ဘုန်းဘုန်း နှင့် ဘိုဘို
12:08 AM ဘိုဘို : ဘုန်းဘုန်း မောဟဆိုတာဘာလဲ
12:14 AM me: မော ဟ ဆိုတာ မော ရင် ဟ တာပေါ့ကွာ။ မသိ လို့  ဟိုလုပ်ဒီလုပ်လုပ်ကြတာလေ။
( အဲ ... ကိုယ့်စကားနဲ့ ကိုယ် ပတ်တော့မလို့ )
ဘိုဘို : အကောင်းပြောတာဘုန်းဘုန်း။
me: မောတော့ ဟတာပေါ့၊ အေးလေကွာ ၊ မောဟ ဆိုတာ မသိတာလေ၊ မသိတော့ ဟိုလုပ်ဒီလုပ် လျှောက်မလုပ်ဘူးလား၊ လုပ်တော့ ပါးစပ်အဟောင်းသားနဲ့  ဟ-ရပြီပေါ့။
12:16 AM ဘိုဘို: အော်- ဟုတ်။
me: အဲဒါမောဟဘဲ ၊ ကဲမှတ်ပေတော့ ၊ သိအောင်လုပ်၊ မမောရစေနဲ့ ။
( ကလေးဆိုတော့လည်း ကလေးနဲ့ တန်တဲ့စကား သုံးလိုက်ရပါပြီကော)
ဘိုဘိုး : ဟုတ်၊ ပြီးတော.ဇရာမရဏ ကရော
me: ဇရာ က အိုတာ ၊ ရွတ်တွတာ ၊ ကြည့်မကောင်းတာ ၊ စပ်ဆုတ်စရာကောင်းတာ ၊
အိုရင် မကြည့် ချင်တော့ဘူး၊ အပျိုဘဲ ကြိုက်ကြတာ၊ လူပျိုဘဲကြိုက်ကြတာ။
( ကလေးကြိုက် စကားနဲ့  ပြောတော့ သူ ဟက်ထိမှာပေါ့လေ)
မရဏကတော့ ပျက်စီးတာပေါ့၊ သေတာပေါ့ကွာ။
12:18 AM ဘိုဘို : ဟုတ်
me: မအိုချင်ရင် မသေချင်ရင် သိအောင်လုပ်ပေါ့။ ပညာရှိရင် မအိုတော့ဘူး ၊ မသေတော့ဘူး။
( ထမင်းလုပ်ကတော့ ကြီးတယ်၊ ပါးစပ် ဆန့် သလောက်သာ စားပေတော့)
ဘိုဘို : ဖဿကရော
12:19 AM me: ဖဿကတော့ တို့ ထိ ဆိတ်ဂဏန်းလုပ်ချင်တာပေါ့၊
ကိုင်ကြည့်ချင်တာလေ ၊ ထိရင် အရသာရှိတယ် ၊မရှိဘူး မြည်းချင်တဲ့သဘောပေါ့။
ဖဿ နဲ့ တွေ့ ရင် ခံစားသွားကြတာပေါ့ကွာ ၊ အဲဒါဝေဒနာ ဖြစ်တယ်ခေါ်တယ်။
( တကယ့်ကောင်လေး ... ဒါထက် ပြောရရင် မကောင်းလို့ သာ စတော့ပ်ထားတာ၊
အကျယ်ချဲ့  ပြောရင် ထူးမလား၊ ပူးမလား ဘဲ။)
ဘိုဘို : သတိပဠာန်ဆိုတာကရော
12:20 AM me: ဟေ သတိပဋ္ဌာန်ပါကွ။
( အေးပါကွာ၊ မြန်မာ စာက ခက်တယ်ကွ၊ သင်ပုန်းကြီးတောင်
မှန်အောင် ရေးတတ်ဖို့  လွယ်တာမှ မဟုတ်တာ)
သတိပဋ္ဌာန်ဆိုတာက သတိ အလုပ်စက်ရုံပေါ့ကွာ။
12:21 AM သတိပဋ္ဌာန်စက်ရုံထဲသွားပြီး အလုပ်လုပ်ရင် အမှန်တိုင်းတွေ သိမယ် မြင်မယ်။
စက်ရုံထောင်မလို့ လား ၊သတိ ဆိုတာ သတိထားတာပေါ့။
12:22 AM နမော်နမဲ့မနေဘူး ကိုယ့်ကိုယ်ကြည့်တယ် ၊ သိတယ်ပေါ့နော်။
ကိုယ့်ကိုယ် ပစ်စလခတ်နေသူဟာ သတိမရှိတဲ့သူပေါ့။
12:23 AM သဘောပေါက်လားဟ၊ တက္ကသိုလ်ကျောင်းသားဆိုတော့
ဘုန်းဘုန်းက ဒီလိုဘဲ ဖြေပေးတာနော်..
