စာ အသွား အလာ ( ၂ )စာ အသွားလာ ( ၁ ) လို့  နံပါတ် မတပ်ခဲ့ပေမယ့် နောက်ထပ် ဒကာမ တစ်ယောက်က အမေး လာပြန်ပါတယ်။ သူ့  အမေးကလည်း ကိုယ့်အတွက်တော့ အများသိသင့်တယ်ထင်လို့ ဘလော့ မှာ ရေးတင်လိုက်တာပါ။
ဒကာမကတော့ ကိုယ့်ကိုလည်း အပြင်မှာ မြင်ဖူးသူမဟုတ်။ အင်တာနက်မှ စာများကို ဖတ်ပြီး သိရ တဲ့သူပါ။ သူလည်း သူသိချင်ရာကို စိတ်ထဲရှိတဲ့ အတိုင်း လျှောက်ထားပါတယ်။
ကိုယ်ကလည်း ကိုယ်နားလည်သလိုလေး ဒကာမကို ဖြေပေးပါတယ်။ မှားတာ မှန်တာကတော့ လက်ခံသူရဲ့  အပေါ်မူတည်ပါတယ်။ ကိုယ်လည်း သိသလို ဖြေပေးရတာပဲ။
သူက ဒီလိုမေးလို့  ကိုယ်က ဒီလို ဖြေပါတယ်...
အို စာရှုသို့  စာမဖတ်မီ မှာထားပါရစေ...စာဖတ်လိုသူတို့  အနေနဲ့  စာကို ဖတ် ရှုလိုက ရှေ့ ဆက် ဖတ်လေကုန်။ စာတွင် မှားသည့် အချက် ရှိပါက ကောင်းရာ ကောင်းကြောင်း
ညွန် ပြနိုင်ပါတယ်။ လက်ခံရန် အသင့်ပါပဲ။
အဲသလိုမျိုး မဟုတ်ပဲ အပြစ်ဘဲ လိုက်ရှာနေပါက
အပြစ်ဘဲ တွေ့ မည်သာ ဖြစ်ပါတယ်။
ကျေးဇူး တင်ထိုက်သူ ၁။အကျိုးအကြောင်းကို နားလည်အောင် ပြောပြီး အပြစ်ကို ထောက်ပြ ညွှန်ပြသူသည် ရွှေအိုးပေးသူ လို့ ခေါ်ပါတယ်။ သူ့ ရဲ့ စကား နားထောင် လိုက်နာရမှာဖြစ်တယ်။သူ့ စကားနားထောင်တာနဲ့  ကိုယ့်တိုးတက်ဖို့ ဖြစ်တယ်။
သနားစရာကောင်းသူ၂။အပြစ်သက်သက်ကိုသာ ရှာဖွေ လိုက်ပြောနေတဲ့
သူအတွက်ကတော့ နိဗ္ဗာန်နဲ့ ဝေးစွာ့။
ငရဲ သွားဖို့  လမ်းကြောင်းကို သူကိုယ်တိုင် ရှာဖွေသူ။သူ့ စကားကို သည်းခံရန်ရုံက လွဲလို့  ဘာမျှ မဆိုသာ။ ၁။နိဓီနံ ၀ ပ၀တ္တာရံ ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတေ ပဇေ၊ တာဒိသံ ဘဇမာနဿ ၊ သေယျော ဟောတိ န ပါပိယော။ ( ဓမ္မပဒ ၊ ပဏ္ဍိတ၀ဂ် ၊ ရာဓတ္ထေရ ၀တ္ထု ) ၂။ပရ၀ဇ္ဇာနုပဿိဿ ၊ နိစ္စံ ဥဇ္ဈာနသညိနော။အာသ၀ါ တဿ ၀ဍ္ဎန္တိ ၊ အာရာသော အာသ၀က္ခယာ။ ( ဓမ္မပဒ၊ မလ၀ဂ်။ ဥဇ္ဈာနိသညိတ္ထေရ၀တ္ထု။)
