Pages

Wednesday, July 13, 2011

ဂျာမန်လို ပြောတတ်သလား

ဂျာမန်လို ပြောတတ်သလား


၁၂ ရက်နေ့  ညနေက နေသာသာမို့  လမ်းလျှောက်ထွက်ခဲ့ပါတယ်။
လမ်းလျှောက်သွားတယ် ဆိုပေမယ့် ဘုရားဝတ်ပြု၊ တရားထိုင်ချိန်
ကိုတော့ အမီ ပြန်လာရပါတယ်။ ဒါမှလည်း လာနေကျ သို့ မဟုတ်
အသစ်လေ့လာကစ လူတွေ အဖို့  အဆင်ပြေမှာ ဖြစ်ပါတယ်။

အပြန် ၂ မိနစ်လောက် နောက်ကျနေတာနဲ့  ကိုယ့်ရဲ့ အဖေါ် ဂျာမန်
ဥူးဇင်းက ပြောပါတယ်။ တုံးခေါက်တာ အသံကြားလားပေါ့။
အေး ကြားရတယ်။ ဘယ်နားကထိ ကြားရသလဲတဲ့။ လုပ်ပြန်ပေါ့။
ဟောဟို လမ်းထိပ်ထိ ကြားရပါ့ဗျာ လို့  ပြောလိုက်တယ်။

ပြီးမှ သူက ပြောတယ်။ ဘုရားခန်းထဲမှာ လူအသစ် ဒီနေ့  ရောက်လာတယ်။
သူက အိန္ဒိယက ။ ခု ရောက်တာ ဒီမှာ ၂ နှစ်ရှိပြီတဲ့။ ဒါပေမယ့် သူက ဂျာမန်လို
ပြောတတ်တယ်တဲ့။ အေး အေး ဟုတ်ပြီ။ ငါ ဘုရားဝတ်ပြုလိုက်အုံးမယ်
ဆိုပြီး သူက အပြင်ထွက်သွားတယ်။

ကိုယ်ကလည်း ဘုရားခန်းထဲမှာ အသင့်ထိုင်နေလေတဲ့ ဒကာမကို မေးလိုက်တယ်။
ဂျာမန်ဘာသာစကားနဲ့ ဂျာမန်လို ပြောတတ်သလားလို့ ။ ဒကာမက ခပ်ပြုံးပြုံးလေး
ဟုတ်ပေါ့ ဆိုပြီး ပြောပါတယ်။

ကိုယ်ကလည်း သူက အိန္ဒိယ ကလာတာ၊ ဒီမှာ ၂နှစ်ဆိုတော့ ကိုယ်က ဂျာမန်လို
တရားပြောလိုက်ရင် ကိုယ်ရဲ့ ဂျာမန်ကမကောင်း သူကလည်း နိုင်ငံခြားသားဆိုတော့
နားမှ လည်ပါ့မလားလို့  တွေးပြီး အင်္ဂလိပ်လို ပြောဟောခဲ့ပါတယ်။

ပထမ ဘုရားဝတ်ပြုကြစို့ ပေါ့။ ပါဠိလို ရွတ်ဆိုကာ ပြုကြတာပေါ့။ ပြီးမှ တရားထိုင်မယ်။
ဒီလိုနဲ့  စပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။ ပါဠိလိုလည်း ရွတ်တတ်ပေသား။ ငါးပါးသီလ
ပေးတော့
လည်း နောက်က လိုက်ဆိုတတ်ပါ့လား။ တွေးကြည့်မိတာက သူက
တကယ်ပဲ အိန္ဒိယသူ
ဆိုတော့ ရွတ်တတ်တာပေါ့လေ လို့  စိတ်ထဲထားခဲ့ပါတယ်။

ဘုရားဝတ်ပြု၊ သီလပေးသီလယူပြီးနောက် တရားထိုင်နည်းကိုလည်း အင်္ဂလိပ်လိုပဲ
ပြောကြည့်ပါတယ်။ နားလည်ရဲ့ နော် မေးကြည့်တော့လည်း နားလည်ပါတယ်လို့ 
ပြောပါတယ်။

အားလုံး တရားထိုင်ပြီး သွားတော့ စပ်မိစပ်ရာ မေးတာပေါ့လေ။ ဘယ်ကလာတာလဲ။
( ပြုံးကာ ) ဂျာမဏီကပါ။ ဘယ်မှာနေတာလဲ။ ဖရိုက်ဇင်းမှာပါ။ ဖရိုက်ဇင်းသူပါတဲ့။
( ထင်တော့ ထင်သား၊ အသားလည်း မမည်း။ စကားလည်း မ၀ဲ။
ခုမှ...ခုမှ ... သူပြောပြိးကာမှ။ တော်လိုက်တဲ့ ငါ ...)

