Pages

Tuesday, July 6, 2010

ရိုးရာဓလေ့ မပြတ်ပါပေ့


ရိုးရာဓလေ့ မပြတ်ပါပေ့





မောင်ရှင်လောင်းလေးကို
သူအိုရုံ သို့  ခေါ်ကာရှင်းလင်း ပြသခဲ့စဉ်




သူအိုရုံ မှတစ်ဆင့် သူနာရုံ သို့ လည်း ပြသခဲ့စဉ်




သူအိုရုံမှသည် သူသေ မြုပ်ရာ နေရာမှာကိုပါ
သိရှိရလေအောင် ပြသခဲ့စဉ်




ထို့ နောက်မှာတော့ မြင်းစီးပြီး ကျောင်းသို့  ရောက်လာခဲ့စဉ်





ကျောင်း အရောက်မှာတော့ ဆံရိတ် ဆံချ ပြုလုပ်ခဲ့စဉ်

ရိုးရာ ဓလေ့ မပြတ်ပါပေ့

ကိုယ့်မြန်မာပြည်မှာ ဆိုရင်တော့ မြန်မာရိုးရာဓလေ့ကား ရှင်လောင်းလှည့် ရှင်လောင်းဝတ်စုံများ နဲ့ အတူ ဆိုင်းဝိုင်းများပါကာ မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်ကြလေတယ်။ ဘာလို့  လုပ်သလဲတော့ သိပ် ပြီး စဉ်းစား ဟန်မတူကြ။

ရိုးရာဓလေ့ ရှင်လောင်း မြင်းစီးရမယ်လို့  နားလည်ထားလို့ လေလား။ မြင်းစီးပြီး ရှင်လောင်း လှည့်ပါမှ ရှင်ဖြစ်မှာလို့ လား။ တကယ်တော့ ရိုးရာက မြင်းစီးပြီး ရှင်လောင်း လှည့်ရမယ်လို့ မဆိုလို ဘူး။ ဘုရားရှင်ကလည်း ပညတ်ချက် ထုတ်မထားပါဘူး။

တကယ်လို့  များ ဘုရားရှင် တောထွက်ခန်း ရိုးရာကို လိုက်ပါတယ် ဆိုလျင် သူအို ၊ သူနာ ၊

သူသေ ၊ ရဟန်း နိမိတ်ကြီး လေးပါး မြင်ကာ တောထွက်တာမို့  ခုလိုမျိုး ရှင်လောင်းကို သူအိုရုံ ၊
သူနာရုံ ၊ သူသေထားရာ သို့  ရှင်မပြုခင် နားလည်ဖို့ ရာ ပြသတာက ပိုသင့်တော်ပါတယ်။

ခု ပြုလုပ်ခဲ့တဲ့ ရှင်ပြုခြင်းမှာတော့ အလှူဒကာ ဒကာများရဲ့  စိတ်ကူး အလို ဆိုရင် ရှင်လောင်း မြင်းစီး စရာ မလိုပါဘူး။ ငှါးစရာ မလိုပါဘူး။ အလှူဒကာ ကိုယ်တိုင် ပကာသန မလိုချင်ပါဘူး။ တောင်မြို့  မဟာ ဂန္ဓာရုံ ဆရာတော်ရဲ့  စာတွေဖတ်ထားတာမို့  အလှူကို အလှူနဲ့  တူအောင် လုပ်ချင်ပါတယ် ဆိုတာကို လျှောက် ထား ပါတယ်။


ပြီးတော့ သားကိုရင် ဖြစ်တဲ့ အခါ သာသနာရဲ့  အတွင်းသားကိုသာ လိုချင်ပါတယ်- တဲ့။ ကောင်းလိုက် တဲ့ စကား။ သာသနာမှာ အတွင်းသားက အနှစ်သာရ ရှိတာပဲ မဟုတ်လား။ ယူတတ်ဖို့ ပဲလိုပါတယ်။ ။ ယူတတ်သူပဲ ရသွားတယ် ။ အပေါ်ယံ ပကာသန ဆိုတာ အကာသက်သက်ပါ။

သို့ ပေမယ့် အထဲက အနှစ်သက်သက်ဘဲ ထားမရလို့  ငှက်ပျောသီးရဲ့  အပေါ်ယံ က အကာပမာ စားမဖြစ် သော်လည်း လိုအပ်သည်မို့  အကာလေးများ လိုကြောင်း ကို ဒကာကို ရှင်းပြခဲ့တယ်။

ခု လို မြင်းစီစဉ် ခြင်း အကြောင်းမှာလည်း ဂျာမဏီမှာရှိ တဲ့ လူမျိုး အသီးသီး တို့ အား မြန်မာရိုးရာ ဓလေ့ ပြလိုက်ရာ ဖြစ်သလို ရှင်ပြုပွဲမှာ ဘုရားရှင်ရဲ့  အကြောင်း ရှင်းပြဖို့  ရည်ရွယ်ကာ မြင်းကို စီစဉ် ပေးခဲ့ပါတယ်။

မြင်းဆရာမ ကလည်း စေတနာ မေတ္တာသက်သက်ဖြင့် ကူညီခြင်းပါ။ သူမ ကူညီလိုက်ရသည့် အတွက် သော်မှ မြင်းဆရာမ ကိုယ်တိုင် သာသနာ အကြောင်း သိသွားတဲ့အပြင် မျက်နှာမှာ ပျော်ရွှင် စွာ တွေ့ ရတယ်။

ပြောချင်တာကတော့ ရိုးရာဓလေ့ မပြတ်ပါပေ့-...



မြတ်ရောင်နီ
( ၀၆ ၊ ၀၇ ၊ ၂၀၁၀ )

.

2 comments:

  1. စိတ်ကူးကောင်းလိုက်တာ။ ကြည့်ရ၊ဖတ်ရတာ ကြည်နူးဖို့ ကောင်းပါတယ်။
    သာဓုပါဘုရား။

    ReplyDelete
  2. ပြုခဲ့ရတဲ့ အလှူကုသိုလ်ကောင်းမှုလေးက ဘုရားရှင်အလိုကျ အနီးစပ်ဆုံးဖြစ်အောင် အရှင်ကောင်းအရှင်မြတ်များ သြ၀ါဒများဖြင့် ပြုလုပ်နိုင်ခဲ့ပြီး ကြိုတင်ခန့်မှန်းထားတာထက် ပိုပြီး သိုက်သိုက်ဝန်းဝန်းလေးနဲ့ အောင်မြင်ခဲ့တာမို့ တပည့်တော်တို့ရဲ့ ပီတိအပြုံးတွေကို ဒိန်းမတ်ပြန်တဲ့အထိ သယ်ဆောင်သွားနိုင်ပါပြီ ဘုရား။ ကုသိုလ်အဖို့ကိုလည်း ၃၁ ဘုံသားအားလုံးကို ထပ်မံ အမျှပေးဝေငှလိုက်ပါ၏။

    ReplyDelete