Pages

Sunday, March 25, 2012

တရားစခန်း

ခုတစ်လော အလုပ်များ ရှုပ်နေတာကြောင့် ဆောင်းပါး မရေးဖြစ်။ ထင်ထားသည်ထက် အလုပ်က များများ လာပါသည်။

စာဝါချခြင်း နယ်လှည့် တရားဟော အလုပ်သာမက စခန်း ဖွင့် တရားပြရသည့် အလုပ်ကိုပါ ပြုလုပ်ပြန်သည်။

ခုလည်း သင်္ကြန်တွင်းမို့  ကိုယ့်နယ် ကိုယ်ဒေသ တရားထူးမရသည့်တိုင် ဆိုးသွမ်းသူများ ထိန်းသည့်အနေဖြင့်

ပြောရမလား၊ သို့ မဟုတ် အခြေခံ ပါရမီ ရှိအောင် လို့ ပြောရမလား တရားစခန်း စီစဉ်ထားပါသည်။


အို… ဒကာဒကာမ အပေါင်းတို့…

၁။ သူသူငါငါ လူများစွာသည် အမှန်တရား မသိငြား၍ အမှန်တရားကို မျက်နှာ လွှဲကာ နေခဲ့သည့် ဘ၀များစွာရှိခဲ့ပေပြီ။ ယခုတစ်ဖန် လူ့ ဘ၀ကြုံခိုက် အသိဥာဏ် အလိုက် အမှန်တရားကို ရှာဖွေဖို့  အချိန် ရောက်ရှိပါပြီ။

၂။အမှန်တရားကို မရှာဖွေက အမှားများနှင့်ယှဉ်တွဲလျက် ဘ၀၀ဲသြဃမှာလည်း ခေါင်းမဖေါ်နိုင်ပဲ နစ်မွန်းကြရပေအုံးမည်။

၃။ဘုရားမြတ်စွာ သာသနာနှင့် ကြုံခိုက် ခဏတာ အသက်ရှင်နေထိုင်ခွင့်ရကြသည့် သက်တမ်းတိုတိုလေးမှာ မိမိကိုယ်ကို အချစ်ပိုသည် ဆိုပါလျှင် ရရှိထားသည့် ခန္ဓာကိုယ်ကို အသုံးချနိုင်မှ လူ့ ဘ၀ လူဖြစ်ရကျိုးနပ်ပေလိမ့်မည်။

၎။ အခွင့်ရေးဟူသမျှ မိမိထံ ရောက်လာလျှင် လက်မနှေးဘဲ ယူသင့်ကြပေသည်။
ရလာသည့် အခွင့်ရေး အခွင့်ကောင်းကို သတိတရားလက်ကိုင်ထား ၊ အသိရှေ့ သွားကာ၊
ကြိုးစား အားထုတ်သင့်လှသည်။

သို့ အတွက်ကြောင့်..

ဗုဒ္ဓနယ ဘာဝနာစခန်းသို့  ကြွရောက်ဖို့ ရန်
နှိုးဆော် တိုက်တွန်းလိုက်ရပါတော့သည်…ဒကာဒကာမ အပေါင်းတို့ …။


အချိန် ဇယား............


မနက် အချိန်
၁။ ၄း၃၀ နံနက် အိပ်ယာထ
၂။ ၅း၀၀ မှ ၆း၀၀ နာရီ တရားထိုင်
၃။ ၆း၀၀ မှ ၇း၀၀ နာရီ နံနက်စာ သုံးဆောင်
၎။ ၇း၃၀ မှ ၈း၃၀ နာရီ တရားနာယူ
၅။ ၈း၃၀ မှ ၉း၀၀ နာရီ စင်္ကြံ တရားမှတ်
၅။ ၉း၀၀ မှ ၁၀း၀၀ နာရီ ဥပုသ်သီလယူ၊ တရားနာယူ
၆။ ၁၀း၀၀မှ ၁၁း၀၀ နာရီ ကိုယ်လက်သန့် စင် ၊ ရေချိုး
၇။ ၁၁း၀၀မှ ၁၂း၀၀ နာရီ နေ့ လည်စာ သုံးဆောင်

နေ့ လည် အချိန်၁။ ၁း၀၀ မှ ၂း၀၀ နာရီ တရားထိုင်
၂။ ၂း၃၀ မှ ၃း၃၀ နာရီ တရားနာယူ
၃။ ၄း၀၀ မှ ၅း၀၀ နာရီ တရားထိုင်
၎။ ၅း၀၀ မှ ၅း၃၀ နာရီ စင်္ကြံ တရားမှတ်
၅။ ၆း၀၀ မှ ၆း၃၀ နာရီ ဖျော်ရည် သုံးဆောင်

ညဦးယံ အချိန်
၁။ ၇း၀၀ နာရီ တရားနာယူ


စည်းကမ်း။ ။

စကားပြောနည်းပါစေ။

တရားမြဲပါစေ။

ယောဂီ စိတ် ရှိပါစေ။


ဗုဒ္ဓနယ ဘာဝနာစခန်း ဖြစ်မြောက်ရေး


မြင်းခြံမြို့၊ ကျိုက်ထီးရိုးကျောင်း

ဘုန်းကြီး အမှူးပြုလျှက်

ယွန်းကျောင်းတိုက် တပည့် သံဃာများ

1 comment:

  1. သိပ်ကောင်းတဲ့အစီအစဉ်ပါဘုရား။

    ReplyDelete