Pages

Tuesday, October 5, 2010

သုရာ ပွဲတော်


သုရာ ပွဲတော်



The Oktoberfest is over!

About 6.4 Millions people this year visited the Munich Oktoberfest. The 200th anniversary of the Oktoberfest was a magnificent and outstanding event.
Seven Millions mugs of beer were drunken during the 17 days of the festival. This is half a Million more then last year. The carnies are pleased about a raise in sales volume of 15%. In front of the traditional Teufelsrad (wheel of the devil), which has its 100th jubilee this year, was a long queue all over the Oktoberfest time. Very popular were also Star Flyer and the new fun ride Rocket.

The historical Oktoberfest on the southern part of the Theresienwiese, which was a special festival for the 200th jubilee of Oktoberfest, was a great success. Over a half Million visitors went there and drank 310,000 liters of the historical beer brewed especially for this event. The old fun rides were very popular with young and old guests.

Because of this success the city of Munich is now checking if it would be possible to save a part of the historical Octoberfest, like the historical beer tent, for the following years.

The police and the Red Cross refer to this year's Oktoberfest as a normal Oktoberfest without special occurences. There were less acts of violence compared to the last year. The brutality of the violence however is alarming, especially regarding the rows with steins which often have a very bloody end.

Around 4,500 objects were delivered to the lost and found station at the the Oktoberfest this year. Most of the found objects were clothes, ID cards, money bags, mobile phones and keys. But there were also some unusual objects like a pug, a bunny, a cowhide and a set of teeth.

Because the Oktoberfest was bigger and longer this year the consumption of electricity, gas and water has increased by 10%. 3,068,000 kWh electricity and 240,000 cbm gas were consumed during the Oktoberfest. The consumption of water during the 17 days amounted to 100,000 cbm.

The new fun ride Rocket.,
Copyright Oktoberfest.de

© Oktoberfest.de
The new fun ride Rocket.
http://www.oktoberfest.de/en/

သုရာ ပွဲတော်

သုရာ ပွဲတော်ကို ဂျာမဏီနိုင်ငံမှာ နှစ် ၂၀၀ ပြည့်မြောက် ကျင်းပတာကို တွေ့ ရပါတယ်။ ကိုယ့် အနေနဲ့ ဒီနှစ်ပါဆိုလျင် ၂ ကြိမ်မြောက် လူတွေ တရုန်းရုန်း သွားတာကို တွေ့ ရပါတယ်။ နယ်ခံနိုင်ငံက လူတွေ သာမက အခြားနိုင်ငံများစွာကလည်း ဘီယာသောက်ဖို့  အစောကြီး ငွေပေးပြီး ဘုတ်ခ် လုပ်ထား တယ်လို့  သိရပါတယ်။

ကျင်းပတဲ့ရက်က ယခုနှစ် ၂၀၁၀ မှာ စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာလ ၄ရက်နေ့ ထိ ကျင်းပ တာပါ။

သုရာပွဲတော် အတွင်းမှာ ကိုယ်ကလည်း တရား နှစ်ခါကြုံရတယ်။ အဲဒီ နှစ်ကြိမ်မှာတော့ တရားနာ တဲ့သူလည်း လျော့ပါးသွားတယ်။ ဘီယာပွဲတော် သုရာပွဲတော်ကို ရှုစား သွားကြတာ ထင်ပါရဲ့ ။ သို့ သော်လာတဲ့ သူကတော့ လာမြဲပါ။

သုရာ ပွဲတော် အတွင်း ဈေးကလည်း မသေး။ နေရာ ထိုင်ခုံကလည်း ပေးရသေးတယ်။ ပြီးတော့ ခါတိုင်း သုံးယူရိုဆိုလျင် ၉ယူရိုထိ ဖြစ်သွားတယ်။ သုံးဆတက်တယ်ဆိုပဲ။ ပုံမှန်ပဲ၊ အတွင်းဆိုတော့ လူများများနဲ့  ငွေကုန်ရတာ ပျော်ရတာကို အရသာလို့  ထင်မိရဲ့ ။

