အနတ္တ ပါ တကား
အနတ္တလက္ခဏသုတ်ကို ရေးပြီးကာမှ ပေါက်တိပေါက်ရှာ ပြောပြောပေါ့လေ၊
အတွေးလေး တစ်ခု ၀င်လာတယ်။ တွေးမိတယ်ပေါ့။
လူတိုင်းတွေ့ ကြုံနေကျ အရာ နှစ်ခုပေါ့။ အချစ်ရယ် အမုန်းရယ်။
စွဲလန်းမှုရယ်၊ နာကျည်းမှု အငြိုးအတေးရယ်။
စာအလို ပြောရရင် လောဘနဲ့  ဒေါသပေါ့။
ချစ်တာရယ် စွဲလန်းတာရယ်ကို မြဲတယ်လို့  တစ်ခါတစ်ရံ ထင်မှားတတ်တယ်။
တစ်ခုတော့ ရှိတာပေါ့လေ၊ မြဲတယ်ဆိုတာ ကိုယ့်ချစ်သူ ၊ သို့ မဟုတ် ကိုယ့်ခင်ပွန်း
ဇနီးမယားကို တစ်သက်လုံး သစ္စာရှိရှိ ချစ်တယ်။ အခြားသူကို ဘယ်လိုမှကို
စိတ်ကူးမရဘူး။ ကိုယ့်အချစ်က မြဲတယ်လို့  ဆိုချင် ဆိုရမှာပေါ့။ အဲဒါက သာမန်
အနေနဲ့  ကြည့်ရင်တော့ အချစ်က မြဲတာ၊ သစ္စာရှိတာပေါ့လေ။
အတ္တ နဲ့  ကြည့်ကြတော့ -
ငါ့ချစ်သူ ၊ ငါ့ခင်ပွန်း၊ ငါ့ဇနီး ဧတံ မမ ဖြစ်သွားတာပေါ့။
တရားသဘောအရ ပြန်တွေးကြည့်ကြစို့ ရဲ့ ။ ချစ်တာက အမြဲတမ်း နာရီမလပ်
မိနစ်မလပ် စက္ကန့် မလပ် ချစ်နေကြတာလားပေါ့။ ဘယ်သူမှ အဲသလိုမျိုး
ချစ်လိမ့်မယ်လို့  မထင်မိပါဘူး။ ချစ်စပဲဖြစ်ဖြစ် ကြင်စပဲဖြစ်ဖြစ်။
အိမ်ထောင်သည်တွေပဲ ဖြစ်ဖြစ်ပေါ့။
ဘာလိုလဲဆိုတော့ စဉ်းစားကြည့်ပေါ့လေ။ ကိုယ်စီဆိုသလို ကိုယ့်အလုပ်ကို
လုပ်နေကြတာပဲ။ ချစ်သူဘ၀ဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေတောင်မှ
သူ့ အချိန် သူ စာကျက်ကြရမယ်။စာထဲမှာ စိတ်ထားတယ်။
ပြီးတော့ စားချိန် စားတဲ့စိတ်။ အိပ်ချိန်အိပ်မည့်စိတ်နဲ့ ။
စိတ်တွေက အမြဲ ပြောင်းလဲနေတာကိုး။ ဒီလိုဆိုတော့ ချစ်တဲ့စိတ်ကြည့်ပဲ
အမြဲမရွေ့ ပဲ ထားလို့ ကတော့ မဖြစ်နိုင်ဘူး။
ဟောဒီ အချစ်ဆိုတာကလည်း လူတိုင်းဆိုသလို ရှိကြတယ်။ လူလူချင်း
ချစ်လို့  စိတ်ကုန်ရင် ဖြစ်ဖြစ် ၊ တိရ စ္ဆာန်လေးတွေကို ချစ်တတ်လို့ပဲ ဖြစ်ဖြစ်
မွေးမြူပြီး အချစ်ကို ဖန်တီးယူကြတယ်။
တိရ စ္ဆာန်ပဲချစ်ချစ် လူအချင်းချင်းကိုပဲ ချစ်ချစ် ဘယ်အချစ်ကမှ
အမြဲမတည်ပါဘူးလို့  သဘောပေါက်ရမှာဖြစ်တယ်။
ပြိးတော့ အမုန်း ၊ နာကျည်းမှု အငြိုးတရားဟာလည်း ဒီအတိုင်းပါပဲ။
တစ်ခါတစ်လေ ကိုယ့်က ထင်ထားတာ ဒီလူကို မကြိုက်ဘူး၊
ပစ္စည်းတစ်ခုကို မကြိုက်ဘူး- ဆိုတော့ မြင်လိုက်တာနဲ့ ပဲ
နာကျည်းမှုတွေ အမုန်းတွေက အမြဲလို့  ထင်ပြန်ရော။
ဒီအမုန်းကလည်း အမြဲမှ မဖြစ်တာ၊ ကိုယ့်စိတ်ထဲ ပေါ်လာတဲ့ အခါဖြစ်ဖြစ်၊
ကိုယ့်နဲ့  ထိပ်တိုက် ရင်ဆိုင်ရလို့  ဖြစ်ဖြစ် ၊ တစ်စုံ တစ်ယောက်က
ကိုယ်မုန်းတီးနေသူ အကြောင်း ပြောလို့  ဖြစ်ဖြစ် ပြန်ပြီး ပေါ်လာတတ်တာပဲ။
ဒီလို ဆိုတော့ အမုန်းဆိုတာကလည်း ကိုယ်က အမြဲမုန်းတယ် ဆိုပေမယ့်။
အမုန်းတရားကလည်း မမြဲဘူးဆိုတာ သတိထားသင့်တာပေါ့။
အဘိဓမ္မာ အလို ပြန်ပြီး ဆန်းစစ်ကြည့်မည်ဆိုရင်လည်း လောဘ အချစ်နဲ့ 
ဒေါသ အမုန်းဟာ သင်္ခါရက္ခန္ဓာထဲ အကျူံးဝင်နေတာကို တွေ့ ရပါတယ်။
သင်္ခါရတွေကို အနတ္တဆိုထားသမို့  အချစ် နဲ့  အမုန်းဟာ အနတ္တ ပါ တကား။
အနတ္တ ပါ တကား လို့  ရှုပွါးသင့်ပါတယ်။
မြတ်ရောင်နီ
( ၃၀ ၊ ၀၆ ၊ ၂၀၁၁ )
ဒီနေရာကလေးမှာ ရေးပါ..