Pages

Monday, April 19, 2010

တိုတိုလေး မှတ်သားစရာများ (၁)

တိုတိုလေး မှတ်သားစရာများ ( ၁ )

ကံ သုံးပါး


နေ့ စဉ် လူတိုင်း လုပ်နေကျ အလုပ် ဟာ သုံးမျိုးဘဲ ရှိပါတယ်။

ကိုယ်ရယ်၊ နှုတ်ရယ် ၊ စိတ်ရယ် ဆိုတာပါပဲ။

ကိုယ် နဲ့  လုပ်တာမှန်သမျှ ကာယကံ

နှုတ်နဲ့  ပြောတာ မှန်သမျှ ၀စီကံ
စိတ်နဲ့  စိတ်ကူး ကြံစည်တာမှန်သမျှ မနောကံ တို့ ဖြစ်ပါတယ်။

ကံ သုံးပါး လုံရမယ် ဆိုကြပါတယ်။
မကောင်းတာ မလုပ်မိစေနဲ့ ။

မကောင်းတာ မပြောမိစေနဲ့ ။
မကောင်းတာ မကြံမိစေနဲ့ - ပေါ့။

ဒါဆို ကံ သုံးပါးစလုံး လုံသွားပါပြီ။

အပါယ်ကို ဘယ်သူ ရိုက်ချချ ကျကို မကျတော့တာပါ။

ကံသုံးပါး ကျူးလွန်ရင် ဒုစရိုက် အလုပ်လို့ လုပ်တယ် ခေါ်ပါတယ်။

လူအများက ထင်နေတာက နိုင်ငံ ရဲ့ ဥပဒေနဲ့ မလွတ်ကင်းတာကို
ပြုလုပ်ရင် ဒုစရိုက်သမား လို့  ထင်တတ်ကြပါတယ်။
အဲဒါလည်း မှန်တော့ မှန်ပါတယ်။အတိကျ မမှန်နိုင်ပါ။

သို့ သော် ခုပြောမှာက
၊ ပြောနေတာက
နိုင်ငံ ဥပဒေ ထက် တင်းကြပ်တဲ့ ဘ၀ရဲ့ 
ကံ ဥပဒေ ပါ။
ကံ ဥပဒေက ပိုပြီး အရေးကြီးပါတယ်။


နိုင်ငံ ဥပဒေ ကျူးလွန်က တစ်ဘ၀ သာ။

(သာမန်ကျူးလွန်မှုမျိုး ဆိုလိုသည်။)
ကံ ဥပဒေ ကျူးလွန်မိက သံသရာမှာ ခေါင်းဖေါ်နိုင်ဖို့ 
လမ်းစ မမြင်ပါဘူး။

ဥပမာ ဆိုပါစို့ 
-
တိရစ္ဆာန်ဘ၀ ရောက်သွားတယ်။
တစ်ကောင့်တစ်ကောင်
နိုင်ထက်ကလူ ပြုနေတာ။
ကောင်းတာလုပ်ဖို့ မဖြစ်နိုင်ဘူး ၊
(တစ်ခါတရံ တော့ ဖြစ်ကောင်းရဲ့ )
ကျွတ်လမ်း
လွတ်လမ်းမမြင်ပါဘူး။
ငရဲ ရောက်သွားတယ် ဆိုရင် ပိုလို့ ဝေးစွာ့။





အမှာ။ ။ကံသုံးပါး အဓိပ္ပါယ် နဲ့  သီလ သမာဓိ ပညာ ဆက်စပ်ပုံကို

တိုတိုလေး ( ၂ ) မှာ ရေးပါ့မယ်။
သင်တန်း စာမေးပွဲ မေလ ၆ ရက်မှာ ဖြေရမှာမို့ 
ဖတ်စရာ တစ်ခုအနေနဲ့ လာလည်နေကြ
အထူးဧည့်သည်တော် အတွက်
လက်ဆောင်ပေးလိုက်ခြင်းပါ။

အကျယ် မရေးနိုင်သေးပါ။




မြတ်ရောင်နီ

(၁၉၊၀၄၊၂၀၁၀)

No comments:

Post a Comment