Pages

Tuesday, August 17, 2010

ဘ၀ရဲ့  အဓိပ္ပါယ်


ဘ၀ရဲ့  အဓိပ္ပါယ်


အောင်: you tell me please!
what is the meaning of life?
10:14 AM not now , later on.

me: အိုကေ ၊ ပြောတာပေါ့ ၊ နောက်မှ ၊ ခုမဟုတ်သေး။


ဟိုတစ်လောလေက အွန်လိုင်းမှာ ဒကာမလေး ( ၀ါ ) ညီမ တစ်ယောက်နဲ့  အွန်လိုင်းမှာ ၂မိနစ၊် ၃မိနစ် မတွေ့ တာ ကြာလို့  နှုတ်ဆက်လိုက်ပါတယ်။ သူက ဘယ်တုန်းက မေးဖို့  ချောင်း နေလဲ မသိဘူး၊ နှုတ်ဆက်ပြီးတာနဲ့  မေးခွန်း မေးလာပါတယ်။

မေးခွန်းက တစ်ခါတည်း ဖြေလို့  အချိန်မရသေးတာနဲ့ ပဲ သူပြောသလို not now , later on ပြောသလို ကိုယ်ကလည်း ပြောတာပေါ့၊ နောက်မှ ၊ ခုမဟုတ်သေး လို့ ပဲ ပြောပြီး ဆွမ်းခံ ကြွသွားခဲ့ ပါတယ်။


အဲဒီ့ ရက်ကြာနေတဲ့  အကြွေးကို မနေ့ က အဓိကကတော့ အဓိကပါပဲ လို့  ဆိုတဲ့ ခေါင်းစဉ်လေးနဲ့  နဲနဲလေး ဆောင်းပါးရေးခဲ့ပါတယ်။ အဲဒါကိုပဲ သူ့ ကို ဒါပဲ ဘ၀ အဓိပ္ပါယ်က လို့  ဒီနေ့ အဖြေ အထူး မရှာပဲ အဖြေ အကြွေးဆပ် လိုက်ပါတယ်။


10:02 AM me: The meaning of life is what http://yaungni-oo.blogspot.com/
10:03 AM အောင်: thanks. brother phone.
me: . It is help to read and it is better answer of life for what you wanted that you hope.
10:04 AM အောင်: thanks a lot. how have you been?
10:05 AM me: The answer would be similar to your question.
အောင်: yes. I am going to read now.
10:06 AM me: Okay . go a head please, read on and on !
အောင်: thank you so much for your kindness.
10:07 AM me: How do you think of it what I wrote ?
အောင်: still going on. I have not finished yet
me: You may some words what you are going to say.
10:13 AM me: okay lah?
အောင်: very ok. you still need to explain to me
me: Thanks for your kind reading.

အောင်: THE LA, DAR NA AND PIN NYAR.
me: Thela is Morality. good deeds.
10:15 AM moral rule.
တကယ်တမ်း သီလ ဒါန ပညာ ဆိုတာ Sila , Dana, Panna လို့ ရေးရပါတယ်။

( ရှေ့ ဆက်ပြီး မြန်မာလိုပဲ ပြောခဲ့ပါတယ်၊ သူက မြန်မာဖောင့် မကျွမ်းကျင်လို့ မြန်မာလို မရိုက် တော့ ကိုယ်ကလည်း သူပြောသလို အင်္ဂလိပ်လိုလေး လိုက်ပြောကြည့်တာ။ သီလ ၊ ဒါန ၊ ပညာ ကို မေးလာတော့ မြန်မာလိုရိုက်ပြောမှ ပိုရှင်းမယ်။ သူလည်း ကွက်ကွက်ကွင်းကွင်း နားလည်မယ်။ ကိုယ်လည်း မစဉ်းစားရတော့ဘူးပေါ့)

