သွားပါများ ခရီးရောက်
သွားပါများ ခရီးရောက်တဲ့။ ဟုတ်ပါတယ်။ သွားတဲ့နေရာမှာ ရောက်ပါတယ်။
ရောက်မှာပါ။ မသွားပဲ ရပ်နေလို့ ကတော့ ဘယ်ခရီးမှ ရောက်မှာ မဟုတ်ပါ။
ခုတလော ခရီးသွားလိုက်တာ မရောက်ဖူးသေးတဲ့ နေရာတွေ
ရောက်သွားပါတယ်။ ပြီးတော့ အမြင့်ဆုံးနေရာတဲ့။
ပြောလည်း ပြောလောက်ပါရဲ့ ။ ပာုတ်လာက်ပါပေရဲ့ ။
လှေခါး အထစ်ပေါင်း ၇၆၈ ထစ်။ မီတာ အလို ၁၆၁.၆၃ မီတာတဲ့။
မွန်းစတားလို့ ခေါ်ပါတယ်။ ဂျာမဏီနိုင်ငံ ဦးလ်မ်မြို့ မှာ တည်ရှိတဲ့
အမြင့်ဆုံး ချက်ကျောင်းကြီးဖြစ် ပါတယ်။
အိမ်မှ မိသားစုများကလည်း ဘာသာ မတူသော်ငြား ဖေါ်ရွှေပါတယ်။
နောက်တစ်ခါ ကြုံတဲအခါ ပြန်ကြွခဲ့ဦးပေါ့ ဆိုတဲ့ စကားလေးနဲ့  ကမ်းလှမ်းပါတယ်။
အဓိက ပင့်ဖိတ်သူကတော့ သားငယ်ဖြစ်သူ ကိုယ့်ရဲ့  တပည့် ဟောင်း။
ကျောင်းမှာ နှစ်ပတ်လာပြီး ဗုဒ္ဓဘာသာ အကြောင်းကို
မနက်ခင်း ၆နာရီမှ ည ၉ နာရီထိုးသည်အထိ လေ့လာဖူးသူ ။
အရွယ်က ၁၇ နှစ်အရွယ်။ အတန်းက ၁၁တန်း။
ကျမ်းငယ်သဖွယ် ပြုစုရေးသားထားတာက ရတနာသုံးပါးအကြောင်း။
ဓာတ်ပုံတွေထည့်ထားတော့လည်း မြန်မာ ဘုန်းကြီး နှစ်ပါးပုံ။
တစ်ပါးက သူ့ ကို တရား ပြနေဟန်။ တစ်ပါးက မြစ်ကမ်းနဘေး။
တရားထိုင်နေဟန်နဲ့  နှင်းတောထဲမှာ နှင်းတွေကို ထူးထူးဆန်းဆန်း ကြည့်နေဟန်။
ပြောဖြစ်တဲ့စကားများကလည်း သင့်တော်သလို ပြောရပါတယ်။
မိဘများကိုတော့ ဗုဒ္ဓဘာသာ အကြောင်းဆိုင်ရာတွေပေါ့။
ဥပမာ= ဘာသာဆိုတာဟာ နာမည်သက်သက်ပါ။
ကိုယ်ကောင်းမှ ကောင်းမှာ။ ကိုယ်မကောင်းရင် မကောင်းပါဘူး။
ဘယ်ဘာသာတရားမှာ နေနေပေါ့။
ဗုဒ္ဓဘာသာနာမည်ခံပြီး မကောင်းတာလုပ်ရင်လည်း ထိုက်တန်တဲ့ အပြစ်ရမှာ။
အခြားဘာသာတွေလည်း ဒီအတိုင်းပဲပေါ့။အတူတူပါပဲ။
ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်ကဆိုရင် အမျိုးဇာတ်တွေ ခွဲကြတယ်။
ဘယ်အမျိုးက မြတ်တယ်။ ဘယ်အမျိုးက မမြတ်ဘူးဆိုတာ။
ခုထက်ထိလည်း ရှိသေးတယ် လို့  သိရပါတယ်ပေါ့။
ဘုရားက အမျိုးမခွဲခြားဖို့  လူသားချင်းတူကြောင်းနဲ့ 