အိုးမိုင် ဘုရားရေ။ ခုနက ဂျာမဏီဘုန်းကြီးက ပြောသွားတာ။ ဒကာမက အိန္ဒိယက
လာတာ။ နှစ်နှစ်ရှိသွားပြီတဲ့။ နို့ မို့ ကြောင့် ဂျာမန်စကား ပြောတတ်သလား လို့ 
မေးတာပါ။ ဒါဆို သူပြောတာ ဘုန်းဘုန်း အကြားမှားတာ နေမှာပါ နော် လို့ 
ပြောခဲ့တယ်။ ဟုတ်ဘူး။ သူလည်း အဲလိုပဲ ကြားပါသတဲ့။ ဟင် ...ဟုတ်လား။
အဲဒါဆို ကိုယ်က မှန်တာ ။ သူက မှားကြားတာပေါ့လေ။ ဟေ...။

တကယ်တော့ တပည့်တော်မက အိန္ဒိယမှာ နှစ်နှစ်နေခဲ့တာပါ။ ပြီးတော့ ဆရာမကြီး
တစ်ယောက်ထံ မန္တရ သင်ပြီး၊ တရားထိုင်ခဲ့ပါတယ်။ ခုန ရွတ်ဖတ်ပူဇော် သွားတာက
ဆန်းစကရစ် ( သက္ကတ )လားတဲ့ လို့  မေးပါတယ်။

မဟုတ်ပါဘူး။ ပါဠိပါ။ ပါဠိနဲ့ ဆန်းစကရစ်ဆိုတာ အတူတူပဲ မဟုတ်လားတဲ့။
အတူတူတော့ မဟုတ်ဘူး ၊
အတော်လေး တူပါတယ် လို့  ထင်ပါတယ်။
ဂျာမန်နိုင်ငံမှာ ဒီယာလက် စကားလိုပေါ့။ ပါဠိက ပုတ္တ
ဆိုရင် ဆန်းစ်ကရစ်က ပုတရ။
ပါဠိက ဓမ္မဆိုရင် သက္ကတက ဓရ်မ လို့  ဆိုပါတယ်။
ဘုန်းဘုန်းလည်း သင်တော့
မသင်ဘူးပါဘူး။ နဲနဲကွာတယ်ပေါ့။ ဆန်းစကရစ်က
သုံးနေတဲ့သူ ရှိပါတယ်။
ပါဠိက လက်တင်စကားလိုပေါ့။ ဘုန်းကြီးတွေပဲ လေ့လာတာ
များပါတယ်
စသဖြင့် ပြောခဲ့ပါတယ်။
( ခုမှပဲ ရှင်းတော့တယ်။ ဖရိုက်ဇင်းသူ ပါ့လား)

( ဂျာမန်လို ပြောတတ်သလား ပြောမိလို့ )အန့် ထ်ရှူးလ်ဒီဂုန်။
ဆောရီးပါဗျာ။ သူကလည်း ရပါတယ်ပေါ့ လို့  ပြောပါတယ်။

အော်... ငါ့နှယ်... အဖြစ်ကလည်း
ဂျာမန်သူ ဖရိုက်ဇင်းသူကိုမှ ဂျာမန်လို ပြောတတ်သလားတဲ့ ။


မှတ်ချက်။ ။ ဒိုင်ယာယီစာအုပ်ထဲ မရေးလောက်တာနဲ့ 
အများဖတ်လို့  ရတဲ့ ဘလော့ဂ်ဒိုင်ယာယီမှာ တင်လိုက်ပါတယ်။

မြတ်ရောင်နီ
( ၁၂ ၊ ၀၇ ၊ ၂၀၁၁ )


ဒီနေရာလေးမှာ ရေးပါ..

Tuesday, July 12, 2011

အရှေ့  နဲ့ အနောက်

အရှေ့ နဲ့ အနောက်

အရှေ့ နဲ့  အနောက်

အရှေ့  နဲ့  အနောက် ဆိုတာကတော့ အရှင်းသား ၊ ဖြောင့်ဖြောင့်ဆန့် ကျင်ဘက် ပါပဲ။

အတွေးအခေါ် အယူအဆတွေမှ အစ ပြောပုံ ဆိုပုံ ၊ လုပ်ပုံ ကိုင်ပုံ ၊ စားပုံ သောက်ပုံ ၊

အားလုံးပေါ့ ၊ ကွာခြားပါတယ်။ ဘယ်လိုပင် ကွာခြားချင် ကွာခြားပါစေ၊

မကွာခြားတာကတော့ ဓမ္မပါ။ ကောင်းတာ မကောင်းတာတွေဆိုတာက လူတွေ အပေါ်မှာ

မူတည်ပါလိမ့်မယ်။ အရှေ့  နဲ့  အနောက် ရယ်လို့  ဟုတ်ဟန် မတူပါဘူး။



ကွာခြားပုံတွေကိုလည်း ကိုယ်တွေ့ ကြုံတာလေးတွေကို နဲနဲလေး ပြောပြချင်၊ရေး ပြချင်တာပါ။

မြန်မာပြည်မှာ နေစဉ်က သာမဏေ ဘ၀ဖြစ်ဖြစ် ရဟန်းဘ၀ဖြစ်ဖြစ် ကိုယ့်ကျောင်း ကိုယ် နေကြတဲ့ အကျင့်ပါပြီးသားပါ။ ကျောင်းမှာ နေတဲ့သူကို ပဲ ဒီကိုယ်တော် ကျောင်းမြဲတယ်၊ ခြေ ညိမ်တယ် လို့ 

