Pages

Sunday, November 14, 2010

ကျောင်းကထိန် အလှူတော်မင်္ဂလာ



ကျောင်းကထိန် အလှူတော်မင်္ဂလာ






ကထိန်ဆိုင်းဘုတ်ကို
ဂျာမန်၊ မြန်မာ ၊ ထိုင်း
ဘာသာ သုံးခုဖြင့် ရေးထားပါတယ်





အခန်းနားကျင်းပရာမှာတော့
မဂ္ဂင်
ရှစ်ပါးကိုယ်စားပြု သာသနာ့အလံတော်ကို
နံရံမှာ ချိတ်ပေးထားပါတယ်






မြန်မာမိသားစုများကလည်း
နယ်ဝေး အသီးသီးမှ လာရောက်ကြပြီး
မိသားစု စုပေါင်း ကထိန်
ဆိုင်းဘုတ်ကို ရေးကာ ယူလာခဲ့ကြပါတယ်။





ကျောင်းရှေ့ နံရံမှာတော့ ကားအကြိုပို့  လုပ်ပေးဖို့ 
ဆိုင်းဘုတ်ကိုလည်း ဘာသာသုံးမျိုး နဲ့ 
ချိတ်ထားပေးပါတယ်။
သို့ ပေမယ့် အခန်းနားစတင်ချိန် အဆက်သွယ် လုပ်မရလို့ 
အဆင်မပြေတဲ့သူလည်း အဆင်ပြေအောင် လာခဲ့ကြပါတယ်။






အခန်းနားမှာ ကြွရောက်သံဃာတော်များမှာ
မြန်မာ ၂ ၊ ဂျာမန် ၂ ၊ ထိုင်း ၂
အသီးသီး ၂ ပါးစီ






တရားနာပရိသတ်ကလည်း စုံစွာ
မြန်မာ၊ ထိုင်း ၊ တရုတ် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ပီရူး ၊ ဂျာမန်






သံဃာတော်များ ဆွမ်းခံရာဝယ်

ကိုယ်က အကြီးဆုံး ဘုန်းကြီးကြီးဖြစ်နေပါတယ်
ဂျာမန်လူမျိုးတို့ ကလည်း လောင်းကြ လှူကြ






သံဃာတော်များ တန်းစီကြွ ဆွမ်းအလှူခံကြပုံ






ဆွမ်းမဘုဉ်းမီ ပစ္စဝေက္ခဏာ ဆင်ခြင်ကြပုံ





မြန်မာ ဘုန်းဘုန်း နှစ်ပါးနှင့်
မြန်မာ မိသားစုများ

( တစ်ဖွဲ့ က ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ )။



မှတ်ချက် ။ ။ ဓာတ်ပုံ အစုံလင် မရိုက်လိုက်ရသည့်အတွက်
ရှိသလောက်လေးကို ကြည့်ရှုဖို့ ရန်
ဘလော့ပေါ်မှာ တင်လိုက်ပါတယ်။

အားလုံးကိုယ်တိုင်လာရောက် ကုသိုလ်ပြုကြသူနှင့်
တစ်ဆင့်လူကြုံဖြင့် ကုသိုလ် ပြုသူအပေါင်း

အကြောင်းကြောင့် စိတ်ထဲမှာရှိပြီး
မလာနိုင်သူအပေါင်း

အားလုံးအားလုံးတို့ ကို
သာဓုခေါ်ပါ၏
လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။





မြတ်ရောင်နီ
( ၁၄ ၊ ၁၁ ၊ ၂၀၁၀ )


No comments:

Post a Comment