သူတော်ကောင်း လမ်းစဉ်။၁။နံပါတ် ၁ ပုဂ္ဂိုလ်မျိုးဟာ ကောင်းတာတွေ့ ရင် ချီးမွမ်းမယ်။ချီးမွမ်းတတ်တယ်။မကောင်းတာတွေ့ ရင် မဖြစ်သင့်ကြောင်း မလုပ်သင့်ကြောင်းကိုလည်းအပြစ်ကို ပြ ပြောဆိုတတ်တယ်။ ကိုယ်ကိုယ်တိုင် မကောင်းတာကိုရှောင်ပြီး သူများကိုလည်း ထိုမကောင်းတာကို မဖြစ်စေလိုတဲ့ အကျိုးလိုးလားတဲ့ မေတ္တာ အပြည့်ဝနဲ့ ပြောတတ်ပါပေတယ်။အဲဒီစိတ်ထားရှိသူကို ဂုဏ်ယူထိုက်တဲ့သူမျိုးပါ။
ယုတ်မာပတ်စက်သူရဲ့ လမ်းစဉ်၂။နံ ပါတ် ၂ ပုဂ္ဂိုလ်မျိုးဟာ အမြဲတမ်း အပြစ်သာ ပြောတာဖြစ်တယ်။ ကောင်းကွက်ကိုတွေ့ သော်မှ ချီးမွမ်းဖို့  ၀န်လေးသူဖြစ်တယ်။
မချီးမွမ်းတတ်။အပြစ်လို့  သူ့ စိတ်ထဲမှာ ထင်တာနဲ့  သူတစ်ပါး
မခံသာအောင် ဆော်တတ်တယ်။ ကိုယ်ကိုယ်တိုင် ဒေါသဖြစ်ပြီး
သူတစ်ပါးကိုလည်း ဒေါသဖြစ်အောင် လုပ်တတ်တယ်။အဲဒီ စိတ်ထားရှိသူကို စပ်ဆုပ်ထိုက်မျိုးပဲပါ။
အမှာစာ များသွားပြီ။ ရှေ့ သို့ ဆက်ဖတ်နိုင်ပါပြီ။
ဘုန်းဘုန်း..ဘု၇ား
၁။တပည့်တော်မလည်းေ၇းမယ်ဆိုပြီး ဘယ်လိုစေ၇း၇မှန်းမသိလို့ပါ။ တပည့်တော်မ ဘဲဆို၇မှာ ပေါ့နော် ။ဘုန်းဘုန်း ကိုဘာမှလဲမလှူ ဖူးသေးဘူးလေ။ ဒကာမ လို့ဆို၇င်မဖြစ်သေးဘူးပေါ့နော်။
အင်း... ဒကာမ လို့  ခေါ်လိုက်ပါရစေ။ ဒါယိကာ- ဆိုတဲ့ ပါဠိကနေ
ဆင်းသက်လာပြီး ဒါယိကာမ လို့ မြန်မာလို ဘာသာပြန်ကြတယ်။
နောက်များတော့ အလွယ်တကူ ပြောရင်း ဆိုရင်းကနေပြီး
ဒကာမ ဖြစ်သွား တယ်။
မှန်ပါတယ်။ ဒကာမ ဆိုတာ လှူဖူးမှ ဒကာမ ပါ။
ခု ဒကာမကိုလည်း ဒကာမလို့ ခေါ်ရလို့  ရပါတယ်။
ဒကာမ က လှူဖူးမှာပဲလေ။ ရဟန်းသံဃာတွေကိုပေါ့နော်။
ဒကာမ အနေနဲ့ သာ ဘုန်းဘုန်းကို ဘာမှ မလှူဖူးသေးလို့ 
