Pages

Saturday, June 4, 2011

ကြေငြာဘလော့ဂ် တင်ပါသည်



ကြေငြာ ဘလော့ဂ်တင်ပါသည်


၁။ တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီး

တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီးကို
ဂျာမဏီနိုင်ငံ ဖရိုက်ဇင်းမြို့ တွင်
နေ့ စဉ် ရွတ်ဖတ် ပူဇော်သွားပါမည်။

၂။ သစ်မရတော့ ၀ါးဖောင်နှင့်ကွပ်ဆိုသလို

ယမန်နှစ်က ပါဠိတော် စာအုပ်များ မရှိသည့်အတွက်
ကွန်ပျူတာဖြင့် ၀ါတွင်းသုံးလကာလ
မဟာပဋ္ဌာန်း စာအုပ် ၅ အုပ်ကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

၃။ ဓမ္မဒါနအလှူရှင်များ

ယခုနှစ်တွင် ထိုအတွေ့ ကြုံများ ရှိခဲ့သည့်အတွက်ကြောင့်
မြတ်ရောင်နီ၏
ရဟန်းဒကာ ဒကာမများနှင့်
နီးစပ်ရာရာ စေတနာရှင် ဒကာ ဒကာမတို့ စုပေါင်းကာ

ပိဋကပါဠိတော် အုပ်၄၀ ၊ အဋ္ဌကထာ ၅၁အုပ်၊ ဋီကာ ၂၆ အုပ်
လှူဒါန်းထားပါသည်။


၎။ စာအုပ်များ တစ်ပြိုင်နက်မရောက်

၎င်းစာအုပ်များမှာ ယခုအချိန်ထိ တစ်ပြိုင်နက် မရောက်လာသေးပါ။
နဲနဲချင်း ရောက်ကာ၊
နှစ်လအတွင်း အကုန်ရောက်လာပါမည်ဟု သိရပါသည်။


၅။ ပိဋက လှူဒါန်း ပူဇော်ပွဲ

ထိုစာအုပ်များရောက်လာပါက
ပိဋက လှူဒါန်း ပူဇော်ပွဲကြီး ကျင်းပသွားပါမည်။




မှတ်ချက်။ ။ နတ်နှင့် တကွသော အို သူတော်ကောင်း အပေါင်းတို့ 
တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီး စတင် နေပါပြီ။
သာဓုလည်းခေါ် နာလည်း နာယူနိုင်ကြပါပြီ။




မြတ်ရောင်နီ
( ၀၄ ၊ ၀၆ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

No comments:

Post a Comment