တခုတ်တယ ချီးမွမ်း ပြောကြ ပါတယ်။ ဒါက ကိုယ့် ဆီမှာပေါ့လေ။

အဲ... ဥရောပ က လူတွေက အငြိမ် မနေကြပါဘူး၊ အိမ်ထဲ ကုတ်နေတာချည်း မရှိဘူး။

အပြင်ကို သွားတာကို သဘောကျကြပါတယ်။ အကျင့်လည်း ပါနေတာ ဖြစ်မယ် ထင်ပါရဲ့ ။

မွေးကင်းစ ကလေးတောင်မှ ကလေး တွန်းလှည်းနဲ့  တွန်း တွန်း သွားကြတာ ကို။

အိမ်မှာ အဖွား အဖိုးက အိမ်မှာ ပုခတ်ထဲ ထည့်ထားပြီး ထိန်းတာ မှ မဟုတ်ဘဲ။

ကလေးက အိမ့် အပြင်ဘက် လမ်းသွားရင်းလည်း အိပ်ကြရတယ် တယ် ပေါ့။

ရောမလိုနေ ရောမလို ကျင့် ဆိုသလိုပါပဲ ကိုယ်က ကျောင်းမှာ တကုတ်ကုတ်နဲ့ 

အေးအေးဆေးဆေးလး ပထမ နေချင်တယ်။ ဒါပေမယ့် သူတို့ က (ဥရလောက် )အပန်းဖြေ

သွားမယ်ဆိုပြီး သွားကြပါတယ်။ သွားလေ့ သွားထရှိတာက ကမ်းခြေ၊ ဒါမှမဟုတ် တောထဲ တောင်ထဲ

သွားကြတယ်။ ကိုယ်ပါ ရောပါသွားတော့ စကားစမြည်ပြောဖြစ် တာပေါ့။ ရောက်ခါစ ဆိုတော့

သတိထားပြီး တရားပဲ ပြောဖြစ်တာ များပါတယ်။ သူ တို့  အထာလည်း မသိတာက တစ်ကြောင်း ၊

သူတို့ ဓလေ့ မသိသေးတာကြောင့်က တစ်ကြောင်း၊ တရားတွေ များများလေ့လာထား

တော့ တရားပဲ ပြောဖြစ်တာပေါ့။ ဒါသည်ပင် ကိုယ့်အတွက် အခွင့်ရေး ဖြစ်သလို သူ တို့ အတွက်လည်း

အခွင့်ကောင်း ရသွားပါ တယ်။



ကိုယ်အနေ နဲ့  သုံးသပ်ကြည့်တာကတော့- အမြင်ချင်းမတူကြပုံပေါ့လေ။ မြန်မာနိုင်ငံ ကလူတွေက

ဘုန်းကြီးတွေ ခရီးသွားရင် တရားထိုင်ပျက်မယ်၊ စာသင်သား စာကျက်ပျက်မယ်။ စာချဘုန်းကြီး

စာချ ပျက်မယ်။ ကုသိုလ်ရေးရာ နဲ့  လျှော့မှာစိုးလို့  အကောင်းဘက်ကနေပြီး တွေးကြပြီး ခြေညိမ်တာ

ကြိုက်ကြ တယ်ပေါ့။



ဥရောပ လူတွေက နားရက်ကို သီးသန့် ထားကြတယ်။ အလုပ်လုပ်ချိန်မှာ မနား မနေ ဆိုသလို

အလုပ်ကို အလုပ်နဲ့  တူအောင် လုပ်တာတွေ့ ရတယ်။ နားတာ ကိုလည်း အပီပြင်နားကြတယ်။

သူတို့ က အလုပ် တစ်ခု မလုပ်ခင် ကတည်းက နားရက်ကို ထည့်တွက်ပြီးသားပါ။ အနားယူတာကိုဘဲ

ကျန်းမာရေးကောင်းမွန်ဖို့ ဆိုပြီး အကောင်းဘက်ကနေပြီး တွေးကြ တယ်။



နောက်တစ်ချက်ကတော့ ဒီမှာက ထေရ၀ါဒ ဘုန်းကြီးက ရှားပါတယ်။ ရှိတဲ့ အခြား ထေရ၀ါဒနိုင်ငံက

ဘုန်းကြီးတွေကလည်း သိပ်ပြီး သွားလာတာ မတွေ့ ရဘူး။ ဒီမှာက ဟိုသွား ဒီသွား သွားပြမှ

ဒီက လူတွေ သိကြမှာကိုး။ ဒီလိုမှ မဟုတ်ရင် အခြား မဟာယာန၊ တိဗက် ဗုဒ္ဓဘာသာ ဘုန်းကြီးကို

ဘုန်းကြီးလို့ ပဲသိမယ်ပေါ့။ အဲဒီလို သွားလိုက်တော့ သမဏာနဉ္စ ဒဿနံ- မင်္ဂလာ တရားနဲ့  အညီ ကုသိုလ်လည်း ဖြစ်နိုင်ပါတယ်။သာသနာ ပြန့်ပွါးဖို့  တစ်စိပ် တစ်ဒေသ တော့ ဖြစ်နိုင် တယ်ပေါ့။

