သတိကို သတိပြု
အပိုင်း (ဃ)
မရဏာနုဿတိ ဘာဝနာပြီးတော့-
၉။ကာယဂတာသတိ ပါ။ ကိုယ်မှာ ဖြစ်တဲ့ ရှိနေတဲ့ အရာကို ပြန်လည် သတိရှိအောင်ပြုလုပ် တာပါ။
ကိုယ်မှာ ဘာတွေ ရှိသလဲ -
ဤငါ့ကိုယ်တွင် ဆံပင် အမွေး (လက်သည်း ခြေသည်း ) သွား အရေ။ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့ ။ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် ။ အူမ အူသိမ် အစာသစ် အစာဟောင်း ဥဏှောက်။သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်။
ဒွတ္တိံသ- ၃၂မျိုး၊ ကောဋ္ဌာသ- မသထီစရာ ရွံစရာအစု။ လို့ ခေါ်ပါတယ်။
အဲလို ဆင်ခြင်ပွါးများရင် လည်း ကိုယ့်ကို ဟုတ်လှတယ် မထင်တော့ဘူး။ နို့ မို့ ရင် ချောတယ်၊
လှတယ် ထင်မယ်။ ရေမွှေးဆွတ်လို့ မွှေးတာ၊ သနပ်ခါး မိတ်ကပ်လူးလို့  မွှေးတာ ၊ ဆပ်ပြာ အမွှေး သုံးလို့ ၊ ခေါင်းအလှဆီ အမွှေးသုံးလို့ မွေးတာ ငါက မွေးတယ် လုပ်နေမယ်။ ဟုတ်တယ် ဟုတ်၊
( ကိုယ်အပါဝင်) ထင်မိသယောင်။
လှတယ် ထင်မယ်။ ရေမွှေးဆွတ်လို့ မွှေးတာ၊ သနပ်ခါး မိတ်ကပ်လူးလို့  မွှေးတာ ၊ ဆပ်ပြာ အမွှေး သုံးလို့ ၊ ခေါင်းအလှဆီ အမွှေးသုံးလို့ မွေးတာ ငါက မွေးတယ် လုပ်နေမယ်။ ဟုတ်တယ် ဟုတ်၊
( ကိုယ်အပါဝင်) ထင်မိသယောင်။
တကယ်တမ်းကြပြန်တော့ ဆံပင် ကျွတ်သွားလို့  ထမင်း ပန်းကန်ထဲ တွေ့ တာတောင် ပျို့ သလို
လို ဖြစ်တတ်ရဲ့ ။ ခေါင်းပေါ်နေတုံးက လှတယ် ထင်တာ။ ကဲ သိပြီလား။ ကျန်တဲ့ ရွံစရာ မှန်သမျှ အမှန် တိုင်း သိပါလေ။
လို ဖြစ်တတ်ရဲ့ ။ ခေါင်းပေါ်နေတုံးက လှတယ် ထင်တာ။ ကဲ သိပြီလား။ ကျန်တဲ့ ရွံစရာ မှန်သမျှ အမှန် တိုင်း သိပါလေ။
ပါဠိ ဂရမ်မာ နည်း အရကတော့ ကာယ ကို ( ကု+ အာယ ) ပုဒ်ခွဲရတယ်။ ကု ဆိုတာကု စ္ဆိတ- ရွံစရာ။ အာယ ဆိုတာ အပေါင်း-လို့  ဆိုပါတယ်။
ဘုန်းကြီး တစ်ပါးက က ကု စ္ဆိတ ရွံစရာကို ပဲ ရွံစရာလို့  ဘာသာမပြန်ဘဲ။ ချေး လို့ ဒဲ့ဒိုး ဘာသာပြန်တယ်။ သူ့ အလို ကာယ ဆိုတာ တစ်ကိုယ်လုံး ချေးတုံး လို့  မြန်မာလို ဘာသာ ပြန်လို တယ်။ စကား ရိုင်းရင် သည်းခံပါ။ ဒါမှ ထိရောက်မှာမို့ ။
ကိုးပေါက်ဆိုတာ အပေါ် ( ၇) ပေါက်နဲ့  အောက် (၂) ပေါက်ကို ပြောတာပါ။ မျက်စိ ၂၊ နား ၂။
နှာခေါင်း၂။ ပါးစပ် ၁။ အောက်က ၂။ (သိသာထင်ရှားပြီ။)
နှာခေါင်း၂။ ပါးစပ် ၁။ အောက်က ၂။ (သိသာထင်ရှားပြီ။)
မျက်စိ ၂ ပေါက်က ထွက်တော့ မျက်ချေး၊ နား ၂ ပေါက်က ထွက်လာတော့ နဖာချေး စတာတွေပေါ့။ ချေးတွေ ကြည့်ပါဘဲ။ ကိုယ့်ဖာသာ ဆက်တွေး ကြပါဦးလား။ ကိုယ့်အနေနဲ့ အဲလို ဟိုတွေး ဒီတွေး တွေးမိတာပေါ့။ စာဖတ်တဲ့ အချိန်လေး အဲလောက်တွေး မိမယ်ဆိုရင် အထုံ ပါရမီ ကုသိုလ် ဖြစ်သွား နိုင်တယ်။ ဆင်ခြင်ကြည့်ပါ။
ဒါနဲ့ ပါတ်သက်ပြီးတော့ ဘုရား ရှင် လက်ထက်က အလှမာန်တက်နေတဲ့ အလှမယ် မရူပနန္ဒာပေါ့။ ဘုရား ကျောင်းတောင် မသွားဘဲ နေသေးတယ်။ ရဟန်းမ ၀တ်ခဲ့တာလည်း ဘုရားနဲ့  ဆွေမျိုးစပ်လို့  ။ ဒီ အတိုင်း လူဝတ်ကြောင်ဘ၀နဲ့  နေခဲ့ရင် အများပြောမှာ ကြောက်လို့ ။ သာသနာ့ဘောင် ၀င် ရောက် ခဲ့သူ။
