Pages

Saturday, June 11, 2011

အနတ္တ လက္ခဏသုတ်


အနတ္တ လက္ခဏသုတ်

( သုတ်ကို မြန်မာပြန် သက်သက် မဟုတ်ဘဲ စကားပြောတဲ့အတိုင်း ရှင်းပေးတဲ့အတိုင်း
လွတ်လွတ်လပ်လပ် နားလည်သင့်သည်များကို ထည့်စွက်ကာ ရေးသားထားပါတယ်)။

နမော တဿ သုံးခေါက် ဆိုပြီး စလိုက်ကြရအောင်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဘာပဲ လုပ်လုပ် ဗုဒ္ဒဘာသာဝင်တို့ အဖို့  နမောတဿ သုံးကြိမ် ရွတ်ပြီး အခန်းနား
စတာဟာ ဓမ္မတာ တစ်ရပ်ပင် ဖြစ်ပါတယ်။ သင်တန်းစတာ၊ တရားပွဲစတာ ၊ အစ
သေးသေးမွှားမွှား တို့ ကိုပင် နမော တဿ သုံးခေါက် ရွတ်ဆိုကြပါတယ်။

အတိုဆုံး ဘုရား ရှိခိုလည်း ဖြစ်ပါတယ်။ နမော ဆိုတာ ရှိခိုးတာပါ။ ဒါကြောင့်လည်း
့ ဆင်တူ ဖြစ်တဲ့ စကားလုံးများ အိန္ဒိယ လူမျိုးတို့ က နမသ်စတေ့ ၊ ထိုင်းလူမျိုးတို့ က
နမဿကံ (ခရပ် )လိုဆိုပြီး ဘုန်းကြီးများကို ပြောဆို ရှိခိုးလေ့ကြတာပါ။

ဟို တုန်းက ကြားဘူးသေးးတယ်။ ဆရာ ဘုန်းကြီးက မောင်ရင်လောင်းကို နမော တဿ
သုံးကြိမ် ရွတ်ဆိုလို့  ကိုရင် ၀တ်ခါက မောင်ရင်လောင်းက နမော တဿ နမော တဿ
နမော တဿ တဲ့။ အော် ဖြစ်ပုံက အဲလို။ ဆရာကတော့ ရယ်လည်းရယ်တယ်၊ ၊ပြန်ပီးလည်း ပြင်ပေးခဲ့ရတာပေါ့လေ။

ပြီးတော့
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ မှာ သမ္မံ သမ္ဗုဒ္ဓဿ လို့ 
အများအားဖြင့် ကြားရတတ်ပါတယ်။မသိသူ လူအများက ဆိုလေ့ရှိကြပါတယ်။
အဲဒီအထဲမှာ ကိုရင် ပေါက်စလေးတွေ ၀တ်ခါစလေးတွေပေါ့လေ။
အဲလို သမ္မံ သမ္မံ လို့ ပဲ ဆိုတတ်ကြတယ်။

ဒါကြောင့်မို့  ကိုယ်ကလည်း မှတ်မိလွယ်စေပါဆိုပြီး ကိုရင်တွေကို သင်တဲ့အခါ
သံချောင်းက သံက မာလား ပျော့လား လို့ ကိုရင်တွေကို မေးတယ်လေ။

ဒါနဲ့  ကိုရင်လေးများက မာတယ်ဘုရားတဲ့။ သံမာ တယ်နော်။ တင်ပ ဘုရား။ အေးကွယ် ။
သံမာ သလို သမ္မာသမ္ဗုဒ္ဓဿ လို့  အသံထွက်ကွာ လို့ အကြိမ်ကြိမ် သင်ပေးခဲ့ဘူးပါတယ်။
သူတို့  မံ မဆိုတော့ ဘဲ မာ သွားကြပါတယ်။

ကဲ ပြန်ဆိုကြည့်ပါလား၊
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ( သုံးခေါက် )

