Pages

Friday, April 30, 2010

ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ

ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ




မနှစ်က ဒီအချိန်မှာ မွေးနေ့ ကို သီရိလင်္ကာမှာ
ဘုရားအမှူးရှိတဲ့ သံဃာတော်တို့ အား ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။
ဒီပုံကတော့ ဆွမ်းစားကျောင်းအတွင်း မှာ ရှိတဲ့
ဘုရားရှင်ကို ကိုယ်တိုင် ဆွမ်းကပ်လှူခဲ့တာပေါ့။




ဆွမ်းကပ်တဲ့ နေရာမှာ ကပ္ပိယ ဒါယကာ ဒါယိကာမများ
မရှိတော့ စာသင် သံဃာတွေ ကိုယ်တိုင် ဝေယျာဝစ္စ
လုပ်ကြရတယ်။ မွေးနေ့ ရှင် ကိုယ်တိုင်လည်း
အပါဝင် ကုသိုလ်ယူခဲ့တာပေါ့။





ဟော ... ဒီနှစ် ရောက်ပြန်တော့
ကိုယ်တိုင် ဆွမ်းကပ်ရမည့် အခြေနေမှာ မရှိတာမို့ 
ကိုယ်တိုင်ပဲ သင်တန်းက
ကျောင်းသူတွေရဲ့  လှူဖွယ်များကို အလှူခံရပါလေရော...





အော်...ဥရောပ ဆိုတော့လည်း မွေးနေ့  ပန်းစည်း ပေးတာကို
ပထမဆုံး အလှူခံရရှိခဲ့ပြန်ပါတယ်။
မွေးနေ့ ရှင် ကုသိုလ်ရအောင် ပေးလှူတာ ရှိမှာပေါ့။
ဘုရား ရှင်အား လှူဒါန်းရတာပေါ့။






မွေးနေ့ ကဒ်တဲ့။
မွေးနေ့ မှာ ပျော်ရွှင်ဖို့  ဆုတောင်း ပေးထားတဲ့ကဒ်ပေါ့။
ဒီလိုကဒ်ကိုလည်း ဒါဟာ ပထမဆုံး အကြိမ် ရဘူးတာပဲ။


ပြန်စဉ်းစားကြည့်တယ်...
ကိုယ်က လှူရတာက ပျော်စရာ ကောင်းတာလား။
အလှူခံရရှိတာက ပျော်စရာ ကောင်းတာလား။
ရရှိတာရော၊ ပေးလိုက်ရတာရော ပျော်စရာတော့ ပျော်စရာ ကြည့်ပါပဲ။
လူတိုင်းလိုလိုလည်း မွေးနေ့ လက်ဆောင် ရဘူးကြပါလိမ့်မယ်။
ပေးလည်း ပေးဘူးကြပါလိမ့်မယ်။
ဆိုတော့ ...
ဘယ်က ပိုပြီး ပျော်စရာ ကောင်းသလဲ...။



မြတ်ရောင်နီ
(၃၀၊ ၀၄၊၂၀၁၀)







1 comment:

  1. တပည့်တော်လည်း ဒီရောက်မှ မွေးနေ့ လက်ဆောင်တွေ တကူးတက
    ပေးကြတာရဖူးပါတယ်။ လက်ခံရတာ ပျော်တာထက် ကျုယ်က မွေးနေ့ မှာ
    ပေးလှူ လိုက်ရတာ ပိုဝမ်းမြောက်မိပါတယ်။

    ReplyDelete