Pages
Saturday, July 17, 2010
အလှူသာခံစားတတ်တဲ့ ဘုန်းကြီး
အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး
မြတ်ရောင်နီ: ဥူးဇင်းကလည်း တင်သင့်တယ်
ထင်တဲ့ ပုံတွေကို တင်တာပါ။
သူများလုပ်လို့ လုပ်တာမျိုး မဟုတ်ပါဘူး။
ဒကာတော်-တင်ပါ့ဘုရား--တပည့်တော်လဲကြည့်ပီးသာဓုခေါ်ပါတယ်၊
ဘုန်းဘုန်းကို အလှူသာခံစားတတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာစိုးလို့ပါဘုရား။
14 Jul 10, 06:31 PM
ထိုင်ဝမ်က တရုတ် ဒကာဒကာမများကို
တရုတ်လို တရားဟောနေပုံ
( အဲ... ကိုယ်တော့ မဟုတ်ဘူးနော်။
အထင်တွေ မဘစ်လိုက်နဲ့ ဦး။ အဟီး )
တရားနာတဲ့သူကနာ ။
ဓာတ်ပုံရိုက်တာလည်း ၀ါသနာပါကြသား။
( စိတ်ချင်းစာနာမိပါတယ် ဗျာ။)
အလှူသာခံစားတတ်တဲ့ ဘုန်းကြီးတဲ့လား။
အင်း .. စဉ်းတော့ စဉ်းစားစရာ။
ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ။ )
ဒကာကြီးပြောတဲ့ စကားကတော့
ဘုရားရှင်ရဲ့  စကားကို ရည်ရွယ်ဟန် မတူပါ။
ဒီလို ရည်ရွယ်ဟန်နဲ့ တူပါတယ်။
သူ့ စိတ်ထဲမှာ ပြောမထွက်လို့  ရှိမှာပါ။
( စာရေးသူက ဒကာကြီး စိတ်ကို အာဘော်၊ သရုပ်ဖေါ်ပုံ )
၁။သာသနာမှာနေပြီး၊ သာသနာ့ အလုပ်ထဲက ဂန္ထဓုရ ဆိုတဲ့ စာပေ ကျမ်းဂန် သင်ကြားခြင်း ၊ ပို ချ ခြင်း အလုပ် ၊ တရားဟောခြင်း အလုပ်ကိုလည်း မလုပ်။ ၀ိပဿနာဓုရ ဆိုတဲ့ တရားထိုင် တရား မှတ် ခြင်း အလုပ်ကိုလည်း မလုပ်ပဲ ကျောင်းကြီးကြီးဆောက်နိုင်အောင်၊ အိမ်စီးပွါးရေးကို ထောက်ပံ့ နိုင်အောင် လှုပ်ရှားနေတဲ့ ဘုန်းကြီးများကို ရည်ရွယ်ဟန် ရှိပါတယ်။
ပြီးတော့ သံဃာများများမွေးပြီး ရလာတဲ့ လာဘ်လာဘ သံဃာမကျွေးတဲ့ ကျောင်းမျိုး၊ ရတဲ့ဟာ ကိုယ့်အိတ် ထဲ ထည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုဟန် ရှိပါတယ်။
ပြီးတော့ ဒကာ ဒကာမတွေ ပင့်တဲ့အခါ သဒ္ဓါ ကို မကြည့်ဘဲ အသပြာကို ကြည့်တဲ့ ဘုန်းကြီးမျိုးကို ဆိုလိုတာနဲ့ လည်းတူရဲ့ ။
ပြီးတော့။ အဲ...တော်မှပဲ။ ဘရိတ်အုပ်ထားမှ။ ပြောတာတွေများရင် သံဃာ အပြစ်ပြောတယ်ဖြစ် နေမယ်။ အမှန်တွေ တော့ အမှန်တွေပဲ။ (ကိုယ့်ပေါင်တွေ တောင်...နာလာပါပြီ။)