ဒီ သုတ်ကို မစမီ နမော တဿ ကို စတင်ပြီး တရားနာသူ အပေါင်းတို့ ကို နားလည်စေရန်
နိဒါန်းပျိုး ဘုရားရှိခိုးခဲ့ပါတယ်။ ( ၁၁ ၊ ၀၆၊ ၂၀၁၁- ညချမ်း )

အနတ္တ လက္ခဏသုတ် အမွှန်း

( က ) ( မြတ်စွာဘုရား ဟာ ) ဓမ္မစကြာ တရားတော်ကို ဗာရာဏသီပြည်ရဲ့ အနီး
ဣသိပတနခေါ်တဲ့ တောအုပ်မှာ ၀ါဆိုလပြည့်နေ့ မှစပြီး စတင် ကာ
ဟောတော်မူခဲ့ပါတယ်။

(ခ) နေ့ စဉ်ဆိုသလို ဟောကြားလိုက်တာ ၅ရက်မြောက်တဲ့နေ့ အထိ ပဉ္စ၀ဂ္ဂီ ၅ပါးလုံး
အာဒိဖလ သောတာပန်တွေ ဖြစ်သွားကြပါတယ်။လပြည့်ကျော် ၅ရက်နေ့ မှာတော့
ဝိမုတ္တ- ဘ၀မှလွတ်မြောက်ဖို့  အနတ္တ လက္ခဏသုတ် ဟောတော်မူခဲ့ပါတယ်။ ဒီသုတ်ကို
ပြောကြား ရွတ်ဖတ်ကြားကြပါကုန်စို့ ။

(၁ ) အနတ္တ လက္ခဏသုတ် နိဒါန်း

ဧ၀ံ မေ သုတံ- တပည့်တော် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဒီလို ကြားဘူး မှတ်ဘူး ဆောင်ထားခဲ့ဘူးပါတယ်။

ဒီစကားက အရှင် အာနန္ဒာ ဆရာတော်ဘုရားကအရှင် မဟာကဿပ ဆရာတော်
ဘုရားကြီးကို ပထမ သင်္ဂါယနာ မထေရမြတ်တို့  ရှေ့ မှောက်မှာရွတ်ဆို လျှောက်ထားခဲ့တဲ့
စကားရပ်ဖြစ်ပါတယ်။သုတ္တန်တော်တော်များများရဲ့  အစမှာ တွေ့ ရပါတယ်။

ဟိုအခါတစ်ပါးဆီက မြတ်စွာဘုရားရှင်
ဗာရာဏသီပြည်ရဲ့ အနီး ဣသိပတန ခေါ်တဲ့
မိဂဒါဝုန် (သားသမင်ပေါတဲ့ တောအုပ်) မှာ
သီတင်းသုံး နေထိုင်တော်မူခဲ့ပါတယ်။

အဲဒီအချိန် ပဉ္စ၀ဂ္ဂီ ၅ပါးလုံး သောတာပန်တည်ပြီးကာစ မှာပေါ့။ အနီးမှာရှိတဲ့ သူတို့ ကို
အထက်မဂ်အတွက် ဒီ သုတ်ကို ဟောဖို့ ရာဘုရားရှင်စကားလမ်းကြောင်း စခဲ့ပါတယ်။
ဘိက္ခဝေ - ဘိက္ခု တို့  လို့  ခေါ်လိုက်တာပါ။

ဒီလို စခေါ်လိုက်တာဟာလည်း ဘုရားရှင် ပြောမည့် စကားကို သတိရှိ ဟောမည့်တရားကို
လေးလေးစားစား စိတ်ဝင်စားစေဖို့ ရာ ပြောတာ ဖြစ်ပါတယ်။ ခု ခေတ်လူတွေ အချင်းချင်း
ဆိုရင် ဒီမှာကိုယ့်လူ ၊ အခန်းနားဆိုရင် ကြွရောက်လာကြတဲ့ ဂုဏ်ကျက်သရေရှိ
.....လိုပဲပေါ့။ နိုင်ငံခြားမှာ လေဒီစ် အဲန် ဂျန်ဒယ်မန်း ဆိုတာမျိုးလို လို့  ပဲ တွေးမိပါတယ်။