ပြီးတော့ လူအများစု က အခြားဘာသာတွေ ဆိုတော့ ကိုယ်နေတဲ့  ကျောင်းမှာ လည်း သူတို့ 

ဘာသာဓလေ့ကို အတိုင်း ခရစ်စမတ်ဆိုရင် ကိုယ်ကလည်း ဗုဒ္ဓ ခရစ်စမတ် ဆိုပြီး ဗောဓိ ညောင်ရွက်ပုံ၊

မဂ္ဂင် ရှစ်ပါး စက်ဝိုင်းပုံ၊ ကြာပန်းပုံ တွေနဲ့ အတူ ဗုဒ္ဓပုံ ကိုလည်း ထိပ်ဆုံးက ထားပြီး လုပ်ဖြစ်တယ်။

လာကြတဲ့သူတွေကို လည်း ရှင်းပြ တယ်။ ပြီးတော့ တရားထိုင် တဲ့ အစီစဉ်တွေနဲ့ ဆွဲပြီး တရားထိုင် ကြပါတယ်။



ကိုယ့်ဆီမှာ ဆိုရင်တော့ ဘုရားပွဲအစစ်လုပ်ကြတာပေါ့။ ဒီမှာတော့ ဗုဒ္ဓခရစ်စမတ် ဆိုတဲ့ နာမည် တစ်မျိုးနဲ့ 

လူတွေ စိတ်ဝင်စားအောင် လုပ်တာပါ။ ခရစ်စမတ် လက်ဆောင်အနေနဲ့  လည်း သူတို့ က

ချောကလပ်ပေး(လှူ )ကြ၊ ခြေအိတ်တွေနဲ့  ခရစ်စမတ်ကိတ်တွေကိုလည်း

( ဗုဒ္ဓဘာသာတွေ မဟုတ်ကြပေမယ့် ) ဒါန လက်ဆောင် ပေးကြပါတယ်။ ဒါန ကတော့

သူတို့ အတွက် ရင်းနီးနေကြပါပြီ။



ပြီးတော့ Ostern ကြက်ဥ ပွဲတော် ရာသီကြတော့ ကြက်ဥထဲမှာ တရားထိုင်တဲ့ ပုံကို

ဘုရားရှေ့ မှာ ထားပြီး တရားထိုင်တဲ့ နည်းလမ်း သုံးပြီး အ၀ိဇ္ဇာဖေါက်ခွဲရတယ်လို့ ရှင်းပြကာ

ပွဲတော်တစ်ခုကို စီစဉ်ပြီး တရားထိုင်ခဲ့ကြပါတယ်။



အဲလိုပါပဲ Heilige Drei Könige ဆိုတဲ့ အထိမ်းမှတ်အနေနဲ့ အိမ်ပေါက်ဝမှာ ကျက်သရေ

မင်္ဂလာ ရှိစေဖို့  သူတို့ တစ်တွေက 20 C + M + B 10 လို့  ရေးသလို သံဃာတော်တွေကိုယ်တိုင်

ဗုဒ္ဓဘာသာ အိမ်ပေါက်ဝတွေမှာ 25 B + D + S + 54 ဆိုပြီး ရေးကာ အန္တရာယ်ကင်း ဆုတောင်း ဂါထာ

ဘ၀တု သဗ္ဗမင်္ဂလာနဲ့ သဗ္ဗီတိယော တို့ ကို ရွတ်ဖတ်ပေးခဲ့ပါတယ်။ ဆွမ်းခံ ကြွရင်း ပြုလုပ်ခဲ့ပါတယ်။

B ဘုရား D တရား S သံဃာ ကို ရည်ညွှန်းကြောင်းနဲ့  သာသနာ ၂၅၅၄နှစ်ရှိပြီ ဆိုတာကို လည်း

ရှင်းပြပေးရပါတယ်။

ဥရောပက ကလေးတွေ ကျောင်းသားတွေကလည်း ဘုန်းကြီးကျောင်းကို မကြာ မကြာ လာတတ်ပါတယ်။

အဲလို လာပြီ ဆိုတာနဲ့  သင်္ကန်းကို အပို ဘေးမှာ ချထားပြီး ဒါက အပေါ်သင်္ကန်း၊ ဒါက အောက်က သင်္ကန်း၊

ဒါက နှစ်ထပ် သင်္ကန်းကြီး စသဖြင့် ရှင်းပြရပါတယ်။ သပိတ်ကိုလည်း ဒါနဲ့ စားရတယ် ဆိုတာ ရှင်းပြရ။

