Pages

Tuesday, April 6, 2010

သာဓုခေါ်ကြပါတော့ မတ်လ နေ့ ဆွမ်းမှတ်တမ်း



မတ်လ နေ့ ဆွမ်း


စေတနာရှင် အလှူရှင်များ




၁။ ဖေဖ၀ါရီလ ၂၈ ရက် နေ့ မှ လက်ကျန် ဆွမ်း ဆွမ်းဟင်းများ

၂။ ဒေါ်စုံကြိုင်း ( ထိုင်း )မွေးနေ့  အိမ်မှာ ဆွမ်းပင့်ကပ်
၃။ လက်ကျန်လေး များ
၎။ မြန်မာ ဒကာ လေး ဂမိက ဒါန ခရီးသွား အလှူ
၅။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)
၆။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၇။ သီရိလင်္ကာ မိသားစု
၈။သီရိလင်္ကာ မိသားစုရဲ့ လက်ကျန်လေးများ
၉။ ဒေါ်နာတကံ နှင့် ဒေါ်ပန် ( ထိုင်း ) မိသားစု
၁၀။ လက်ကျန်လေးများ
၁၁။မြန်မာ ဆမ် မိသားစု
၁၂။ ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)
၁၃။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၁၄။ ဒေါ်မယ်လိဝံ ( ထိုင်း ) မိသားစု
၁၅။ မစ်ကရိုင်း ( ကူချိုင်း ခေါ် ကူပွန် ) ဖြင့် ဆိုင်သွားအလှူခံ
၁၆။မစ်ကရိုင်း ( ကူချိုင်း ခေါ် ကူပွန် ) ဖြင့် ဆိုင်သွားအလှူခံ
၁၇။ ဒေါ်ပန် ( ထိုင်း ) မိသားစု
၁၈။မြန်မာ ဆမ် မိသားစု
၁၉။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)၊ ဒေါ်နာတကံ (ထိုင်း)
၂၀။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၂၁။ ဒေါ်နိလာမိ ( သီရိလင်္ကာ ) မိသားစု
၂၂။လက်ကျန်လေးများ
၂၃။လက်ကျန်လေးများ
၂၄။ဒေါ်ပန် ( ထိုင်း ) ဦးသရဏ ( ထိုင်း)
၂၅။မြန်မာ ဆမ် မိသားစု
၂၆။ ဒေါ်စုံကြိုင်း ( ထိုင်း )၊ သူ့ သူငယ်ချင်းများ ။ ကိုဆေးရှား ( ပီရူး)
၂၇။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၂၈။ဒေါ်နိလာမိ ( သီရိလင်္ကာ ) မိသားစု
၂၉။ လက်ကျန်လေးများ
၃၀။ ကို ဆေးရှား ( ပီရူး)၊ နွမ်းဘက် ( ထိုင်း) မိသားစု
၃၁။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု


ယခု လ တစ်လလုံး ယမဒစံ ( ဂျပန် ) ဒါယကာ က အရုဏ် အတွက် ၊
နေ့ဆွမ်း အတွက် ကပ္ပိယ ကာရက ပြုလုပ်ပေးပါတယ်။


ဥရောပ မှာ သမုဒ္ဒရာ ၀မ်းတစ်ထွာ


သမုဒ္ဒရာ ၀မ်းတစ်ထွာမို့ တော်ရဲ့ ။ နှစ်ထွာ တစ်တောင် သာရှိရင် အကျန်လေးများတောင် ကျန်ပါ့မလား။ မချောင်ဘူးဗျ။ ကိုယ်နေတဲ့ မြို့ နဲ့  မြို့ ဝန်းကျင်မှာ ရွှေက ရှားပါဘိ။ ရှားပါတယ် ဆိုမှ မအားကြတဲ့ သူက များသား။ ရွှေရှားတဲ့ ကြားက အခြားဘာသာ ရွှေတွေ ပါသေးကြောင်း ဒကာ လေးက ပြောရဲ့ ။

သာသနာက ပစ်မထားလို့ ။ ကံကြမ္မာက လစ်မသွားလို့  တော်သေးရဲ့ ။

ညီမ (နာ့စ်) ဖြစ်သူက ပြောရဲ့ ။ ဥူးဇင်း သတိထားဦး ၊ ဗိုက်နာမယ်၊ ၀မ်းလျှောလိမ့်မယ် တဲ့။ အကျန်တွေ ဘုဉ်းတာ များရင်။ ခုတော့ ကျင့်သားရပါပီကွယ်။ ဥရောပ ဆိုတော့လည်း ကိုယ့် ဌာနေ က ဒကာ ဒကာမတွေ လို ဒါ မစားချင်ဘူး ၊ ဟို ဟာ မစားချင်ဘူး ။ ချိုသလေး ခါးသလေး ။ အအေး အပူ ညည်းလို့ မှ မရဘဲ၊ ဆွမ်း၊ ပေါင်မုန့် ဘာကိုမှ ရွေးလို့  မရဘဲ ကွယ်။

ခုတော့ မထူးတော့ပါဘူး။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - ဥရောပ ကိုယ်တော်လေးတို့ သည် ၊ အရင်နေ့ မှ အကျန်နှင့် လည်း တည်နိုင်ကုန်၏။ အသက်ရှင် နိုင်ကြပါတယ် တဲ့ ဗျား။


မှတ်ချက်။ ။ လက်ယားတာနဲ့ ပဲ ဆွမ်း အလှူရှင်များနဲ့ အတူ သမုဒ္ဒရာ ၀မ်းတစ်ထွာ ကို ဖတ်စရာ အဖြစ် ရေးလိုက်ပါတယ်။ အချိန်ရသလို ကြိုးစားပြီး ကိုယ်သိတာလေးများ တွေ့ ကြုံတာလေးများ ရေးသားသွားပါမယ်။
မြတ်ရောင်နီ
(၀၆၊၀၄၊၂၀၁၀)

No comments:

Post a Comment