( ခေတ်လူငယ်ဆိုတော့ မြင်အောင် နီးစပ်ရာ ဆွဲပြောမှ လေ)
ဘိုဘို : သမာဓိလွန်ရင်ဘာတွေုဖြစ်တတ်လဲ... တပည်.တော်မေမေ ပြောတာတွေ မသိလို.
12:24 AM me: အော် ... အဲလိုလား ၊ မေမေကို မေးမကြည့်ဘူးလား၊
မေမေပြောတာ မေမေကို မေးကြည့်လေ
ဘိုဘို : မေး၇မှာရှက်လို.လေ
me: ဟာ
( အမှန်တိုင်း ပြောသားပဲ၊ လူလေး... မင်းတော်တယ်။)
ဘိုဘို : သားသိပါတယ်ပြောထားတာ ၊ ဟီး
me: ဘုန်းကြီးကို မေးတာ မရှက်လို့ တော်သေးတယ်။ အရှက်ဆိုတာ မထားရဘူး။
မကောင်းတာ ကိုဘဲရှက်ရမှာကွ။
ဘိုဘို : တင်ပါ.
me: သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျဉ်းအ ပညာဆိုတဲ့။ မသိလို့ မမေးရင် မတတ်တော့ဘူးပေါ့ကွာ။
12:26 AM ခုတော့ မင်းမေးလို့  ငါဖြေလိုက်တာ မင်းရောသိရောပေါ့နော်။
ဘိုဘို : တင်ပါ.
me: သမာဓိလွန်ရင် တွန့် ဆိုတာ ရှိသကွ၊ အရာမထင်ဘူးပေါ့ကွာ၊
12:27 AM ဘိုဘို : တင်ပါ.
me: ကဲ ... ၀ီရိယ လွန်ရင် ပြန့် သတဲ့။မင်းမမေးခင် ပြောထားလိုက်မယ်။
(အဲလို ကြိုတင် အုပ်ထားမှ တော်ကာ ကြတာ၊ လွယ်တဲ့ကောင်လေးမဟုတ်ဘူး၊)
ဘိုဘို : လူတွေနော်...တရားလေးနဲနဲရှိကြရင်ကောင်းမယ်၊ လူတွေ ပြောတာ။
( မင်းပြောတာနော်...၊ ဘယ်သူ့ ပြောတာလဲဟ..။အဟဲ)
me: မင်းက ဟိုတွေး ဒီတွေး တွေးတာပေါ့နော်၊
နဲနဲလေး ရှိရင် နဲနဲလေး လူတွေကောင်းမယ်၊
တရားများများရှိရင် များများကောင်းကြမှာပေါ့ကွာ။
12:28 AM ဘိုဘို : တင်ပါ.
me: ဟုတ်တယ်ဟုတ်
ဘိုဘို : တင်ပါ.