ဒကာမ ဆိုရင် မဖြစ်ဖူးလို့  ထင်တာပါ။ ဒါယိကာ ဆိုတဲ့ ပါဠိ ကလာတဲ့
ဒကာမ ဆိုတာ လှူဖူးတဲ့သူလေ။ ဘယ့်သူကို လှူဖူးရမှာလို့ မပါဘူး။
ကိုယ်တွေ့ တဲ့ သံဃာလှူဖူးတာနဲ့ လည်း ဒကာမလို့  ခေါ်လို့ ရပါ့ဗျာ။
ပြီးတော့ လှူဖူးမှ ဒကာမ မဟုတ်ဘူးဗျ။ ဆိုပါစို့ ။ကိုယ့်ဘာသာဝင် မဟုတ်တဲ့ မြန်မာ အမျိုးသမီးတွေနဲ့ တွေ့ တဲ့အခါလည်း စကားပြောရင် ဘုန်းဘုန်းတို့ က ဒကာမလို့ ပဲ အသုံးပြုရမှာပဲ။
သူတို့ ဆိုရင် သံဃာတွေကို လှူဖူးသူရှိသလို လုံးဝ
မလှူဖူးသူတွေလည်း ရှိလိမ့်မယ်ပေါ့နော်။ ဒါကို စာအလို
ပြောရရင် မြန်မာပြည်အတွင်းက မြန်မာဒကာမ အများစုက
လှူဖူးတဲ့သူတွေ။ များရာ လိုက်ပြီး ဒကာမ လို့  သုံးတာမို့ 
အခြားဘာသာက အနည်းစု မြန်မာအမျိုသမီးများကိုလည်း
ဒကာမ လို့  ယေဘုယျနည်းအားဖြင့် သုံးတာပါ။
ဒါက ဒကာမ က ဆရာမ ဆိုတော့ ဒကာမ ဝေါဟာရကို စိစစ်လို့  ဘုန်းဘုန်းလည်း ဆန်းစစ် ပြတာ ပါနော်။
၂။သူများတွေ တ၇ားစခန်းဝင်ကြ ၊ တ၇ားထူးတွေ၇ကြတယ်လို့ကြား၇င်
တပည့်တော် စိတ်ဆင်း၇ဲ လိုက်တာ။
ငါ့မှာ အသက်တာကြီးလာတာ ။
ဘာမှလည်းအဖြစ်မရှိဘူးလို့ ခံစားနေ၇ပါတယ် ။
၂။မဟုတ်သေးဘူး ဒကာမရ။
စိတ်ချမ်းသာရမှာ။ စိတ်ဓာတ်တွေ လန်းလာရမှာ။
သူတို့ တောင် တရားထူး ရကြတယ် ဆိုပါ့လား။
ဟန်ကြ လိုက်ပါဘိနော်။ ဘယ်လိုများ အားထုတ်ကြပါလိမ့်။
ငါလည်း တစ်နေ့ တော့ သူတို့ လို့  ဖြစ် ကောင်း ပါရဲ့ ။
ဖြစ်အောင်လည်း ကြိုးစားရမှာပဲ။ဒီလိုကို ဖြစ်နေရမှာ။
ဘုရားရှင်တောင် အားထုတ်လို့  ဘုရားဖြစ်တာနော်။ သူတို့ လည်း ဘုရားပြောတဲ့ နည်းလမ်းသုံးပြီး တရားထူးရကြတာပေါ့။
အနှေးနဲ့  အမြန် ငါလည်း တစ်နေ့ နေ့  ဖြစ်လာမှာပဲလေ ဆိုပြီး စိတ်ထားလည်း ပြောင်းလိုက်ပါ။
စိတ်ဆင်းရဲ လို့  တရားထူးမရနိုင်။
စိတ်ချမ်းသာခြင်း၊ စိတ်လန်းခြင်းက တရားထူးရဖို့ 
