Pages

Wednesday, April 14, 2010

အကျ နေ့ လား အတက်နေ့ လား


အကျနေ့ လား အတက်နေ့ လား


ယနေ့  ၁၄ ရက်နေ့ ဟာ မဟာသင်္ကြန် အကျနေ့ ပါ။ သို့ သော် စိတ်ဓာတ်တို့ သည် ခါတိုင်းနေ့ များထက် တက်ကြွနေပါတယ်။ ၁၃ရက်နေ့  ည အိပ်ယာဝင်တော့မယ် ဆိုကတည်းက စိတ်က တက် ကြွ နေတယ်။ မနက်ဖန် မနက် ၄ နာရီ စောစောထပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ရတော့မယ် ဆိုပြီး ဖုန်းမှာ ပါတဲ့ နှိုးစက်ကို ၄ နာရီမထိုးမီ အလန်း ပေးထားလိုက်တယ်။

နှိုးစက်မနှိုးခင် ကိုယ်က နိုးနေပြီ။ ကြည့်လိုက်တော့ ၃နာရီခွဲ။ ပြန်ပြီး ထပ်အိပ်ရသေးတယ်။ နာရီနိုးစက်ကို မြည်မှ ထမယ်ပေါ့။ နာရီ နှိုးစက်မကျခင် ၅မိနစ် စောနိုးနေပြန်ပါတယ်။ အဲဒီတော့မှ ပြန်အိပ် လို့ တော့ မဖြစ်တော့ဘူး ဆိုပြီး မျက်နှာသစ်လိုက်ပါတယ်။

၎နာရီ ထိုးပြီ ဆိုတော့ နမော တဿ သုံးခေါက်နဲ့  မဟာပဋ္ဌာန်း ပူဇော်ပွဲကြီးကို စတင်လိုက်ပါတယ်။ ပင့်သံဃာ အထူးမရှိ။ ကြေငြာထားတဲ့ အတိုင်း ၂ ပါးထဲသာ။ ထို့ နောက် ပစ္စယုဒ္ဒေသ သံပြိုင် ၂ ပါး ရွတ်ဖတ်ပူဇော်ပါတယ်။ ပြီးမှ ဂျာမန်ဥူးဇင်း ဆက်လက်ပြီး တစ်နာရီစေ့အောင် ရွတ်ဖတ်ပါတယ်။

အဲဒီအချိန်မှာတော့ ကိုယ်က ၅နာရီမထိုးမီ ၅မိနစ် နှိုးစက် တစ်ခါ ပြန်ချပြီး ကွေးလိုက်ပါတယ်။ ကိုယ့် အလှည့်ရောက်မှ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

မနက်ခင်းမှာတော့ သူက တစ်နာရီ၊ ကိုယ်ကတော့ နှစ်နာရီပေါ့။ မနက်ခင်း ၁၀ နာရီ ၁၁ နာရီမှာ ဂျာမန် ကျောင်းဆရာမ ဦးဆောင်ကာ ကျောင်းသား ကျောင်းသူများနဲ့  အတူ ဘုရား ရေသပ္ပါယ် ခဲ့ကြပါတယ်။ အပြီးမှာ ဂျာမန် ဥူးဇင်းက သူတို့ သိလိုတဲ့ အကြောင်းရာများကိုလည်း ဖြေပေါ့။ သိသင့်သိထိုက်တာတွေ ပြောပြ။ ဘုရားဝတ်ပြု၊ တရားထိုင် ကိုယ်ပါ ရောပြီး ဆောင် ရွက်ခဲ့ရတယ်။

ညနေခင်းမှာလည်း ၆နာရီခွဲ မှ ၇နာရီခွဲက ဂျာမန် ဥူးဇင်း ရွတ်ဖတ်ပူဇော်ပါတယ်။ ကိုယ်ကတော့ ၇ နာရီခွဲမှ ၉ နာရီခွဲထိ ၂ နာရီ ဆက်တိုက် ပူဇော်ခဲ့ပါတယ်။ ကြားမှာ နှာခေါင်းပိတ်နေတာနဲ့  ရေနွေး ထသောက် ဟီတာ ဖွင့် လုပ်တာ ၅ မိနစ်လောက် ပျက်သွားတယ်။

ဒါက မဟာပဋ္ဌာန်း နဲ့ ပါတ်သက်လို့  ကိုယ့်တို့ ရဲ့ စိတ်လေးတွေ တက်ကြွနေတဲ့ ပုံရိပ်ပါ။

နေ့ ခင်းမှာ သင်တန်းသွားတယ်။ သင်တန်းသွားတော့လည်း ထိုင်းသင်တန်းဆိုတော့။ သူတို့ လည်း သင်္ကြန်ပါတဲ့။ သူတို့ အခေါ် ကတော့ စုန်ကရန်း တဲ့။ အဆင်သင့် သူတို့  ပြင်ထားတယ်။ ဗုဒ္ဓါဘိသေက ရေစင်နဲ့  မင်္ဂလာ အခါယူမလို့ ပေါ့။

ကိုယ်က လည်း သဘောပေါက်တယ်။ အရင်နေ့ က သူတို့  အချင်းချင်း ပြောနေကြ တာ ကို။ အိန္ဒိယ ထွက် စန္ဒကူး ရေမွှေးပုလင်း အသင့်ရှိနေတာမို့  ယူသွားခဲ့ပြီး စန္ဒကူး နံ့ သာ ရေမွှေးနဲ့ ရေ ရောသမ မွှေပြီး ဘုရားကို ပူဇော်ခဲ့တယ်။