me: မင်းပြောသလို လူတွေကို အားမရလို့ ပြောတာတော့ မှန်ပါတယ်။
မင်းက တရားဟောလိုက်ပေါ့ကွာ ၊ နီးစပ်သူလေးတွေကို ၊ တရားလို့ မပြောနဲ့ လေ။
တရားဆို ၀ါသနာမပါသူက ကြောက်တယ်ကွ။ သိလား။
( ကိုယ်လည်း ကိုယ်ထင်ရာ စိုင်းပြီး ပြောတော့တာပဲ)
12:29 AM ဘိုဘို : ဘာသာခြားတွေနဲ.ယှဉ်ပြောချင်တာသားက။
me: အေး....ဒီလိုဆို မင်း စာများများဖတ်ကွာ၊ မရှင်းတာလည်း ဘုန်းဘုန်းကို ဒီလိုမေးပေါ့နော်။
ဘိုဘို : တင်ပါ.
12:30 AM me: တကယ်တမ်းက ဗုဒ္ဓဘာသာ ရဲ့  အနှစ်သာရက ဘာသာခြားနဲ့ ယှဉ်ပြောဖို့ မဟုတ် ဘူး။ လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ ပါပဲ။ မင်း ပထမ မေးခဲ့တဲ့ ဇရာ မရဏကလွတ်ရ အောင် ပေါ့ကွာ။ ပေါက်လားဟေ့။ ဒါပေမယ့် ပြောခွင့်ကြုံရင်တော့ ယှဉ်ပြောဖို့ လိုတယ်နော်။
ဘိုဘို : တင်ပါ.၊ သူတို.ကပြောတယ်။
me: အင်း...ဆိုစမ်းပါဦးလေ။
12:33 AM ဘိုဘို : မင်းတို.ကရုပ်ထုကိုးကွယ်တာဆိုတော. အဲရုပ်ထုက လူတွေထုတာတဲ.၊
ပြီးတော.
me: အင်း
ဘိုဘို : ကျေက်တွေကရောထုတော.လည်း
12:34 AM me: ဘာတဲ့လဲ
ဘိုဘို : ငရဲမကြီးဘူးလားတဲ.
me: ကျေက်တွေကရော ၊ ထုတော.လည်း ၊ ဘာပြောတာလဲ
ဘိုဘို : လူတွေကအပေါ်နေရောထုတယ်လေ ၊ခေါင်းပေါ်တို.ဘာတို. ပြောတာ။
me: ကဲ ပြောပြမယ် နားထောင်အုံးနော်
12:35 AM ဘိုဘို : တင်ပါ.
me: ပထမ မှတ်ထားရမှာက၊ ရုပ်ထုကို ကိုးကွယ်တာမဟုတ်ဘူး၊ အသိမှတ်ပြုတဲ့ သဘောပါပဲ။
ကိုးကွယ်ဆိုတာ ဒို့ ဘာသာ အလုပ်မဟုတ်ဘူး ၊ ဘုန်းဘုန်းတို့ ဘာသာက ကိုယ့်အားကိုကိုးရတဲ့ ဘာသာ။ ဘုရားက တရားတွေ အဲလို ညွှန်ပြခဲ့လို့ ကျေးဇူးဆပ် အမှတ်ရတဲ့သဘော ဘုရားက လည်း သူ့ ကို ကိုးကွယ်ဖို့  မပြောခဲ့ဘူး တရားကို လမ်းဘဲညွှန်ခဲ့တာ၊ ငါလိုကျင့်ရင် ငါလိုဖြစ်မယ်ဆိုတာပေါ့။
ဘုရားအစစ်မမြင်ဘူးသူ အတွက် ဘုရားအတု လုပ်ပြီး ပြတဲ့ သဘောပေါ့။
ဘိုဘို: သူတို.ကပြောတယ်ရှင်သန်ထမြောက်ခြင်းတဲ.
