Pages

Monday, August 16, 2010

အဓိက ကတော့ အဓိကပါပဲ


အဓိက ကတော့ အဓိကပါပဲ

ဒီခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့  နားထဲ ကြားယောင်နေမယ် ထင်ပါ့ ။ အဓိကဟာ အဓိကပါပဲ ဆိုတဲ့ စကား ပြောသွားတဲ့ နှုတ်ခမ်းမွေးနဲ့  လူရွှင်တော် ကြီး ကို လေ။ ရှဲဒိုး မဟုတ်ဘူးနော်။ ဦးမော့စ်( ငမော့စ် ) ကို ပေါ့။ အဲဒီစကားက ခပ်နောက်နောက် ပြောတတ်သူတို့  ပါးစပ်မှာ အတော်လေး ခေတ်ထသွားတယ်။ ခေတ်ထသွားမှာပေါ့၊ သူတို့  ပြောကြတဲ့ သူတို့ ရဲ့  အဓိကပဲ ရှိမှာကိုး။ (ထပ်ရှင်းပြဖွယ်မလိုလို့  မရှင်းတော့ပါ။)

တရားဆောင်းပါးတွေ အမျိုးမျိုး ရေးကြသူတွေက အမျိုးမျိုးကိုပဲ ရေးကြပါတယ်။ အဲဒီ ရေးကြတဲ့ အထဲ မှာ အဓိကကတော့ အဓိကပါပဲ။

လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ် အမျိုးမျိုး ရေးထားကြတာကို စာဖတ်သူတို့ အနေနဲ့ အဓိကဟာကို ဖတ်မိ ဖို့ အရေးကြီးတယ်ပေါ့။ ဒါမှလည်း အဓိက စာဖတ်ရတဲ့ အကျိုးနပ်မှာပေါ့။ အဓိက ကိုမှ မဖတ်မိရင် အားနာစရာက များပါဘိ၊ မျက်စိ အားနာရ၊ အချိန်အားနာရ၊ အင်တာနက် ကို အားနာရ စသဖြင့်ပေါ့။

ဆိုတော့လေ၊ အဓိက ဘယ်လို ကောက်ချက်ဆွဲကြမလဲ။ စာတစ်ပုဒ်ဖတ်ရင် ဘာကျန်သလဲလို့  ကိုယ့်ဖာသာ ဆွဲကြည့်ပါ။ ကိုယ့်ရှုထောင့်နဲ့  ကိုယ်ပေါ့နော်။

ကိုယ့်အနေနဲ့  တရားဘလော့တွေ ဖတ်ရင် သီလ သမာဓိ ပညာ အခြေခံပြီး ငြိမ်းအေးရာ နိဗ္ဗာန်ကို ပို့ နိုင်သလား။ စာဖတ်နေစဉ် အတွင်းမှာရော စိတ်လေး နဲနဲပါးပါး အေးချမ်းသွားသလား။ ပျော်ရွှင် မှုရော ရသလား ကောက်ချ ဆွဲဆွဲကြည့်ပါတယ်။

ဆိုပါစို့ - ဟိုတုန်းကပေါ့လေ ၊ ဆရာကြီး ဦးရွှေအောင် စာတွေ ဖတ်စဉ်က ၊ အတ္တ ပရ အကျိုးတွေ သယ်ပိုးနိုင်ဖို့  အမျိုးမျိုးရေးပြီး နိဗ္ဗာန်အထိ ပို့ ပို့  သွားတယ် လို့  ဓမ္မပဒ ဖတ်စဉ်က ကောက်ချက် ချမိတယ်။

ဘယ်လိုပဲ ဖြစ်စေ ဖြစ်စေပေါ့။ အတ္တဟိတ ၊ ပရဟိတ ကို ဦးတည်ပြီး လူအများကောင်းကျိုး သယ် ပိုးရင်း နိဗ္ဗာန်လမ်းကို ညွန်တာပဲ ဖြစ်စေ။ ဒါမှ မဟုတ် ကိုယ်ကျင့်တရား ကောင်းအောင် ပြုပြင်ရေး တွေ ၊ လိုအပ်ချက်တွေ ရေးတာဖြစ်စေ ၊ ၀ိပဿနာ တရားကို ရေးတာ ဖြစ်စေပေါ့လေ အားလုံးက သီလ သမာဓိ ပညာ ဆိုတာကို အခြေခံ ရတာပဲဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာရဲ့  အဓိက ဖြစ်တဲ့ သီလ သမာဓိ ပညာ ကိုတော့ တတ်နိုင်သမျှ ကြိုးစားနား လည်အောင် ဖတ်ရှုပြီး ၊ ဖတ်ရှုထားတဲ့ အတိုင်း လိုက်နာကြမယ် ဆိုရင် လူ့ ဘ၀ရဲ့  အဓိကကတော့ အဓိက ပါပဲ ဆိုတာ နားလည် သဘောပေါက်သွားမှာပါ။

အဓိကကတော့ အဓိက ပါပဲ။

အဓိကကတော့ အဓိကပါပဲ။




မြတ်ရောင်နီ

( ၁၇ ၊ ၀၈ ၊ ၂၀၁၀ )




.

No comments:

Post a Comment