Pages

Friday, August 6, 2010

ဆန့် ကျင်ဘက် အမှန်များ ( ၁ )


ဆန့် ကျင်ဘက် အမှန်များ
( ၁)


ဆန့် ကျင်ဘက် အမှန်များ လို့ ပင် ဆိုရပါမယ်။

သူ့ ဘက်ကကြည့်တော့ လက်ဖ၀ါး။






အဲ.. ကိုယ့်ဘက်က ကြည့်တော့ လက်ဖမိုးတဲ့ ။
ဘာညင်းစရာလို လို့ လဲ။






တစ်ဖက်သက်ကြည့်ရင်တော့ အညင်းပွါးစရာတွေ ကြည့်ပါပဲလေ။ တကယ်တမ်းက ဟိုဘက် ဒီဘက် စုံအောင်
ကြည့်ဖို့ တော့ လို ပါလိမ့်မယ်။ လောကီရေးရမှာ တစ်ဖက်သက်ကြည့်က အညင်းပွါးနိုင်သလို ပါ ပဲ စာပေ မနှံ့ စပ်သေးရင် အညင်းပွါးစရာတွေက များသားပဲ။


ဒါကြောင့်ပဲ တစ်ပိုင်းကြောင်ကျက် စာရ ရုံနဲ့  ခက်ပါလှ သဘောဉာဏ် စတဲ့ အလင်္ကာနဲ့  အချင်းချင်း ဒေါသ မဖြစ်ဖို့ နဲ့  ပိဋကတ် အစွယ် ထောင်လျင် အပါယ်ဘောင် ဆင်းရလိမ့်မလေး ဆိုပြီး ဆရာတော် ဘုရားက ဆုံးမထားတာပါ။

( တေးတပ်လိုရင်းတည်း၊ ဆရာတော်ကား လယ်တီ ဆရာတော်ဘုရားလို့ ပဲ ထင်၏)။


ကိုယ်ကလည်း စာတစ်ခုတည်းကိုင်ပြီး တစ်ချို့ သူတို့ အတွက် အချင်းချင်း ညင်းပွါးဖွယ် မရှိလေ အောင် ကိုယ့်ဘာသာ ဆန့်  ကျင် ဘက် အမှန်များဆိုပြီး စာထဲက အတိုင်း ရေးလိုက်တာပါ။ ကိုယ့် အနေနဲ့ လည်း နှံ့ စပ်တယ်လို့ တော့ မဟုတ်သေးဘူး။ သိသလောက်ပဲ ရေးလိုက်တာပါ။


မြတ်စွာဘုရားရှင်က ဦနော လောကော ဆိုတဲ့အတိုင်း အမြဲတမ်း သတ္တ၀ါတိုင်းရဲ့  အလိုက မပြည့်ဘူး - ဆိုတာ ဟောထားတာတွေ့ ပါတယ်။ အဲ.. အလိုပြည့်ဖို့ ကတော့ သန္တုဋ္ဌိ ဆိုတဲ့ ရောင်ရဲခြင်းရှိသူဟာ အလို ပြည့်တာပါပဲ။

သန္တုဋ္ဌိ ရှိသူဟာ မင်္ဂလသုတ်မှာ ကြီးပွါးကြောင်း ကုသိုလ်တိုးကြောင်း မင်္ဂလာ တစ်ပါး အနေနဲ့  ဟော ထားပါတယ်။ ပြီးတော့ သန္တုဋ္ဌိ ပရမံ ဓနံ- တဲ့။ ( ဓမ္မပဒ)။ တင်းတိမ်ရောင်ရဲမှုနဲ့ တူတဲ့ ဥစ္စာ မရှိပါဘူး - တဲ့။ တင်းတိမ်ရောင်ရဲမှု ရှိသူဟာ အချမ်းသာဆုံး ဓနရှင် ဘော့စ် လို့  ဆိုရမှာပေါ့။

ကိုင်း... ဒီလိုဆိုတော့ အမြဲတမ်း အရာရာတိုင်းကို တင်းတိမ်မှု သန္တုဋ္ဌိ ရှိရတော့မှာလားလို့  ဆန့် ကျင် ဘက် အမှန်ကို ရှာကြည့်ပါတယ်။

ဆန့် ကျင်ဘက် အမှန်အနေနဲ့  ဓမ္မသင်္ဂဏီ၊ နိက္ခေပ ကဏ္ဍ ပါဠိတော်မှာ အသန္တုဋ္ဌိတာ ကုသလေသု ဓမ္မေသု- ယာ ကုသလာနံ ဓမ္မာနံ ဘာဝနာယ အသန္တုဋ္ဌဿ ဘိယျောကမျတာ- တဲ့။

