Pages

Thursday, July 22, 2010

စာ အသွား အလာ ( ၂ )


စာ အသွား အလာ ( ၂ )

စာ အသွားလာ ( ၁ ) လို့  နံပါတ် မတပ်ခဲ့ပေမယ့် နောက်ထပ် ဒကာမ တစ်ယောက်က အမေး လာပြန်ပါတယ်။ သူ့  အမေးကလည်း ကိုယ့်အတွက်တော့ အများသိသင့်တယ်ထင်လို့ ဘလော့ မှာ ရေးတင်လိုက်တာပါ။

ဒကာမကတော့ ကိုယ့်ကိုလည်း အပြင်မှာ မြင်ဖူးသူမဟုတ်။ အင်တာနက်မှ စာများကို ဖတ်ပြီး သိရ တဲ့သူပါ။ သူလည်း သူသိချင်ရာကို စိတ်ထဲရှိတဲ့ အတိုင်း လျှောက်ထားပါတယ်။

ကိုယ်ကလည်း ကိုယ်နားလည်သလိုလေး ဒကာမကို ဖြေပေးပါတယ်။ မှားတာ မှန်တာကတော့ လက်ခံသူရဲ့  အပေါ်မူတည်ပါတယ်။ ကိုယ်လည်း သိသလို ဖြေပေးရတာပဲ။

သူက ဒီလိုမေးလို့  ကိုယ်က ဒီလို ဖြေပါတယ်...

အို စာရှုသို့  စာမဖတ်မီ မှာထားပါရစေ...
စာဖတ်လိုသူတို့  အနေနဲ့  စာကို ဖတ် ရှုလိုက ရှေ့ ဆက် ဖတ်လေကုန်။

စာတွင် မှားသည့် အချက် ရှိပါက ကောင်းရာ ကောင်းကြောင်း
ညွန် ပြနိုင်ပါတယ်။
လက်ခံရန် အသင့်ပါပဲ။

အဲသလိုမျိုး မဟုတ်ပဲ အပြစ်ဘဲ လိုက်ရှာနေပါက
အပြစ်ဘဲ တွေ့ မည်သာ ဖြစ်ပါတယ်။



ကျေးဇူး တင်ထိုက်သူ

၁။အကျိုးအကြောင်းကို နားလည်အောင် ပြောပြီး အပြစ်ကို
ထောက်ပြ ညွှန်ပြသူသည် ရွှေအိုးပေးသူ လို့ ခေါ်ပါတယ်။
သူ့ ရဲ့ စကား နားထောင် လိုက်နာရမှာဖြစ်တယ်။
သူ့ စကားနားထောင်တာနဲ့  ကိုယ့်တိုးတက်ဖို့ ဖြစ်တယ်။

သနားစရာကောင်းသူ

၂။အပြစ်သက်သက်ကိုသာ ရှာဖွေ လိုက်ပြောနေတဲ့
သူအတွက်ကတော့
နိဗ္ဗာန်နဲ့ ဝေးစွာ့။
ငရဲ သွားဖို့  လမ်းကြောင်းကို သူကိုယ်တိုင် ရှာဖွေသူ။

သူ့ စကားကို သည်းခံရန်ရုံက လွဲလို့  ဘာမျှ မဆိုသာ။


၁။နိဓီနံ ၀ ပ၀တ္တာရံ ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတေ ပဇေ၊

တာဒိသံ ဘဇမာနဿ ၊ သေယျော ဟောတိ န ပါပိယော။
( ဓမ္မပဒ ၊ ပဏ္ဍိတ၀ဂ် ၊ ရာဓတ္ထေရ ၀တ္ထု )


၂။ပရ၀ဇ္ဇာနုပဿိဿ ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသ၀ါ တဿ ၀ဍ္ဎန္တိ ၊ အာရာသော အာသ၀က္ခယာ။
( ဓမ္မပဒ၊ မလ၀ဂ်။ ဥဇ္ဈာနိသညိတ္ထေရ၀တ္ထု။)


သူတော်ကောင်း လမ်းစဉ်။

၁။နံပါတ် ၁ ပုဂ္ဂိုလ်မျိုးဟာ ကောင်းတာတွေ့ ရင် ချီးမွမ်းမယ်။ချီးမွမ်းတတ်တယ်။
မကောင်းတာတွေ့ ရင် မဖြစ်သင့်ကြောင်း မလုပ်သင့်ကြောင်းကိုလည်း
အပြစ်ကို ပြ ပြောဆိုတတ်တယ်။ ကိုယ်ကိုယ်တိုင် မကောင်းတာကို
ရှောင်ပြီး သူများကိုလည်း ထိုမကောင်းတာကို မဖြစ်စေလိုတဲ့
အကျိုးလိုးလားတဲ့ မေတ္တာ အပြည့်ဝနဲ့ ပြောတတ်ပါပေတယ်။
အဲဒီစိတ်ထားရှိသူကို ဂုဏ်ယူထိုက်တဲ့သူမျိုးပါ။

ယုတ်မာပတ်စက်သူရဲ့ လမ်းစဉ်

၂။နံ ပါတ် ၂ ပုဂ္ဂိုလ်မျိုးဟာ အမြဲတမ်း အပြစ်သာ ပြောတာဖြစ်တယ်။
ကောင်းကွက်ကိုတွေ့ သော်မှ ချီးမွမ်းဖို့  ၀န်လေးသူဖြစ်တယ်။
မချီးမွမ်းတတ်။
အပြစ်လို့  သူ့ စိတ်ထဲမှာ ထင်တာနဲ့  သူတစ်ပါး
မခံသာအောင် ဆော်တတ်တယ်။
ကိုယ်ကိုယ်တိုင် ဒေါသဖြစ်ပြီး
သူတစ်ပါးကိုလည်း ဒေါသဖြစ်အောင် လုပ်တတ်တယ်။

အဲဒီ စိတ်ထားရှိသူကို စပ်ဆုပ်ထိုက်မျိုးပဲပါ။


အမှာစာ များသွားပြီ။ ရှေ့ သို့ ဆက်ဖတ်နိုင်ပါပြီ။





ဘုန်းဘုန်း..ဘု၇ား

၁။တပည့်တော်မလည်းေ၇းမယ်ဆိုပြီး ဘယ်လိုစေ၇း၇မှန်းမသိလို့ပါ။ တပည့်တော်မ ဘဲဆို၇မှာ ပေါ့နော် ။ဘုန်းဘုန်း ကိုဘာမှလဲမလှူ ဖူးသေးဘူးလေ။ ဒကာမ လို့ဆို၇င်မဖြစ်သေးဘူးပေါ့နော်။


၁။ ဒကာမရေ
အင်း... ဒကာမ လို့  ခေါ်လိုက်ပါရစေ။ ဒါယိကာ- ဆိုတဲ့ ပါဠိကနေ
ဆင်းသက်လာပြီး ဒါယိကာမ လို့ မြန်မာလို ဘာသာပြန်ကြတယ်။
နောက်များတော့ အလွယ်တကူ ပြောရင်း ဆိုရင်းကနေပြီး
ဒကာမ ဖြစ်သွား တယ်။