သူတို့  ပါလာတဲ့ အစားသောက်ကိုလည်း အကပ်ခံမှ ဘုဉ်းပေးရတယ် ဆိုတာ ရှင်းပြရတယ်။

အမေး အမြန်းကလည်း အကြောက် အရွံ့ မရှိမေးပါတယ် ။ အဲလို ရှင်းပြတော့ သူတို့ လည်း

သဘောကျသူလည်း ကျတာပေါ့။ အနည်းဆုံး တော့ ရောက်လာတာနဲ့  လက်အုပ်ချီ ရတာသိသွားပြီး

ဘုရားကို အမွှေးတိုင် ဖယောင်းတိုင် ပူဇော်ခွင့်ရ ကြပါတယ်။



တစ်ခါတစ်လေလည်း ကျောင်းဆရာ ဆရာမတွေက သံဃာတွေကို စာသင် ခန်း ကိုပင့်ပြီး

ကျောင်းသားလေးတွေ၊ ဆရာဆရာမတွေက သိချင်ရာ လေးတွေကို မေးလေ့ရှိကြပါတယ်။

ဘုရားဓမ္မ ထဲထဲဝင်ဝင် မသိသေးပေမယ့် ၊ ဘုရားရယ်၊ ဓမ္မရယ် ၊ သံဃရယ်လို့ တော့

မိတ်ဆက်အနေနဲ့ သိသွားကြတာပေါ့လေ။



ပြီးတော့ - တစ်ခါတုန်းက အသက် ၃၀ ၀န်းကျင် ရှိတဲ့ ကလေးမ တစ်ယောက် သူ့ အမေနဲ့ အတူ

ကျောင်းရောက်လာတယ်။ အကြောင်း ကိစ္စကို မေးတော့ သူ့  သမီး

တစ္ဆေ ပူး လို့  အစားသောက် မစားနိုင်ဖြစ်နေတာ ကြာပြီလို့  ဆိုတယ်။ အဲဒါ ခု

သူ တို့  ဘုန်းကြီးက ကိုယ်တိုင် မကုနိုင်ဘူး၊ ဗုဒ္ဓဘာသာ ဘုန်းကြီး တွေ ဆီကို လွှတ်လိုက်လို့  လာတာလို့  ပြောပါတယ်။ ကျောင်းရောက်တော့ မေတ္တာပို့ ၊ ပဋ္ဌာန်းရေပေးလိုက်ပါတယ်။

နောက်တစ်ခါ လာတော့ သူတို့ ကို ဘုရားဝတ်ပြု၊ တရားထိုင် ခိုင်းလိုက်ပါတယ်။

အဲဒီနောက်တော့ ပျောက်သွားလို့ လေလားတော့ မပြောတတ်။ မလာတော့ပါဘူး။



စဉ်းစား ကြည့်ပါတယ်။ ဒီက လူတွေက ကိုယ့်ဘာသာကို မဟုတ်ပေမယ့်။

တကယ့် အရေး ကျတော့ အခြားဘာသာတွေကိုလည်း စိတ်ဝင်တစား ရှိတာကို တွေ့ ရတယ် ။

ဟုတ် မဟုတ် ၊ လက်တွေ့  ဆန် မဆန်ကိုလည်း စိစစ်တဲ့ သဘောကို တွေ့ ရ တယ်။

ဒါတွေ အားလုံးကတော့ သူတို့  ဓလေ့ပါပဲ။



ကျန်တဲ့ လတွေမှာ ဗုဒ္ဓဘာသာ ဓလေ့တွေကိုလည်း သိအောင် ကျင်းပဖြစ်ခဲ့ပါ တယ်။

တန်ခူးလမှာ ကျောင်းမှာအတူနေတဲ့ ဂျာမန် ဥူးဇင်းနဲ့  ကိုယ်ကိုယ်တိုင် ကွန်ပျူတာ

မဟာပဋ္ဌာန်းပွဲ ၂၄ နာရီ ၄ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ပါတယ်။ အပြင်မှာတော့ လူတွေ မြင်သာအောင်

ရုပ်ပွါးဘုရားကို စားပွဲမှာတင်ပြီး ရေသပ္ပါယ် ပူဇော်ခဲ့ ကြပါတယ်။ လာရောက်ကြတဲ့ မြန်မာ ၊ ထိုင်း ၊

ဂျာမန် လူမျိုးစသူတို့ ကလည်း မိမိတို့ နည်းတူ ပူဇော်ကြတယ်ပေါ့။



ကဆုန်လမှာတော့ ဝေသာခ ဒေး ဆိုပြီး သီရိလင်္ကာက ဒကာများက မီးပုံးများ ကို လှူကြတယ်။

အတွင်းပြင် ကျောင်းမှာ အလှ ဆင်ပြီး သုတ်ပေါင်း ၁၅၂ သုတ်ရှိတဲ့ မဇ္ဈိမနိကာယ်ကို ဆယ်ရက်တိုင်တိုင်

ရွတ်ဖတ် ပူဇော်ပြီး လာရောက်နာယူကြတဲ့ ဓမ္မမိတ်ဆွေတို့ ကို တစ်သုတ်ပြီးတာနဲ့  တစ်ခါ

အတိုချုပ်ရှင်းပြခဲ့ပါတယ်။



ဝါဆိုလမှာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကိုလည်း

ရှင်းပြဖြစ်ပါတယ်။ ကထိန်ရာသီကျတော့လည်း ကထိန်အကြောင်းကို သိသင့် သလောက်

ပြောပြခဲ့ပါတယ်။ တပိုတွဲလမှာတော့ မာဃ ပူဇာဆိုပြီး သံဃာတော်များ ကို

ကျောင်းသို့ ပင့်ပြီး ပါတိမောက္ခုဒ္ဒေသက ရွတ်ဖတ်တယ်။ သံဃာတွေက နာယူကြ ပေါ့။



ကျန်တာကတော့ ကျောင်းမှာ နှစ်ပတ်တစ်ခါ ဆိုသလို စာတွေ သင်ပေးပါတယ်။ စာသင်တာ

ဆိုတာကလည်း မဇ္ဈိမနိကာယ ၊ ပါဠိ ၊သံယုတ္တနိကာယ ၊ အခြေခံ ဗုဒ္ဓဘာသာ ၊ နဲ့  အဘိဓမ္မာတွေပါ။

