Pages

Wednesday, August 11, 2010

ဆန့် ကျင်ဘက် အမှန်များ ( ၂ )


ဆန့် ကျင်ဘက် အမှန်များ ( ၂ )

ဆန့် ကျင်ဘက် ဆိုလိုက်တာနဲ့  တစ်ဘက်က မှားနေသလို ထင်တတ်တယ်။ ဆန့် ကျင်ဘက် ဆို ရင် တစ်ဘက်က အမှားလို့  ဆိုဖွယ်ရာရှိပါတယ်။ အဲလိုလည်း မဟုတ်ပြန်ဘူး၊ တစ်ခါတစ်လေ လည်း ဆန့် ကျင်ဘက် ဖြစ်နေပေမယ့် အမှန်ချည်း ဖြစ်နေတတ်ပါတယ်။

ဟိုး... တုန်းက ဒကာမကြီး တစ်ယောက်က ငါ့ သား ၊ ငါ့သား နဲ့  တသားတည်း သား ပြီး ခေါ်နေသ တတ်။ သားကလည်း အိမ်မှာက အငယ်ဆုံးဖြစ်နေတော့ နဲနဲလေး ပိုချစ်ပုံပေါ်တယ်လေ။

အဲဒီတော့ အနီးနားမှာ ရှိတဲ့ မောင်ပဇင်းက မနေနိုင်တာနဲ့  အမလေးဗျာ သူ့ သားမှန်းသိပါတယ်၊ တသားတည်း သားနေလိုက်တာများ လို့  စလိုက်ပါတယ်။

အဲဒီတော့ ဒကာမကြီးက အဲ တပည့်တော်သား မဟုတ်လို့  ဘယ်သူ့ သားလဲတဲ့။ ရော်... ဒကာမ ကြီး ပြောတာလည်း ၊ ဟုတ်တာပဲလေ။

မောင်ပဇင်း ဆိုသူက လည်း သမ္မုတိ နဲ့  ပရမတ် ကွဲပြားလို့  သား လို့ ခေါ်တာ မကြိုက်လို့  မဟုတ် လေဘူး။ စနောက်တတ်တဲ့ ၀ါသနာ ရှိတဲ့ မောင်ပဇင်းမို့  ထင်ပါတယ်လေ။

တကယ်တမ်းကတော့ သားကို ငါ့သား ၊ ငါ့သားလို့  ပြောတာ သမ္မုတိ နယ်ပယ်က မှန်တယ်။ ပရမတ် နယ်ပယ်က သား ဆိုတာ မရှိဘူး၊ ရုပ်နာမ် ပဲ ရှိတာမို့  ဟဲ့ ရုပ် နာမ် လို့  ပြောလို့ ကတော့ မဖြစ်ပြန်။

ပရမတ်နယ်ပယ် အနေနဲ့  တော့ ငါ့သား၊ ငါ့သား တသားတည်း သားမနေသင့်ပေဘူး။ တအားကြီး မစွဲလန်းသင့်ပါဘူးပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆန့် ကျင်နေပေမယ့် မှန်နေကြချည်းသာပါပဲလေ။

ဒီလိုဆိုရင် အဆင်ပြေသွား အောင် သမ္မုတိ သစ္စာ အလို ငါ့သား ခေါ်ချင်က ငါ့သားလို့ ဆက်ခေါ် လေ။

ပရမတ္ထ သစ္စာ အလို သိမြင် သွားသူကလည်း ရုပ်နာမ်ကို ငါ့သားလုပ်နေမှန်း နားလည် ပေးလိုက် လေ။


အဲလို ဆန့် ကျင်ဘက် အမှန်လေးကို သိလိုက်တာနဲ့  ငါ့သား နဲ့  ရုပ်နာမ် အမြင်မှန်များ အချင်း ချင်း လျော်ကန် သင့်မြတ်ပါတော့တယ်။

မှတ်ချက်။ ။ ငါ့သား ဆိုတဲ့ နေရာ ငါ့သမီး ၊
ငါ့မြေး...ငါ့ ... ငါ့.. အစားထိုးပြီး သိနိုင်ကြပါစေ။

မြတ်ရောင်နီ
( ၁၁၊ ၀၈၊ ၂၀၁၀)



.

No comments:

Post a Comment