အားရှိရဲ့လား ၊ အားပြည့်ရဲ့လား
အားရှိရဲ့ လား ၊ အားပြည့်ရဲ့ လား အားရှိမှ အကြာကြီးခံ။ ( ဘတ္ထရီ ၊ ကြော်ငြာ ၊ သီချင်း).
ထိုကဲ့သို့ ပင် လူကိုလည်း ဘတ္ထရီ အသွင် ပြောလိုက်ချင်သေး၏။ လူကလည်း အားရှိမှ အကြာကြီးခံတာ ဖြစ်ပါတယ်။ အားမရှိရင် ခွဲသွားတတ်ပါတယ်။ သတိထားမိကြမှာပါ။
အားရှိအောင် အားအမြဲသွင်းဖို့ လိုတာပေါ့နော်။ အားရှိပြီ ၊ အားပြည့်ပြီ ဆိုတာနဲ ကိုယ်ထွန်း လိုက်တဲ့ ဖန်သီး ဖန်ချောင်း လင်းထိန်သွားမှာပါ။ အားမရှိရင် မှိန်မှိန်လေးသာ။ ကြည့်မကောင်း ရှုမကောင်း။ မီးအားနည်းရင် ခရမ်းချဉ်သီး အရောင်မျှသာ လို့ တောင်ပြောကြရဲ့ ။ (တင်စားပြီး ခံစားကြည့်နော် )။
၁။ ယုံကြည်မှု အား ( အလုပ်တိုင်းမှာ ယုံကြည်ချက်ထားရမယ်)။
၂။ ကြိုးစားမှု အား ( ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလာဘူး )။
၃။ သတိထားမှု အား ( နမော်နမဲ့နေသူ ဟာ ကျရှုံးဖို့ ပဲပြင်ထားပေတော့ )။
၎။ စိတ်ဝင်စားမှု အား ( စိတ်မပါရင် ကိုယ်လုပ်တဲ့ အလုပ်ဟာ မအောင်မြင်ဘူး )။
၅။ လိမ်မာပါးနပ်မှု အား ( ကိုယ့် အလုပ်ကို အကဲ ခတ်တတ်ရတယ်)။
( ကိုယ်စီးတဲ့ မြင်း အထီးလား အမလား - အောက်ငုံ့ ...အဲ..။ သိဖို့ လိုပါတယ်)။

ဒီ အား ၅မျိုး ရှိသူဟာ သူ့ များထက် ခေါင်းတစ်လုံးသာပြီး လင်းနိုင်တဲ့သူတွေပေါ့။ သူများတွေလို အားပြည့်ချင်ရင် အားဖြည့်ဖို့ လိုပါတယ် ။ အားရှိရဲ့ လား ၊ အားပြည့်ရဲ့ လား ဆိုတာကိုတော့ ကိုယ့် ဖာသာ ကိုယ်မေးရပါမယ်။ ကိုယ်ပဲ အသိဆုံးပေါ့။
လူတိုင်း လူတိုင်း သူများထက် လင်းနိုင်အောင် ဖေါ်ပြလိုက်ပါတယ်။
အမှာ ။ ။စာရေးချိန်မရလို့ ။ ပြီးတော့ မရေးပဲလည်း မနေနိုင်လို့ ။
လာရောက်ကြသူတွေကိုလည်း
အသစ်လေးတွေ ဖတ်ရှုနိုင်ဖို့  ရေးလိုက်တာပါ။
သိပြီးသူတို့ အတွက်လည်း အားထပ်ဖြည့်တယ်
မှတ်ပါလေ။
လာရောက်ကြသူတွေကိုလည်း
အသစ်လေးတွေ ဖတ်ရှုနိုင်ဖို့  ရေးလိုက်တာပါ။
သိပြီးသူတို့ အတွက်လည်း အားထပ်ဖြည့်တယ်
မှတ်ပါလေ။
မြတ်ရောင်နီ
( ၂၅ ၊ ၀၆ ၊ ၂၀၁၀ )
မှတ်သားထားပါ့မယ်။ ကျေးဇူးတင်ပါတယ်။
ReplyDeleteဘုန်းဘုန်း ဟိုနေ့က ချက်တင်မှ တရားဟောခြင်း အဆက်လို့ မှတ်ယူလိုက်မိပါတယ်။ တပည့်တော် ယုံကြည်ချက် ခပ်ပျော့ပျော့လေးတော့ ထားပါတယ် အားတော့ အရှိသေးဘူးနော် :)
ReplyDelete