ချိုဂိုဟားဇံ ( ၂ )
သူ့တို့ သက်တမ်း သုံးရက်သား
ဟားဇံ အဖြစ်မှ ထွက်ခွါသွား။
သုံးဆယ့်နဲ့  နှစ် စက်ယန္တရား
လုံးလုံး လျားလျား ချေမွစား။
ဟား.. ဟား.. ဟား...။
ဝါး.. ၀ါး .. ၀ါး...။
ပျက်ဆီးခြင်း သဘောသည် ပျက်စီးရ၏
ပြိုကွဲခြင်း သဘောသည် ပြိုကွဲရ၏
အဲ... စားရခြင်း သဘောသည် စားလိုက်ရ၏။
အော်စတာပွဲတော်နေ့ တွေ က
ရွှေယုန် ကလေးတွေ ခုတော့ ဒီလို ဖြစ်သွားပြီ။
သူတို့ က အပေါ်က ရွှေမှုန်ကြဲ
အတွင်းက ချောကလပ်ခံဆိုတော့...
ဘာပဲ ဖြစ်ဖြစ်ပေါ့- ဒီလို ပဲ ဂိတ်ဆုံး ရကြောင်း သိစေလိုတာနဲ့ 
မရဏာနုဿတိ ဆောင်းပါး အပြီး ပုံလေးကို ဖေါ်ပြလိုက်တာပါ။
ချိုဂို- ဂျာမန်လို ချောကလပ် အတိုကောက်။
အရှည်က (ချိုဂိုလားဒယ်)
ဟားဇံ -ယုန်
မြတ်ရောင်နီ
(၀၈၊၀၄၊၂၀၁၀)
No comments:
Post a Comment