Pages

Wednesday, July 7, 2010

ရှင်ပြု ဓာတ်ပုံ ဘလော့ဂ် ဘဏ်




ရှင်ပြု ဓာတ်ပုံ ဘလော့ဂ် ဘဏ်




အလှူ့ ရှင် ဒါယကာ ဒါယိကာမ မိသားစု




မောင်ရှင်လောင်းနှင့် မိသားစု

မောင်ရှင်လောင်း ဆိုတာနဲ့  အမြင့်က ဖြစ်သွားတယ်။
( ဖြစ်မှာပေါ့နော် ၊ မြင်းပေါ်က ကို )





အလှူ ဒါယကာ ဒါယိကာမ တို့ က သဒ္ဓါ ထက်သက်စွာနဲ့ ပဲ
လာရောက်ကြတဲ့ ဧည့်ပရိသတ်တို့ အား
ဧည့်ခံ ကျွေးမွေးပါတယ်။


( များများလေး စားထားဟေ့ နော်။
ကုန်းတက်တွေ တက်ရမှာ ဆာနေလိမ့်မယ်။)




ကျောင်းနားလေးက ခရစ်ယာန်ကျောင်း ကုန်းတက် မှာ ရိုက်ထားသည့်ပုံ

( ကိုင်း ... မပြောဘူးလား။ များများ စားထားပါဆို။ )




ဖိုးသားလေးက တက်ကြွစွာ ဦးဆောင်နေတယ်။
ခပ်ပြေပြေ ကုန်းတက်လေး ပါ။


( ဟုတ်တယ်...ဟဲ့ ။ ကုန်းတက်လေးပဲ တော့ ။ ... ဟ ။)




မြင်းကတော့ ဥရောပ တန်ဆာ အလှလေးနဲ့ ပေါ့။




ဥရောပတွေရဲ့  ရှေ့ မှာ မမငယ်က ဦးဆောင်သွားသည့်ဟန်




ညီမလေး ပြီးတော့ မမကြီးကလည်း မှတ်တမ်းတင် ဓာတ်ပုံ ရှိစေဖို့ 
ဦးဆောင်ပြီး သွားနေဟန်




ကျောင်းရှေ့ မှာ အမှတ်တရ ဓာတ်ပုံ
သံဃာစုံ -ဘုန်းကြီး ၊ ဥူးဇင်းငယ် ။ ကိုရင်မ
လူမျိုးစုံ- မြန်မာ ၊ ထိုင်း ၊ ဂျာမန် ၊ အိန္ဒိယ




ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် လို့  ဆိုခဲ့သော်လည်း
ကွမ်းတောင် ပန်းတောင် မပြည့်စုံ၍
ဖယောင်းတိုင် နှင့် လှူဖွယ်ရာများကိုသာ ကိုင်ကြရတယ်။





မြန်မာ ဒကာမ တစ်ယောက်ရဲ့  သားလေး... မောင်ရဲရင့်ပိုင်
ရှင်လောင်း လှည့်ပုံတွေကို ကြည့်ပြီးတွေးလေနေရဲ့ ။

ဘာတွေများ တွေးနေတယ် ထင်ပါသလဲ...

? ? ?
.........................................................................



ကျေးဇူးတင် ၊ သာဓုခေါ်ပါကြောင်း

ဓာတ်ပုံများကို ပေးလှူသွားသော အလှူဒါယကာမိသားစုအား
ကျေးဇူးတင်ရှိပါတယ်။
သာဓုခေါ်ပါတယ်။



မှတ်ချက် ။ ။ဆောင်းပါး အရှည်ရေးလိုသော်လည်း အချိန်မလုံလောက်၍ မရေးနိုင်သေးပါ။
၎င်းအစား ဓာတ်ပုံ သရုပ်ဖေါ်စာများကို သေချာ ဖတ်ရှု ကြည့်ပြီး
အားလုံး ကြည့်ရှုသူအပေါင်း ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ကြစေရန် ရည်ရွယ်ကာ
ဓာတ်ပုံများစွာကို တင်ပြလိုက်ပါတယ်။


သာဓုခေါ်နိုင်ကြစေသောဝ် ...

မြတ်ရောင်နီ
( ၀၈၊ ၀၇ ၊ ၂၀၁၀ )


1 comment:

  1. လှိုက်လဲ ၀မ်းမြောက်စွာ သာဓု၊သာဓု၊သာဓုခေါ်ပါတယ်။

    ReplyDelete