မှန်ပါတယ်။ ဒကာမ ဆိုတာ လှူဖူးမှ ဒကာမ ပါ။
ခု ဒကာမကိုလည်း ဒကာမလို့ ခေါ်ရလို့  ရပါတယ်။
ဒကာမ က လှူဖူးမှာပဲလေ။ ရဟန်းသံဃာတွေကိုပေါ့နော်။

ဒကာမ အနေနဲ့ သာ ဘုန်းဘုန်းကို ဘာမှ မလှူဖူးသေးလို့ 
ဒကာမ ဆိုရင် မဖြစ်ဖူးလို့  ထင်တာပါ။ ဒါယိကာ ဆိုတဲ့ ပါဠိ ကလာတဲ့
ဒကာမ ဆိုတာ လှူဖူးတဲ့သူလေ။ ဘယ့်သူကို လှူဖူးရမှာလို့ မပါဘူး။
ကိုယ်တွေ့ တဲ့ သံဃာလှူဖူးတာနဲ့ လည်း ဒကာမလို့  ခေါ်လို့ ရပါ့ဗျာ။

ပြီးတော့ လှူဖူးမှ ဒကာမ မဟုတ်ဘူးဗျ။ ဆိုပါစို့ ။ကိုယ့်ဘာသာဝင် မဟုတ်တဲ့ မြန်မာ အမျိုးသမီးတွေနဲ့ တွေ့ တဲ့အခါလည်း စကားပြောရင် ဘုန်းဘုန်းတို့ က ဒကာမလို့ ပဲ အသုံးပြုရမှာပဲ။

သူတို့ ဆိုရင် သံဃာတွေကို လှူဖူးသူရှိသလို လုံးဝ
မလှူဖူးသူတွေလည်း ရှိလိမ့်မယ်ပေါ့နော်။ ဒါကို စာအလို
ပြောရရင် မြန်မာပြည်အတွင်းက မြန်မာဒကာမ အများစုက
လှူဖူးတဲ့သူတွေ။ များရာ လိုက်ပြီး ဒကာမ လို့  သုံးတာမို့ 
အခြားဘာသာက အနည်းစု မြန်မာအမျိုသမီးများကိုလည်း
ဒကာမ လို့  ယေဘုယျနည်းအားဖြင့် သုံးတာပါ။

ဒါက ဒကာမ က ဆရာမ ဆိုတော့ ဒကာမ ဝေါဟာရကို စိစစ်လို့  ဘုန်းဘုန်းလည်း ဆန်းစစ် ပြတာ ပါနော်။



၂။သူများတွေ တ၇ားစခန်းဝင်ကြ ၊ တ၇ားထူးတွေ၇ကြတယ်လို့ကြား၇င်
တပည့်တော် စိတ်ဆင်း၇ဲ လိုက်တာ။
ငါ့မှာ အသက်တာကြီးလာတာ ။
ဘာမှလည်းအဖြစ်မရှိဘူးလို့ ခံစားနေ၇ပါတယ် ။



၂။မဟုတ်သေးဘူး ဒကာမရ။

စိတ်ချမ်းသာရမှာ။ စိတ်ဓာတ်တွေ လန်းလာရမှာ။
သူတို့ တောင် တရားထူး ရကြတယ် ဆိုပါ့လား။

ဟန်ကြ လိုက်ပါဘိနော်။ ဘယ်လိုများ အားထုတ်ကြပါလိမ့်။
ငါလည်း တစ်နေ့ တော့ သူတို့ လို့  ဖြစ် ကောင်း ပါရဲ့ ။
ဖြစ်အောင်လည်း ကြိုးစားရမှာပဲ။ဒီလိုကို ဖြစ်နေရမှာ။



ဘုရားရှင်တောင် အားထုတ်လို့  ဘုရားဖြစ်တာနော်။ သူတို့ လည်း ဘုရားပြောတဲ့ နည်းလမ်းသုံးပြီး တရားထူးရကြတာပေါ့။

အနှေးနဲ့  အမြန် ငါလည်း တစ်နေ့ နေ့  ဖြစ်လာမှာပဲလေ ဆိုပြီး စိတ်ထားလည်း ပြောင်းလိုက်ပါ။

စိတ်ဆင်းရဲ လို့  တရားထူးမရနိုင်။
စိတ်ချမ်းသာခြင်း၊ စိတ်လန်းခြင်းက တရားထူးရဖို့ 
အထောက်ပံ့ ဖြစ်ပါတယ်။ နီးသထက်နီးလာပါတယ်။


စိတ်ချမ်းသာအောင်တွေးပါ။ စိတ်ချမ်းသာအောင်နေပါ။
သုခရှိမှ သမာဓိ ရှိမယ်။ သမာဓိရှိမှ အမှန်အတိုင်းသိမယ်။
အမှန်ကို သိဖို့  သမာဓိ ဘယ်လိုရှိအောင် လုပ်မလဲ။
သမာဓိက ဘာကြောင့် ဖြစ်လာရသလဲ တွေးကြည့်ပေါ့။


၃။အဖွား ၂ ယောက်လုံး တ၇ားထိုင်ခဲ့တယ်(ပုတီးလုံးဝမစိပ်ဘူး)။
ကျိုင်းတုံကအဖွားဆို၇င် ကျိုင်းတုံ ကမ္မဋ္ဌာန်းကျောင်းကို
စတည်ထောင်တဲ့ လူအုပ်စုထဲ ကပါ။
တောင်ကြီးကအဖွားကတော့ စွန်းလွန်း ကမ္မဋ္ဌာန်းကျောင်း ယောဂီပါ။
ပြောခြင်တာကတပည့်တော် တ၇ားထိုင်တယ်ဆိုတာနဲ့
သိပ်အစိမ်းကြီး တော့မဟုတ်ခဲ့ပါဘူး ။


အဖွား ၂ယောက်အကြောင်းစဉ်းစားလိုက်၇င်
တပည့်တော်ကိုယ်ကို ကိုယ်တော့ ရှက်မိပါတယ်။


၃။အင်း...ဒကာမရေ

အဲ စဉ်းစားပါဦးလေ။ ဂုဏ်ယူဝံ့ကြွားနေရမှာပဲဟာ။ ရှက်စရာ ဆိုတာက မကောင်းမှု လုပ်တာ ၊ ပြော တာ ကြံတာကိုပဲ ရှက်ရမယ်လေ။ခုဟာက ရှက်စရာ မဟုတ်ဘူး။ ပြီးတော့ စိတ်ဆင်းရဲစရာလည်း မဟုတ်ဘူး။


