Pages

Monday, May 23, 2011

ကမ်ကောင်းကြပါစေ



ကမ်ကောင်းကြပါစေ



ကမ်ကောင်းဖို့  အရေးကြီးပါတယ်။

ကမ်ကောင်းရင် ကံကောင်းမယ်။
ကမ်ဆိုတာတာက ပါဠိလို ကမ္မ ။
ကမ္မဆိုသည်မှာ အလုပ်ပါပဲ။

နေ့ စဉ်ဆိုသလို အလုပ်တွေ အမျိုးမျိုး လုပ်နေကြပါတယ်။
လူအလိုက် ဘုန်းအကြီးအလိုက် ဆိုသလိုပေါ့။
နာမည်တပ်ပြီး ပြောရရင်တော့ ၀န်းထမ်း အလုပ်
ပုဂ္ဂလိက ကိုယ်ပိုင် အလုပ် အမျိုးမျိုးပေါ့။

ဘာပဲပြောပြော ကမ္မဆိုတဲ့ ကမ်ဟာ အလုပ်ကောင်းဖို့  လိုတယ်ပေါ့။
လူတွေ အတွက် ကမ် အလုပ်ကောင်းရင် ငွေဝင်ကောင်းမယ်။
ပြီးတော့ တရားဘက်လုပ်ရင်လည်း ငြိမ်းချမ်းမှုကောင်းမယ်။

ဘုန်းကြီးများအတွက် ကမ်ဟာ
ကိုယ့်အလုပ်လုပ်နေရင် လာဘ်လာဘ ပေါများမယ်။
ပြီးတော့ တရားအလုပ်ကောင်းရင် ငြိမ်းချမ်းမှုကောင်းမယ်။

ထပ်ပြီး အသေးစိပ် ပြောရရင်တော့
ကိုယ်နဲ့ ပြုလုပ်တဲ့ အလုပ် ၊
ပါးစပ်နဲ့ ပြောဆိုတဲ့ နှုတ်အလုပ် ၊
စိတ်အတွေး အကြံ စိတ်အလုပ်
ဒီ အလုပ် သုံးခုပဲ ရှိပါတယ်။

ဒီသုံးခုကောင်းနေရင်ကမ်ကောင်းတယ်ပေါ့နော်။
ကမ်ကောင်းကြပါစေပေါ့။




မြတ်ရောင်နီ
( ၂၃ ၊ ၀၅၊ ၂၀၁၁ )





ဒီနေရာမှာ ရေးပါ..

3 comments:

  1. အလုပ် ၃ ခုကိုဆင်ခြင်စဉ်းစားတွေးတောပြီးမှ စပြီးလုပ်ကိုင်ကျင့်ြံကံအားတုတ်နေပါတယ်ဘုရား.
    ကမ်ကောင်းငြိမ်းချမ်းစပြုပါပြီ..

    ReplyDelete
  2. ကမ်ကောင်းစေရန် သတိပေးစာများဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဘုရား။
    ရိုသေစွာဦးတင်ပါတယ်။

    ReplyDelete
  3. ကောင်းစေဖို့ရန် ကြိုးစားပါမည်ဘုရား။

    ReplyDelete