုရားရှင် ဆုံးမတော်မူတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး- လို့  နှစ်မျိုး ခွဲခြား မှတ်ရပါမယ်။

၁။ အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးမျိုး၊
၂။အလှူသာခံစားတတ်တဲ့ ဘုန်းကြီးမျိုး။
ကွဲကွဲပြားပြား နားလည်ကြ စေကုန်ရာသတည်း။


မှတ်ချက်။ ။ ၁၇ရက်နေ့ မှာ ထိုင်ဝမ် ဒါယကာ ဒါယကာမတို့ က
ပင့်တော့လည်း
အလှူသာ ခံစားတဲ့ ဘုန်းကြီး ဖြစ်သွားပြန်ပါပြီ။

ဘယ်တတ်နိုင်မလဲ။ ကိုယ့်မှာ စီးပွါးရေးမှ မရှိတာကို။

အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်ရပေမအုံးပေါ့နော်။

ဆက်လက်ပြီးတော့လည်း
အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်
ရပါဦးမယ်။

တစ်လောကလုံးက ပြောရင်ပြောပါစေ။
ဘုရားရှင်ကြိုက်နေသမျှ ဆက်လုပ်နေမည်သာ။





မြတ်ရောင်နီ

( ၁၈ ၊ ၀၇ ၊ ၂၀၁၀ )