တရားပွဲကလည်း တစ်လတစ်ခါ ဆိုသလို ဟောပေးရပါတယ်။



တနင်္ဂနွေ နဲ့  လပြည့် လကွယ် နေ့ တွေမှာတော့ အထူး အစီစဉ်အနေနဲ့  မနက်ခင်း ၈ နာရီမှ

ညနေခင်း ၉ နာရီအထိ နားချိန်နဲ့ အတူ တစ်နေကုန် ပြုလုပ်ထားပါတယ်။

သီလ ဆောက်တည်ကြခြင်း၊ တရားထိုင်ခြင်း၊ တရားစင်္ကြံ လျှောက်မှတ်ရခြင်း

များပြုလုပ်ပေးပါတယ်။ ( လပြည့် လကွယ် နေ့ များထက် တနင်္ဂနွေ နေ့ မှာ လာကြတာများ ပါတယ်၊)



ဒီလိုလေးတွေ အရှေ့ က ဓလေ့ ၊ အနောက်ဓလေ့ မတူကြပေမယ့် တရားဓမ္မတွေ ကို ရင်ထဲ ဖြေးဖြေးချင်း

ပို့ နိုင်ဖို့  အဓိကပဲလို့  ခံယူထားပါတယ်။ တဖြေးဖြေးလေး တော့ တရားကို စိတ်ဝင်စားတဲ့ လူဦးရေက

တိုးတိုးလာပါတယ်။ သို့ သော် ၀ုန်းကနဲ့  မတိုးလာတော့ စိတ်ရှည်စွာ စောင့်နေရပါတယ်။

သို့ သော် ခုအခြေနေမှာတော့ ကိုယ့်လူမျိုးတွေကလည်း ပင့်ဖိတ်လို့  တရားလေိုက်၊ ကြွလိုက် ၊ကျောင်းလာပြီး

ကုသိုလ်လုပ်လို့  တရား ဟောပြလိုက်အလုပ်ကိုလည်း လုပ်နေရပါတယ်။ အဲသလို ကြိုးစားပြုလုပ်ရင်း

အရှေ့ နဲ့  အနောက် ဟာ ဖြောင့်ဖြောင့် ဆန့် ကျင်ပေမယ့် မဆန့် ကျင်သော ဓမ္မများ ရင်ထဲ အရောက်

ပို့ ခွင့်ရစေဖို့  ကိုယ့်ဆီမှာ ပြုလုပ်လေ့ မရှိတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ ပွဲတော်များ ကျင်းပခဲ့ပါတယ်။

ကိုယ့်ဆီမှာ ပြုလုပ်လေ့ရှိတဲ့ ပူဇော်ပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။ အစစ အရာရာ ကွာခြားပေမယ့်

ဓမ္မ အားဖြင့် မကွာခြားပဲ ဖြစ်ပါတော့တယ်။


ရှင်ဒဿန

မှတ်ချက်။ ။ ဒီနေ့  ၁၂ရက်နေ့ ပဲ သီရိလင်္ကာနိုင်ငံထုတ် လင်္ကာတမန် မဂ္ဂဇင်းမှာ
ရှင်ဒဿန နာမည်ဖြင့် မြတ်ရောင်နီ ကလောင်ကိုယ်ပွါး
စာအုပ် တစ်အုပ် ချီးမြှင့်ရရှိခဲ့ပါသည်။
ထိုဆောင်းပါးကို အများဖတ်ရှုစေရန်
ပြန်ကာ ဖြန့် ဝေလိုက်ပါသည်။



မြတ်ရောင်နီ
( ၁၂ ၊ ၀၇ ၊ ၂၀၁၁)

ဒီနေရာမှာ ရေးပါ..