၂။ဘုရားရှင်စကား တော်ကို ကြည့်ရင် "ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေပါ တကား။ ဤသို့ သာသနာ့ ၀န်ထမ်း ရဟန်းသာမဏေသည် နေ့ စဉ် မပြတ် စားဆင်ခြင်ထိုက်၏" တဲ့။
အဖြောင့် မြန်မာပြန်လိုက်ရရင် ဘုန်းကြီးဘ၀ ဆိုတာ အလှူသာ ခံစားတတ်တဲ့ ဘ၀ပါတကား၊ ကိုယ် တိုင် စီးပွါးရေးလုပ်ငန်းမရှိ ။ သူတစ်ပါးလှူရာကိုသာ စားရတဲ့ ဘ၀ ပါတကား- ဆိုပြီး နှလုံးသွင်း ပွါး များရပါမယ်။
အဲသလိုဆိုတော့ ဘုန်းကြီးမှန်လျင် အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးတွေချည်းပါပဲ။ တို့ ကတော့ စီးပွါးလုပ်ပြီး စားတာ။ အတိုးပေးပြီးစားတာ။ သူများ လှူတာ မစောင့်ဘူး ဆိုတဲ့ ဘုန်းကြီးမျိုး ရှိ ကောင်း ရှိမယ်။ အဲဒါ ဘုရားရှင် အလိုကျ မကျ စဉ်းစားကြည့်ပေါ့။
ဘုန်းကြီး ဆိုတာ ပါဠိလို ဘိက္ခု-တဲ့။
ဘိက္ခု ဆိုတာ ဘိက္ခတိ ယာစတီတိ ဘိက္ခု ပဲ။ ခြေသလုံးမြင်းခေါင်း ခြေနှစ်ချောင်း အသုံးပြုပြီး အရိယာတို့ နည်းလမ်းအတိုင်း အလှူခံစားတတ်လို့ ဘိက္ခု- ဘုန်းကြီး ဆိုထားတာပါတကား။
အလှူခံတာတော့ အမျိုးမျိုးရှိမယ်ပေါ့။ အပ်တဲ့ ဘုရားရှင် အလိုကျ ဆွမ်းခံပြီး အလှူခံစားတာမျိုး၊ ဆွမ်းစားပင့်လို့  အလှူခံစားတာမျိုး ပုံစံတွေ အမျိုးမျိုးပါပဲ။ ကျောင်းလည်း ဒီအတိုင်းပဲ ။ ကျောင်း ဒကာ တွေ ရဲ့ သဒ္ဓါ အလျောက် လှူတာမျိုးဆို အပ်ပြီပေါ့။ သင့်တော်တယ်ပေါ့။ အဲလိုမဟုတ်ရင်တော့ နံပါတ် ၁ ဘုန်းကြီးပါပဲ။
အဲ ဒကာကြီး တစ်ယောက်က ဆွမ်းကပ်တဲ့ ဓာတ်ပုံတွေ တင်တော့ ဘုန်းဘုန်းကို အလှူသာ ခံစား တတ်တဲ့ ဘုန်းကြီး စာရင်းထဲသွင်းမှာ စိုးလို့ ပါဘုရား တဲ့။
ပြောတဲ့ စကား မပြည့်မစုံနဲ့ ဆိုတော့ ကိုယ့်ကိုယ် တောင် ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ ကိုယ်လည်း အလှူသာ ခံစားလာတာ ကိုရင် ဘ၀ ကတည်း ကလေ။ ဘယ်လိုလုပ်ပါ့။ အဲဒီမှတ်ချက်ကြည့်ပြီး စာဖတ်သူတွေ နားလည်ရင်တော့ အကောင်းသား။ နားလည်မှုလွဲရင်တော့ ကမောက်ကမ အတွေး တွေ ဖြစ်စရာပဲ။
ကဲ ....ရှိပါစေတော့။ ဒါဆိုရင် ဘိက္ခု ဆိုတာ အလှူခံစားတတ်ရုံနဲ့  ဘိက္ခု ခေါ်တယ်မှတ်သွားလိမ့်မယ်။
သံသာရဘယံ ဣက္ခတီတိ ဘိက္ခု ။ သံသရာကို ဘေးလို့  ရှုမြင်တတ်လို့ လည်း ဘုန်းကြီးလို့  ခေါ်တာ ကိုလည်း စပ်နေလို့  ထပ်မှတ်စေချင်တယ်။