ကိုယ်ပိုင်ကံ အဓိက ဟောကြောင်း ပြောဖြစ်တယ်ပေါ့။
သပိတ်နဲ့  ပါတ်သက်လို့ လည်း ပြောရ ရှင်းပြရသေးတယ်။
မင်းမျိုးမင်းနွယ်က လာတဲ့ ဘုရား အသုံးပြုသွားခဲ့တာ။
သင်္ကန်းနဲ့  ပါတ်သက်လို့  ကတော့ အရောင်ဘဲ ကွာတာ။
ထေရ၀ါဒနိုင်ငံက အတူတူပါပဲလို့ ။
အဓိက တရားက အာနပါန လုပ်ဖို့ ပါပဲ။ အာနပါနက ဒီလိုလုပ်ရတာဆိုပြီး
လက်တွေ့ ကလည်း ပြရသေးတယ်။ တရားကတော့ အများကြီးရှိပါတယ်ပေါ့။
အဲသလိုနဲ့ ပဲ မိဘများကိုတော့ ပြောခဲ့ရပါတယ်။
တပည့်ဟောင်း ဖြစ်သူ ကျောင်းသားလေးကတော့
သူ့ အိမ်မှာ လိုအပ်ရာ ပြောဖို့  ဖိတ်မံထားတယ်။
ကိုယ်နေရတဲ့ အထပ်က အပေါ် အမြင့်ဆုံး ကြပ်ခိုးထပ်။
ထရင် မလွတ်တဲ့ အထပ်မှာ ကြိန်းစက်ရတယ်။
သူက တရားဟောပေးပါဦးလို့  ဖိတ်မံလို့  တရားဟောခဲ့ရသေးတယ်။
တရားမဟောမီ ဘုရားရှင်ကို ဖယောင်းတိုင်မီးနဲ့  ပူဇော်တယ်။
ပြီးတော့ သူ့ ကို သရဏဂုဏ်သုံးပါး သုံးကြိမ် ရွတ်ခိုင်းတယ်။
(သဝေမပါ ကိုးဂါထာ ဆိုတာပေါ့လေ။ )
အထူးတရားတော့ မဟုတ်ပါဘူး။
အောင်လက်မှတ်လေး တစ်ခုတွေ့ တယ်။
အသင့်တင့် ၊ ဂွတ် ၊ ဗဲရီးဂွတ်၊ ဆိုတာလေးတွေ ရေးထားတာပါတယ်။
ဒါနဲ့ ပဲ ငါ မင်းဟောဖို့  အကြံရတာက ဒီလိုကွ...။
ဘုရားလက်ထက်ကလေ လက်ယာတော်ရံ လက်ဝဲတော်ရံဆိုတာ ရှိတယ်။
အဲဒါကို အဂ္ဂသာဝကလို့ ခေါ်တယ်။ ညာဘက်က အရှင်သာရိပုတ္တရာ ၊
ဘယ်ဘက်က အရှင်မဟာမောဂ္ဂလ္လာန်လို့ ခေါ်တယ်။
အခြားထင်ရှားတဲ့ တပည့်ကြီးတွေကိုတော့ မဟာသာဝကပေါ့ကွာ။
အရှင် အာနန္ဒာလိုမျိုးပေါ့။
ခု ငါပြောချင်တာက လူဆိုတာ အားလုံး မတော်ဘူး။ သူ့ နေရာနဲ့ သူပဲ။
ပညာ အရာမှာ ဘုရားရှင်ပြီးရင် အရှင်သာရိပုတ္တရာကို ဘယ်သူမှ မမီဘူး။
အရှင်မဟာမောဂ္ဂလ္လာန် ကတော့ တန်ခိုး အရာမှာ သူကထိပ်တန်းပေါ့။
အရှင်အာနန္ဒာကလည်း ဆာဗစ်စ် လုပ်တဲ့ နေရာမှာ သူက အတော်ဆုံးပဲ။
ဘာလို့ အဲလို ပြောတာဆိုတော့ အခြား မေဃိယမထေရ် ၊
နာဂသမာလ မထေရ် စတာတွေ ရှိဖူးတယ်။
ဘုရားပြောစကားအတိုင်း နားမထောင်ဘူး။
မေဃိယ မထေရ်ဆိုရင်ကွာ ဘုရားနဲ့  ခရီးအတူကြွတာပဲ ။