သားကပြောတယ် ၊ ဘာတွေရှင်ပြီးထမြောက်တာလဲ ဆိုတော.။
12:38 AM me: နိုး၊ ခဏနေဦး ခုနစကားအဖြေမပြီးသေးဘူး။
ဘိုဘို : တင်ပါ.
me: ရုပ်တု ထုဆစ်ချိန်က ပုံမပြီးသေးတော့ အပေါ်ကလည်း ထုချင်ထုရမှာပဲ။
12:39 AM ဘုရားရုပ်တု ဦးချချိန်မှာ အဲလို မဟုတ်တော့ဘူးလေ ။ ဥပမာ လူကြီး အကြီးကဲ တစ်ယောက် ကို လူကြီးမဖြစ်ခင် ဖင်ပုတ်ခေါင်းပုတ် လုပ်လို့ ရတယ် ၊ လူကြီးဖြစ်သွား ရင် အဲလိုလုပ်လို့ မသင့်တော်ဘူးမဟုတ်လား။လုပ်မရဘူးလေ။
ဘိုဘို : တင်ပါ.
me: အဲလိုပါဘဲ၊ ဘုရားအဖြစ်မပြီးသေးခင် လှပအောင် ထုဆစ်နေရတာပါပဲ။ ဘုန်းကြီးတွေ အနေကဇာ တင်ပြီး ဘုရားအဖြစ်သတ်မှတ်တဲ့အခါ မရိုမသေ မလုပ်တော့ဘူးပေါ့ကွာ။ အဲလောက် တွေ့ တဲ့သူကို ရှင်းပြလိုက်လေကွာ။
ဘိုဘို : တင်ပါ.
me: သူ တို့ ရှင်သန်ခြင်းကတော့ ပြောမနေနဲ့ ၊ သူတို့ ဘုရားတွေက ဖန်ဆင်းတာပြောတာဘဲ။
12:43 AM တကယ်လို့ ဖန်ဆင်းတာဆိုရင် လူချမ်းသာ၊ လူချောလေးတွေကြည့်ဖန်ဆင်းပါ့လား။
လူကြီးတွေကြီးဖန်ဆင်းပါ့လား ၊ ဘာသာတစ်ခုတည်းဖန်ဆင်းပါ့လား၊ မသေအောင်ဖန်ဆင်းပါ့လား၊
ရှင်သန်တာ မရှင်သန်တာ ပြောမနေနဲ့ ၊ ဖန်ဆင်းတာလေးကို စဉ်းစားကြည့်အုံးနော်။
ဘိုဘို : သားကသူတို.နဲ.အပြိုင်ပြောပြလိုက်ချင်တာ။ အဲလိုပြောတော.ထိကုန်ရော။
12:45 AM me: အင်း...ငယ်သေးတယ်၊ သိပ်မထည့်နဲ့ ၊ ပိုင်နိုင်မှ လုပ်၊
ကိုယ့်ဘက်က လက်နက်ကြီးစုထား၊ ရန်သူ အခြေနေလည်း ကြည့်။
ဘုမသိ ဘမသိ ကိုယ်ကတွယ်ချင်တာ ကိုယ့်ကိုပြန်တွယ်လိမ့်မယ်၊
ကိုယ့်ဘက် ပြန်ထိမယ် ၊ ဟုတ်ပြီလား။
ဘိုဘို : တင်ပါ.၊ စာတွေဖတ်ချင်တယ်။
me: ဖတ်လေကွာ
ဘိုဘို : စာအုပ်တွေမ၀ယ်နိုင်ဘူး၊ ဘာတွေကုန်မှန်းမသိဘူး။
12:47 AM me: နီးစပ်ရာ စာကြည့်တိုက်သွား၊ ဒါမှ မဟုတ် ၊ စာကြည့်ဝါသနာပါတဲ့ သူနား ချဉ်းကပ်ပြီး မေးလေ၊ ဖြစ်နိုင်ပါတယ်၊ စာဖတ်ချင်တာများ။ နီးစပ်ရာဘုန်းဘုန်းတွေကလည်း ကူညီပေး ပါလိမ့် မယ်။ ဖြစ်ချင်တာလေးပြောပြလိုက်လေ။
ဘိုဘို : တင်ပါ.၊ သားကသွားရင်ရှိန်းနေတာ။
me: ဟာ ဘာရှိန်းရမလဲကွ။ ရှိန်းစရာမလိုဘူး။
12:49 AM ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရတယ်။ ခု ဘုန်းဘုန်းနေတဲ့ နိုင်ငံက လူတွေက မေးရဲတယ်။ ဆိုရဲတယ်။ ပြောရဲတယ်။ သွားရဲတယ်။ ရှိန်းတာ မပါဘူး။
12:50 AM ဘိုဘို : ဒါပေမယ်.အမှားပါမှာစိုးနေတာ။
me: ဒီမှာက မိန်းခလေးက လည်း မိန်းခလေးဆိုပြီး မရှိန်းဘူး၊ မစိမ်းဘူး။
အမှားပါရင် အမှားမြင်သူက ပြင်ပေးလိမ့်မယ်ပေါ့ကွာ။
ဘိုဘို : တင်ပါ.