ကျန်တဲ့သူတွေက သူ့ ရှေ့ မှာ ဘုရားဂုဏ်ကို ပြောတာ ပြောလို့ မကုန်နိုင် မခန်းနိုင်။ သူ မသွား ခြင်း အကြောင်းကလည်း သူရုပ်ရည်ရဲ့  အလှပကို အပြစ်တွေ ပြောမှာ စိုးလို့ တဲ့။ နောက်တော့လည်း အများက တိုက်တိုက် တွန်းတွန်း ပြောလာတော့ သူနေလို့  မဖြစ်တော့။ ဘုရားရှင်ထံ ရောက်သွား ခဲ့ ပါတယ်။
ဘုရားရှင် အမှန်တရားကို ပြောပြလို့ သဘောပေါက်သွားတယ်။ ပြောဟောတာက တိုတိုလေး-
အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ၊
ဥ ဂ္ဃရ န္တံ ပ ဂ္ဃရ န္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
စတဲ့ ဂါထာပါ။
ဥ ဂ္ဃရ န္တံ ပ ဂ္ဃရ န္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
စတဲ့ ဂါထာပါ။
ဒီဂါထာလေးကို အကျဉ်း လေ့လာကြည့်တော့ ဒီလိုတွေ့ ရတယ်။ ဥ ဂ္ဃရ န္တံ ဆိုတာ အထက် ကလည်း လျှံထွက်။ ပ ဂ္ဃရ န္တံ - အောက်ကလည်း ယိုထွက်တဲ့။ ဘာတွေလဲ ဆိုတော့ အသုစိံ-မစင်ကြယ် တဲ့ ဟာတွေ။ ပူတိ- ပုပ်ဟောင်ညှီတဲ့ဟာတွေ။ ဒါကို ဗာလာနံ- ကိုယ်လူ သူလို ဗာလ ခေါ်တဲ့ မသိတတ်သူတို့ က။ အဘိ ပတ္ထိတံ- အလွန်ကောင်း တယ် လို့  တောင့်တောင့်တတ ရှိတာတွေတဲ့။ ဆိုတဲ့ စကားလေးတွေ ကို အကြမ်းဖျဉ်းအားဖြင့် နား လည် ကြည့်စမ်းပါ့လား။
(စကားချပ်၊ စကားညှပ် ) မြန်မာစကားကို ပြန်စဉ်းစားကြည့်လိုက်လေ။ ရွံစရာ ကောင်း လိုက်တာ-တဲ့။ ရွံစရာဆိုရင် ဆိုးလိုက်တာလို ပြောရမှာ။ ဗာလာနံ အဘိပတ္ထိတံ ဆိုတော့ ရွံစရာလည်း ကောင်းချင် ကောင်း မှာပေါ့နော။
အပြန်အားဖြင့် မှတ်သားရမှာက ပညာရှိ သူတော်ကောင်းတို့ ဟာ ရွံစရာကို ရွံစရာမှန်း တကယ်သိပြီး တရားအားထုတ်ကြတယ် လို့  သိရမှာပါ။ ရွံစရာကောင်း တာကိုပဲ မတွယ်တာ ဖို့  ဆိုလို ရင်းပါ။ ကဲကြည့်လေ-
မရူပနန္ဒာ ကတော့ ဒီစကားလေးတွေကို တရားနဲ့ လျော်ညီစွာ သဘောပေါက် သွားတာ သောတာပန် ဖြစ်သွားပါ သတတ်။ အဲဒီနောက် အထက်မဂ် ရဖို့  အတွက် ဘုရားရှင် ဆက်လက် ဟော လိုက်တာမို့  ရဟန္တာ မ အဖြစ် ရောက်သွားပါတော့တယ်။
ဒါကတော့ ကာယဂတာ သတိ ရဲ့ အကျိုးလို့  မှတ်ယူနိုင်ပါ တယ်။
( ဓမ္မပဒ၊ ဇရာဝဂ္ဂ၊ ဇနပဒ ကလျာဏီ ရူပနန္ဒာ ထေရီ ၀တ္ထု)
၁၀။ အာနပါနဿတိ ဘာဝနာ သီးသန့် တစ်ပိုင်း ရေးသားပါဦးမယ်လို့  မှန်းထားပါတယ်။
မှတ်ချက်။ ။ မြူးနစ်မြို့  ဂျာမန် ဗုဒ္ဓဘာသာ အသင်းသူ အသားတို့ ကို ဒီလောက် အကျယ် ဟောပြော ချိန် မရလိုက်။ အနုဿတိ ( ၁၀ ) ပါးစလုံး ဟောတာမို့  တို့ ထိဆိတ်ဂဏန်း အမြည်းသဘော လောက် သာ ဟောခဲ့ပါတယ်။ဘလော့ ရေးသားချိန်မှာ စေတနာများ ပိုမိတာကြောင့် အကျယ် ရေး သား ခြင်း ဖြစ်တယ် ဆိုတဲ့ အကြောင်း.....
မြတ်ရောင်နီ
(၀၉၊၀၄၊၂၀၁၀)
တရားတော်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်ဘုရား။
ReplyDelete