သုရာပွဲတော် အတွင်း စဉ်းစားမိတယ်။ သူတို့ တစ်တွေ ပွဲတော် မဟုတ်က မသောက်ကြဘူးလားလို့  စဉ်းစားကြည့်တာပေါ့။ ဘီယာ ဆိုတာကတော့ သူတို့ အနေနဲ့  စားကောင်း သောက်ကောင်း သောက်ကြတယ် လို့ သိကြပါတယ်။ တစ်ချို့ က ဆိုကြပြန်တယ်။ ဘီယာက အက်ကိုဟော သုရာ မဟုတ်ဘူးတဲ့လေ။ အိုး ..ဟိုးဟိုး.. ။ နီးစပ်တဲ့ နယ်ခံ လူတွေကို မေးကြည့်တော့ မူးတော့ မူးတယ် ၊ များများသောက်မှတဲ့။ နဲနဲဆိုရင် မမူးဘူးတဲ့။

အင်း.. အင်းပေါ့လေ။ ဆက်စဉ်းစားကြည့်တယ်။ သုရာမသောက်တဲ့လူတွေက ဟိုတုန်းက ပြောကြ တယ်။ တို့ လူတွေပေါ့။ သုရာ အရက်ကို ခွေးမသောက်ဘူးကွ-တဲ့။ အင်း ...။ ဒါက မသောက်တဲ့ သူတွေက ပတ်ပတ်စက်စက် ပြောတာ၊ မသောက်အောင်လို့  ရှိမှာပေါ့။ သူတို့  မကြိုက်လို့ ပေါ့နော်။

အဲ... သောက်တဲ့ သူတွေကလည်း သောက်သောက်စားစား ၊ လူမင်းသား။ မသောက်မစား လူငနွား။
ကောင်းကြပါလေရော။ ( တွယ်ကြဟေ့ ၊ တွယ်ကြ။ စကားချင်း စစ်ခင်းလေပေအုံးတော့။)

ပြီးတော့ သီချင်းတွေကလည်း စုံပါ့နော်။ မူးလာရင် ဆိုကြတော့တာပဲ တောမှာပေါ့လေ။ မြို့ ကတော့
သိပ်ပြီး ရွာရိုးကိုးပေါက်မလည်ဘူး။ မြို့ ပဲကိုး။ ရွာမှ မဟုတ်တာ။

တောမှာက သုရာ ၀င်သွားလို့  ဆိုကြတဲ့ သီချင်းကလည်း
လူငယ်တွေဆိုတဲ့အခါ ...
ဘီယာကျန်သေး လား ဟေ့ ဘီယာ ကျန်သေးလားဟေ့-တဲ့။

ခပ်ရိုးရိုး မယ်ဒလင် အလွမ်း သမားကတော့ -
ဒီအရက်ကို သောက်လိုက်ပြီးမှ
အလွမ်းလေး ပြေသွားတယ်။

အလွမ်းပြေတာက အရက်။
အရက်လောက်မှ သစ္စာမရှိတဲ့သူ...။

စိတ်ညစ်သူကလည်း ထဖေါက်ကာ ဆိုပြန်တယ်...
စိတ်ညစ်လို့  အရက်ကိုသောက်တယ်၊
အရက်သောက်တော့ သိပ်စိတ်ညစ်တယ်။
အကြောင်းရှာတော့ ခေါင်းမှာချာချာလည်...။

ဘာပဲဖြစ်ဖြစ်သောက်တတ်တဲ့ သူကတော့...
အရက်ကိုကြိုက်လို့  သောက်တဲ့သူ..
စိတ်ပျော်တတ်လို့ သောက်တဲ့သူ ...
သောက်ပစ်လိုက်မယ် ..ခပ်များများ..
.( ဒန်..ဒန်.ဒန်း... ဒန့် ဒန့်ဒန့် )

ဟိုတုန်းက မင်းသားကြီးကို သဘောကျသူကတော့...
ဝါးကိုဖျက်တာ ၀ါးမျက်ပါ၊
လူကို ဖျက်တာ အရက်ပါ။

တစ်ခွက်သောက်တော့ မူး...။
နှစ်ခွက်သောက်တော့ ရူး...။
စသဖြင့် ကြားဖူးတာလေးတွေပေါ့လေ။

တစ်ချို့  သတ္တိကြောင်တဲ့သူက ရဲ ဆေးတဲ့။ ဒါလေးသောက်လိုက်ရင် ကိုယ်ပြောချင်တာ ပြောထွက် ပါလေရော-တဲ့။ တစ်ချို့ ကတော့ စကားနည်းတယ်။ သောက်ပြီးပြီဆိုတာနဲ့  ပြောတော့တာပဲ ဒလ စပ်။ ရေပက်မ၀င် ချောင်းရေ အယဉ်ပမာ။