ဥယျာဉ် တစ်ခုမှာ တရားအားထုတ်ဖို့  နေခဲ့ချင်တာ။
ဘုရားရှင်က သူ့ ရဲ့ အတိတ် အကြောင်းသိတာမို့  မနေနဲ့ 
မသင့်တော်ပေဘူး မိန့် တော်မူတယ်။ သူက ဇွတ်ဆိုမှ ဇွတ်ပဲ နေခဲ့တာ။
ဘုရား ကိုယ့်သပိတ် ကိုယ့်သင်္ကန်း အပိုကို ကိုယ်တိုင်ပဲ သယ်ခဲ့ရတာ။
ဟုတ်တယ်ကွ။ မေဃိယ မထေရ် နောက်တော့လည်း သဘောပေါက်တယ်။
တရား အားထုတ်တာ အတိတ်ကဟာတွေ အရိပ်လို လာထင်နေတယ်။
အရင်က နန်းတော်နေရာ ဖြစ်နေတယ်။ သူကလည်း ဘုရင်ဖြစ်ခဲ့ဘူးသတဲ့ ဆိုပဲ။
ဒါကြောင့် အရှင်အာနန္ဒာကို အတော်ဆုံး ဆာဗစ်လို့  ပြောတာကွယ့်။
အဲဒါတွေ ကြည့်စမ်း။ ကိုယ်ဖြစ်ချင်ရာ ဆုတောင်း။
ကိုယ်ဖြစ်ချင်ရာ ပါရမီ ဖြည့်ခဲ့ကြတာ။
တရားအားထုတ်ပုံချင်းလည်း မတူတော့
ပုံစံအမျိုးမျိုး ဖြစ်တာပေါ့။
တရားနည်းလမ်း အကျဉ်းချုပ်က သမထ နဲ့  ၀ိပဿနာ လို့ မှတ်ထား။
သမထ က လေးဆယ်တောင် ရှိတာ။ နည်းတွေက အများကြီးနော။
ဝိပဿနာက မြင်တာ ကြားတာ အနံ့ အရသာ အတွေ့ တွေပေါ့။
အဲဒီအပေါ်မှာလောဘ ဒေါသတွေ မဖြစ်ပဲ
ဖြစ်တဲ့အတိုင်း သတိရှိနေမယ် အသိရှိနေမယ်ဆိုရင် ၀ိပဿနာပဲ။
(လက်ကတော့ အမူရာနဲ့  သူ့ ကို ရှင်းပြပါတယ်။ )
ဒီနေရာမှာ စကားဖြတ်ပြောပါဦးမယ်။
စာဖတ်သူများ တွေးမိကောင်း တွေးမိလိမ့်မယ်။ အဲသလောက် သူနားလည်ပါ့မလား။
ပြောတဲ့သူကရော အဲသလောက်ကြီး ပြောတတ်ပါသလားပေါ့။ အဖြေကား ရှင်းပါတယ်။
နှလုံးသားချင်း နီးရင် နားလည်နိုင်ပါတယ်။ နှလုံးဆိုတာ ဒီနေရာမှာ စိတ်လို့  မှတ်ပါ။
သူ့ စိတ်မှာ ဘုရား အကြောင်း ၊ တရား အကြောင်း ပြောလိုက်ရင်
ပုံမှန်စကားထက်တောင် နားလည်သလိုလို သိပ်ပြီး ရှင်းစရာ မလိုတာကို
သတိထားမိတယ်။ နှလုံးသားဝယ် ဘုရားတည် ဆိုတာ ဒါပြောတာပေါ့။
ဒီစကားတွေ နဲနဲတရားနဲ့  ဝေးသူ၊ လုံးဝ အလှမ်းကွာသူ ပြောကြည့်ပါ့လား။
ပျင်းစရာကောင်းသလို နားလည်နိုင်စရာ အကြောင်းမရှိ။
မြန်မာဘုန်းကြီးတရားကို နားမလည်တဲ့ နှလုံးသားချင်း ဝေးနေသူလိုပါပဲ။
သူ့  ကို ပြီးတော့မှ ပြောလိုက်တယ်။ အေးကွာ ပညာ အရာမှာ အရှင်သာရိပုတ္တရာတောင်