ဥပမာ ပြောမယ်ဗျာ... သိသလောက်တော့ အဆိုတော်ရဲ့ သားသမီးက အဆိုတော်ဖြစ်အောင်ကြိုးစား တယ် ။ ဖြစ်တာများတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေရဲ့ သားသမီးတွေကလည်း ဒီလိုဘဲ။ ဒေါက်တာ ဆရာဝန် ၊ ဆရာ ဆရာမတွေရဲ့ သားသမီးတွေလည်း ဒီတိုင်းဖြစ်အောင် ကြိုးစားကြတာ ချည်းပါဘဲ။


ရှေ့က သွားထားတာရှိတာမို့ နောက်လိုက် သားသမီးတွေအတွက
အလိုလို အင်အား တစ်ခုဖြစ်စေ တယ် ပေါ့။ မိဘ အရှိန်ဝါနဲ့ကိုပဲ
အလိုလို တက်ကြွမှုဖြစ်တော့ ယုံကြည်မှုပြည့်ဝတာနဲ့  အောင်မြင်ကြ တာပါ။



စိတ်ဆိုတာ ကိုယ်ညွတ်တဲ့ဘက် ရောက်ပါတယ်။ ပူစရာကိုတွေးရင် အပူလာတယ်။ အအေးဘက်ကို တွေးရင် အအေးလာတယ်။

ဆင်းရဲ ချမ်းသာမှု ဘယ်ဘက်ကို တွေးမလဲ။
အတွေးမမှားပါစေနဲ့နော်။

အဲလိုပဲလေ... ဒကာမ အဖွားနှစ်ယောက်စလုံးက တရားသမားတွေဆိုတော့ အားတွေက အလိုလိုကို ပြည့်နေရမယ်။ ယုံကြည်မှုရှိရမယ်လေ။


၎။ အချိန်လည်း၇နေတာနဲ့တ၇ားထိုင်ကြည့်ပါတယ်။ ခုထိ တပည့်တော် စိတ်လိုက်ဖမ်းနေတာနဲ့ဘဲ ပြီးပြီးသွားပါတယ်။


၎။ စိတ်ဆိုတာ ကိုယ်လိုတဲ့ဘက် ဆွဲလို့  ရတဲ့ အရာပါ။ကျွမ်းကျင်တဲ့ လက်သမားဆရာက သစ်သားကို ဖြောင့်တာကိုကွေး၊ ကွေးတာကို ဖြောင့်၊ သူ့ စိတ်ကြိုက်ပဲ ကွေးလိုကကွေး၊ ဖြောင့်လိုက ဖြောင့်နိုင်ကြ တယ်။ ( ဓမ္မပဒ)

စိတ်ဆိုတဲ့ သဘာဝက တောင်ပြေး မြောက်ပြေး ပြေးတတ်တာဟာ စိတ် သဘာဝပဲလေ။ ဒါပေမယ့် ပြေးတဲ့ စိတ်ဟာ တစ်နေရာထဲမှာပဲ နေရာယူပါတယ်။ တစ်ချိန်ထဲမှာ နှစ်မျိုး မဖြစ်ပါဘူး။ ပုံပန်း သဏ္ဍန်လည်းမရှိတဲ့ စိတ်ဟာ ဖမ်းရခက်တယ် ဆိုတာတော့ မှန်တာပေါ့။ ( ဓမ္မပဒ)

ပုံပန်းသဏ္ဍန်ရှိရင်တော့ ဖမ်းရတာလွယ်မှာပေါ့။
ကြိုးချည်ထားလိုက်ရုံပဲလေ။ ခုတော့ စိတ်ကိုပဲ ဖမ်း နေတယ် ဆိုတဲ့
ဒကာမ သိဖို့ ရာက တရား အားထုတ်ရာမှာ စိတ်မလောနဲ့ လေ။


ဟိုတွေး ဒီတွေး အတွေးတွေမ၀င်စေနဲ့ ဗျာ။ သူ့ အလိုလို ၀င်လာပြီ ဆိုတောင်မှ ငါ ဘာတွေတွေး နေ တာလဲ သိအောင်လုပ်လေ။ သိပြီဆိုတာနဲ့  အတွေးရပ်သွားပါမယ်။

အတွေးကို ဖမ်းချည်ထားဖို့ ကတော့ အာနာပါနကို စ ပြိး အားထုတ်ရမှာပါပဲ။အာနပါနက အတွေးများ တဲ့သူအတွက် အသင့်တော်ဆုံး ကမ္မဋ္ဌာန်းပါပဲ။ ( အဘိဓမ္မာ)


တရားထူးဆိုတာ ဘာလဲလို့ လည်း တွေးမနေနဲ့ ။တရားထူး ရကို ရရမယ်ဆိုပြီးလည်း အတင်း လော မကြီးနဲ့ ။ မရသေးလို့  စိတ်အနှောင့်ယှက်မျိုးလည်း မဖြစ်စေနဲ့ ။ အဲဒါတွေက တရားထိုင်ရာမှာ တကယ့် အနှောက်ယှက်တွေပေါ့။


၅။တ၇ားထိုင်တာ တ၇ားထူးတွေ၇ကြတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုခံစားနေကြ၇ပါသလဲ..


၅။အဲဒါကတော့ တရားထူးရကြတဲ့ သူတွေကို မေးမှ သေချာမယ်လေ။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို ခံစား ရတယ် ဆိုတာ သူတို့ မှဘဲ သိမှာပေါ့။


ဘုန်းဘုန်း ရေးထားတဲ့ ဆောင်းပါးတွေကိုလည်း
လှန်လှောကြည့်လိုက်အုံးလေ။


ဘယ်လို ပုံစံမျိုးဆိုတာက ပါဠိတော် အရ ပြောရရင်တော့
မြတ်စွာဘုရားရှင်ရဲ့  ဘုရားဖြစ်ကာစ ၊
အရှင်သာရိပုတ္တရာ ၊
အရှင်မဟာမောဂ္ဂလ္လာန်တို့  တရားထူးရခါကစ စိတ်တွေက
ကြည်လင်တော့ ရုပ်တွေက ကြည်လင်လို့ ။
အရေအဆင်းကလည်း သပ္ပါယ်လို့ ။
အသွားအလာကစ ကျက်သရေရှိလို့ ။

( ၀ိနယ မဟာဝဂ္ဂပါဠိ)။


ဘယ်လိုခံစားနေကြပါသလဲ ဆိုတာတော့- အမြင်ရှင်းရှင်းပဲ ခံစားပါတယ်။ကြည့်လိုက်တဲ့ အရာတိုင်း မရှုပ်တော့ဘူးပေါ့။

ဥပမာ- ကိုယ့်အခန်းကျဉ်းထဲ အမှိုက်တွေ ဗလဗွ ဖြစ်နေရင်တောင် စိတ်က ရှုပ်တယ်လေ။ အမှိုက်ရှင်း တာနဲ့  စိတ်လည်း နဲနဲလေး ရှင်းသွားတယ်။

တရားထူးရကြသူတွေလည်း လောကလူသားတွေအပေါ်
ကိလေသာဆိုတဲ့ အမှိုက်တွေနဲ့ မရှုပ်တော့ ဘူးပေါ့။


၆။ဘယ်လိုအချိန်မျိုးမှာတ၇ားထူး၇နေ ပြီလို့ခေါ်ပါသလဲ..