ကိုယ့်ကိုယ့်ကို ဘာပြောမိမှန်းကိုမသိဘူးလို့  ဆိုကြတယ်။ အောင်းထားတာကိုး။ သို့ သော် မသိတာ ကတော့ မဟုတ်တန်ရာ။ ဆိုပါစို့ ... သောက်ထားတဲ့ သူတစ်ယောက် တံတားအလယ်က သွား တာတွေ့ ဖူးတယ်။ မသွားနိုင်ရင် အိပ်နေသေးတယ်။ ရှေ့ ဆက်မသွားဘူး။ ဖိနပ်ကို လက်ကစွတ်ထား တယ်။ ( အမူးပါး။ ) အောက်ပြုတ်ကျမှာစိုးလို့ ။

တအားကြီးမူးရင်တော့ ခေါင်းကို ထောင်မရလောက်ပါဘူးလေ။ တစ်ချို့ သောက်တယ် ဆိုတာက တော့ ပြောကောင်း၊ ဆိုကောင်း ၊ စားကောင်း သောက်ကောင်းလို့  ဆိုပါတယ်။ ဆေးဖြစ်ဝါးဖြစ်လို့ လည်း ဆိုပြန်တယ်။

အင်း...နဲနဲပါးပါး ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ် ဖြစ်လောက်ရဲ့ ။ အင်္ဂလိပ်ဆေးထဲလည်း သုရာအရည် မဟုတ်တဲ့ မေ့မူးစေ အိပ်စေတဲ့ နံပါတ်ဖိုး ပါတယ်လို့  ကြားဖူးပါတယ်။ များများသောက်တဲ့သူကတော့ မှားဖို့ များပါတယ်။

မှားတာက ကျန်းမာရေးချို့ တဲ့မယ်။ ကျန်းမာချို့ တဲ့ တာနဲ့ အမျှ အသက်တိုမယ်။ လူများစွာက အထင် သေးမယ်။ ပထမဆုံးတော့ ကိုယ်ပဲထိတာပဲ။ ပြီးတော့ မလုပ်ရဲတဲ့ အလုပ်လည်း လုပ်လာမယ်။
ရွာမှာ ဆိုရင် ဘယ်ကောင်မှ ဂရုမစိုက်ဘူးကွ။ ပြီးတော့ မကြားဝံ့မနာသာ စကားများလည်း အော်ကြီး ဟစ်ကျယ် ကြားရတတ်တယ်။ အိမ်မှာ ဇနီး သားသမီးများနဲ့ လည်း ရန်ဖြစ်တတ်ကြတယ်။သောက် ပြီး ဆိုးတဲ့သူကတော့ မြို့ လည်း တောလို ဖြစ်မည်သာ။ အတူတူပါပဲ။

သုရာ ဆိုတာက ခုမှ ရှိတာတော့ မဟုတ်ဘူး။ ဟိုး ...ရှေးနှစ်ပေါင်းများစွာက ရှိတာပဲ။ ဘုရားရှင် လက် ထက်မှာလည်း တန်ခိုးကြီးတဲ့ ဘုန်းကြီး ဦးသာဂတ။ သူဟာ အမ္ဗတိတ္ထိက ဆိုတဲ့ နဂါးကို တန်ခိုးနဲ့  ဖိုက်တင်လုပ်တာ သူက အနိုင်ရရှိတယ် ။ သူရဲ့  တန်ခိုး လူတွေ အလေးစားခံရလို့ ။ အရှင်ဘုရားရေ
တပည့်တော်တို့  ထိုက်ထိုက်တန်တန် ပူဇော်ချင်သပါ့ လို့  ဆိုပြီး လျှောက်ကြလို့  ဘုန်းကြီး
ဦးသာဂတ သုရာက တို့ ဘုန်းကြီးတွေ သောက်ကောင်းလား လို့ တော့ မေးသေးတယ်။


အရှင်ဘုရား ဒါက အကောင်းစားပါ။ ရှားပါးပစ္စည်းပါ ။ ဒါက တကယ့် အရသာရှိလှတဲ့ အရာပါ- စသဖြင့်ပေါ့လေ။ ထိုက်ထိုက် တန်တန် ပူဇော်ချင်ကြတာနဲ့  ဘုန်းကြီး ဦးသာဂတကလည်း ချီးမြောက် လိုက်ပါသတဲ့။

