Pages

Thursday, October 7, 2010

ယောက်မလို ၊ လျှာလို လူစားများ



ယောက်မလို ၊ လျှာလို လူစားများ


၂၅။ ယာဝဇီဝမ္ပိ စေ ဗာလော ၊ ပဏ္ဍိတံ ပယိရုပါသတိ၊

န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗိ သူပရသံ ယထာ။

( ပဏ္ဍိတကဏ္ဍ ၊ လောကနီတိ )

သိဥာဏ်ကင်းပ ၊ လူ့ ဗာလသည် ၊
ပညာရှိနား၊ ဆည်းကပ်ငြားလည်း ၊

သူတော်အကျင့် ၊ (ရှောင်ကာလင့်၍ )၊
တရားကြောင်းရာ၊ ဆိုးကောင်းတာကို၊

ယောက်လိုတူစွာ ၊ ဟင်းအလျာထို ၊
ပေါ့ငံစပ်ခါး မသိငြားသို့ ။


( ဘာသာပြန် - ဘုန်းဘုန်းဘိုတေ၊ ၂၀၁၀ )

၂၆။ မုဟုတ္တမပိ စေ ၀ိညူ ၊ ပဏ္ဍိတံ ပယိရုပါသတိ၊
ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ ၊ ဇိဝှါ သူပရသံ ယထာ။
( ပဏ္ဍိတကဏ္ဍ ၊ လောကနီတိ )

သိဥာဏ်ပြည့်ဝ ၊ ပဏ္ဍိတသည် ၊
ပညာရှိနား ၊ ဆည်းကပ်သွား၍ ၊

သူတော်အကျင့် ၊ (ကုန်ရလင့်ကာ) ၊
တရားကြောင်းရာ ၊ ဆိုကောင်းတာကို ၊

ပေါ့ငံစပ်ခါး ၊ သိသွားလျင်စွာ ၊ လျှာပမာလို။

( ဘာသာပြန် - ဘုန်းဘုန်းဘိုတေ ၊ ၂၀၁၀ )


မှတ်ချက်။ ။ ကဗျာ စပ်ချင်စိတ်ပေါ်လာတာနဲ့ 
ပါဠိဂါထာကို မြန်မာဂါထာခေါ် မြန်မာကဗျာ အဖြစ်
( မဖြစ်တစ်ဖြစ်)
ဖန်တီးကာပို့ စ် အသစ် အနေ တင်လိုက်ရပေသတည်း။



မြတ်ရောင်နီ

( ၀၇ ၊ ၁၀ ၊ ၂၀၁၀ )




span

2 comments:

  1. နှုတ်မှုလက်မှု၊
    အတတ်စုကို၊
    ငယ်နုသောအား၊
    မမေ့ငြားနှင့်၊
    ရင်းဖျားကုန်စင်၊
    တတ်မြော်မြင်က၊
    တစ်ခုမျှလျက်၊
    အသက်မွေးကြောင်း၊
    ဖြစ်တုံရှောင်း၏။
    (လောကနီတိပျို့)
    ငယ်ငယ်တုန်းက ကျက်ခဲ့တဲ့ဟာ။ ဘုန်းဘုန်းဘိုတွေရဲ့ ကဗျာကိုလည်း ခု ကျက်နေတာ။ အလွတ်ရတော့မယ်။

    ReplyDelete
  2. မြန်မာလိုပြန်ထားတဲ့ကဗျာလေး ဖတ်မှတ်သွားပါတယ် ဘုန်းဘုန်း။
    အနက်အဓိပ္ပါယ်လေး အလွန်ပြည့်ဝပြီးလိုက်နာသင့်တာမို့ သာဓုခေါ်ပါတယ် အရှင်ဘုရား။

    ReplyDelete