၆။အဲဒါတော့ အဆင့်အမျိုးမျိုး ရှိပါတယ်။ သူ့ အတိုင်းနဲ့  သူ့ အထွာပါပဲ။ တရားထူး စရချိန်ကတော့ သောတာပတ္တိမဂ်က စပါတယ်။မဂ်ဆိုတာ လျှတ်တစ်ပြတ်ခဏတာလေးမို့  သောတာပတ္တိမဂ် ရတယ် ဆိုတာနဲ့  သောတာပတ္တိဖိုလ်ကို တစ်ခါထဲ ကူးသွားပါတယ်။ သောတာပန်ဆိုတာ သောတာပတ္တိဖိုလ် ရပြီးသူကိုပဲ ပြောရပါမယ်။


သူ့ ရဲ့  အမြင်ဟာ ဖြစ်ဖြစ်သမျှ အရာ အားလုံးဟာ၊ ချုပ်ဆုံးခြင်း ပျက်သုဉ်းခြင်း သဘောရှိတယ် ရှုမြင် သုံးသပ်ပါတယ်။ ( ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ )။

မှားယွင်းတဲ့ အယူအဆ ဒိဋ္ဌိနဲ့  ရတနာ့သုံးအပေါ် သို့ လောသို့ လော တွေးတောမှု မယုံကြည်မှု ၀ိစိကိစ္ဆာ ကို လုံးဝ ဖြတ်တောက် သွားပြီ အချိန်လို့ ပဲပြောရပါလိမ့်မယ်။


၇။တပည့်တော်တ၇ားထူး၇ ခြင်လို့မေးတာဟုတ်ပါဘူး.။

၇။ သွားပါပီဗျာ။ ဒီကတော့ အားရပါးရ စဉ်းစားပြီး ဖြေလိုက်ရတာ။
လက်ကလေးတွေ ဟောဟဲ ၊ ဟောဟဲ။
အသိဥာဏ်လေးတွေ မောစဲ ။ မောစဲ။
အိုးမိုင် ဗုဒ္ဓ!!!


၈။အခြေခံတောင် တပည့်တော် မ၇နိုင်တာ။
တ၇ားထူးတို့ နိဗ္ဗာန်တို့ဆိုတာ ဝေလာဝေးပေါ့နော်။


၈။ အဲလိုချည်း မတွေးနဲ့ လေ။ ကြားနေကြစကားလေး ပြန်စဉ်းစား ၊
ကိုယ့်ဘာသာကို အားပေးပါ-
လူတိုင်း မဖြစ်သေးတာပဲ ရှိတယ်။
မဖြစ်နိုင်တာ မရှိဘူး။ လူပဲကွ။ (လူပဲရှင့်)။ ဘာလို့ မဖြစ်ရမှာလဲ။


ထက်သန်တဲ့ ဇွဲလုံ့ လ ရှိစမ်းပါ။ ဘာမှတောင် ထူးပြီး မလုပ်ရသေးဘူး။ဝေလာဝေး တွက်ထား တာ တော့ မှားပြီပေါ့။

ကြားဘူးတဲ့အတိုင်းပဲလေ ၊ ထင်းခုတ်သမားက သမ္မတ ဖြစ်တယ်တဲ့။

ဆန္ဒ၀တော ... ၀ီရိယ၀တော...
စိတ္တ၀တော... ၀ီမံသ၀တော
ကိံနာမ ကမ္မံ န သိဇ္ဈတိ-

ရလိုခြင်တဲ့ ဆန္ဒ ၊ ကြိုးစားမယ်ဆိုတဲ့ လုံ့ လ၀ီရိယ ၊
ခိုင်မာတဲ့ စိတ်ဓာတ်၊
လိမ်မာပါးနပ်တဲ့ အသိပညာ ရှိသူမှာ
ဘယ်ကိစ္စမျိုး မဆို ဖြစ်နိုင်တယ်။



ဒီလောက်ဆိုရင် ရလောက်ပြီနော်။ မေးတာက မေးခွန်း နှစ်ချက်ရယ်။

ဒကာမ သိထားတဲ့ ဒကာမ ဆိုတဲ့ အသုံးနှုန်း နဲ့  ဘုန်းဘုန်း နားလည်တဲ့ ဒကာမ အသုံးနှုန်းတွေလည်း သိစေချင်တယ်။ပြီးတော့ ဒကာမရဲ့  ဖြစ်နေတဲ့ စိတ်တွေကိုလည်း ဒီလိုလေးဆိုရင် ကောင်းလေ မလား ဆိုပြီး ပြော ပြချင်တဲ့ စိတ်ကြောင့် စာကို ရှည်ရှည်ပြန်လိုက်ပါတယ်။


၉။ရိုသေစွာဦးတင်ပါတယ်ဘုရား

တပည့်တော်မ


၉။ ကျန်းမာချမ်းသာပြီး
လိုရာ ဆန္ဒပြည့်ဝပါစေ...

မေတ္တာဖြင့်
ဘုန်းဘုန်း




စာကြွင်း။
ကဲ ဆရာမ ဆိုတာ အီးမေးလ် ထဲမှာ တွေ့ ရတယ်။
ဆရာမ ပေါ့နော်။ ဆရာမ ဒကာမ ရေ ဒါပဲနော်...
သိလိုရာရာ အရေးကြီးတာမျိုး မေးလိုက မေးနိုင်ပါတယ်ဗျာ။
အားရင် အားသလို ဖြေတာပေါ့။

ဘုန်းဘုန်း


မှတ်ချက်ဆုတောင်း။ ။ ဤဆောင်းပါးရေးရသည့် ကုသိုလ်ဖြင့် ဘ၀မှာ
အဃာတ ထားတတ်သူ၊ အပြစ်မြင်တတ်သူ ယုတ်မာသူများနှုင့်
ဝေးရလိုပါ၏။


ကောင်းရာ ကောင်းကြောင်း ညွှန်ပြ ပြောဆို ဆုံးမသူတတ်သူ
သူတော်များနှင့်သာ နိဗ္ဗာန် ရောက်သည့် ဘ၀တိုင်အောင်
တွေ့ ရဆုံရပါလို၏။


ဣမိနာ ပုညကမ္မေန ၊ မာ မေ ဗာလသမာဂမော။
သတံ သမာဂမော ဟောတု၊ ယာဝ နိဗ္ဗာနပတ္တိယာ။

နေ့ စဉ် ပြုပြုသမျှ ကုသိုလ်ကိုကား
ယုတ်မာသူ နှင့် သူတော်များဟု မခွဲခြားပဲ
တန်းတူ ညီမျှ ရကြပါစေသား။

သာဓု ခေါ်နိုင်ကြစေသောဝ်
အမျှ ...အမျှ ...အမျှ ...