ရွှေပန်းတိမ်သူဌေးသားလေးကို ကမ္မဋ္ဌာန်း အပေးမှာလို့  တရားထူး မရရှာဘူး။
( မထေရ်မြတ်ကို ပစ်မှားခြင်းမျိုးမဟုတ်၊ ဘုရားရှင်သာ ဝေနေယျ အလို သိစေခလို )။
ဘုရားကိုယ်တော်တိုင်ပေးမှ မှန်ကန်သွားတယ်။
ငါလည်း မင်း ဘာတရား ဟောရမှန်း မသိဘူး။
ကိုင်း..လောလောဆယ်တော့ အာနပါန လုပ်ကြမယ်။
စိတ်မလွင့်စေနဲ့ ။ စိတ်လွင့်သွားလည်း သတိနဲ့  ပြန်ပြီးရှုမှတ်။
ဝင်လေ ထွက်လေ နှာခေါင်းဝမှာ ထိသွားတာ သိအောင်လုပ်။
ထိတာသိရင် မိလာပါလိမ့်ကွာ။လေအသွားလာ
အရှည် အတိုကိုလည်း တိုရင် တိုတယ်မှတ်။ ရှည်ရင် ရှည်တယ်မှတ်။
လေ၀င်လေထွက်အစ အလယ် အဆုံးကိုလည်း မှတ်လို့ ရတယ်။
ဒါပေမယ့် မင်းသိထားရမှာက ၀င်လေ အစ နဲ့  အဆုံးကြားဟာ
အလယ်လို့  မှတ်ပါ။ စမ်းကြည့်ပါ။ အဓိက လေ၀င်လေထွက် ထိတာ သိနေဖို့ ပဲ။
လေနောက်မလိုက်နဲ့ ။
ကိုင်း စကြမယ် ဆိုပြီး ဟော တာ ပြောတာရော ၊
တရားမှတ်တာ တစ်နာရီ ကြာသွားပါတယ်။
အဲ တရားတွေချည်းတော့ ပြောနေဟောနေတာမဟုတ်ဘူး။
ထွေရာလေးပါး ဆိုသလို ရောက်တက်ရာရာ
မွန်းစတားပေါ်မှာ ပြောတဲ့စကားကလည်း အမှတ်တရရယ်ပါ။
ခပ်ငယ်ငယ် အတွဲတွေ တွေ့ တော့ ဘယ်လိုလဲဆိုတာ
မသိလို့  သူ့ ကို အခြေနေ မေးကြည့်ခဲ့တယ်။
အမျိုးသမီးလေးတွေ ဒီလိုသွားတော့ သိပ်လွတ်လပ်တာပဲနော်။
ညလည်း အချိန်မရွေး သွားလို့ ရတာပဲလား၊
သူက ပြောတယ် အမျိုးသမီး မှ မဟုတ်ဘူး တဲ့၊
လူတိုင်း အချိန်တိုင်း သွားလို့ ရတယ် ၁၈ နှစ်ရွယ် ပြည့်ပြီးရင်ပေါ့။
အသက်က ၁၅နှစ်အတွင်းဆိုရင် ည၁၀ နာရီ၊
၁၆ နှစ်နဲ့  ၁၇ ဆိုရင် ည ၁၂ နာရီထိ သွားခွင့်ရှိတယ်။
အချိန်မတော်အသက်ကန့် သတ်ချက်အတွင်း သွားရင် ရဲနဲ့  တွေ့ မယ်ပေါ့။
ဒါက အစိုးရရဲ့  ဥပဒေတဲ့။ ဒါက ကိုယ့်အတွက်တော့ မှတ်တမ်းစာအုပ်ထဲ
ရောက်သွားတယ်ပေါ့။
အော် လွတ်လပ်တယ်ဆိုတာ ဥပဒေနဲ့  လွတ်လပ်တာပါလား။
သူကတော့ နေရာတကာဆိုသလို လိုက်လံပြသပါတယ်။
သစ်ပင် ပန်းပင် တွေကိုလည်း ပြစရာ အဖြစ်အသိမှတ်ပြုထားတယ်။
ပြီးတော့ ပန်းခြံထဲမှာ ကစားကြတဲ့သူတွေကလည်း ကလေးတင် မဟုတ်ဘူး၊
