Pages

Monday, April 18, 2011

ဘုရား မြင်ပါစေ



ဘုရား မြင်ပါစေ






စေတီတော် အတော်များများမှာ
နဂါးရုပ်ဖြင့် ပြုလုပ်ထားတဲ့
လှေခါးများ ကိုတွေ့ ခဲ့ရပါတယ်။




တရား အားထုတ်သည့် အခါများမှာ
မလျှော့ မတင်း စောင်းကြိုးညှင်း
ဟူ၏သို့ 





အရဟံ




သမ္မာသမ္ဗုဒ္ဓေါ




ဝိဇ္ဇာစရဏ သမ္ပန္နော





သုဂတော





လောက၀ိဒူ




အနုတ္တရော ပုရိသ ဒမ္မသာရထိ






သတ္ထာ ဒေ၀မနုဿာနံ




ဗုဒ္ဓေါ




ဘဂ၀ါ




ဒသဗလော





လောကနာထော




သယမ္ဘူ



သကျမုနိ



သဗ္ဗညူ

ဘုရားမြင်ပါစေ

ဗုဒ္ဓဿ ပူဇာ မဟာတေဇ၀န္တော-
ဘုရားရှင်အား ပူဇော်ပါ၊ တန်ခိုးကြီး၏။

ဗုဒ္ဓါနုဿတိံ ဘာဝေတိ ဘာဝနာန မနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ ၊ ပူရယိဿတိ မာနသံ။

ဘာဝနာတို့ တွင် အမြတ်ဆုံးဖြစ်သည့် ဗုဒ္ဓါနုဿတိ ကို ပွါးများပါ။
ပွါးများပါများလျင် မိမိ စိတ်အလိုဆန္ဒပြည့်ဝပါလိမ့်မည်။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ ၊ သမေ စိတ္တေ သမံ သဖလံ။

သက်တော်ထင်ရှား မြတ်ဘုရားကို ပူဇော် သကဲ့သို့ 
ပရိနိဗ္ဗာန်ပြုပြီးသည့် မြတ်ဘုရားမှာလည်း
စိတ်ပါလက်ပါ မှန်းဆကာ ပူဇော်ပါ။
အကျိုးပေးလာသည်မှာ အတူတူပင် ဖြစ်မည်။

ဗုဒ္ဓဂုဏံ ၊ ပွါးသူမှန် ခန္ဓာ စေတီထိုက်။
( တောင်မြို့ ၊ ဘုန်းကြီးကုဏ်၊ ဟောတရားမှ)

နှလုံးသားဝယ် ၊ ဘုရားတည် ၊ တကယ်စွမ်းတဲ့ လူသားပေ။
( တိပိ- ယောဆရာတော် ဟောတရားမှ )

ဓမ္မံ ပဿန္တော ၊ မံ ပဿတိ နာမ။

တရားသိမြင် သဘောပေါက်လျင်

ငါ့ ဘုရားကို မြင်သည် မည်၏။

( တရား အားထုတ်ကြပါလို့  ဆိုလိုရင်းတည်း)


( ဓမ္မပဒ )


မှတ်ချက်။ ။ မြန်မာပြည် ဒီတစ်ခေါက်လည်ပတ်စဉ်
သီရိခေတ္တရာ မှ စေတီနှင့် ရုပ်ပွါးဆင်းတုတော်များ
ပူဇော် ဓာတ်ပုံမှတ်တမ်း ဖြစ်ပါသည်။


ကြည့်ရှုကြည်ညိုသသူ သူတော်စင်အပေါင်းတို့ 
!
ဂုဏ်တော်ကို ပုံတော် မကွယ်မိစေဖို့ ရာ
ဘုရားမြင်ပါစေ စာသားများ ဖတ်ရှုလေ့လာကာ
ဘုရားမြင်အောင် ကြိုးစားကြလေကုန်။





မြတ်ရောင်နီ

( ၁၈ ၊ ၀၄ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

2 comments:

  1. နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဘုရား...ဘုရားပုံလေးတွေကို လာရောက်ကြည်ညိုသွားကြောင်းပါ နောင်တော်ကြီးဘုရား...ကျန်းမာရွှင်လန်းအေးချမ်းပါစေဘုရား...

    ReplyDelete
  2. လာရောက်ဖူးမျှော် သွားပါသည်ဘုရား။ နှစ်သစ်မှာ ကျန်းမာစေကြောင်းနှင့် အသက်ထက်ဆုံး သာသနာပြုနိုင်ပါစေ အရှင်ဘုရား

    ReplyDelete