me: ဘုန်းဘုန်းငယ်ငယ်ကလည်း ဒီအတိုင်းပဲ ၊ ကိုယ့်အမှားဖြစ်မှာစိုးလို့ ၊
12:51 AM စကားတောင် မပြောရဲဘူးဗျာ ။ ခုမှ စကားတွေက အတွေ့ ကြုံရ ဖြစ်သွားတယ်။
ကြောက်တတ်ရင် မကြောက်တတ်အောင် ရဲစိတ်မွေးမြူရတယ်။ မကြောက်တော့ဘူး။
12:52 AM ရှိန်းနေရင် မရှိန်းအောင် စိတ်မွေးပါ ၊ မရှိန်းတော့ပါဘူး။
ဘိုဘို : တင်ပါ.သားလည်းနိုင်ငံကျော် ဖြစ်ချင်လိုက်တာ။
me: ဟာ ...ကောင်လေး ၊ ဖြေးဖြေး။ သူများထက်သာချင်ရင် သူများထက်သာမယ့် အလုပ်ကို လုပ်လေ၊ ကြိုးစားလေ။ နိုင်ငံကျော်ဖြစ်ချင်သူက ရှိန်းနေဖို့ မလိုဘူးဟ။
ဘိုဘို : တင်ပါ.၊ ဒါပေမယ်. အိမ်အခြေအနေက ယိုင်း၇ိုင် နေပြီ ဘုန်းဘုန်း၊ ကျောင်းစရိတ် တောင် မနဲရယ်။
me: အင်း အဲဒါတွေလည်း သိပါတယ်ကွာ။ ဒါပေမယ့် ဘာသာရေးမှာ ကိုယ်ကျင့်တရားက အဓိကပါ ဘဲ။ လူဆိုတာ ကိုယ်ကျင့်တရားကောင်းဖို့ ပါဘဲ။ သေးသိမ်တဲ့ စိတ်မွေးစရာ မလိုဘူးနော်။
အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါ ဖြစ်အောင် ကိုယ်ကျင့်တရား ကောင်းပါစေ။
ဘိုဘို : တင်ပါ.
12:56 AM me: ကဲ မေးစရာအထူးမရှိရင် နားတော့မယ်။ ဘုန်းဘုန်းလုပ်စရာတွေ ရှိသေးတယ်။
ဘိုဘို : တင်ပါ. ဘုရား။
me: နောက်လည်း မေးစရာရှိတာမေးပေါ့ကွာ။
ဘိုဘို : တင်ပါ.ဟိုကောင်.ကိုဘာပြောပေး၇မလဲ
12:57 AM me: ၀မ်းသာပါတယ်။ လူငယ်လူရွယ် တွေ တရား ၀ါသနာပါတာ။
အေး ငါ့တူကိုလား၊
ဘိုဘို : တင်ပါ.