မြတ်ရောင်နီ
( ၂၃ ၊ ၀၇ ၊ ၂၀၁၀ )




.

Wednesday, July 21, 2010

မှန်ပါပေသည်


မှန်ပါပေသည်


( စာ အသွား အလာ ဆောင်းပါးမှ
အကို နှင့် ညီမလေး ပြောဆိုသုံးစွဲမှု စပ်လျဉ်း၍

သာသနာ့ ဒကာကြီး တစ်ဦး အကြံပေး လျှောက်ထားလေသောကြောင့်
မှန်ပါပေသည် ဆောင်းပါးဖြစ်လာရပါသည်။ )



တကယ်တမ်းကတော့ ယောကျာ်းလေးဖြစ်ဖြစ် မိန်းခလေးဖြစ်ဖြစ် ကိုရင် ၊ ဥူးဇင်း ၊ ဘုန်းဘုန်း ကို ကိုရင် ဥူးဇင်း ဘုန်းဘုန်းလို့ ခေါ်ပြီး တပည့်တော်လို့ ပြောကို ပြောရမည်။ ပြောမှလည်း သင့်ချေမည်။

အဲသလို မဟုတ်ပါလေက နားစိမ်းသူတို့ နှင့် သာသနာကို လေးစားသူတို့ အဖို့  တစ်မျိုးချည်းသာ။ ကြားရတာလည်း မနှစ်မျို့ စရာ ။ မောင်နှမ အရင်းပင် ဖြစ်ပင် ဖြစ်စေ မခေါ်ထိုက်သည်သာ။

ဟိုး ..ကလေးငယ်ငယ် ကိုရင်ဝတ်ခါက ရွာက ဆရာတော်ဆိုရင် ကိုရင်ကိုသော်မှ ကိုရင်ဘွဲ့ တပ်ခေါ်မှ သဘောကျသည်။ ခေါ်ကြရသည်။ ကိုရင်မောင်ထင် ဆိုလျင် ဒဏ်ပေးသည်။ အမျိုးမျိုးဟုတ်ဟုတ် မဟုတ်ဟုတ် နာမည်ကို မခေါ်ရပါ။

ခုခေတ် ရောက်လာပြန်တော့ အကိုဖြစ်သူကို ကိုရင် ၊ ဥူးဇင်းကိုလည်း လူများရှေ့ မှာသာ ကိုရင် ၊ ဥူးဇင်း လို့  ခေါ်ကြသည်။ သာမန် အနေထားကတော့ အကို ဖြစ်က အကိုလို့ ခေါ်ချင်ကြသည်။ ခေါ်ကြသည်။ မောင်ဖြစ်က မောင်လေး လို့ ခေါ်ကြပြန်သည်။

တူဖြစ်ကတူဥူးဇင်း၊ သားဖြစ်က သားဥူဇင်းလို့ 
ရှေ့ က တူ ၊ သားဆိုတာလေးတပ်လိုက်သေးသည်။



စိတ်ပျက်တယ်ဗျာ။ ဒါ ဘုန်းကြီးကို ရေးရမယ့် ညုလုံးတွေလား။

22 Jul 10,

ခုတော့ ဒကာကြီးက ဘုန်းကြီးကို ညုလုံးတွေလား ဆိုတာ ဒကာမလေး အပေါ် သံသယဖြစ်သွား သည်။ တကယ်တော့ ညုတယ်ဆိုတဲ့ စကားက တော့ သမီးရည်းစား အဆင့်ထိ ဖြစ်သွားသည်။

ညုတယ်ဆိုတာထက် အမျိုးသမီးတို့ ရဲ့  သဘာဝလို့ ပဲ ထင်သည်။ မထိတထိ ပြောချင်သည်။ မခံချင်အောင် စတတ်တဲ့ သဘာဝတွေပဲ ။ ကိုယ်ကတော့ ဒီလောက်သာ သဘောပိုက်မိသည်။

စာအားလုံးကို ခြုံကြည့်မည် ဆိုပါကလည်း

သူ့ ရဲ့ ဦးတည်ချက်က ကောင်းတာတွေကိုပဲ
ပြောထားတာတွေ့ ရသည်။

သူ့ ကိုချစ်အောင်ဆိုပြန်ရင်လည်း မောင်နှမတွေမို့  မဖြစ်နိုင်တန်ရာ။ တကယ့်ချစ်အောင် ပြောတဲ့ စကား များ ဆိုပါကလည်း တိုးတိုးတိတ်တိတ်နေမည်သာ။ ပြောမည်သာ။ ဘယ်လိုနည်းနဲ့ မှ တွေးလို့ မရပါ။ ဘလော့မှာ တင်လို့  ဖြစ်တဲ့ ကိစ္စမျိုးလည်း မဟုတ်ရာ။

မြန်မာဘုန်းကြိးတစ်ပါး အနေနဲ့  ကြည့်ပါကလည်း ညီမလေး လို့  ချွဲပစ် နဲပစ် သဘောမျိုး မခေါ် သင့်ပါ။ ကိုယ့်ညီမအရင်း ဖြစ်စေကာမူ ဒကာမလေးလို့  ခေါ်ရမည်သာ။ အမေကိုသော်မှ ဒကာမကြီး လို့ ခေါ်ရမည်သာ။

သို့ သော် ပုံမှန် အနေထားနဲ့  ခေါ်ပြန်ကလည်း
အပြစ်လို့  ကိုယ့်ကိုယ် မယူဆမိပြန်ဘူး။


ဘုရားရှင်လက်ထက်က နှမ အရွယ် အမအရွယ်ကို ဘဂိနိ ဆိုတဲ့ ပါဠိကို အသုံးပြုထားတာ တွေ့ ပြန်သည်။ ဘာသာပြန်ပါက ညီမလေး အမကြီးလို့ ပဲ ဆိုပါသည်။ တစ်ခါတစ်ခါ ဘာသာပြန် ဆရာ တွေက ချစ်နှမလို့  ချစ်ပါထည့်ပြန်လိုက်သေးသည်။

ဒါ့ထက်ပြောရရင်တော့ ဘိက္ခဝေ ကိုလည်း ချစ်သား ချစ်သားသမီးတို့  လို့  မြန်မာနိုင်ငံမှာ ရှေးရှေးကာလကတည်းက ဘာသာပြန်ကာ တရား ဟောကြလေသည်။ ယခုထက်ထိပင် ချစ်သား ချစ်သမီးတို့ လုပ်ဆဲ ဟောဆဲပင်။

ဘုရားရှင် က အချစ်တွေ ပယ်ပြီးပြီ မဟုတ်ပါလော။ အဘယ့်ကြောင့် ချစ်သားရဟန်းတို့  ဘာသာပြန် ကြပါ သလဲ။ လောကီ အသုံးနှုန်းလို့  သာ ထင်မိသည်။