ဗုဒ္ဓါဘိသေက မပြုလုပ်ခင် ၅ ပါးသီလပေးတယ်။ ပြီးတော့ ဘုရားဂုဏ်တော် ပွါးများဖို့ သူတို့ ကို ဆိုခိုင်းပြီး ကိုယ်ကပါ ဆိုလည်း ဆို ရေစင်သွင်းလောင်း ပူဇော်ခဲ့ပါတယ်။ ပြီးမှ အနေကဇာတင် ဂါထာ ကို သုံးခေါက် တစ်ပါးတည်း ရွတ်ဖတ် ပူဇော်ပါတယ်။

သူတို့ အတွက် ကျေနပ်ဝမ်းမြောက်စေဖို့  မင်္ဂလသုတ်၊ ယံဒုန္နိမိတ္တ ဂါထာစတာတွေလည်း ရွတ်ဖတ် ပေးခဲ့ရဲ့ ။ ပြီးမှ ညောင်ရေအိုးထဲက သပြေခက်ပမာ ဒီက ပန်းခက်နဲ့  လူတွေကို ဖြန်းဖြန်းပြီး သိသိ သာသာ ဘုန်းကြီး မင်္ဂလာသင်္ကြန်ကျ ခဲ့ပါတယ်။

သူတို့ တစ်တွေလည်း ခေါင်းလေး များကိုယ်စီ ငုံ့ ကာ
ဘုန်းကြီး တစ်ပါးရဲ့  မင်္ဂလာ သင်္ကြန် ရေပေါက် များ မင်္ဂလာ ရှိစွာ ရရှိသွားကြပါတယ်။

အများထဲက တစ်ဦးကတော့ သူရဲ့ မွေးနေ့ မိုလို့  ဆိုပြီး လှူဖွယ်တန်းရာတွေကို တစ်ထုပ် တစ်ပိုး ကြီး လှူပြန်ပါတယ်။ အဲ သူ့ အတွက်လည်း ပုဉ်းကြီးပါစေ အသက်ရှည်ပါစေ ပေါ့ ရည်ရွယ်ပြီး ပြော ပြော ဆိုဆိုနဲ့  ဂါထာလေးတွေ ရွတ် ပေးခဲ့ရပြန်သေးတယ်။

ဒီနေ့ သင်တန်းစာကတော့ အထူးမရှိ။ နမူနာ မေးခွန်းတွေကို လေ့ကျင့်ပေးတာပါ။

သင်တန်းအပြီးတော့ ၁၀မိနစ် တရားထိုင်ပါတယ်။ အဲဒီနောက် ဗုဒ္ဓံ ပူဇေမိ ဓမ္မံ ပူဇေမိ သံဃံ ပူဇေမိ ။ ပြီးတော့မှ ဣမံ ပုညံ သဗ္ဗသတ္တာနံ ဟောတု- လို့  သူတို့ ကို လိုက်ဆိုခိုင်းတယ်။

ဒါပေမယ့် ကျောင်းသူ တစ်ယောက်က ဣမံ ပုညံ သဗ္ဗသတ္တာနံ ဟောတု အဓိပ္ပါယ်က ဘာလဲ ဆိုတာ မသိလို့  တဲ့။ အဲဒါကြောင့်မို့  -သတ္တ၀ါအားလုံးကို ကိုယ်လုပ်ခဲ့တဲ့ တရားထိုင် ကောင်းမှုကို အမျှ ပေးတယ် - ဆိုတာရှင်းပြရလိုက်တယ်။ သူလည်း သဘောပေါက်သွားပါတယ်။

အဲဒီနောက် ကိုယ်အလှူခံ ရရှိထားတဲ့ ငှက်ပျောသီးများနဲ့ ပန်းသီး တွေကိုလည်း ဆရာမ ပြန်စွန့် ကြဲခဲ့တယ်။ လိမ္မော်သီးကိုတော့ ကျောင်းသူတွေ အားလုံး တစ်လုံးစီ စွန့် လိုက်ပြီး ကိုယ်က အလှူပေး လုပ်ခဲ့ ပြန်တယ်။

ရေသန့်ပုလင်း နှစ်ပုလင်း ကိုတော့ ကျောင်းမှာ ရေသန့် တစ်ပုလင်း သာ ရှိနေတာနဲ့ မဟာပဋ္ဌာန်း ရေ အဖြစ် အသုံးပြုဖို့ ရန် တက်တက်ကြွကြွနဲ့ အပါ ထမ်းခဲ့ပါတော့တယ်။

ကျောင်းရောက်လို့ နဲနဲ အားတဲ့ အချိန်လေးမှာ မိတ်ဆွေတို့ ရဲ့  အမျိုးမျိုးသော ရေပန်းစားနေတဲ့ သင်္ကြန်ရေးရာ ဘလော့အကြောင်းရာတွေကို အလစ် ဖတ်လိုက်သေးတယ်။ အဲဒီနောက် ပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခဲ့တယ်။ ဒီ့နောက်မှာတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို တက်တက်ကြွကြွနဲ့  ရေးပြီး ပို့ စ် တစ်ခုအနေနဲ့  ရေးတင်လိုက်ပါတယ်။ အဲ ဒီနောက် တက်တက်ကြွကြွနဲ့  ........။

မြတ်ရောင်နီ
သင်္ကြန်အကျနေ့ 
(၁၄၊၀၄၊၂၀၁၀)

No comments:

Post a Comment