လူကြီးလည်း ကစားကြတယ်။ လွတ်လပ်စွာ ပျော်ကြတယ်။
မွန်းစတား အောက်ထပ်မှာ ရှိတဲ့ သူတို့  ဘာသာရေး အကြောင်းကိုလည်း
ရှင်းပြတဲ့ နေရာမှာသူ နားလည်ထား ဒေ၀တာ အိန်ဂျယ်
ဗောဓိသတွ ဘုရားလောင်း စတဲ့ ဝေါဟာရများနဲ့  ရှင်းပြတယ်။
သူတို့  ဘာသာအကြောင်း မရေးသားတော့ပါ။ ချန်လှပ်ခဲ့ပါတော့မယ်။
အီလာတီဆန်မြို့ က မြန်မာဆွမ်းဒကာမလေးကလည်း
မြို့ ချင်း နီးနေသမို့ ကြွခဲ့ပါဦးဘုရား ၊ ပင့်ဖိတ်တာနဲ့ ပဲ နေ့ ဆွမ်းစားကြွခဲ့တယ်။
သူကလည်း ထမင်းပေါင်း ခေါ် ဆွမ်းပေါင်းဖြင့် ဆက်ကပ်လှူဒါန်းတယ်။
အဲဒါမှ တကယ့် ထမင်းပေါင်းအစစ်။
(ကိုယ်ခါတိုင်းကျောင်းမှာ ပေါင်းတာက အေးနေလို့ 
ပြန်ပေါင်းထားတာမို့ ထမင်းပေါင်း ဆွမ်းပေါင်း)။
သူ့ အတွက် နှစ်သစ်ကူး ဓမ္မလက်ဆောင်ကား ပရိတ်တရားနဲ့ 
မကောင်းတာလေးတွေ မဖြစ်ပါစေနဲ့  ၊
ကောင်းတာလေးတွေ ဖြစ်ပါစေ ဆိုပြီး ချီးမြောက်ခဲ့ပါတယ်။
သူလည်း ကျေနပ်ဝမ်းမြောက်ရောပေါ့။
ပြန်လာမည့်နေ့ မှာ နောက်ထပ် တစ်ယောက်နဲ့ တွေ့ တယ်။
ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာက လေ့လာခဲ့သူ ။
အဲဒီ ဒကာ တစ်ယောက်ကစာအုပ်တွေ လှူဖို့  သယ်ယူလာတယ်။
ကိုယ့်ပါလာတဲ့ ပစ္စည်းကြည့်ပြီးတော့ သူစာတိုက်က ပို့ ပါတော့မယ်တဲ့။
မေတ္တာထားပုံများ။ မေတ္တာပေါ့လေ။
ဘာလို့  မေတ္တာလည်းလို့  ပြောတာလဲ ဆိုတော့ သူ့ မျက်နှာမှာ
လှတာထက် ကြည်လင်နေတာ တွေ့ ရပါတယ်။
ဒါနဲ့ ပဲ သူ က ကိုယ့်ဘာသာရေး စိတ်ဝင်စားသူမို့ 
အအေးဆိုင် တစ်ဆိုင်မှာ အချိန်ယူကာ စကားပြောဖြစ်ခဲ့ပါတယ်။
သူဟာ ဘာသာရေး စိတ်ဝင်စားကာစက သူ့ မိဘတွေနဲ့ 
အတိုက်ခံလေး နဲနဲ ရှိတယ်တယ်။ နောက်တော့သူ့ မိဘတွေ
နားလည်လာပါတယ်တဲ့။ ဘယ်နဲ့ လည်း မင်းမိဘတွေကရော အခက်ခဲ ရှိသလား
ကိုယ့်ကျောင်းသားဘက် လှည့်မေးပါတယ်။ ကျောင်းသားလေးကလည်း
အခက်ခဲမရှိပါပြောပါတယ်။
နောက်ပြီးမှ သူ့ စကားဆက်ပြန်တယ်။ ဂျပန်မှာ ဂျပန်ဘုန်းကြီးလုပ်ဖူးတယ်။
သို့ သော် လုံးဝကြီး သူထင်သလောက် မနှစ်သက်ခဲ့။
