စိတ်ပါသွားပြီ
စိတ်ပါသွားပြီ ဆိုတာနဲ့ တင်ထားတဲ့ ပုံကို ကြည့်ပြီး
ပေးမထားတဲ့ အမှတ်တွေ လျှော့ပစ်မှာ စိုးမိသေး။
ကျေးဇူးပြုပြီး...ရှေ့ ဆက်ဖတ်ပါ။
ကိုယ့်စိတ်ပါသွားတာ ဒီလိုပါ။ နဂိုရ်က စိတ်မပါဘူးလေ။
ဘယ်စိတ်ပါ ပါ့မလဲ၊ စိတ်ပါရ ကောင်းမှန်းကို မသိတာ။
စိတ်ပါဖို့ လမ်းစလည်း မရှိဘူးလေ။
ကိုယ့်အဖြစ် ကြည့်ပါ့လား၊ ကိုယ့်ပြည်ဌာန နေတုံးက အင်တာနက် ဆိုလို့ 
အီးမေး ၃ခါလား ပို့ ဘူးတယ်။ ဒါတောင် တစ်ခါက အထင်ကြီးအောင် ကြွားပြောတာ။
ကိုယ်ပိုင် ကင်မရာနဲ့ ဆိုလို့  တစ်ခါမှ ဓာတ်ပုံ မရိုက်ဖူးဘူး။ တကယ် အတည်။
ငှါးပြီးတော့ မှတ်မှတ်ရရ ရိုက်ဖူးတယ်။
ကိုယ့်ဆီ လာပြီး အလှူခံကြမှာမဟုတ်တော့ဘူး။ အဟီး။
အင်း...ခုတော့လေ နိုင်ငံခြား ရောက်လာတော့ ကိုယ်ပိုင် ကင်မရာလေး
ရှိအောင်လုပ်ထားရသပေါ့။
အင်တာနက် ဆိုတာကလည်း အီးမေးပို့ ရုံတင် မဟုတ်တော့ဘူး။
ချက်လိုက် ပြုတ်လိုက်။
ဒါ့ထက် ပိုပြီး ဘလော့ဂ် လုပ်လို့ ရပါလား ဆိုတာသိတော့
သူငယ်ချင်း လက်ဆောင်ပေးတဲ့ ဘလော့လေးမှာ
စာလေးတွေ ရေးလိုက်နဲ့ ။ ဓာတ်ပုံရိုက်တာလည်း စိတ်ပါသွား။
ဘလော့မှာ စာရေးရတာလည်း စိတ်ပါသွားတာနော်...။
အထက်ပါ ပုံသည်
ရောမမှာ မနေသေးပေမယ့် ရောမက လာကြတဲ့ အီတလီသူလေးတွေနဲ့အတူ
ဟော်လန်၊ ထိုင်း ကိုယ်တော်များနဲ့  ဆွမ်းစား အပြန် လမ်းကြုံအောင်
တမင် သွားခဲ့ကြတဲ့ ဥယျာဉ်ထဲမှာ အမှတ်တရ
မြင်းစိုင်းသမားတော့ မဟုတ်ဘူး
စက်မှုထွန်းကားတဲ့ နိုင်ငံတော့ ဟုတ်ပါတယ်။
ဒါပေမယ့် စက်ပစ္စည်း ပေါလို့ ရိုးအီ သွားလို့ လေလား၊
အင်္ဂလိပ် ဥယျာဉ် ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ
ရဲသားကြီး ကိုလှရွှေ ရဲမေ လုံမ တို့ 
ကိုယ့်မြင်း ကိုယ်စီးပြီး လာတဲ့သူတွေကို
စောင့်ရှောက်လှည့်လည်နေပုံ
ဆိုက္ကားတော့ ဆိုက္ကားပဲ
အဲဒါပဲ။ ရှားရှားပါးပါး
ဆိုက္ကားတော့ ဆိုက္ကားပဲ။
အရှေ့ နဲ့  အနောက်ကွာတာ။
ရှေ့ နဲ့ နောက် လည်းကွာတာ။
ကိုယ်တို့ ဆီမှာက ဘီးနှစ်ဘီးက နောက်က
ဒီက ရှေ့ က...။
ပြီးတော့...
ထားလိုက်ပါတော့လေ...။
တကယ်ဟ
ဖန်သားပြင်ပေါ်မှာ တွေ့ နေတာတော့ ကြာပြီ။
ဒီလို ဆော့တာ ကစားတာကို။
ဒီ စပေါ့ထ်ကို ခုလို လက်တွေ့  မမြင်ဘူးတာနဲ့ ခုမှပဲ ဓာတ်ပုံရိုက်ယူခဲ့တာ။
သူတို့ အတွက် မထူးဆန်း၊
ကိုယ့်အတွက်တော့ အထူး...
( အဟမ်း)။
နေနာရီ တဲ့
နေနာရီ- လို့  ပြောတာပဲ။
ဘယ်လို ကြည့်ရသလဲ မေးတော့
ရှင်းပြတဲ့သူပြောတာက အတော်ရှင်းတယ်။
တပည့်တော်လည်း မသိဘူးတဲ့။
ရှင်းပြသူကိုယ်တိုင်က ဂျာမန်ပါပဲ။
သို့ သော်...သူလည်း
သူသိသလို ရှင်းပြတာပါပဲ။
မြတ်ရောင်နီ
(၂၇၊၀၄၊၂၀၁၀)

I never arrived to "english garden" I want to go there......
ReplyDelete