သုရာလည်း ၀င်ရော ဘုန်းကြီးဦးသာဂတ အရှေ့ အနောက် မသိတော့ဘူး။ သုရာယစ်သွားတယ်။
ဘုရားကို လေးစားတတ်တဲ့ ဘုန်းကြီးဦးသာဂတဟာ ဘုရားဘက် ခြေထောက်ကြီးပေးလို့ ။ ဟာ .. မသင့် တော်ဘူး ဆိုပြီး အခြားပုဂ္ဂိုလ်တွေ ခေါင်းလှည့်ပေးသော်ငြား သူမသိရှာလေတော့။ ဒါတင်မက နဂါးကို နိုင်တဲ့ ရှိပြီးသား တန်ခိုးလည်း ပျောက်သွားတယ်ပေါ့။

အဲဒီအချိန်မှာ ဘုန်းကြီးများ သုရာ မယစ်ကောင်း၊ မသောက်ရဘူးလို့  ဘုရားရှင်က မပညတ်။ law မလုပ်ရသေးဘူးပေါ့။ ဘုန်းကြီး ဦးသာဂတကို အကြောင်းပြုပြီး အဲဒီအချိန်ကစပြီး ဘုန်းကြီး သုရာ မသောက်ရ ပညတ်ချက်ထုတ်ပြန်ပါတယ်။ ဒီနေရာမှာ ဘုန်းကြီး ဦးသာဂတ ကို သင်ခန်းစာယူပြီး သောက်သင့် မသောက်သင့် စဉ်းစားသင့်တယ်ပေါ့။

သို့ သော်... ဒီ သုရာ ပွဲတော်နဲ့  ပါတ်သတ်လို့  ကိုယ်တွေ့ ကြုံရတာတော့ လူတွေက မူးတော့ မူးကြပါ တယ်။ ရန်ဖြစ်တာ ရန်းတာတို့ တော့ မတွေ့ ဘူး။ သီချင်းအော်ဆိုတာတို့  ၀ိုးဝိုး ၀ါးဝါး လုပ်တာတော့။ နောက်ပြောင်တာတို့ တော့ ရှိတယ်ပေါ့။

အဲ.. တစ်ချို့ ဒကာတွေဆိုရင် သဘော ခပ်ကောင်းကောင်း သောက်လို့ ရလား ။ သောက်မလား ဆိုပြီးတောင် ပေးသေးတယ်။ လူငယ်လေးတွေကပေါ့။ ဘုန်းကြီးမှန်းတော့ သိတယ်။ ဟို ... သူတို့  ဘုန်းကြီးတွေလို့  မှတ်လို့ ပေါ့လေ။ သူတို့  ဘုန်းကြီးတွေက သောက်ရတယ်။ တို့  ဘုန်းကြီးတွေက သောက်လို့  မရတာ မသိလို့ ရှိမှာပေါ့။

မနှစ်ကလည်း ပွဲတော် အတွင်းတော့ မဟုတ်ပါဘူး။ သောက်ထားတဲ့ သူတစ်ယောက်ကလည်း သူက
ဟီတာ အပူပေးနားကပ်နေတာ။ ကိုယ်က အတွင်းမှာ ထိုင်နေတာ။ ရထားပေါ်မှာပေါ့။ ကိုယ်က နဲနဲအေး တာနဲ့  ခြေထောက်လေးဖုံးတာကို မြင်တာနဲ့  ဒီဘက်လာပါတဲ့လေ၊ အေးရင်တဲ့။ အော်... တွက်ကြည့်မိတယ်။ သောက်လည်းသောက်ထားတယ်။ သောက်လက်စ ပုလင်းကလည်း ရှိသေး တယ်။ သို့ သော် ကိုယ်တို့ ဘုန်းကြီးတွေ အပေါ် မရမ်းကား ကြပါလားလို့  တွေးမိတယ်။

ခု သီးသန့်  ပွဲတော် လုပ်တယ်ဆိုတာဟာလည်း အကြောင်းတော့ ရှိလိမ့်မယ်။ ရာသီက အေးစပြု လာပြီ ဆိုတော့ အအေးဒဏ် ခံနိုင်အောင် များများ သောက်ကြတာလားပေါ့။ ကိုယ့်အထင်ပါ။ ဘာလို့  ထင်တာလဲ ဆိုတော့ ကိုယ့်ပြည် ကိုယ်ရွာမှာ ဆိုရင်လည်း အချမ်းပြေလေး သောက်တာတို့ ။ ဒေသ က အေးတဲ့နေရာ ဖြစ်နေလို့ အရမ်းအေးလို့  အအေးဒဏ်ခံနိုင်အောင် အားမီရမ်တွေ သောက်ရတယ် ဆိုတာ ကြားဖူးတယ်။

