Pages

Thursday, January 14, 2010

ဖုံးသင့်တာ ဖုံး၊ ဖေါ်သင့်တာဖေါ်

ဖုံးသင့်တာ ဖုံး ၊ ဖေါ်သင့်တာဖေါ်

ဖုံးထားသင့်သော အရာများမှာ-

၁။မာတုဂါမ ခေါ် အမျိုးသမီးများ ဖုံးသင့်တာ ဖုံးထား( မဖွင့်လေ ကောင်းလေ)
၂။ပုဏ္ဏားတွေရဲ့  ဂါထာမန္တရား ဟူးရာပါကျန် ဗေဒင်အဆုံး ဖုံးထား
(မဟောလေကောင်းလေ)
၃။မှားယွင်းသော ဒဿန အတွေးခေါ် မိစ္ဆာအမြင်များဖုံးထား
( ပြောမပြ၊ ရေးမပြလေ ကောင်းလေ)
သို့ မှသာ လိုရာအကျိုး ရွက်ဆောင် နိုင်မည်။( အာဝဟန္တိ)


ဖေါ်သင့်သော အရာများမှာ-

၁။ဖိုးရွှေလမင်း အရောင် ဖြာချင်သလောက်ဖြာ၊လင်းချင်သလောက်လင်း
(ထိန်လေ ကောင်းလေ)
၂။နေမင်း အရောင် ရှိမှ ကောင်းမယ်။( သူ့ အချိန်နဲ့ သူ နေလုံးဝ
မပျောက်လေ ကောင်းလေ)။
၃။မြတ်စွာဘုရား ဟောကြားသည့် တရားတော် ( ပြန့် ပွါးလေ ကောင်းလေ)
သို့ မှသာ လောက တစ်ဝှမ်း သာယာမည်။(၀ိရောစန္တိ)


အကျဉ်းချုပ် မှတ်လိုသော်-
ဆောင်ပုဒ်- မာတုဂါမ ၊ ဗြာဟ္မဏမန္တန်၊ မိစ္ဆာဒိဋ္ဌိ ဖုံးဖိတော်ပြန်။
လ၊ နေ၀န်း နှင့်၊ ဘုရားဟောကျမ်းဂန်၊ဖေါ်ဖွင့်ပြ မှတ်ကြတင့်တယ်မှန်။

အင်္ဂုတ္တရနိကာယ၊ ၃။ကုသိနာရ၀ဂ္ဂ၊၉။ပဋိ စ္ဆန္နသုတ္တ

ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
ဥပမာ- ကျမ်းဂန်မှာ လရောင်၊ နေရောင် သည်
ဖွင့်လျင်တင့်တယ်သည်။ ဖုံးလျင်မတင့်တယ် ဟုသာရှိပါသည်။
သိလွယ်စိမ့်သောငှါ ဤသို့  ပြန်ဆိုခြင်း ဖြစ်ပါသည်။

မြတ်ရောင်နီ
(၁၅၊၀၁၊၂၀၁၀)

No comments:

Post a Comment