Monday, July 11, 2011

တွေ့ ဆုံ ပွဲ စကား


တွေ့ ဆုံပွဲ စကား


နိဒါန်းအချီ စကား...
မြန်မာပြည်သို့  ပြန်မှာက ၁၄ ရက်နေ့ ည မှာ ပြန်ပါမယ်။

သို့ ပေမယ့် ဥရောပရဲ့ ထုံးစံ အတိုင်း အားလပ်ရက်ဖြစ်တဲ့
စနေ တနင်္ဂနွေ တစ်ရက်ရက်မှ အဆင်ပြေမှာမို့  တနင်္ဂနွေနေ့ ကို
ရွေးခဲ့ပါတယ်။

ပြန်ခါနီးမှာ မြန်မာလိုသာ ဂျာမန်စကားကို ကောင်းကောင်းသိနေမယ်ဆိုရင်
ရယ်စရာတွေလည်း အများကြီး ပြောဖြစ်အုံးမယ်။ လွမ်းစရာဖြစ်အောင်လည်း
ပြောဖြစ်အုံးမယ်လို့  ထင်ပါတယ်။ ခုတော့ ဘယ်ပုံစံနဲ့  ပြောမလဲ သူတို့ ကို
ရယ်စရာတွေချည်း ပြောလို့ လည်း မသင့်ဘူးထင့်။ ပြီးတော့ လွမ်းအောင်ဖြစ်အောင်
ပြောဆိုတော့လည်း လွမ်းတာက တရားမဟုတ်ပြန်။ ပြောလည်း အဲလောက်
မပြောတတ်ပါလေ။ ဒါကြောင့် ဒီလိုလေးပဲ အတိုလေး ပြောလိုက်ပါတယ်။

တွေ့  ဆုံပွဲ စကား
ကောင်းသောညနေခင်းပါ။ ခုလို အားလုံးစုံညီတွေ့ ရတဲ့ အတွက် ၀မ်းသာပီတိ

ဖြစ်မိပါတယ်။ ဒီနေ့ ဟာ ခွဲခွါရမည့် ညနေခင်းလေးပေါ့။ အဲ သို့ သော်
မပြန်သေးဘူးနော်။ ၁၄ ရက်နေ့ မှ ပြန်မှာ။ နေအုံးမှာ။ ကိုယ်ရေးထားတဲ့အတိုင်း
စာဖတ်လိုက်တတ်တာကိုး ။ ( ပရိသတ်များရယ်ကြတယ်)။

ဘုန်းဘုန်း အနေနဲ့  ကျေးဇူးတင်စကား ထုတ်ဖေါ် ပြောကြားချင်ပါတယ်။
ဘုန်းဘုန်း ဒီမှာနေစဉ်အတွင်း အားလုံးက အကူညီတွေ ပေးခဲကြပါတယ်။
ဥပမာ ရဟန်းတွေ မရှိမဖြစ် လိုအပ်တဲ့ အသုံးဆောင်ဖြစ်တဲ့ ဆွမ်း သင်္ကန်း
ကျောင်းဆေး ပစ္စည်းလေးပါး၊ အဲ... ဒါ့ပြင် ဘုန်းဘုန်းမှာ လိုတာက
ရထားလက်မှတ် ၊ စကားပြောသင်တန်းကြေး ၊ ဟန်ဒီဖုန်းကဒ်စသဖြင့်ပေါ့လေ။
( အားလုံးပဲ အကူညီပေး လှူဒါန်းသမှု ပြုခဲ့ကြပါတယ်။)

ပြီးတော့ ဘုန်းဘုန်း အခုလို အကူညီပေး လှူဒါန်းကြလို့  သာဓုခေါ်
ဝမ်းမြောက်ပါတယ်။ ဘုန်းဘုန်းလည်း တတ်နိုင်သရွေ့  တရားတွေ
လေ့လာသင်ယူ ဟောပြောခွင့်ရခဲ့တာပေါ့။

ခု ဘုန်းဘုန်းရဲ့  ပစ္စည်းလေးပါးထောက်ပံ့တဲ့ ဒကာမ တစ်ဦးက ဘုန်းဘုန်းအတွက်
ကျောင်းဆောက်လှူဒါန်းမည် လို့  လျှောက်ပါတယ်။ ဒါ ဘုန်းဘုန်းအတွက်
ကောင်းပါတယ်။ သာဓုခေါ် ၀မ်းမြောက်မိပါတယ်။

ဒါပေမယ့် အခြားတစ်ဘက်ကကြည့်တော့လည်း သိပ်ဝမ်းမမြောက်ပါဘူး။
( ၀မ်းမမြောက် ကံမကောင်းဘူးပေါ့၊) ဘာလို့ လဲဆိုတော့ ဒီမှာ တရားနာလိုသူ
တွေကို တရား များများစားစား သင်မပေးခဲ့နိုင်တာကြောင့်ပါပဲ။

ခု ဘုန်းဘုန်းရဲ့  အစီစဉ်တွေကို ပြောပြပါမယ်။ ၁။ ပရိယတ္တိ ၂။ ပဋိပတ္တိ
နှစ်ခုစလုံး အလုပ်လုပ်သွားပါမယ်။ ပရိယတ္တိဆိုတာ အထူးသဖြင့်
ကိုရင် ဥူးဇင်းများကိုသင်ကြားခြင်း ၊( သင်ယူခြင်း၊ ဟောကြားခြင်း )
ငယ်ရွယ်တဲ့ ကျောင်းသားလေးများကို ဘာသာရေး သင်ပေးခြင်း နှင့်
ပဋိပတ္တိဆိုတာက တရားဘာဝနာများ နှလုံးသွင်း အားထုတ်ခြင်းတို့ 
ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းတွေဆောက်လုပ်ရပါ့မယ်။ ပုံစံအမျိုးမျိုး ကျောင်းတွေပေါ့။
အလယ်ခေါင်က ခပ်မြင့်မြင့် ကျောင်းကြီးတစ်ဆောင် ဘေးမှာက
ခပ်နိမ့်နိမ့်ကျောင်းလေးတွေ ၀ိုင်းရံလို့ ပေါ့။ ခုလောလောဆယ်တော့
ကျောင်းသေးသေးက စပြိး အစပျိုးရမှာပါ။

