Pages

Friday, May 28, 2010

အာသဘီ ၀ါစာ


အာသဘီ ၀ါစာ




အာသဘီ ၀ါစာ ဆိုသည်မှာ မြင့်မြတ်ရဲရင့်သော စကား ကို ခေါ်ပါသည်။


ယနေ့  ဘုရားရှင်၏ မွေးဖွားတော်မူသည့်နေ့ ပါတည်း။ အများအခေါ် ဗုဒ္ဓဘေဘီ ၊ ဘုရား လောင်း လျာသည် မွေးဖွားတော် မူလျင်ခြင်းပင် ထီးဖြူ ဆောင်းလျက် မြောက်အရပ်သို့  မျက်နှာ မူကာ ခြေ
( ၇ ) လှမ်းကာ မြင့်မြတ်ရဲ ရင့်သော စကားကို ပြောကြားခြင်းသည် ထုံးစံဓမ္မတာ တစ်ခု ဖြစ်သည်။

ပြောကြားခဲ့သော စကားများကား-

၁။ အဂ္ဂေါ ဟ မသ္မိ လောကဿ- လောက၌ ငါသည် အသာမြတ်ဆုံး ဖြစ်၏၊
၂။ဇေဋ္ဌောဟ မသ္မိ လောကဿ- လောကမှ၌ ငါသည် အကြီးမြတ်ဆုံး ဖြစ်၏၊
၃။သေဋ္ဌောဟ မသ္မိ လောကဿ- လောက၌ ငါသည် အမွန်မြတ်ဆုံးဖြစ်၏၊
၎။အယ မန္တိမာ ဇာတိ- ဤဘ၀သည် နောက်ဆုံး အဆုံးသတ် ဘ၀ ဖြစ်၏၊
၅။နတ္ထိ ဒါနိ ပုနဗ္ဘဝေါ - ခုဘ၀က စပြီး နောက်ထပ် ဖြစ်စရာ ဘ၀မရှိတော့။

ဤကဲ့သို့  မွေးဖွားကာစ စကားပြောနိုင်စွမ်း ရှိခြင်းသည် မဟာပုရိသ ယောကျာ်းမြတ်တို့ ၏
ထူးခြားသော လက္ခဏာ တစ်ရပ်ဖြစ်သည့် ဓမ္မတာပါတည်း။
( မဟာပဒါနသုတ်၊ မဟာဝဂ္ဂ၊ ဥပရိပဏ္ဏာသပါဠိစသည်)

တွေးချင်စရာ အညင်းပွါးချင်စရာ

မွေးဖွားကာစ မဖြစ်နိုင်ပါဘူး ဟု တွေးထင်စရာ ရှိသည်။ အညင်းပွါး ချင်စရာရှိသည်။
သို့ သော် ကိုယ်မတွေ့ ဘူးတိုင်း ထိုကဲ့သို့  မဖြစ်နိုင်ပါ ဟု တွေးထင်ခြင်းမဖြစ်သင့်ပါ။

အကြောင်းမှာ-
၁။ဗုဒ္ဓ၀ိသယ ဘုရားနှင့်ဆိုင်ရာ၊ ၂။ ဈာန်။ ၃။ ကမ္မ၀ိပါက ကံအကျိုးပေးပုံ၊ လောကစိန္တာ-လောကနှင့် ဆိုင်ရာ ဖြစ်တည်မှုတို့ ကြံစည်တွေးတောမှုမျိုးသည် မကြံစည် မတွေးတောသင့်သော အရာ တို့ ပါ တည်း။

ကြံစည်တွေးတောမှုများပါက စိတ်ဖေါက်ခြင်းများ ဥမ္မာဒ ဖြစ်နိုင်ကြောင်း အပဏ္ဏက၀ဂ်၊ အစိန္တေယျသုတ် အဂုင်္တ္တရနိကာယ ၌ ဟောထားသည်ကို တွေ့ ပါသည်။

စိတ်ကြိုက် လွတ်လပ်စွာ ယုံကြည်နိုင်ပါသည်။



ယနေ့  ဝေသာခဒေး ၌ ဗုဒ္ဓဘေဘီ ပုံကို ထိုင်း ဘုရား ဒါယိကာမကြီးက လှူဒါန်းပါသည်။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ရန် ရေးသားတင်ပြခြင်းဖြစ်ပါသည်။


မြတ်ရောင်နီ
( ၂၈ ၊ ၀၅၊ ၂၀၁၀)


No comments:

Post a Comment