Pages

Sunday, June 12, 2011

အနတ္တ လက္ခဏသုတ်

အနတ္တ လက္ခဏသုတ်
( အဆက် )

၂ ) ရူပက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ရူပံ ဘိက္ခဝေ အနတ္တာ - ဘိက္ခုတို့  ရုပ်တရားဟာ အနတ္တပဲ။

ဘယ်လို အနတ္တ ဖြစ်သလဲစဉ်းစားကြရအောင်။ အနတ္တ ဆိုတဲ့ ပုဒ်က ဂရမ်မာ လို ပြောမယ်
ဆိုရင် အန် + အတ္တ ပဲ ။ အတ္တ ဆိုတဲ့  ပုဒ်ကို အင်္ဂလိပ်ဘာသာပြန်သူတွေက soul , self ,
စတာတွေ ဘာသာပြန်ကြတယ်။ အနတ္တ ကိုတော့ Nonself , Nosoul လို့ 
ဘာသာပြန်ကြတယ်။ သူတို့  ပြောတဲ့ အင်္ဂလိပ်ကိုတော့ ကိုယ်က ကျွမ်းကျင်ဘာသာ
မဟုတ်တော့ အတိကျမသိဘူး။

မြန်မာလိုသင်ထားလေ့လာဖူးတာကတော့ မြန်မာလို ဘာသာပြန်ကြတာက
အနတ္တ အစိုးမရတဲ့။ အဲဒါကိုတော့သဘောကျပါတယ်။ ရှေးဆရာတော်များ
အစဉ်အဆက် ဒီလိုပဲ ဘာသာပြန်ကြတာကို။

ပြီးတော့ ဒီသုတ်ထဲမှာ ပါတဲ့ ပါဠိတော်စာသားများကို ဖတ်ကြည့်လေ့လာဦးစို့ ။

ရူပဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ ၊ နယိဒံ ရူပံ အာဗာဓာယ သံ၀ေတၱယ်။
ရုပ်တရားဟာ အတ္တဖြစ်ခဲ့ရင် ရုပ်တရားဟာ အာဗာဓ ဖြစ်နိုင်စရာ အကြောင်းမရှိတဲ့။

ဒီနေရာမှာလည်း သိထားရမှာက ရုပ်လို့  ပြောလိုက်ရင် ကိုယ်ခန္ဓာ လို့ 
မြင်တတ်ကြတယ်။ မှန်တော့ မှန်တယ်။ အတိကျတော့ မဟုတ်နိုင်။
ဒီအခန်းထဲမှာ ရှိတဲ့ စားပွဲ ကုလားထိုင်မှအစ ပစ္စည်း ပစ္စယ အားလုံးဟာ ရုပ်တရားပဲ။
ဒါ နားလည်သလို ပြောတာပါ။

အနောက်တိုင်းသား ဘာသာပြန်ဆရာတော်တို့ က နာမ်ရုပ် ဆိုရင်
Mind and body.ပြီးတော့ ရုပ်ကိုကျတော့ form လို့  ဘာသာပြန်တာလည်း
တွေ့ ဘူးရဲ့ ။ ဘယ်လိုပဲ ဘာသာပြန်ပါစေ မြန်မာလိုပဲ ကိုယ်သေချာသိဖို့ လိုတယ်။
တကယ်နားလည် သဘောပေါက်ဖို့ လို ပါတယ်။ ဒါက ဗဟုသုတ အဖြစ်ပြောတာပါ။

ဒီနေရာမှာ ရုပ်တရားဟာ အတ္တ ဖြစ်ခဲ့ရင် အာဗာဓ ဖြစ်နိုင်စရာ အကြောင်းမရှိ တဲ့။
အာဗာဓကိုလည်း အနာရောဂါ ဖြစ်နိုင်စရာ အကြောင်းမရှိလို့  ဘာသာပြန်ခဲ့ရင်
ခန္ဓာကိုယ် တစ်ခုဘဲ အနာရောဂါ လို့  ဘာသာပြန်နဲ့  သင့်လျော်မယ်။ စားပွဲ
ကုလားထိုင် ပျက်စီးတာကို အာဗာဓ အနာရောဂါ လို့  မြန်မာစကားမှာ ပြောလေ့
ပြောထမရှိကြဘူး။ ပျက်စီးသွားပြီ၊ စုတ်ပျက်သွားပြီ လို့ ပဲ ပြောကြတယ်။