အထောက်ပံ့ ဖြစ်ပါတယ်။ နီးသထက်နီးလာပါတယ်။
စိတ်ချမ်းသာအောင်တွေးပါ။ စိတ်ချမ်းသာအောင်နေပါ။
သုခရှိမှ သမာဓိ ရှိမယ်။ သမာဓိရှိမှ အမှန်အတိုင်းသိမယ်။
အမှန်ကို သိဖို့  သမာဓိ ဘယ်လိုရှိအောင် လုပ်မလဲ။
သမာဓိက ဘာကြောင့် ဖြစ်လာရသလဲ တွေးကြည့်ပေါ့။
၃။အဖွား ၂ ယောက်လုံး တ၇ားထိုင်ခဲ့တယ်(ပုတီးလုံးဝမစိပ်ဘူး)။
ကျိုင်းတုံကအဖွားဆို၇င် ကျိုင်းတုံ ကမ္မဋ္ဌာန်းကျောင်းကို
စတည်ထောင်တဲ့ လူအုပ်စုထဲ ကပါ။
တောင်ကြီးကအဖွားကတော့ စွန်းလွန်း ကမ္မဋ္ဌာန်းကျောင်း ယောဂီပါ။
ပြောခြင်တာကတပည့်တော် တ၇ားထိုင်တယ်ဆိုတာနဲ့
သိပ်အစိမ်းကြီး တော့မဟုတ်ခဲ့ပါဘူး ။
အဖွား ၂ယောက်အကြောင်းစဉ်းစားလိုက်၇င်
တပည့်တော်ကိုယ်ကို ကိုယ်တော့ ရှက်မိပါတယ်။
၃။အင်း...ဒကာမရေ
အဲ စဉ်းစားပါဦးလေ။ ဂုဏ်ယူဝံ့ကြွားနေရမှာပဲဟာ။ ရှက်စရာ ဆိုတာက မကောင်းမှု လုပ်တာ ၊ ပြော တာ ကြံတာကိုပဲ ရှက်ရမယ်လေ။ခုဟာက ရှက်စရာ မဟုတ်ဘူး။ ပြီးတော့ စိတ်ဆင်းရဲစရာလည်း မဟုတ်ဘူး။
ဥပမာ ပြောမယ်ဗျာ... သိသလောက်တော့ အဆိုတော်ရဲ့ သားသမီးက အဆိုတော်ဖြစ်အောင်ကြိုးစား တယ် ။ ဖြစ်တာများတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေရဲ့ သားသမီးတွေကလည်း ဒီလိုဘဲ။ ဒေါက်တာ ဆရာဝန် ၊ ဆရာ ဆရာမတွေရဲ့ သားသမီးတွေလည်း ဒီတိုင်းဖြစ်အောင် ကြိုးစားကြတာ ချည်းပါဘဲ။
ရှေ့က သွားထားတာရှိတာမို့ နောက်လိုက် သားသမီးတွေအတွက
အလိုလို အင်အား တစ်ခုဖြစ်စေ တယ် ပေါ့။ မိဘ အရှိန်ဝါနဲ့ကိုပဲ
အလိုလို တက်ကြွမှုဖြစ်တော့ ယုံကြည်မှုပြည့်ဝတာနဲ့  အောင်မြင်ကြ တာပါ။
စိတ်ဆိုတာ ကိုယ်ညွတ်တဲ့ဘက် ရောက်ပါတယ်။ ပူစရာကိုတွေးရင် အပူလာတယ်။ အအေးဘက်ကို တွေးရင် အအေးလာတယ်။
ဆင်းရဲ ချမ်းသာမှု ဘယ်ဘက်ကို တွေးမလဲ။