me:စာကြိုးစား၊ မိဘစကားနားထောင်ပေါ့ကွာ။
မင်းတွေးသလို သူ့ လည်း အတွေးလေးတွေထည့်ပေးလိုက်ပေါ့။
12:58 AM သူငယ်ချင်းဆိုတာ စိတ်တူ အမြင်တူလေးတွေရှိတော့ ပိုလို့ ပေါင်းလို့ သင်းလို့  အဆင်ပြေ တာပေါ့
12:59 AM ဒါပဲနော်...ကဲ မင်းလည်း ကြိုးစားဗျာ။ စာတွေလည်းဖတ်ပေါ့။ မိဘကိုလည်း ကျေးဇူးဆပ် နိုင်အောင် ကြိုးစားနိုင်ပါစေ။ ဘုန်းဘုန်း
ဘိုဘို : တင်ပါ.နောက်မေးစာရှိလို.ဘုန်းဘုန်းမရှိရင်မေးလ်ပို.ထားမယ်နော်။ ရလား။
1:00 AM me: အေးပါ။
ဘိုဘို : ဘုန်းဘုန်းနေကောင်းပါစေ လို.ဆုတောင်းပေးပါတယ်။
me: အေးအေး
ဘိုဘို : သားလည်းဆုတောင်းပေး
( သူအလှည့် ကိုယ့်အလှည့်ပါလားနော်)
1:02 AM me: အေးပါဗျာ အားလုံးအစစအရာရာအဆင်ပြေပါစေ
ဘိုဘို : ကြိုးစားအားထုတ်ပါ.မယ်အရှင်ဘုရား
1:03 AM me: သာဓု ပါဗျာ သာဓု
( သာဓုခေါ်တာတောင် သမြောရာ ကျမည် ထင်သွားသလားပဲ ၊ တကယ်တော့...)
ဘိုဘို : တခွန်းကျန်သေးတယ်လေ ၊ ဘုန်းဘုန်းရဲ.။
သာဓုအလကားခေါ်ပေး တာတောင် အဆစ်တောင်းသေးတယ်၊
ဈေးဝယ်တဲ့နေရာ ခေါ်သွားရမယ်၊ ဒီကောင်လေးကို)
1:04 AM me: နောက်မှပေါ့ကွာ၊ မင်းကြိုးစားအောင်မြင်မှ ဆက်ခေါ်မယ်၊
ဟုတ်ပြီလား၊
( ပါးစပ်နဲ့ နောက်တစ်ခါ ဆိုရင် ၊ အများကြီး ပေးမှာ ဆိုတဲ့ ဈေးရောင်းသူလို ၊
နှစ်သိမ့်စကား ဆိုလိုက်သေး... ဈေးရောင်းစားဖို့ ... အဲ)
ဘိုဘို: တင်ပါ.
me: ဘိုင်
ဘိုဘို : ဟုတ်
ဒီနေ့  မနက်မှာ တက္ကသိုလ် ဒုတိနှစ်ကျောင်းသားလေး၊ မြတ်ရောင်နီ တူသူငယ်ချင်း။ ခုမှ နှစ်ခါ မြောက် သူနဲ့ ချင်တင် စကားပြောဘူးတာ။ ပထမ တစ်ခါက တော့ မိတ်ဆက်ရုံသက်သက်ပါ။
ခု ပြောတာက တရားတွေ မေးတာ ပါနေလို့  အများ ဗဟုသုတ ရစေဖို့  ရေးတင်လိုက်ပါတယ်။
( ကွင်းစ ကွင်းပိတ် စကားများသည် မပြောခဲ့ပါ၊
သက်သက် စိတ်ကူး ကမျဉ်းခြင်းသက်သက်ပါ)။
ခု ပြောတာက တရားတွေ မေးတာ ပါနေလို့  အများ ဗဟုသုတ ရစေဖို့  ရေးတင်လိုက်ပါတယ်။
( ကွင်းစ ကွင်းပိတ် စကားများသည် မပြောခဲ့ပါ၊
သက်သက် စိတ်ကူး ကမျဉ်းခြင်းသက်သက်ပါ)။
မြတ်ရောင်နီ
( ၃၀၊ ၀၅၊၂၀၁၀ )
( ၃၀၊ ၀၅၊၂၀၁၀ )