ဒကာမကြီး ဒကာမလေး မြန်မာအသုံးနှုန်းလည်း ဘုရားလက်ထက်တော်မှာ မရှိပါ။ မြန်မာပြည် ရောက် မှသာ ရှိပါသည်။အေးပေါ့လေ။ မြန်မာရဟန်း မြန်မာဘလော့ဆိုတော့ ဆင်ခြင်ရမည်။

ဘုရားရှင် ဘုရားဖြစ်ပြီးလို့ သော်မှ တစ်ရံတစ်ခါမှာ တာတ - အဖေ၊ ဖခမည်းတော်လို့  ဂေဟဿိတ ပေမ နှင့်ဆိုလျင် သုံးတော်မူပြန်သည်။ သမဏတေဇေန - ဘုရား ရဟန်း ပါဝါ ကို ပြန်ကြည့်ပြီး သုံးတဲ့ အခါမှာတော့ ဂဟပတိ - ဒါယကာကြီး ဖြစ်သွားပြန်ပါရော။

တစ်ခါတစ်လေ စကားလုံးက မြန်မာပြည်မှာသာ မသင့်တော်ပေမယ့် အခြားနိုင်ငံနဲ့ ကြည့်ရင် သင့် မသင့် ခွဲခြားမရ ဖြစ်သွားည်။

ဥပမာ နိုင်ငံခြားမှာဆိုရင်တော့ You ဟာ အရှင်ဘုရား နင် မင်း ခင်ဗျား ဘာရယ်လို့  သတ်မှတ်ထား တာ မရှိပြန်ဘူး။ You ဟာ You ပါဘဲ။

You ကို မင်းလို့  ဘာသာပြန်ပြီး ဘုန်းကြီးနဲ့  ပြောရင် အမြဲတမ်း အပြစ်ရှိတယ်။ ရိုင်းတယ် ထင်ဖွယ်ရှိ ၏။ ခေတ်ကာလ အရပင် ပြောပါက အပြစ်သည်လွတ်တော့သည်သာဖြစ်၏။

မြန်မာနိုင်ငံမှာ ဆွမ်းလို့  ပြောမှ ဘုန်းကြီးမှာ အပ်စပ်တယ်။ ထမင်းလို့  ပြောရင် ဘုန်းကြီး မဘုဉ်းပေး မသုံးဆောင်အပ်-တဲ့။ အင်္ဂလိပ်လို rice က ထမင်းရော ၊ ဆွမ်းပါ ဒီတစ်လုံးထဲ အတူတူပင် ဖြစ်၏။

ုယခုကဲသို့ အကို နှင့် ညီမလေး ရေးတဲ့ စာ အသွားအလာ မှာတော့ ကောင်းရာကို ဦးတည်ကာ ရေးခြင်း ဖြစ်ပါသည်။

အပြောဆိုနဲ့ ပါတ်သတ်လို့  ဖြစ်သင့်တာ မဖြစ်သင့်တာကိုလည်း နားလည် သိထားသည့်အတိုင်း ပြန်လည်ရေးသားလိုက်ပါသည်။

သာသနာ့ဒကာကြီး- ဆောရီး ငါ့နှမ။ ဒါပေမယ့် မသင့်တော်ဘူး မြင်လို့

ဒကာကြီး အနေနဲ့  ညီမလေးလို့  ရေးသူကို အပြစ်သက်သက် ပြောလို လို့  မဟုတ်ကြောင်းကလည်း ထင်ရှား ပါတယ်။ ဒါကြောင့်လည်း ဆော်ရီး ဆိုတဲ့ စကား ပြန်ပြောတာပေါ့။

လူကြီးလူကောင်းတစ်ယောက်အနေနဲ့  မုန်းတာ မမုန်းတာ အသာထား။ အမှန်တရားကို ပြောသင့်ရင် ပြောတယ် ဆိုသည့် အချက်ကလည်း ဂုဏ်ယူထိုက်ပါပေသည်။


ဒကာမလေးက ဘုန်းကြီးကို ရေးရမည့် ညုလုံးတွေလား ဟု ဆိုသဖြင့် ဒကာမကို ရေးရမည့် ညုလုံး တွေလား လို့  လည်း စာအလို အတ္ထာပန္နနည်း အားဖြင့် အဓိပ္ပါယ် သက်ရောက် လေသော ကြောင့် ---

မှန်ပါပေသည်။



မှတ်ချက်။ ။ သာသနာကို လေးစားသော ဒကာကြီး လျှောက်ထားပြောကြားသောကြောင့် ဖြေရှင်း ချက် ပြန်လည် ရေးသားခြင်းပါ။ စကားလုံးလေး တစ်လုံးက စာတစ်ပုဒ်လုံးကို မှားသွားပါ တော့သည်။

အရေးမတော် တစ်လုံး ဆိုရချေမည်။ ထို့် ကြောင့် စာဖတ်သူ အားလုံး ညီမလေး နေရာအစား ဒကာမလေး ဟုလည်းကောင်း၊ အကို နေရာအစား ဘုန်းဘုန်းဟုလည်းကောင်း ခွင့်လွတ်ကာ ဖြည့်စွက်နားလည် နိုင်သမျှ နားလည်ပေးကြလေကုန်။


ကိုယ့် ကောင်းရာ ညွန်ပြသူဟာ ရွှေအိုးပေးသူ တဲ့-


သာသနာ့ဒကာကြီး ညွှန်ကြား လျှောက်ထားသည့် အချက်ကို
ဘုန်းကြီးရော ၊ ဒကာ ဒကာမတွေပါ
အမှန်တကယ် လိုက်နာ ကျင့်သုံးသင့်ပါကြောင်း...



မြတ်ရောင်နီ

( ၂၂ ၊ ၀၇ ၊ ၂၀၁၀ )



Tuesday, July 20, 2010

စာ အသွား ၊ အလာ


စာ အသွား ၊ အလာ


ဥူးပဉ္ဇင်း ဘုရား

စာတွေကူးနေရတာနဲ့ စာရေးမယ်လို့ တွေးထားတာတွေတောင် မရေးဖြစ်သေးဘူး။ အရင် အကြောင်းအရာကို မရေးဖြစ်သေးပဲနဲ့ အခု နောက်တစ်မျိုးရေးချင်တာက ပေါ်လာပြန်ပီ ။ ရုပ်ရှင်မင်းသမီးကြီး မအ၀ှါရဲ့သား၊ မောင်ပေါလူ ဆိုတဲ့သူ ဟောပြောထားတဲ့ တိတ်ခွေကို ကြည့်လိုက်ရလို့ ပြောချင်တာ ပြန်ဖြေရှင်းချင်တာတွေပါ။ သူက ဆရာတဲ့လေ၊ မင်းသမီးကြီးက လည်း အသက်ကြီးမှပဲ ဘာသာပြောင်းသွားတယ်လေ၊ ငရဲကို ဇောက်ထိုးဆင်းပြန်ပေါ့။