အတွေးမမှားပါစေနဲ့နော်။
အဲလိုပဲလေ... ဒကာမ အဖွားနှစ်ယောက်စလုံးက တရားသမားတွေဆိုတော့ အားတွေက အလိုလိုကို ပြည့်နေရမယ်။ ယုံကြည်မှုရှိရမယ်လေ။
၎။ အချိန်လည်း၇နေတာနဲ့တ၇ားထိုင်ကြည့်ပါတယ်။ ခုထိ တပည့်တော် စိတ်လိုက်ဖမ်းနေတာနဲ့ဘဲ ပြီးပြီးသွားပါတယ်။
၎။ စိတ်ဆိုတာ ကိုယ်လိုတဲ့ဘက် ဆွဲလို့  ရတဲ့ အရာပါ။ကျွမ်းကျင်တဲ့ လက်သမားဆရာက သစ်သားကို ဖြောင့်တာကိုကွေး၊ ကွေးတာကို ဖြောင့်၊ သူ့ စိတ်ကြိုက်ပဲ ကွေးလိုကကွေး၊ ဖြောင့်လိုက ဖြောင့်နိုင်ကြ တယ်။ ( ဓမ္မပဒ)
စိတ်ဆိုတဲ့ သဘာဝက တောင်ပြေး မြောက်ပြေး ပြေးတတ်တာဟာ စိတ် သဘာဝပဲလေ။ ဒါပေမယ့် ပြေးတဲ့ စိတ်ဟာ တစ်နေရာထဲမှာပဲ နေရာယူပါတယ်။ တစ်ချိန်ထဲမှာ နှစ်မျိုး မဖြစ်ပါဘူး။ ပုံပန်း သဏ္ဍန်လည်းမရှိတဲ့ စိတ်ဟာ ဖမ်းရခက်တယ် ဆိုတာတော့ မှန်တာပေါ့။ ( ဓမ္မပဒ)
ပုံပန်းသဏ္ဍန်ရှိရင်တော့ ဖမ်းရတာလွယ်မှာပေါ့။
ကြိုးချည်ထားလိုက်ရုံပဲလေ။ ခုတော့ စိတ်ကိုပဲ ဖမ်း နေတယ် ဆိုတဲ့
ဒကာမ သိဖို့ ရာက တရား အားထုတ်ရာမှာ စိတ်မလောနဲ့ လေ။
ဟိုတွေး ဒီတွေး အတွေးတွေမ၀င်စေနဲ့ ဗျာ။ သူ့ အလိုလို ၀င်လာပြီ ဆိုတောင်မှ ငါ ဘာတွေတွေး နေ တာလဲ သိအောင်လုပ်လေ။ သိပြီဆိုတာနဲ့  အတွေးရပ်သွားပါမယ်။
အတွေးကို ဖမ်းချည်ထားဖို့ ကတော့ အာနာပါနကို စ ပြိး အားထုတ်ရမှာပါပဲ။အာနပါနက အတွေးများ တဲ့သူအတွက် အသင့်တော်ဆုံး ကမ္မဋ္ဌာန်းပါပဲ။ ( အဘိဓမ္မာ)
တရားထူးဆိုတာ ဘာလဲလို့ လည်း တွေးမနေနဲ့ ။တရားထူး ရကို ရရမယ်ဆိုပြီးလည်း အတင်း လော မကြီးနဲ့ ။ မရသေးလို့  စိတ်အနှောင့်ယှက်မျိုးလည်း မဖြစ်စေနဲ့ ။ အဲဒါတွေက တရားထိုင်ရာမှာ တကယ့် အနှောက်ယှက်တွေပေါ့။
၅။တ၇ားထိုင်တာ တ၇ားထူးတွေ၇ကြတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုခံစားနေကြ၇ပါသလဲ..
