Pages

Saturday, August 21, 2010

ဆန့် ကျင်ဘက် အမှား အမှန်


ဆန့် ကျင်ဘက်
အမှား အမှန်



သားသားတို့  မီးမီး တို့ 
အဲလို ကြင်နာမှု ကရုဏာထားရတယ်ကွယ့်။
ချမ်းသာစေချင်တဲ့ မေတ္တာ ထားရတယ်ကွယ့်။






အေးကွယ် ... မင်းတို့ လေးတွေ သနားမှ
ဘဲလေးတွေ ချမ်းသာတာပေါ့ကွယ်။






ဟင်... လူကြီးတွေ ဖြစ်ပြီး
ကလေးတွေလို မသိတတ်ကြပါ့ကလားနော်...
ကျွတ်... ကျွတ်...ကျွတ်...။


ဆန့် ကျင်ဘက်
အမှား အမှန်

ဆောင်ပုဒ်။ ၁။သူများအသက်၊ သတ်သည့် တွက်၊
အသက် ကိုယ့်မှာတို။

၂။မသတ်ရှောင်ရှား၊ ထိုလူများ၊ ရှည်လျားအသက်ကို။ ( သုဘ သုတ် )

( ရတနာ့ဂုဏ်ရည် စာ- ၂၇၅ )


ဆောင်ပုဒ်။ ပါဏာတိပါတ်၊ သူ့ သက်သတ်က ၊
ချို့ တတ်အင်္ဂါ၊ မဲပြာရုပ်သွင်၊
အားအင်ချွတ်ယွင်း ၊
လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊

အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍ ၊
အသက်တိုလျ၊ ပြစ်များစွာ့သည်...

ရှောင်က အပြန် အကျိုးတည်း။

အဓိပ္ပါယ်-
သူ့ များအသက် သတ်ပါက -
၁။မျက်စိ နား နှာ အင်္ဂါခြေလက် ချွတ်ယွင်းတတ်ခြင်း။
၂။ဖြစ်ရာဘ၀၌ အရုပ် အသွင် မွဲပြာ ခြောက်ညိုး၍ စိုစို ပြည်ပြည် မရှိတတ်ခြင်း။
၃။အားအင် ချို့ ယွင်းခြင်း ( အားနည်းခြင်း )။
၎။လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း။
၅။ဘေးရန် ပေါ်ပေါက်လျှင် ကြောက်ရွံ့ တတ်ခြင်း။
၆။သူများအသတ်ကို ခံရတတ်ခြင်း၊ ကိုယ့်ကိုယ်တိုင် အဆိပ်စသည်များ စားလျက်သေရတတ်ခြင်း။
၇။အနာရောဂါများတတ်ခြင်း။
၈။အခြွေရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုတတ်ခြင်း။
ဤသို့  စသည်ဖြင့် အပြစ်တွေများပြားလှချေ၏။

(ရတနာ့ဂုဏ်ရည် - စာ- ၂၀၃ ၊ ၂၀၄)

သတ္တ၀ါလေးတွေကို အစာကျွေးသဖြင့်-
သတ္တ၀ါလေးတွေရဲ့  အသက်ကို ဆက်ပေးရာရောက်တယ်။
သတ္တ၀ါလေး စိတ်ချမ်းသာတယ်။ ပျော်ရွှင်စေတယ်။
သတ္တ၀ါလေးတွေ ခွန်အားတိုးစေတယ်။
သနားခြင်း ကရုဏာကို ပွါးများရာရောက်တယ်။
ချမ်းသာစေခြင်း မေတ္တာကို ထားရာရောက်တယ်-
စတဲ့စတဲ့ ကောင်းတဲ့ဟာတွေ ဖြစ်တယ်ပေါ့။ ( ထိုထိုကျမ်းဂန် နဲ့  အတွေး )
အကျိုးပေး အနေနဲ့ ကတော့ ကိုယ့် စိုက်တဲ့ အပင်ရဲ့ အသီးကို စားရပါတယ်။


မြတ်ရောင်နီ
( ၂၁ ၊ ၀၈ ၊ ၂၀၁၀ )





1 comment:

  1. ခြင်တွေ တအားများတယ် ဘုန်းဘုန်းရေ၊ သွေးလွန်တုပ်ကွေးကလည်း လူကြီးတွေပါ ဖြစ်နေသတဲ့ ဘယ်လိုလုပ်ရမလဲ ဘုန်းဘုန်းရ။ ခြင်တွေက တံခါး အဝင်အထွက်ကနေ ဝင်လာတော့ ခက်ကရော ဟင်းးးးး

    ReplyDelete