ဒါကြောင့်မို့  အာဗာဓ ဆိုတာ ပျက်စီးခြင်းလို့  ထင်မြင်ယူဆမိပါတယ်။ ဒါမှလည်း
မကျန်းမာတဲ့အခါ ကောင်းတဲ့ ခန္ဓာကိုယ်ကြီး ပျက်စီးသွားတာပေါ့လေ။

လဗ္ဘေထ စ ရူပေ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံ မာ အဟောသီ- တိ ။
ရုပ်သာ အတ္တ ဖြစ်ခဲ့ရင် ငါ့ရုပ်တရား ဒီလို ဖြစ်ကွယ်၊ ငါ့ရုပ်တရား ဒီလို မဖြစ်နဲ့ 
လို့  ပြောရမှာပေါ့။

ကိုင်း ကြည့်လေ ပစ္စည်း ပစ္စယဆိုတဲ့ ရုပ်တရား အသာထာလိုက်ဦး၊ ခု ဒကာမကြီး
ဥူးဇင်း လာတဲ့ နေ့ က နေကောင်းကျန်းမာတယ်။ ခု မိုးမိတာနဲ့  ဖျားနာနေတယ်
မဟုတ်လား၊ ဒီလို ဖျားနာတာဟာ ခန္ဓာကိုယ် အကောင်းကနေ ပျက်စီးတာပဲ။
ဒီလို ပျက်စီးမှုမျိုးကို မလိုချင်ဘူးလေ။ ငါကျန်းမာရေး အကောင်းလေးပဲ
ဖြစ်ပါစေ ၊ ချက်ချင်း ပျောက်ဆိုလို့  မရဘူးမဟုတ်လား။ ရုပ်သာ အတ္တ ဆိုလို့ ကတော့
ခုချက်ချင်း ထပျောက်ပါစေ ဆိုပြီး ကျန်းမာရေးကောင်းလာနိုင်တယ်။ ပြီးတော့
နေမကောင်း မကျန်းမာတာ လုံးဝ မလာပါစေနဲ့  ပြောလို့ ရမယ်။
ရုပ်သာ အတ္တ ဆိုခဲ့ရင်ပေါ့နော်။

( မှတ်ချက်။ ။ ဒီသုတ်ကို စတင်နာယူသည့်နေ့ က
ဒကာမကြီး တစ်ယောက် အနည်းငယ် ဖျားနာနေ၏)

ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ အာဗာဓာယ သံဝတ္တတိ။
ရုပ်တရားဟာ အနတ္တ ( ကိုယ့်အလို အစိုးမရ ) မို့  အာဗာဓ ကျန်းမာရေးပျက်တယ်
ဆိုတာ ဖြစ်လာတယ်။


န စ လဗ္ဘတိစ ရူပေ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံ မာ အဟောသီ- တိ။
ငါ့ ကိုယ်ခန္ဒာ ဟာ ကျန်းကျန်းမာမာပဲ ရှိပါစေ ၊ မကျန်းမမာ မရှိပါစေနဲ့ လို့ လည်း
ပြောလို့ ကို မရပါဘူး ။

ဒါကို ကြည့်ခြင်းအားဖြင့် အနတ္တ ဆိုတဲ့ ပုဒ်ကို အစိုးမရ၊ ကိုယ့်အလိုအတိုင်းမဖြစ်၊
ကိုယ်မပိုင်ဆိုင်လို့ သိထားတာက ပို အဆင်ပြေဖွယ်ရှိပါတယ်။

ကိုယ့်အလိုအတိုင်းဖြစ်မယ် ၊ ကိုယ်ပိုင်ဆိုင်ခဲ့ရင် ကိုယ့်လက်ခုပ်ထဲကရေ
သွန်ချင်သလိုသွန် ၊ မှောက်ချင်သလို မှောက်လို့  ဖြစ်နိုင်ပါတယ်။ ခုတော့ကား မရ။
ဒီလိုဆိုတော့ ရုပ်တရားဟာ အနတ္တ ၊ ရုပ်တရားဟာ ကိုယ်မပိုင် လို့  မှတ်ပါလေ။

( ၃) ဝေဒနာက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ဝေဒနာ အနတ္တာ- ဝေဒနာဟာ အနတ္တပဲ။
ဝေဒနာ ဆိုတာ ခံစားမှုပါ။ ခံစားမှု အမျိုးမျိုးရှိပါတယ်။


ဆက်လက် ဖေါ်ပြပါမည်။။




မြတ်ရောင်နီ

( ၁၃ ၊ ၀၆ ၊၂၀၁၁ )




ဒီနေရာကလေးမှာ ထည့်ချင်တဲ့ code ကလေးကို ရေးပါ..

No comments:

Post a Comment