သူပြောတဲ့ အထဲမှာ ညီမလေးတို့ဘာသာဝင်တွေ ပြုပြင်သင့်တဲ့ အားနည်းချက်တွေလည်း ပါပါ တယ်။ သူများဘာသာကို အပြစ်တင်ပြောဆိုချင်တဲ့စိတ်နဲ့ သူလေ့လာထားတာတွေကတော့ တကယ့် ကို တရားဟောဓမ္မကထိကတစ်ယောက်လိုကို ပြောနိုင်တဲ့ အထိပါပဲ ။

တကယ့်ကိုတော်ပါတယ်။ အဲဒီလောက်ထိ ရှင်းပြနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး ။ နှမျောဖို့ ကောင်း တာ က နောက်ဆုံးမှာ သူလိုချင်တဲ့ ဘက်ကို အတင်းဆွဲချသွားတာပဲ ။ လေ့လာတဲ့အသိ စာသိလေးနဲ့ တင် ညီမလေးတို့ ဘာသာကို ဝေဖန်ထားတာ ရင်နာဖို့ကောင်းပါတယ် ။

ညီမလေးတို့ဘုရားက သူကိုယ်တိုင်လွတ်မြောက်အောင် ကြိုးစားပြီး လွတ်မြောက်သွားပေမယ့် ကျန်တဲ့ သူတွေကို နည်းပဲပေးနိုင်တာ မကယ်တင်နိုင်ဘူးတဲ့ သူတို့ဘုရားက မှ ကယ်တင်နိုင် တယ်တဲ့ လေ ။ ကောင်းကင်ဘုံကို ခေါ်ဆောင်သွားသတဲ့။

ပြောပြရရင်တော့ အရှည်ကြီးပဲ ။ နောက်မှ ညီမလေး တစ်ချက်ခြင်း ပြန်ရှင်းမယ့်စာကို ရေးပြီးမှ အကို့ကို ပို့ပေးတော့မယ် ။ ညီမလေး နားမလည်တာ မသိတာရှိလည်း အကို့ကို မေးမှာပါ။ အင်တာ နက်မှာ ပြန်တင်မယ် မကျေနပ်ဘူးသိလား ။

ကိုယ့်ဘာသာကိုစည်းရုံးဖို့အတွက် သူများဘာသာကို အပြစ်ရှာ ရှုပ်ချပြီး ပုတ်ခတ်စော်ကား တာ မျိုးကတော့ လက်မခံနိုင်ပါဘူး။ အကို့ကို အသေးစိတ်ပြောချင်ပေမယ့် ပြောရမှာ အရှည်ကြီးပဲ ။ အဲဒါ့ကြောင့်ပါ ။

ညီမလေး လည်း အခုရက်အေးအေးဆေးဆေးပြောချိန်ကို မရလို့ပါ ။ နေ့လည်ဖက်ကျတော့လည်း မီးကမလာတော့ စာရိုက်လို့ကမရဆိုတော့ ညလေးပဲရေးရတာ ညကျတော့လည်း အလုပ်လက်ခံ ထားတာတွေ အားမှ ရေးရတာဆိုတော့ အချိန်မရပြန်ဘူး။
( လူ စင်စစ်ကနေ ခိုသံများ ပေါက်သွား သလိုပဲ)

မနေ့က သီလယူတယ် ။ အဲဒါကြောင့် အွန်လိုင်းမတက်ဖြစ်တာပါ။ ၀ါတွင်းကိုလည်း ဥပုသ်နေ့တိုင်း သီလဆောက်တည်မှာပါ ။ အဲဒီနေ့ တစ်နေ့တော့ မထိုင်တော့ဘူးနော် ။

သီချင်းညည်းနေကျဆို တော့လေ မေ့လျော့ပီးဆိုမိမှာစိုးလို့ ဥပုသ်နေ့မတိုင်ခင်ကတည်းက
အရဟံ= ကိလေသာ ကင်းစင် တော်မူသောမြတ်စွာဘုရား ၊
အရဟံ = မကောင်းမူကို ဆိတ်ကွယ်ရာအရပ်၌ပင်
ပြုတော်မမူသော မြတ်စွာဘုရား၊

အရဟံ = ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား ။ ဆိုပီး
အရဟံဂုဏ်တော်ကို စိတ်ထဲ ကနေ မပြတ်တမ်း ပွားများနေရတယ် ။

နို့မို့ဆိုရင် သေချာတယ် သီချင်းတော့ အနည်းဆုံးညည်းမိမှာလေ အဲဒီနေ့က အာဇာနည်နေ့လေ ။

အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါပေ ။
သြော် .... ယနေ့ဖြင့်မြန်မာတွေ ဆိုပီး ။

တစ်ပါတ် လောက်
ကတည်း က ဆိုနေမိတော့ ဆိုမိမှာစိုးလို့ အဲလိုရွတ်ဖတ်နေရတာ ။ အဟဲ ။

ဘုရားဂုဏ်တော်ကိုလည်း ကြည်ညိုရာရောက် နစ္စဂီတ လည်း ဆောက်တည်ရာရောက်ပေါ့ ဟုတ်ဘူး လား။

(ကာတွန်းစာအုပ်ထဲက သူဌေးကြီးဦးပြောင်ရှင်း
လိုရင်းပြောရရင် - ပြောင်ရှင်း.. မင်း ပိုင်သကွာ ပေါ့)

အကိုရေးမယ့် ဟိုဆောင်းပါးမျှော်နေတာ ဖတ်ချင်လှပေါ့။ ငိုတဲံ့ဆောင်းပါးလေ။ မရေးသေးဘူးလား။ ပရိတ်သတ်ကမျှော်လှပေါ့ ။ ဂယ်ပါပဲ ။ စာရေးဆရာကလည်း အောင်မြင်မယ် မကြံသေးဘူး ၊ အိုက် တင် ခံနေတယ်။

ကဲပါလေ။ အကို့ကို ညီမလေရှည်နေပြန်ပီ ။ အလုပ်တွေကရှိသေးလို့နော်။
ကျန်းမာပါစေ
ညီမလေး

Sent at 5:36 PM on Wednesday
plaplapla@googlemail.com: နောက်ဆုံးထွက်သက် တစ်စက္ကန့်ထိ
ငါ၏လူမျိုးတိုင်းပြည်ကျိုးကို သည်ပိုးထမ်းရွက်
လက်နှစ်ဖက်ဖြင့် ပေးဆက်တာဝန် ကျေပွန်စေအံ့.....။

ညီမလေး ရေ
အေးဟဲ့။ ဘာသာရေးနဲ့ ဖြေရှင်းရာမှာ ညီမလေး တာဝန်မယူသင့်သေး။ စာရေးဆရာ ဘုန်းဘုန်းကို လျှောက်လေ။ ညီမ ထင်မြင်ချက်တွေကို။ ဒါကတော့ ခုမှ မဟုတ်ပါဘူး။ဘုရားလက်ထက်ကတည်းက ဘာသာရေး တိုက်ခိုက်မှုတွေရှိနေတာပါ။