သီလ ဆိုတာ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ ၊ သီလ နှစ်မျိုးရှိတယ် ၊ စာရိတ္တ နဲ့  ၀ါရိတ္တ သီလ တဲ့
10:16 AM အောင်: ya
me: စာရိတ္တ ဆိုတာ ကိုယ့်ဆိုင်ရာ ၀တ္တရားကျေပွန်အောင် လုပ်ဖို့ ပဲ။
အောင်: I think I better write down.
me: သားသမီးကျင့်ဝတ် ၊ မိဘကျင့်ဝတ်။ ဆရာကျင့်ဝတ် ၊ တပည့်ကျင့်ဝတ်။
10:17 AM ခင်ပွန်းကျင့်ဝတ်၊ ဇနီးသည် ကျင့်ဝတ်။ ဘုန်းကြီးကျင့်ဝတ် ၊ ဒါယကာကျင့်ဝတ် စတာ တွေပေါ့နော်။ ၀ါရိတ္တ သီလ ဆိုတာကတော့ ၅ ပါးသီလ ၊ ၈ ပါးသီလ ၊စောင့်ထိန်းရှောင်ကြဉ်ရတဲ့ သီလ။
အောင်: tinba.
me: အကျဉ်းချုပ် ဖြည့်ကျင့်ရတဲ့ သီလ နဲ့ ၊ ရှောင်ကြဉ်ရတဲ့ သီလပေါ့ကွယ်။

10:19 AM ဒါန ဆိုတာကတော့ ၊ ပေးတာပါပဲ ၊ စွန့် လွတ်တာပေါ့။

အောင်: tinba
10:20 AM me: ပစ္စည်း ကို စွန့် လွတ်သလို ကိုယ့်မှာ ရှိတဲ့ လောဘ ဒေါသ မောဟ တွေ စွန့် လွတ်တာပါပဲ။ ဆိုပါစို့  - ဒါန လုပ်တာဟာ အမြင့်မြတ်ဆုံး ဘုရားလှူတာမှ အစ အောက်ထစ်ဆုံး ဒုက္ခရောက်သူကို ထောက်ပံ့တာမျိုးပေါ့။
အောင်: so good
me: လှူတယ် စွန့် လွတ်တာလို့ နှစ်မျိုး သုံးလို့ ရပါတယ်။ ကိုယ့်ထက် သိက္ခာရှိမြတ်မြတ်သူတို့ ကိုတော့ ဒါန- လှူတာပေါ့။ တိရစ္ဆာန် တွေ ကျွေးတာ မွေးတာကို တော့ စာဂ စွန့် ကြဲ တယ် ဆိုရမှာ ပေါ့နော်။
10:23 AM အောင်: I do not have sar ga dar na.
me: မရှိသေးဘူးဆိုရင် လုပ်ပေါ့။
အောင်: no animals here.
( သူဆိုလိုတာက တိရစ္ဆာန်မရှိတာကို ဆိုလိုဟန်မတူ၊ ငါးကန် လိပ်ကန် ၊ ခိုကျွေးတာတို့ ကျွေးရမည့် တိရစ္ဆာန် မရှိတာပဲဖြစ်မည် ထင်ပါတယ်။ တိရစ္ဆာန်မရှိတဲ့ တိုင်းပြည်မရှိပါဘူး၊)
10:24 AM me: ငါးကျွေးတာတို့  လိပ်စာကျွေးတာတို့ ဖြစ်ဖြစ်-
အောင်: aww
if so I did in Mandalay.
me: သို့ မဟုတ် ဒုက္ခရောက်တဲ့ လူတွေကို ပေးရင်လည်း ၊ စာဂ သဘောပဲလေ။
အောင်: aww. now I understand.
me: တစ်ခါ တစ်လေ အလှူခံတာ တွေ့ မယ်ပေါ့
အောင်: not only animal?
me: ဆူနာမီ လိုမျိုးဖြစ်ဖြစ်၊ ငလျင် လှုပ်လို့ ပဲ ဖြစ်ဖြစ်ပေါ့
10:25 AM me: ဟုတ်ပါတယ် ၊ တိရစ္ဆာန်မှ မဟုတ်ပါဘူး မြန်မာစကား အရ ပြောတာပါ၊ စွန့် ကြဲ လှူဒါန်း ဆင်တူစကားပါပဲ။ အတူတူပေါ့နော်။ ဒီလောက်ဆို နားလည်ရောပေါ့။
အောင်: yes. I got it.
me: ဒါန ဆိုတာ လူတိုင်း သတ္တ၀ါတိုင်းကို ပေးတာလို့ ပဲ မှတ်ပါလေ။

