Pages

Tuesday, July 27, 2010

လုပ်ငန်းဆောင်တာ


လုပ်ငန်းဆောင်တာ






ပရိယတ္တိ - စာလေ့လာ သင်ယူခြင်း







ပရိယတ္တိ- စာပေ သင်ကြား ပို့ ချခြင်း






ပရိယတ္တိ- ဘုရားရှင်အား ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း





ပရိယတ္တိ- တစ်ဦးချင်း မေးလာပါက
ဖြေကြား ရှင်းလင်းပေးရခြင်း






ပရိယတ္တိ- ကိုယ်သိသမျှ တရားများကို
တရားနားပရိသတ်တို့ အား
ပြန်လည် ဖြန့် ဝေ ဟောကြားခြင်း






အာမိသာနုဂ္ဂဟ- သဒ္ဓါတရားရှိသူတို့ ၏
ဒါနကို ချီးမြှောက်ပေးခြင်း





သံဃကမ္မ- သံဃာတော်တို့  ကံကြီးကံငယ်၌
ပင့်ဖိတ်ရာမှာ ပါဝင်ကြွရောက် ချီးမြှင့်ရခြင်း






ပဋိပတ္တိ- မြတ်စွာဘုရားရှင်၏ အဆုံးမ အားလျော်စွာ
တတ်နိုင်သရွေ့ လိုက်နာကျင့်သုံးခြင်း


လုပ်ငန်းဆောင်တာ

ဟိုး... ဘုရားရှင်လက်ထက်မှာတော့ ရဟန်းတော်များဟာ ၀ါဆိုပြီးတာနဲ့  မြတ်စွာဘုရားရှင်ကို လျှောက်ထားပြီး ကမ္မဋ္ဌာန်းတောင်းကြတယ်။ ပြီးတော့ သူတို့  သပ္ပါယမျှတမည့်နေရာကို သွားကြပြီး တရား အားထုတ်ကြတယ်။ တကယ်ပီပီ ပြင်ပြင် အားထုတ်ကြပါတယ်

ဝါကျွတ်ပြီ ဆိုတာနဲ့  ဘုရားရှင်ထံ ပြန်လာကြတယ်။
ဘုရားရှင်ကို ဖူးမျှော်ကြ၊ တရားထူး လျှောက်သူ လျှောက်၊

ကိုယ်တွေ့ ကြုံသမျှအကြောင်းရာကို
လျှောက်သူက လျှောက်ထားလေ့ရှိတယ်။


ခုခေတ်မှာတော့ စာမေးပွဲအတွက် လေ့လာသူက ဘယ်ထိ ပေါက်အောင် စာကြည့်မယ်။ စာကျက်မယ်။ ဆရာများ ကလည်း ဘယ်လောက်ထိ ပေါက်အောင် စာဝါ ချပေးမယ် စသဖြင့် အင်တိုက် အားတိုက် ၀ါတွင်း ကာလကို အထူး အားစိုက် သင်ယူပို့ ချ လေ့လာကြတာ တွေ့ ရပါတယ်။

ရိပ်သာများကတော့ တရားစခန်း ရက်ရှည် အထူးနေနဲ့ 
ဟောတဲ့ ဆရာတော်များက ဟော၊ နာတဲ့သူကနာ၊
ပြီးတော့ တရားထိုင် ကျင့်ကြံ အားထုတ်ကြပါတယ်။

နိုင်ငံ အသီးသီးမှာ ရှိနေတဲ့ တက္ကသိုလ်ကျမ်းပြု
သံဃာတော်တွေကလည်း သီးစစ်ကို ရည်မှန်းထားသလို
ဘယ်လောက်ထိ ပြီးအောင် ရေးမယ်ပေါ့။

သီးသန့်  အရည တောထဲမှာသာ
အမြဲနေထိုင်ပြီး တရား အားထုတ်တဲ့ သံဃာတွေကတော့
ဝါတွင်း ၀ါပ မထားပဲ အမြဲတမ်းကို
ကြိုးစားအားထုတ်ကြတယ်ပေါ့။

( အရညမှာ တရားအားထုတ်တဲ့
သံဃာတော်များစိတ်ကိုတော့
အတိကျ ပြောဖို့ မလွယ်ပါဘူး၊
ဝါတွင်း ၀ါပ အထူးမရှိ ဟုလည်းထင်ပါတယ်။
အထင်ဖြင့် ပြောခြင်းမျှသာပါပဲ။)


အဲလိုနဲ့  ကိုယ်ရည်မှန်းချက်သလို အထူး လေးနက်စွာ
သန္နိဋ္ဌာန် ချထားပြီး
လုပ်ကြတယ်။
အဓိဋ္ဌာန် ပါရမီ လို့ စာအလို ဆိုချင် ဆိုရမှာပေါ့လေ။

