Pages

Monday, October 11, 2010

ပြောင်းလဲခြင်း ဓာတ်ပုံများ


ပြောင်းလဲခြင်း ဓာတ်ပုံများ




သစ်ပင်ကြီးကြီးလည်း
အရွက်တွေက ပြောင်းလဲသွားတာပဲ




သစ်ပင်သေးသေးလည်း
အရွက်တွေက ပြောင်းလဲသွားတာပါပဲ





မြစ်ကမ်းဘေးဆီက သစ်ပင်တွေလည်း
အရွက်တွေက ပြောင်းလဲရတာပါပဲ





စိမ်းစိမ်းစိုစို သစ်ခက်တွေ ၊
သစ်ရွက်တွေလည်း ပြောင်းလဲ
ရေထဲ မျောရတာပါပဲ


....................................................................


ပြောင်းလဲခြင်း ဓာတ်ပုံများ


ကြည့်သောသူ မြင်၏၊
ဟုတ်၏၊
မကြည့်က မမြင်။

ဒီတစ်ခုကိုပဲ ကြည့်သော်ငြား
အကြည့်မတူက ကွဲပြားပြန်၏၊
ဟုတ်၏။
ကိုယ့်စိတ်ကူးတည့်သလို မြင်ကြ၏

အလှခံစား ကပ်ကြည့်က
အလှကို မြင်မည်။

ဘ၀ထံပါး မှတ်ကြည့်က
ဘ၀ကို မြင်မည်။..

( ကြည့်သောသူ မြင်၏။
ဟုတ်၏
မကြည့်က မမြင်။ )


မှတ်ချက်။ ။ အလိုရှိသလို ကြည့်ရှု ကြပါလေ။

မြတ်ရောင်နီ
( ၁၁ ၊ ၁၀ ၊ ၂၀၁၀ )

3 comments:

  1. ပြောင်းလဲခြင်း မမြဲခြင်းတရားတွေ....

    ReplyDelete
  2. ခုမှ တွေးမိတယ်။ စတုတ္တပုံထဲမှာ သစ်ခက်လေး ကန့်လန့်ကျနေတာ။ အဲဒါ သူ့ဟာသူ ရှိနှင့်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ဖို့ ကိုယ့်ဟာကိုယ် ချလိုက်တာ။ ဘုန်းဘုန်းဘိုးတေ လူလည်ကြီး။ :)

    ReplyDelete
  3. ပြောင်းလဲနေတဲ့.........သာဘဝတရား

    မတည်မြဲခြင်းတွေနဲ့ ..................

    ReplyDelete