ဒါကြောင့် စာတွေ အများကြီးဖတ်ပြီး လေ့လာထားတာ။
ပြီးတော့ သိတဲ့အတိုင်း တရားအားထုတ်ခဲ့တယ်တဲ့။
ဒီလိုဆိုတော့ သူ့ ထံမှာ ကိုယ်ကလည်း မေးလို့ ရမလား ဆိုပြီး
ခွင့်တောင်းကာ မေးလိုက်ပါတယ်။ ဘယ်လို အားထုတ်သလဲပေါ့။
မေတ္တာပွါးတယ်။ ရွတ်တယ် ဖတ်တယ်။
ခု ဒီ သမီးလေး ၃ နှစ်တောင်မှ ဘာမှန်းမသိဘဲ
ဘာဘာ ဘာဘာ ဆိုပီး လိုက်ဆိုသတတ်။
ကိုယ်ကလည်း ထောက်ခံလိုက်ပါတယ်။ ဟုတ်တာပေါ့ဗျာ။
ကလေးဆိုတာ မိဘအပေါ်မှာ မူတည်တယ်ဗျ။
မြန်မာစကားရှိတယ်။ သားသမီးမကောင်း မိဘခေါင်း( ဂေါင်း )။
ကောင်းတာလည်း မိဘ မကောင်းတာလည်းမိဘ လို့  ပြောကြတယ်။
လေကြောက ဆက်လိုက်သေးတယ်။
တပည့်မကောင်းရင် ဆရာ့ခေါင်း ( ဂေါင်း )လို့ ။
မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။
မိဘတွေဟာ ဗြဟ္မာလို့ ခေါ်လို့ ရတယ်။
အကြောင်းက ဗြဟ္မစိုရ်တရားနဲ့ အညီ သားသမီးအပေါ်မှာ စိတ်ထားနိုင်လို့  ။
လက်ဦးဆရာနဲ့ လည်း တူတယ်ပေါ့။
သူလည်း နှလုံးသားချင်း နီးသမို့  လွယ်ကူစွာ သိတယ်။
ဒီလိုနဲ့  ဘာသာရေးဆိုင်ရာ ကောင်းနိုးရာရာတွေလည်း ပြောဖြစ်ခဲ့တယ်။
ကိုယ်မသိတဲ့အရာတွေကိုလည်းမေးခဲ့တယ်။ ကိုယ်သိတာကိုလည်း ရှင်းပြခဲ့ပါတယ်။
လူတိုင်း ဆိုသလိုပဲ မနားတဲ့ ခရီးမျိုးကို သွားနေကြပါတယ်။
ဘယ်လိုပုံမျိုးနဲ့  ခရီးမျိုး သွားကြမလဲ ။
ကိုယ့်ကိုယ်ကိုသာ မေးကြည့်ကြပါစို့ လား။
သွားပါများ ခရီးရောက်
သွားပါများ ခရီးရောက်
..................................
မှတ်ချက်။ ။ ခရီးသွား အမှတ်တရ။
ULM မြို့  ၁၉ ရက်မှ ၂၁ ရက်ထိ
ခရီး အတွေ့ ကြုံ တင်ပြခြင်းသာ။
မြတ်ရောင်နီ
( ၂၇ ၊ ၀၄ ၊ ၂၀၁၁ )
ULM မြို့  ၁၉ ရက်မှ ၂၁ ရက်ထိ
ခရီး အတွေ့ ကြုံ တင်ပြခြင်းသာ။
မြတ်ရောင်နီ
( ၂၇ ၊ ၀၄ ၊ ၂၀၁၁ )
ဒီနေရာကလေးမှာ ရေးပါ..
တရားနာသွားပါတယ်။ ကိုယ့်ကိုကိုယ်လည်းပြန်မေးကြည့်ပါတယ်။
ReplyDeleteကျေးဇူးတင်ပါတယ်ဘုရား။
Ich habe mich gefreut dass deine Post gelesen habe , danke sehr Uzin
ReplyDelete