ဆိုလိုတာက ကုသိုလ်လုပ်ရမှာကို မရောင့်ရဲရဘူး၊ ကုသိုလ်တိုးဖို့ ရာ မရောင်ရဲမှုကို များများကို အလို ရှိရမယ်တဲ့။ ကုသိုလ်ဆိုတာကို များများ, များ နိုင်သလောက် များအောင် လုပ်ပါတဲ့။

ကုသိုလ်ဆိုလို့  ဒါနလောက်သာ မတွက်လိုက်ပါနဲ့ ၊ မထင်လိုက်ပါနဲ့ ။ မယူဆပါနဲ့ ။ သီလ၊ သမထ၊ ၀ိပဿနာတွေလည်း ကုသိုလ် ပါ ဘဲ။

ဆက်ပြီး မတင်းတိမ်မရောက်သင့်တာကတော့ ပထမဆုံး အရိယာဖြစ်တဲ့ သောတာပန်ဖြစ်လို့တောင် သောတာ ပတ္တိမဂ်ကုသိုလ် ရတာနဲ့ လည်း မတင်းတိမ်သင့်ပါဘူး။


ဘာလို့ လဲ၊ ဘုရားရှင်က အဲလောက်ကုသိုလ်နဲ့  ရပ်နေရင် ချီးမွမ်းတော်မမူပါဘူး၊ သောတာပန်ဖြစ်ပြီး လည်း ရှေ့ ဆက် အားမထုတ်က သတ္တက္ခတ္တုပရမ ခုနှစ်ဘ၀ အလွန်ဆုံး ဘ၀တွေမှာ ကျင်လည်ရပါ အုံးမယ်။

တရားတော် လာသည့်အတိုင်း ပြောရရင် ကေ၀လ ဒုက္ခက္ခန္ဓ- ဘယ်ဘ၀ရရ ဒုက္ခ လုံးလုံးပဲ ဖြစ်ပါ တယ်။ ဥပမာ ဘ၀ကို အပြစ်မြင်အောင် စာအရှိတိုင်းပြောပါက အနည်းငယ်သော မစင်လည်း မကောင်းနံ့ ထွက်သည်သာတည်း၊ နံစော်သည်သာတည်း။

( ကဲ.. မယုံဘူးလား၊ ခန္ဓာ ဒုက္ခ ဆိုတာ၊
ဒုက္ခ အကြီးအကျယ် မဖြစ်သေးရင်တော့
မနံသေးဘူးပေါ့လေ)။


ဒါကြောင့် ကိလေသာကို အကြွင်းမဲ့ သတ်ဖြတ်နိုင်သည့် အရဟတ္တမဂ်ကုသိုလ် ရမှသာ စိတ်အေး ၊ လက်အေး၊ ဘ၀အေး ရမှာမို့  မရောင်ရဲ သင့်သေးသော ကုသိုလ်မှာ ဒါန သီလ ဘာဝနာ မှသည် အနာဂါမိမဂ်ကုသိုလ်ထိ မတင်းတိမ်မရောင့်ရဲ သင့်ဆိုတာကို နားလည်သဘောပေါက် ထား ရပါမယ်။

ဆန့် ကျင်ဘက်အနေနဲ့  အမှန်လေးကို ပါဠိတော်မှ ထုတ်နှုတ်ကာ ကိုယ်နားသလည်လို ဆန့် ကျင် ဘက် အမှန် ခေါင်းစဉ်တပ်ကာ မျှဝေပေး လိုက် ပါတော့တယ်။

လောဘ အပို အလိုမလိုက်ဘဲ
တင်းတိမ် ရောင်ရဲ သူ ဖြစ်ကြပါစေ။


သာမန် အခြေခံ ကုသိုလ်နဲ့ 
မတင်းတိမ် မရောင်ရဲသူလည်း ဖြစ်ကြပါစေ။






မြတ်ရောင်နီ
( ၀၇၊ ၀၈၊ ၂၀၁၀ )


.

1 comment:

  1. လောဘ အပို အလိုမလိုက်ဘဲ တင်းတိမ် ရောင်ရဲ သူ
    သာမန် အခြေခံ ကုသိုလ်နဲ့ မတင်းတိမ် မရောင်ရဲသူ
    ကျိုးစားနေပါတယ်ဘုရား။
    အခုလို တရားစကားလေးတွေကြားရတော့ သဒ္ဒါတရား
    အားပြန်ဖြည့်သလိုပါပဲ။ တန်ဖိုးရှိပါတယ်ဘုရား။
    သာဓု၊သာဓု၊သာဓု

    ReplyDelete