ပဉ္စ၀ဂ္ဂီ ၅ပါးလုံး ကလည်း ဘဒန္တေ မှန်ပါ အရှင်ဘုရား လို့  လျှောက်ကြပါတယ်။
မြတ်စွာဘုရားက စကားစလိုက်တာကို အသင့်နားထောင်လျက်ရှိကြောင်း ဆိုတဲ့
သဘော စကားတုံ့ ပြန် လျှောက်တားတာပါ။

ဒီနေရာမှာ မှတ်သားသင့်တာက ဘဒန္တ ဆိုတဲ့ ပုဒ်ပါပဲ။ ဘဒ္ဒန္တ ဆိုတဲ့ ဒထွေး
နှစ်လုံးဆင့်လည်း ရှိတတ်တယ်။ ၂ပုဒ်စလုံး အနက်တူ ပရိယာယ်ပုဒ်တွေပါ။

ပါဠိနဲ့  မရင်းနီးသူများက ခုခေတ် ဘုန်းကြီးများ ဘွဲ့ ရှေ့ က ဘဒ္ဒန္တ ထည့်ထား တာတွေ့ ရင်ဆက်ကပ်ခြင်းခံထားရတဲ့ဘွဲ့ ထင်သွားတယ်။ တကယ်တော့ ဘဒ္ဒန္တ အာနန္ဒ
အရှင်ဘုရား အာနန္ဒာ ၊အရှင်အာနန္ဒာလို့ ဘာသာပြန်ရပါမယ်။ ပါဠိတော်များမှာတော့
အာယသ္မာအာနန္ဒော တို့ လို့ ပဲ တွေ့ ရတတ်ပါတယ်။ ခု ပြောခဲ့တဲ့ အထက်ပါ
အကြောင်းရာများဟာ အနတ္တ လက္ခဏသုတ် နိဒါန်းစကားပျိုးများသာဖြစ်ပါတယ်။


ထို့ နောက်မှာမှ ဘဂ၀ါ ဧတဒဝေါစ- ဘုရားရှင်က ဒီလို ဟောတော်မူခဲ့တာပါ။

( ၂ ) ရူပက္ခန္ဓာ အနတ္တ ဖြစ်ပုံ

ရူပံ ဘိက္ခဝေ အနတ္တာ - ဘိက္ခုတို့  ရုပ်တရားဟာ အနတ္တပဲ။

ဘယ်လို အနတ္တ ဖြစ်သလဲစဉ်းစားကြရအောင်။ အနတ္တ ဆိုတဲ့ ပုဒ်က ဂရမ်မာ လို ပြောမယ်
ဆိုရင် အန် + အတ္တ ပဲ။


ဆက်လက် ဖေါ် ပြမည်။


မှတ်ချက်။ ။ ဘာလင်မြို့ နေ ဒကာဒကာမတို့ က
အနတ္တ လက္ခဏသုတ်ကို နာယူ
ရှင်းလင်းပေးဖို့ ရန်လျှောက်ထားလေသောကြောင့် မြန်မာလို ကိုယ်နားလည် သလိုလေး
ရှင်းပြခြင်း ဖြစ်ပါသည်။

သိချင်လိုသော လူသူတော်စင် အများလည်း ပါဠိသာ အလွတ်ရနေပြီး အဓိပ္ပါယ် ဂဃနဏ
မသိသူတို့  လည်း အရိပ်မြွက် သိရှေိနိုင်စရန် ဘလော့ပေါ်တွင် ရေးသား ဖြန့် ဝေ
ပေးလိုက်ပါသည်။


မြတ်ရောင်နီ
( ၁၂ ၊ ၀၆ ၊ ၂၀၁၁ )





ဒီနေရာကလေးမှာ ရေးပါ..

No comments:

Post a Comment