၅။အဲဒါကတော့ တရားထူးရကြတဲ့ သူတွေကို မေးမှ သေချာမယ်လေ။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို ခံစား ရတယ် ဆိုတာ သူတို့ မှဘဲ သိမှာပေါ့။
ဘုန်းဘုန်း ရေးထားတဲ့ ဆောင်းပါးတွေကိုလည်း
လှန်လှောကြည့်လိုက်အုံးလေ။
ဘယ်လို ပုံစံမျိုးဆိုတာက ပါဠိတော် အရ ပြောရရင်တော့
မြတ်စွာဘုရားရှင်ရဲ့  ဘုရားဖြစ်ကာစ ၊အရှင်သာရိပုတ္တရာ ၊
အရှင်မဟာမောဂ္ဂလ္လာန်တို့  တရားထူးရခါကစ စိတ်တွေက
ကြည်လင်တော့ ရုပ်တွေက ကြည်လင်လို့ ။
အရေအဆင်းကလည်း သပ္ပါယ်လို့ ။
အသွားအလာကစ ကျက်သရေရှိလို့ ။
( ၀ိနယ မဟာဝဂ္ဂပါဠိ)။
ဘယ်လိုခံစားနေကြပါသလဲ ဆိုတာတော့- အမြင်ရှင်းရှင်းပဲ ခံစားပါတယ်။ကြည့်လိုက်တဲ့ အရာတိုင်း မရှုပ်တော့ဘူးပေါ့။
ဥပမာ- ကိုယ့်အခန်းကျဉ်းထဲ အမှိုက်တွေ ဗလဗွ ဖြစ်နေရင်တောင် စိတ်က ရှုပ်တယ်လေ။ အမှိုက်ရှင်း တာနဲ့  စိတ်လည်း နဲနဲလေး ရှင်းသွားတယ်။
တရားထူးရကြသူတွေလည်း လောကလူသားတွေအပေါ်
ကိလေသာဆိုတဲ့ အမှိုက်တွေနဲ့ မရှုပ်တော့ ဘူးပေါ့။
၆။ဘယ်လိုအချိန်မျိုးမှာတ၇ားထူး၇နေ ပြီလို့ခေါ်ပါသလဲ..
၆။အဲဒါတော့ အဆင့်အမျိုးမျိုး ရှိပါတယ်။ သူ့ အတိုင်းနဲ့  သူ့ အထွာပါပဲ။ တရားထူး စရချိန်ကတော့ သောတာပတ္တိမဂ်က စပါတယ်။မဂ်ဆိုတာ လျှတ်တစ်ပြတ်ခဏတာလေးမို့  သောတာပတ္တိမဂ် ရတယ် ဆိုတာနဲ့  သောတာပတ္တိဖိုလ်ကို တစ်ခါထဲ ကူးသွားပါတယ်။ သောတာပန်ဆိုတာ သောတာပတ္တိဖိုလ် ရပြီးသူကိုပဲ ပြောရပါမယ်။
သူ့ ရဲ့  အမြင်ဟာ ဖြစ်ဖြစ်သမျှ အရာ အားလုံးဟာ၊ ချုပ်ဆုံးခြင်း ပျက်သုဉ်းခြင်း သဘောရှိတယ် ရှုမြင် သုံးသပ်ပါတယ်။ ( ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ )။
မှားယွင်းတဲ့ အယူအဆ ဒိဋ္ဌိနဲ့  ရတနာ့သုံးအပေါ် သို့ လောသို့ လော တွေးတောမှု မယုံကြည်မှု ၀ိစိကိစ္ဆာ ကို လုံးဝ ဖြတ်တောက် သွားပြီ အချိန်လို့ ပဲပြောရပါလိမ့်မယ်။
၇။တပည့်တော်တ၇ားထူး၇ ခြင်လို့မေးတာဟုတ်ပါဘူး.။
၇။ သွားပါပီဗျာ။ ဒီကတော့ အားရပါးရ စဉ်းစားပြီး ဖြေလိုက်ရတာ။
လက်ကလေးတွေ ဟောဟဲ ၊ ဟောဟဲ။
အသိဥာဏ်လေးတွေ မောစဲ ။ မောစဲ။
အိုးမိုင် ဗုဒ္ဓ!!!
၈။အခြေခံတောင် တပည့်တော် မ၇နိုင်တာ။
တ၇ားထူးတို့ နိဗ္ဗာန်တို့ဆိုတာ ဝေလာဝေးပေါ့နော်။
၈။ အဲလိုချည်း မတွေးနဲ့ လေ။ ကြားနေကြစကားလေး ပြန်စဉ်းစား ၊
ကိုယ့်ဘာသာကို အားပေးပါ- လူတိုင်း မဖြစ်သေးတာပဲ ရှိတယ်။
မဖြစ်နိုင်တာ မရှိဘူး။ လူပဲကွ။ (လူပဲရှင့်)။ ဘာလို့ မဖြစ်ရမှာလဲ။
ထက်သန်တဲ့ ဇွဲလုံ့ လ ရှိစမ်းပါ။ ဘာမှတောင် ထူးပြီး မလုပ်ရသေးဘူး။ဝေလာဝေး တွက်ထား တာ တော့ မှားပြီပေါ့။
ကြားဘူးတဲ့အတိုင်းပဲလေ ၊ ထင်းခုတ်သမားက သမ္မတ ဖြစ်တယ်တဲ့။
ဆန္ဒ၀တော ... ၀ီရိယ၀တော...
