Pages

Friday, June 17, 2011

တံ ကိံ မညထ


တံ ကိံ မညထ


အနတ္တ လက္ခဏသုတ်
(အဆက်)

မြတ်စွာဘုရားရှင်ဟာ ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ်တို့ ရဲ့ 
အနတ္တ ဖြစ်ပုံကို သေသေချာချာ ရှင်းလင်းခဲ့ပါတယ်။ ထို့ နောက်မှ-

တံ ကိံ မညထ ဘိက္ခဝေ- ဘိက္ခုတို့  ဒီလိုဆိုရင် ခု ပြောတော့မည့် ဟာကို
ဘယ်လို သဘောပေါက်ကြသလဲ ပြောကြည့် ကြစမ်းပါ တဲ့။

ကိုယ်မပိုင်တဲ့ ရုပ်ဟာ နိစ္စ မြဲသလား၊ အနိစ္စ မမြဲဘူးလား။
အမြဲတမ်း ကိုယ့်အလိုကျလား မကျလား ဆိုတဲ့ သဘောပေါ့။

အနိစ္စံ ဘန္တေ- ( တပည့်တော်တို့  မပိုင်မှတော့ ) အနိစ္စ- မမြဲပါဘုရား။
မမြဲဘူးဆိုရင် သုခ - ချမ်းသာတာလား ၊ ဒုက္ခ - ဆင်းရဲ တာလား။
ဒုက္ခံ ဘန္တေ- ဆင်းရဲ တာပေါ့ ဘုရား။
အေး မမြဲဘူး၊ ဆင်းရဲတာမို့  ဖေါက်ပြန်တဲ့ သဘောပေါ့။

အဲဒီလို ဖြစ်တတ်တဲ့သဘောတွေကို ဧတံ မမ- ငါ့ ရုပ်တရားပဲ၊
ဧသော ဟ မသ္မိ - ငါဘဲ။ ဧသော မေ အတ္တာ - ငါ ပိုင်တာပဲ လို့ 
ကိုယ့်အထင်လေး ထည့်ထားတဲ့ အသိမှားကြီး ဖြစ်သင့် ပါ့မလား။

နော ဟေတံ ဘန္တေ - အဲ သလိုမျိုး အသိမှား အထင်မှားကြီး မဖြစ်သင့်ပါဘုရား။

ဒီအတိုင်းပဲ မြတ်စွာဘုရား ရှင်က ပဉ္စ ၀ဂ္ဂီ ၅ဦးကို ဝေဒနာစတာတွေနဲ့ 
ပါတ်သတ်လို့ လည်း
မေးတော် မူပြန်ပါတယ်။
ပဉ္စ၀ဂ္ဂီ ၅ဦးကလည်း ပြန်လည်ကာ ဖြေကြားတော်မူကြပါတယ်။

ဝေဒနာ ဟာ နိစ္စလား အနိစ္စလား ၊ အနိစ္စပါဘုရား။................
သညာဟာ နိစ္စလား ၊ အနိစ္စလား၊ အနိစ္စ ပါဘုရား.................
သင်္ခါရဟာ နိစ္စလား ၊ အနိစ္စလား ၊ အနိစ္စ ပါဘုရား...............
ဝိညာဏ်ဟာ နိစ္စလား ၊ အနိစ္စလား အနိစ္စ ပါဘုရား.............

လိုရင်း အကျဉ်းချုပ်ကား-
မမြဲရင် ၊ ဆင်းရဲတယ်၊ ဖေါက်ပြန်တဲ့ သဘောဖြစ်တယ်။

အဲဒါကြောင့်မို့  ငါရဲ့ ဟာ ဆိုတဲ့ တဏှာသဘော၊
ငါပဲ ဆိုတဲ့ မာန ၊ ငါ ပိုင်တယ် ၊ ငါ့ရဲ့  အတ္တ ဆိုတဲ့ ဒိဋ္ဌိ
လို့  ခေါ်တဲ့ သံသရာ ချဲ့ ထွင်ကြောင်း တရားများ မရှိသင့်ကြောင်း၊
အစွဲများ ပြုတ်ဖို့ ရန် သင့်လျှော်ကြောင်း ၊ အမြင်မှန်ရှိစေဖို့ ရာ
ဒီနေရာမှာ တစ်ခုချင်း ဘုရားရှင် ပြန်မေးတော်မူပါတယ်။

နော ဟေတံ ဘန္တေ - တဏှာ မာန ဒိဋ္ဌိ အမြင်မှားများ
ရှိဖို့  မသင့်တော်ပါ ဘုရား။
၅ဦးစလုံးက လျောက်ထားကြပါတယ်


( ၀ိနယ မဟာဝဂ္ဂ ပါဠိတော် စာမျက်နှာ ၁၉ မှာတော့ တစ်ခုချင်း
ဖေါ်ပြထားပါတယ်။ အားလုံး သဘောပေါက်လောက်ပြီမို့ 
ချန်လှပ်ထားလိုက်ပါတယ်။)

လူသူတော်ကောင်းများအတွက် ရည်ရွယ်ပါသည်။
ထပ်ခါ ထပ်ခါ မှတ်သား ဖတ်ရှု ကြပါကုန်။


မှတ်ချက်။ ။တံ ကိံ မညထ - ဟု ခေါင်းစဉ် တပ်ထားသည်မှာ ဘလော့ဂ် လာလည်သူ
သူတော်ကောင်း အပေါင်း အသစ်ဟု သိစေလိုသောကြောင့် ဖြစ်ပါသည်။


မြတ်ရောင်နီ
( ၁၆ ၊၀၆ ၊၂၀၁၁)

ဒီနေရာကလေးမှာ ရေးပါ..

No comments:

Post a Comment