ပြီးတော့ ထပ်စဉ်းစားမိပြန်တာက တို့ ဆီမှာ ဒီလို ပွဲတော်မျိုး မရှိဘူးလေလားပေါ့။ မရှိပေါင်။ နာမည် အနေ နဲ့  တရားဝင် အရက်ပွဲတော်လို့ ။ သို့ သော်... သင်္ကြန်ကာလဟာ နွေရာသီ အပူဒဏ်ခံနိုင် အောင် ရေများများ စိမ်ကြသလို ၊ ရေများများစိမ်ပတ်ခံကြတဲ့ သူတွေကလည်း အအေးဒဏ်ခံနိုင် အောင် ပြန်ကာကွယ်ကာတော့ ကိုယ်အတွင်း အပူစိမ်ကာ သောက်ကြလေရဲ့ ။ ပွဲကတော့ ရေသင်္ကြန် ပွဲ။ သုရာ ဘီယာပွဲတော်တော့ မဟုတ်ပါလေ။


အဲဒီထဲမှာ ခေတ်မီသည်ဟု ထင်ကြလေတဲ့ လူငယ်လူရွယ် အမျိုးသမီးလေးများပါမကျန် မြန်မာ သိက္ခာတွေကို သင်္ကြန်တွင်း ချထားတယ် ဆိုလောက်အောင် သိက္ခာကျအောင် သောက်ကြပါ သတဲ့။

သုရာကို မသောက်ဖို့  စင်္ကာပူ အငြိမ့်တစ်ခုကလည်း သေသေချာချာ ဘုရားဇာတ်တော် ခင်းကျင်း ကပြတာလည်း ဗဟုသုတ ရဖွယ်။ လူရွှင်တော်တို့  ပြတ်လုံးကတော့ သုရာ ဆိုတာ အဆိုတော်ကြီး
ကိုသု ..နဲ့  ကိုရာ.. တို့  သောက်ကြလို့  သုရာ ခေါ်တယ် ဖွင့်ဆို ပြတ်လုံးဆိုပြန်တယ်။

သုရာနဲ့ စပ်လျင်းလို့  ရတနာ့ဂုဏ်ရည်ကျမ်းမှာတော့-
ဆောင်ပုဒ်= သေရည်သောက်လင့်၊ သင့် မသင့်၌ ၊
ရေးခွင့်မသိ ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ် ၊
ဟိရောတ္တပ်ကင်း ၊ ခပင်းများထို ၊ အကုသိုလ်ကို ၊
မငြိုလွယ်စွာ ၊ ပြုကျင့်ရာသည်...
ရှောင်ခါအပြန် အကျိုးတည်း။
( ရတနာ့ဂုဏ်ရည် စာ- ၂၂၂ )

ရှိပါစေတော့လေ။ ခု သုရာပွဲတော်ကို တစ်ခမ်းတစ်နား ကျင်းပတယ် ဆိုတာရယ် ၊ သုရာပွဲတော်နဲ့  စပ်ပြီး သုရာ အကြောင်း ကိုယ်ထင်ရာ မြင်ရာလေးတွေ၊ သိတာလေးတွေ အကျဉ်းမျှ ပြန်ပြောပြရုံပါ။ ဒါလောက်ပါပဲ။


မှတ်ချက်။ ။ အပေါ်က အင်္ဂလိပ်စာသားများ
သက်သေအဖြစ်ထည့်ရုံသာ။
ဘာသာပြန်ထားတာမဟုတ်ပါ။

ကျမ်းကိုး- composer ကျမ်း

ရတနာ့ဂုဏ်ရည်
ဝိနည်း ပါစိတ္တိယပါဠိ



မြတ်ရောင်နီ
( ၀၅ ၊ ၁၀ ၊ ၂၀၁၀ )









.

1 comment:

  1. ပွဲတော့တခါမှရောက်ဖူးပါဘူး။ တီဗီမှာတွေ့ တာနဲ့ စိတ်ညစ်မိတယ်။
    ခေါင်းထဲရောက်လာလို့ ပါဘုရား...
    အသုရကယ် (ပြိတ္တာ...)နဲ့ သုရာ ဆက်စပ်မှုရှိပါသလားဘုရား...
    ရှိသေစွာဦးတင်ပါတယ်။

    ReplyDelete