ဘိက္ခု အဖွင့် တွေကတော့ အများကြီးရှိပါတယ်။ ရှည်မှာစိုးလို့  ချန်လှပ်ထားပါတော့မယ်။
အကျဉ်းအနေနဲ့  -
၁။ မအပ်တဲ့ နည်းလမ်းဖြစ်တဲ့ အနေသနနည်း( ၂၁ ) နည်းကို အသုံးပြုပြီး ပစ္စည်းလေးပါးကို ရှားမှီး ခံယူ သုံးစွဲရင် ဒကာကြီးပြောတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး။
၂။ ထိုနည်းများကို ရှောင်ပြီး ဘုရားရှင် ခွင့်ပြုထားတဲ့နည်းနဲ့  ရလာတဲ့ ပစ္စည်းလေးပါးကို ရှာမှီး ခံယူ သုံးစွဲလျင် ဘုရားရှင် ဆုံးမတော်မူတဲ့ အတိုင်း အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီး- လို့  နှစ်မျိုး ခွဲခြား မှတ်ရပါမယ်။
၁။ အလှူသာ ခံစားတတ်တဲ့ ဘုန်းကြီးမျိုး၊
၂။အလှူသာခံစားတတ်တဲ့ ဘုန်းကြီးမျိုး။
ကွဲကွဲပြားပြား နားလည်ကြ စေကုန်ရာသတည်း။
မှတ်ချက်။ ။ ၁၇ရက်နေ့ မှာ ထိုင်ဝမ် ဒါယကာ ဒါယကာမတို့ က
ပင့်တော့လည်း
အလှူသာ ခံစားတဲ့ ဘုန်းကြီး ဖြစ်သွားပြန်ပါပြီ။
ဘယ်တတ်နိုင်မလဲ။ ကိုယ့်မှာ စီးပွါးရေးမှ မရှိတာကို။
အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်ရပေမအုံးပေါ့နော်။
ဆက်လက်ပြီးတော့လည်း
အလှူသာခံစားတတ်တဲ့ ဘုန်းကြီး လုပ်
ရပါဦးမယ်။
တစ်လောကလုံးက ပြောရင်ပြောပါစေ။
ဘုရားရှင်ကြိုက်နေသမျှ ဆက်လုပ်နေမည်သာ။
မြတ်ရောင်နီ
( ၁၈ ၊ ၀၇ ၊ ၂၀၁၀ )
1 comment:
  1. တပည့်တော်တို့ နေတဲ့ နေရာဟာ သာသနာနဲ့  ဝေးနေတဲ့နေရာပါ။
    ဒီလိုနေရာမျိုးမှာ ၀ိနည်းနဲ့ အညီ သာသနာပြု နေထိုင်ကြတဲ့ သံဃာ တွေအတွက် အလွန်ခက်ခဲတယ်ဆိုတာ သိပါတယ်ဘုရား။
    ဒါယကာ တွေကောင်းပါမှ သံဃာများ ဒီလိုနေရာမျိုးမှာ သာသနာပြုနိုင်မှာ
    ဆိုတာလည်း သိပါတယ်ဘုရား။
    သံဃာ အတွက် ဆွမ်း ဝေယာဝစ္စ လှူတန်း ဖို့ ကည်း တပည့်တော်တို့ ရဲ့ တာဝန်ပါဘုရား။
    ကိုယ်တိုင်လာရောက် လှူတမ်းခွင့် မရပေမဲ့ ဥူးဇင်း Blog ကတဆင့်
    သံဃာကို လှူတန်းခွင့် ရတဲ့ အတွက်လည်း အလွန်ကြည်နှူးရပါတယ်။
    တပည့်တော်တို့ နေတဲ့ နေရာမှာ ၀ိနည်းနဲ့ ညီစွာ နေတဲ့ သံဃာရှိနေတာ
    ကိုပဲ စိတ်ထဲမှာ အားရှိမိပါတယ်။
    ရိုသေစွာဦးတင်ပါတယ်ဘုရား
    ReplyDelete