ပညာ ဆိုတာကတော့ အသိ ပညာ အတတ်ပညာပေါ့ကွယ်။
ပထမဆုံး ဗဟုသုတ ရှိအောင် လုပ်ရတယ်။ စာဖတ်ရတယ် ၊ တရားနာရတယ် ၊ ဟောပြောပွဲလည်း နားထောင်ရတယ်။


ဒါက အသိ ပညာ ပေါ့။ တကယ်တမ်း ကောင်းတဲ့ဟာတွေကို လိုက်နာကျင့်သုံးရင် အဲဒီ အသိ ပညာက ခန္ဓာမှာ တပ်ဆင်လိုက်လို့  အတတ်ပညာ ဖြစ်သွားတယ်ပေါ့။ တကယ်တမ်း တတ်ချင် ရင်တော့ လက်တွေ့ ကျင့်သုံး မှဘဲ တတ်မှာပါကွယ်။ ( ဒါက ကိုဘုန်း နားလည်သလို ပြောတာ နော်) ။ ကဲ စုံသွားပီ သီလ ဒါန ပညာ။
အောင်: really thanks a lot
me: အေးပါဗျာ။
အောင်: if not I am still blurr.
10:30 AM me: ဗလာ ဗလာ ပြောတာလား။
အောင်: inn lay. tinba.
me: အဲ ဗလာ အလွတ်မထားနဲ့ တော့။
အောင်: tinn par
me: ဘ၀ ရဲ့ အဓိပ္ပါယ်ကိုမေးလို့  ဖြေပီးပီနော်။
10:31 AM အောင်: I need to look for it
me: အဓိပ္ပါယ်ရှိအောင်နေပါတော့ ညီမတော်ရေ။
အောင်: ya. I will have to be so.
me: သာဓုပါ ဗျာ။
10:32 AM အောင်: please teach me a bit by bit.
I really want to know.
me: အင်းလေ ၊ ဒါက ဘရားသား ဘုန်းဘုန်း တာဝန်ပေါ့ဗျာ။
အောင်: I am getting old already.
me: လိုက်နာဖို့  ကျင့် သုံးဖို့ ပဲ ကြိုးစားပါ။
အောင်း: I need to know. yes.
me: ဟုတ်ပါတယ်၊ ကျင့်သုံးမယ်စိတ်ထားရှိတဲ့ အချိန်က မနှောင်းသေးပါဘူး။
ဟုတ်ပီနော် ၊ အလုပ်တစ်ခုကို စလုပ်ပါ ၊ ဆက်လုပ်ပါ ၊ ပြီးအောင်လုပ်ပါ။
အောင်: yes. you are very clever in talking.
( အင်း မြှောက်နေပြန်ပြီ၊ ဒီက အလိုလိုမှ အလိုလို...)။
10:34 AM like phyoe.
( ဖြိုး ဆိုသူက ကိုယ့်ရဲ့  ရွာက ညီမ၊ အောင်က ရွာကညီမနဲ့ စပ်ပြီး သိရတဲ့ သူပါ)။
me: အင်းပေါ့။
အောင်: like U kavid also.
( ဥူးက၀ိ က ကိုယ့်ရဲ့  ရွာက သူငယ်ချင်း သီတဂူ ဒေါက်တာက၀ိ).
10:35 AM အောင်: all of you are very clever in talking.