စိတ္တ၀တော... ၀ီမံသ၀တော
ကိံနာမ ကမ္မံ န သိဇ္ဈတိ-
ရလိုခြင်တဲ့ ဆန္ဒ ၊ ကြိုးစားမယ်ဆိုတဲ့ လုံ့ လ၀ီရိယ ၊
ခိုင်မာတဲ့ စိတ်ဓာတ်၊လိမ်မာပါးနပ်တဲ့ အသိပညာ ရှိသူမှာ
ဘယ်ကိစ္စမျိုး မဆို ဖြစ်နိုင်တယ်။
ဒီလောက်ဆိုရင် ရလောက်ပြီနော်။ မေးတာက မေးခွန်း နှစ်ချက်ရယ်။
ဒကာမ သိထားတဲ့ ဒကာမ ဆိုတဲ့ အသုံးနှုန်း နဲ့  ဘုန်းဘုန်း နားလည်တဲ့ ဒကာမ အသုံးနှုန်းတွေလည်း သိစေချင်တယ်။ပြီးတော့ ဒကာမရဲ့  ဖြစ်နေတဲ့ စိတ်တွေကိုလည်း ဒီလိုလေးဆိုရင် ကောင်းလေ မလား ဆိုပြီး ပြော ပြချင်တဲ့ စိတ်ကြောင့် စာကို ရှည်ရှည်ပြန်လိုက်ပါတယ်။
၉။ရိုသေစွာဦးတင်ပါတယ်ဘုရား
တပည့်တော်မ
၉။ ကျန်းမာချမ်းသာပြီး
လိုရာ ဆန္ဒပြည့်ဝပါစေ...
မေတ္တာဖြင့်
ဘုန်းဘုန်း
စာကြွင်း။
ကဲ ဆရာမ ဆိုတာ အီးမေးလ် ထဲမှာ တွေ့ ရတယ်။
ဆရာမ ပေါ့နော်။ ဆရာမ ဒကာမ ရေ ဒါပဲနော်...
သိလိုရာရာ အရေးကြီးတာမျိုး မေးလိုက မေးနိုင်ပါတယ်ဗျာ။
အားရင် အားသလို ဖြေတာပေါ့။
ဘုန်းဘုန်း
မှတ်ချက်ဆုတောင်း။ ။ ဤဆောင်းပါးရေးရသည့် ကုသိုလ်ဖြင့် ဘ၀မှာ
အဃာတ ထားတတ်သူ၊ အပြစ်မြင်တတ်သူ ယုတ်မာသူများနှုင့်
ဝေးရလိုပါ၏။
ကောင်းရာ ကောင်းကြောင်း ညွှန်ပြ ပြောဆို ဆုံးမသူတတ်သူ
သူတော်များနှင့်သာ နိဗ္ဗာန် ရောက်သည့် ဘ၀တိုင်အောင်
တွေ့ ရဆုံရပါလို၏။
ဣမိနာ ပုညကမ္မေန ၊ မာ မေ ဗာလသမာဂမော။
သတံ သမာဂမော ဟောတု၊ ယာဝ နိဗ္ဗာနပတ္တိယာ။
နေ့ စဉ် ပြုပြုသမျှ ကုသိုလ်ကိုကား
ယုတ်မာသူ နှင့် သူတော်များဟု မခွဲခြားပဲ
တန်းတူ ညီမျှ ရကြပါစေသား။
သာဓု ခေါ်နိုင်ကြစေသောဝ်
အမျှ ...အမျှ ...အမျှ ...
မြတ်ရောင်နီ
( ၂၃ ၊ ၀၇ ၊ ၂၀၁၀ )
.