ကိုယ့်အနေနဲ့ ဒီနှစ် ဘာလုပ်မလဲ ကိုယ့်ကို ပြန်ပြီး သုံးသပ်ကြည့်တော့ ၀ါတွင်းကာလမှာ နေ့ စဉ် စာကြည့်ရမယ်၊ တရားထိုင်ရမယ်။ ဘယ်လောက်ထိ ကြည့်ရမယ်၊ ဘာဖြစ်ရမယ်လို့ တော့ ရည်မှန်း ချက် အထူးမရှိပါဘူး။ ပုံမှန်အလုပ်ကို ပုံမှန် အလုပ်လုပ်တဲ့ သဘောပါ။

အထူးကြည့်မယ် မှန်းထားတာကတော့ တစ်လအတွင်း သုတ်တစ်သုတ် သို့ မဟုတ် နှစ်သုတ်ကို ဂျာမန်လို နားလည် အောင်ကြည့်မယ်။ ဂျာမန်ဘာသာလို ဟောနိုင်ပြောနိုင်ဖို့ ပေါ့။

စာဝါပို့ ချရမယ်။ ပါဠိကို သင်တန်းသားတို့ 
အတော်သင့်ရသွားသည်အထိ ကြိုးစားသင်ရမယ်။
နှစ်ပတ်တစ်ခါ။

မဇ္ဈိမနိကာယ်ကို တစ်လ တစ်ခါ သင်ပေးမယ်။
သူတို့  ဘုရားပါဠိတော်နဲ့  တွေ့ ထိ ရအောင် ရည်ရွယ်ချက်ပါ။

ပြီးတော့ တရားပွဲ ပင့်ဖိတ်ထားပြီးမို့ 
နှစ်ပတ်တစ်ခါ တရားဟောရမယ် ၊
တရားနာသူတို့  တရားတော် ကို နားလည်စေလို တာကြောင့်ပါ။


အထူးအားဖြင့် ဆွမ်းခံဘုဉ်းပါမယ်၊
ပင့်ဖိတ်သူရှိက ဆွမ်းဒကာ အိမ်ကြွပြီး ချီးမြှောက်မယ်။
သံဃကိစ္စရှိက အခြားနေရာ ပင့်ဖိတ်လည်းကြွရမယ်။
ကျောင်းဝေယျာဝစ္စ ကိုရင်ကျောင်းသား မရှိသည်မို့ 
ကိုယ်တိုင် သေနာသန ၀တ် ပြုလုပ်ရမယ်- စသည်စသည်ပေါ့။



ခုလိုမျိုး ဘလော့ဂ်ကို အားရင်အားသလို ဆောင်းပါး ရေးသွားမယ်။
မအားပါက ချက်တင်းဖြစ်စေ၊ ပေးစာဖြစ်စေ
ဆောင်းပါးအနေနဲ့  ပို့ စ်အဖြစ်တင်မယ်။
အနည်းဆုံး ဓာတ်ပုံပဲဖြစ်ဖြစ်
ကိုယ့်အတွေ့ ကြုံတွေပဲဖြစ်ဖြစ် ရေးသွားပါမယ်။



ဗုဒ္ဓဘာသာဝင် မြန်မာ လူအများတို့  အနေနဲ့ လည်း
ဒီနှစ်ဝါတွင်း ဥပုသ်သီလကို ဘယ်နှစ်ဥပုသ်
စောင့်မည် လို့  ရည်မှန်းချက်ထားပါသလဲ။

စီးပွါးရေးကတော့ ၀ါတွင်းဝါပ အမြဲတမ်း မဖြစ်မနေ လုပ်ရမည်သာ။

ဝါတွင်းမှာ ပဋ္ဌာန်းရွတ်မလား၊ ပရိတ်ရွတ်မလား၊
ဓမ္မစကြာရွတ်မလား။ တရားထိုင်မလား။

တစ် ရက် ၂၄ နာရီမှာ
ကိုယ့်ဘ၀ နောင်ရေး အတွက်
ဘယ်နှစ်နာရီ အချိန်ပေးကြမလဲ ...

ခု..လောလောဆယ် ဆုံးဖြတ်ပြီး
ဝါတွင်းကာလကို အဓိဋ္ဌာန်ပါရမီမြောက်အောင်
ကြိုးစားကြည့်ပါဦးလား?

ကြိုးစားစေလိုသော ဆန္ဒဖြင့်...


မှတ်ချက်။ ။ ကိုယ်နားလည်သည့်အတိုင်းနှင့်
ကိုယ့်ဆုံးဖြတ်ချက်ထားသည့်အတိုင်း ရေးခြင်းဖြစ်ပါတယ်။


မြတ်ရောင်နီ
( ၂၈၊ ၀၇ ၊ ၂၀၁၀ )




.

2 comments:

  1. ၀ါးတွင်းမှာဘာလုပ်မလဲ. စဉ်းစားဖို့ ရလာလို့ ကျေးဖူးတင်ပါတယ်ဘုရား။

    ReplyDelete
  2. သာဓုပါဘုရား။

    ReplyDelete