Pages

Tuesday, May 18, 2010

နိရ န္တရံ - ဆက်တိုက်


နိရ န္တရံ - ဆက်တိုက်

ယခု သင်တန်း





welcome


အင်္ဂလိပ်ဘာသာ ကို ဘာသာပြန်ထားရာမှာ
နိုင်ငံပေါင်း လေးဆယ်ခန့် ရှိသည် ကိုတွေ့ ရပါတယ်။






ထိုဘာသာပြန်ထားတဲ့ အထဲမှာ
မြန်မာလို ကြိုဆိုပါ၏
ဆိုတာလေး တွေ့ ရတော့
ဝမ်းသာလွန်းလို့  ဓာတ်ပုံ အမှတ်တရ ရိုက်ခဲ့တာပါ။







နိရ န္တရံ - ဆက်တိုက် ဆိုသည့်အတိုင်း အလုပ်က ဆက်တိုက် လုပ်နေပါတယ်။ ဒါကတော့
ကိုယ်တစ်ဦးထဲ ဆက်တိုက် လုပ်နေတာတော့ မဟုတ်ပါ။ လူတိုင်း တစ်ခု မဟုတ် တစ်ခုခုတော့ လုပ်နေကြမယ်လို့  တစ်ထစ်ချ ယုံကြည်မိပါတယ်။

ဟိုတစ်လောက ဂျာမန်ဘာသာ ထိုင်းကလပ်စ်မှာ တက်နေကြောင်းနဲ့ ၊ ထိုင်းကျောင်းသူ ကျောင်းသား ဆရာများပါမကျန် ကိုယ်တတ်နိုင်တဲ့ ဘက်က သင်တန်းသွားရင် နေ့ စဉ်တရားထိုင် ဖြစ်အောင် အတူထိုင်တာကိုလည်း ဓာတ်ပုံနဲ့ အတူ ရေးသားခဲ့ပါတယ်။

အဲဒီသင်တန်းက မေလ ၇ရက်နေ့ က ဖိုင်နယ် စာမေးပွဲ ဖြေရတယ်ပေါ့။ ကျောင်း အလုပ်များတဲ့ ကြားက သင်တန်းက လည်း တစ်ဖက်ဆိုတော့ ထင်သလောက်တော့ မတွင်ကျယ်ခဲ့ပါဘူး။

သင်တန်းကတော့ နာရီပေါင်း ၆၀၀တက်ပြီးသွားပါပြီ။ သင်တန်းကြေးကတော့ တစ်နာရီ ၁ ယူရိုပါ။ လူတွေအတွက် ပေးရသော်လည်း ကိုယ့်အတွက်တော့ ဆရာမကိုယ်တိုင် သင်တန်းကြေးလှူသည့် အပြင် လိုအပ်ရာရာ စာရွက်စာတမ်း။ သင်တန်းတက်စဉ် ဖျော်ရည်ကပ်ခြင်း ဖြင့် ကုသိုလ်ယူပါတယ်။ ကျောင်းသူများကလည်း အပါဝင် ဒါနကို အလုယက်ဆိုသလို လှူကြတန်းကြပါတယ်။ အဲ .. ဂေဇက် ကတော့ ၂ပါတ်မှ၎ပါတ် အထိ စောင့်ရမယ်လို့  ပြောပါတယ်။

ခုတော့ ဂေဇက်လည်း မထွက်သေး။ စာမေးပွဲ မဖြေမီ မေလ ၄ ရက်မှာ နောက်သင်တန်း တစ်ခုဆက်တက်ဖို့  ကျောင်းသွားအပ်ပါတယ်။ စပြီး တက်ပါတယ်။ သင်တန်းကြေးက ယူရို ၇၂၀ ပေးရပါတယ်။ ဒီသင်တန်းကြေးကိုလည်း အလှူ့ ရှင်တစ်ဦးတည်းက လှူတာပါ။ သင်တန်းဆိုင်ရာ စာအုပ်ကိုပါ တစ်ခါတည်းဝယ်ပြီး လှူပါတယ်။


သင်တန်းသူ သင်တန်းသားကတော့ ၂၀ ရှိပါတယ်။ သင်တန်းတစ်ခုတည်းမှာ နိုင်ငံက ၁၅နိုင်ငံမှ လာကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား တွေ စုံတဲ့ သင်တန်းပါ။

လောလောဆယ် အနေထားရ ၀င်ငွေ ထွက်ငွေ ကိုယ်ပိုင်ကား မရှိပါ။ တစ်ခါတစ်ခါ တရားဟော
လို့  ၀င်ငွေရှိသည်ဆိုသော်လည်း ဘယ်လောက်ဝင်မှန်းလည်း မသိပါ။ ခု အနေထားကတော့ ကိုယ်လို အပ်ရာရာ ပစ္စည်းပစ္စယကတော့ လူဒကာ ဒကာမများ စီမံပေးလို့  အားလုံး အဆင်ပြေနေ ပါတယ်။ အောက်ထစ်ဆုံး လစဉ် ၆၁ ယူရို ပေးရတဲ့ တစ်လ စီး ရထားလက်မှတ်ကိုလည်း ဒကာ ဒကာမတို့ က ကုသိုလ်ယူကြပါတယ်။

ခုပြောချင်တာက သင်တန်းတစ်ခုက မပြီးသေး၊ နောက်တစ်ခု အတွက် နိရ န္တရံ ဆက်တိုက် ဆိုတာ
ကိုပါပဲ။ အလုပ်ဟာ ပြတ်သွားရင် အလုပ်သိပ်မဖြစ်လှ။ ဆက်တိုက်လုပ်မှ ကိုယ်လိုရာ ရောက်ပါမယ်။

ဥပမာ ဘလော့မှာ ဆောင်းပါးရေးနေကြသူကလည်း ရေးမယ်။ ဝေဘန်သူကလည်း စိတ်ဓာတ်
အပေါ်မူတည်ပြီး စိတ်ထဲ အရှိတိုင်း ပြောသွားမယ်။ သူ တို့ လည်း သူ တို့ အလုပ် ဆက်တိုက် လုပ်ကြ တယ် လို့  ဆိုရမယ်။

အဓိက ဖြစ်သင့်တာက တော့ အားလုံးဟာ စိတ်ထားကောင်းလေးနဲ့  ဆက်တိုက် ကိုယ်ဖြစ်ချင်ရာ ဦးတည်ပြီး ပြောဖို့  ဆိုဖို့  အလုပ် လုပ်နေဖို့  အရေးကြီးပါတယ်။


စိတ်ကောင်းလေးက ကိုယ့်ရဲ့  မိတ်ဆွေ အစစ်ပါ။



မြတ်ရောင်နီ
(၁၈၊၀၅၊၂၀၁၀)



No comments:

Post a Comment