အဲဒါတွေ ပြောပြရင်တော့ နားထောင်သေးတာပေါ့။ ညီမလေး ဒါတွေကို ညီမလေးက အထောက် ထား နဲ့ ပြောပြနိုင်မှနော်။ ညီမရဲ့ အလုပ်တွေက မအားတဲ့ ကြားထဲ ဘယ့်သူကို ညီမလေးက ပြော မှာလဲ။ စာအုပ်ထုတ်မှာလား။ ညီမပြောချင်ရာကိုတော့ အကို့ ကို ပြောပြလေ။ အင်တာနက် မှာ ငါကွ ...ဆိုပြီး သွားမလုပ်နဲ့ ။

ဘာသာရေး ပြဿနာက တစ်ခါတစ်ခါ ဘာသာရေး အဓိကရုဏ်းပါဆိုပြီး ထောင်ထဲ ဆွဲသွင်းတာ ရှိတယ်ဗျ။ ကြည့်ပြီး လုပ်အုံး။
ဟိုဘက်ကပြောတာက ငွေအားကောင်း၊
လူကြီး အင်အားကောင်းရင် ကိုယ့်ဘက်နာပြန်ရော။

အင်တာနက်မှာ ဆို ဒါ့ထက် ဆိုးရွား တာတွေတောင် တွေ့ နေသေးတယ်။ ဖတ်ရသေးတယ်။
တစ်ချို့ ကိစ္စတွေ ညီမလေး နားမလည်နိုင်သေးဘူး လို့ ထင်တယ်။ လျှို့ ဝှက်ချက်တွေ ၊ ပရိယာယ် တွေက လောကမှာ သိပ်များတာ။

ကိုယ့်စိတ်ထဲထင်ရာကို စွတ်ပြီး လုပ်ရင် မှားတတ်တယ်။
မကျေနပ်ရုံနဲ့  ဘာမှ မလုပ်လေနဲ့ ။
မကျေနပ်တာ ဗုဒ္ဓလမ်းစဉ်မကျဘူး။
ကိုယ့်ဘာသာတရားရဲ့ အမှန်ကို ပြောပြရုံပဲရှိတာ။

ဗုဒ္ဓဘာသာဟာ အချင်းချင်း ဆော်နေဖို့ မဟုတ်ဘူး။

ကိုယ့်ဘာသာ အပေါ်အစစ်ဆေးခံနိုင်အောင် ပြောပြနိုင်ရမယ်။
အခြားဘာသာတွေက လက်ခံနိုင်အောင် ပြောစွမ်းနိုင်ရမယ်။
ဘာသာရေး စိတ်ပြင်းထန်ရင် တိုက်စစ် ကော ခံစစ်ပါ ကစားရမယ်။

ခုဟာက ဘာမှ ကို မဟုတ်ဘူးလို့  ထင်ရဲ့  ။ ညီမပြောမယ့် စာမကြည့်ရသေးပေမယ့် ဒါတွေက ဒီလိုဘဲ လာမှာ ကြိုတွက်မိတယ်။

တစ်ချို့ ဘာသာတွေမှာ
ကိုယ့်ဘာသာကောင်းကြောင်း ၊ သူ့ ဘာသာ မကောင်းကြောင်း။

စာအလို အတ္တုံက္ကံသန ၊ ပရ၀မ္ဘန လို့ ခေါ်တယ်။
ဒါက ဘာသာရေးနဲ့ ပါတ်သတ်လို့ ပေါ့လေ။

အင်း... သီချင်းဝါသနာပါပုံလည်းတူသား။ အကို့တောင် မနဲ ထိန်းနေတာမို့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စတဲ့ သရဏဂုမ် ပါဠိတွေကို သီချင်းလေသံမျိုးလေးနဲ့  ရွတ်တယ်။ ဆိုတယ်။ အဟဲ။

သီချင်းဆိုတာထက်စာရင် တော်သေးတာပေါ့လေ။ ဟုတ်တယ်ဟုတ်။
သီချင်းဆိုချင်သလိုလိုဖြစ်လာရင် လမ်းလွဲပေးတာပါ။

ညီမလေးပြောတဲ့ ဆောင်းပါးက ရေးဖို့ ရာ စိတ်ဝင်စားသူမှာ ညီမလေး နဲ့ နောက်တစ်ယောက်ပဲ ရှိတယ်ထင်ပါ့။ ကိုမန့် ပေးတဲ့ ဘဂိနိ တစ်ယောက်ရှိတယ်လေ။ စိတ်ပါရေးမှာပေါ့နော်။ထပ်ငို မိမစိုး
လို့ လေ ။


အဆင်ပြေပါစေနော်
အကို ဥူးဇင်း

ကျေးဇူးပြုပြီး စာ အသွား အလာကြည့်လိုက်ပါ။

သူလည်း သူ့ ခံစားချက်တွေ ပေါက်ကွဲ ထွက်လို့  နဂိုရ်က သူပြောချင်တဲ့ စကားကိုတောင် မပြောနိုင် ရှာ။ နေ့ ခင်း မီးမလာတာလည်း ထည့်ကြွားသေး။ သူ့ ရဲ့  ၀ါသနာကို ဂုဏ်တော်ပွါးပြီး ၀ါသနာကို လည်း ခဏရပ်တန့် ထားနိုင်တာလည်း မလွယ်တဲ့ကိစ္စ။ ငိုတဲ့ ဆောင်းပါး ကို ဖတ်ချင်လို့  မရေးသေး ဘူး လားဆိုတာလည်း အံ့သြပ။ သူလေရှည်ကြောင်း ကိုယ်က မပြောပါ။
သူ့ ရဲ့  status မက်ဆေ့ ရေးထားပုံကိုလည်း ကြည့်လိုက်အုံး။ အိုး ဟိုး ဟိုး...။

ကိုယ့်က သူ့ ထံ ပြန်တဲ့ စာကိုတော့
စာဖတ်သူတို့ ပဲ ဝေဘန်ကြည့်လိုက်ပါတော့...။

မှတ်ချက်။ ။ ခုတလော ပါဠိသင်တန်း အတွက် ပြင်ဆင်နေတာနဲ့ ပဲ
စာရေးမယ်
မှန်းထားသော်လည်းမရေးဖြစ်ခဲ့။
တစ်ခါတစ်ခါ အွန်လိုင်းမှာ ညီငယ် ညီမငယ်များ၊

ဒကာကြီး ဒကာမကြီးတွေကို ပြန်လည် ဖြေကြားတာ။
ချက်တင်းလုပ်တာကိုပဲ ဆောင်းပါး အဖြစ်တင်ပေးလိုက်ပါတယ်။

တင်ပေး ခြင်း ရည်ရွယ်ချက်ကတော့ အများဖတ်ရအောင်လို့ ပါပဲလေ။


မြတ်ရောင်နီ
( ၂၁ ၊ ၀၇ ၊ ၂၀၁၀ )