ဘုန်းဘုန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တပည့်တော်တို့ 
တရားလည်း ဆက်လက်အားထုတ်ကြမယ်၊ ပြီးတော့ သင်ကြားလေ့လာ
ရမည့် တရားဗဟုသုတတွေ လည်း ဆက်လုပ်ကြရမယ်ပေါ့။

အဓိကကတော့ ကိုယ့်ကိုယ်ဘဲ အဓိက လုပ်ဆောင်ကြရတာပါ။
လူတိုင်းလူတိုင်း နေ့ စဉ်ဆိုသလို မှန်ကြပါတယ်။ အဲသလိုမျိုးလေး
ကိုယ့်ရဲ့  ကာယကံ ၀စီကံ မနောကံ လေးတွေကို ကြည့်ရပါမယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း မေးကြပေါ့။

ငါတို့ ဟာ ကောင်းတာတွေ လုပ်နေကြသလား၊ မကောင်းတာတွေ
လုပ်နေမိနေကြတာလားလို့ ။ တကယ်လို့  မကောင်းဘူး မြင်ရင်
ထင်ရင် မကောင်းရင် စတော့ပ် ရပ်လိုက်ပေါ့။ ကောင်းတယ်ဆိုရင်တော့
( ဘာမှပြောမနေနဲ့  ) ဆက်သာတွန်းပြီး ကျိုးစားလုပ်ဆောင်ကြပေါ့။

မြတ်စွာဘုရားရှင်က အမြဲတမ်း ပြောဟောခဲ့ပါတယ်-
အပ္ပမာဒေန သမ္ပာဒေထ တဲ့။ ဆိုလိုတဲ့  အဓိပ္ပါယ်က
အမြဲတမ်း သတိနဲ့ ပြည့်စုံအောင် နေကြတဲ့။

ကိုင်း ဒါပါပဲ။ သာဓု သာဓု သာဓု။

( ဆိုလိုတာကတော့ အဲလိုပဲ လာတဲ့သူအများက ကိုယ့်နိုင်ငံသားတွေ
မဟုတ်ကြလေတော့ အဲလိုမျိုးထိ ပေါက်ပါ့မလားဘဲ)။

ကိုင်း ဂျာမန်ဘာသာလိုလေး ဖတ်ကြည့်ပါလေ...

Guten Abend! Ich sehe euch und freue mich. Heute ist der Abschiedsabend.
Ich möchte euch meine Dankebarkeit ausdrücken. Als ich in dem Land
gewohnt
habe, haben alle mir mit allen geholfen. z.B Mönche brauchen vier
Dinge: Essen,
Wohnung, Medikamente , und Kleidung und ich auch
Fahrkarten, Sprachshule,
Handy u. s. w.

Ich bin glücklich über die Hilfe von euch und ich hatte die Möglichkeit den
Dhamma
zu lehren. Jetzt hat mich eine Unterstüzerin aus Myanmar
eigeladen, ein neues
Kloster zu bauen. Das ist gut für mich . Ich bin
glücklich. Aber die andere seite ist:
Ich bin unglücklich, weil ich den
Dhamma hier nicht mehr lehren kann.


Meine Päne sind: 1. Pariyatti 2. Patipatti. Pariyatti bedeutet Unterrict
besonders
für Novizen und Mönche, außerdem für Kinder.Patipatti
bedeutet Meditation.


Deshalb baue ich ein Kloster mit verschiedenen Gebäuden. In der
Mitte ist ein
hohes Gebäude. Links und rechts sind niedrige Gebäude.
Ich beginne mit den
kleinen Gebäuden.

Ob ich hier bin oder nicht: wir meditieren und lernen weiter. Wichtig ist :
wir machen es selbest. Jedentag schauen wir in den Spiegel. Genauso
sehen
wir unsere 3 Handlungen. Uund wir fragen uns: Sind sie heilsam
oder
unheilsam? Wenn ihr unheilsam seht, dann stopp. Und wenn ihr
unheilsam
seht , dann weiter.

Buddha saget immer: APPAMAADENA SAMPAADETHA
Das bedeutet seid achtsam jeden Momement !

Sadhu Sadhu Sadhu !


မှတ်ချက်။ ။ မိမိအတွေးရှိသည့်အတိုင်း ဂျာမန် ဆရာမကြီး ခရစ်စတီးနားကို
ပြောပြခဲ့သည်။ သူက အားလုံးဆိုသလို ပြင်ဆင်ပေးခဲ့ပါသည်။
အားလုံးကို ကျေးဇူးတင် သာဓုခေါ်လျက်...


မြတ်ရောင်နီ
( ၁၁ ၊ ၀၇ ၊ ၂၀၁၁ )





ဒီနေရာလေးမှာ ရေးပါ..