me: ဓာတ်တူ တွေ တွေ့ တာပေါ့ဗျာ။
အောင်: ya.
me: သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ တဲ့၊ ဟိုတုန်းက စာတမ်းလေး ဖတ်ဘူးတယ်။ သင်လည်း ကောင်းလို့ ပေါ့နော်။ တကယ်တမ်းကတော့ သင်မကောင်းဘူး ဆိုရင် ကျွန်ုပ်တို့  ပြင်ပေးကြ ရမှာပေါ့ဗျာ။ ပြောရ ဆိုရတာ ကောင်းပါတယ်ဗျာ။
အောင်: ya. me too. so nice.
me: မေးတဲ့ မေးခွန်းကလည်း အဆင်ပြေပါတယ်၊ ဘလော့ပေါ်မှာတော့ ရောက်လိမ့်အုံးမယ်။
အောင်: your article is also nice . that is good idea.
me: အင်း ...ဒါလည်း Article လုပ်လိုက်အုံးမယ်။
အောင်: ya. easy to understand.
me: ညီမ နာမည်တော့ မထည့်ပဲ အောင် လို့ တော့ ထည့်လိုက်မယ်လေ.။
me: ဟုတ်ပီနော်
အောင်: up to you
me: ကျေးဇူးပါပဲ
အောင်: no. I must say. thanks to you.
me: ညီမ လို မသိသေးတဲ့ သူတွေကိုလည်း သိစေချင်တယ်လေ။
10:41 AM ရပါတယ်ဗျာ။ အမေးရှိလို့  အဖြေဖြစ်လာတာကိုးဗျ။
အောင်: if so I have to save in my thumb drive after you wrote.
10:42 AM I just want to collect everything about Buddha for my next generations.
me: အင်း ကောင်းတာပေါ့။
11:08 AM ဆွမ်းဒကာ ဒကာမတွေလာနေလို့ ။
အောင်: ok .go ahead


ဒီလိုနဲ့  ဆွမ်းဒကာ ဒကာမတွေ လာတာနဲ့ ပဲ ဘိုင်တောင် မလုပ်ပဲ နားလိုက်ပါတော့တယ်။ သူက လည်း နိုင်ငံခြား ရောက်နေတာ ကြာလေတော့ အနီးကပ် ရင်းရင်းနီးနီး ပွင့်ပွင့်လင်းလင်း မေးရ မည့် ဥူးဇင်း ဘုန်းကြီး ရှိဟန်မတူ။ သူနေတဲ့  နေရာမှာ ဘုန်းကြီးတွေများပေမယ့် မေးရမှာကို ၀န်လေးဟန်တူရဲ့ ။ သူကတော့ သူတကယ် မသိသေးတာ ကိုလည်း မသိသေးပါ ဘူးလို့  ပွင့်လင်း ရိုးသားစွာ ပြောင်ပဲ ပြောပါတယ်။ တကယ်လည်း ကိုယ်တိုင်လည်း သိချင်တယ်၊ နောင်လာ နောက်သား လေးတွေ အတွက်လည်း သူကိုယ်တိုင် ပြောပြချင်နေသူပဲ။ ရှင်းပြဖို့  ကိုယ့်အတွက် ဒီမေးခွန်း က ဖြစ်ပေါ်လာတာပါ။ ခုတော့ သူလို လူများ ရှိခဲ့ရင်လည်း သိကြစေရောပေါ့ လို့  ဆန္ဒနဲ့  ဆောင်းပါး အဖြစ် ရေးတင်လိုက်ပါတော့တယ်။

မှတ်ချက်။ ။ ဘ၀ရဲ့  အဓိပ္ပါယ် နှင့် ဘ၀ သစ္စာ ဆိုတာ ဆရာကြီး နန္ဒာသိန်းဇံ အသေချာ တိကျစွာ ရေးထားပါ တယ်။ ခုဟာကတော့ ကိုယ့်ရဲ့  ထင်မြင်ချက်နဲ့  ကိုယ့်ရဲ့ နားလည်မှု အတိုင်းလေးကိုပဲ လူငယ်လူရွယ် နားလည်ဖို့  ရေးလိုက်တာပါ။ ဒါထက် မြင့်ချင်ရင် အမြင့်ကို ဆက်ဖတ်ပါလေ။


မြတ်ရောင်နီ

(၁၈ ၊ ၀၈ ၊ ၂၀၁၀ )



.

No comments:

Post a Comment