Pages

Monday, November 1, 2010

ကိုယ်ကျင့် တရားဆိုတာ


ကိုယ်ကျင့် တရားဆိုတာ

ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ နားလည်သလို ပြောရရင်တော့ ကိုယ်နဲ့  ကောင်းတာကိုကျင့် ၊ နှုတ်နဲ့  ကောင်းတာကိုကျင့်တာပါပဲ။ စိတ်ကတော့ အဲဒီ ကိုယ်နဲ့  နှုတ်ကို ကောင်းတာလေးတွေ ဖြစ်စေဖို့  လမ်းပြ ပေးတာပါပဲ။ အဓိက ကတော့ စိတ်ကောင်းလေးပေါ့။ စိတ်ကောင်းမှပဲ ကိုယ်ကောင်း နှုတ်ကောင်း လေးတွေ ဖြစ်လာမှာပါ။

ခုလောလော လတ်လတ်မှာပဲ ( ၁ . ၁၁ . ၂၀၁၀ ) ဒီနေ့ မနက် ကိုယ်ကျင့်တရားရယ် လို့  အချင်းချင်း ပြောထားတာ မဟုတ်ပေမယ့် ပြောဆိုဖြစ်တာကတော့ ကိုယ်ကျင့် တရားနဲ့  ပါတ်သက်တဲ့  အကြောင်း လေးတွေကို ပြောဖြစ်ပါတယ်။ အင်တာနက်ကနေပြီး ချက်တင်း ပြုလုပ်ကြတာပါ။ မှတ်သားစရာ ကိုယ့်အမြင် သူ့ အမြင် ပြောထားတာမို့  အများဖတ်ရအောင် အနည်းငယ် ရေးပြင်ပြီး ရေးတင်လိုက်ပါတယ်။

ဘုန်းကြီးဆိုပြီး ကိုယ်ပဲ ဟောလို့  မရဘူး၊ သူတို့  သိတဲ့အသိ ၊ မြင်တဲ့ အမြင်ကိုလည်း နားထောင် ပေးရ ၊ မှတ်သားရတဲ့အခါလည်း ရှိပါသေးတယ်။ အမှန်ဝန်ခံရသော် လူ့ ပတ်ဝန်းကျင်ရဲ့  ဖြစ်ပျက် တာတွေ ကျတော့လည်း ဘုန်းကြီးတွေ အကုန်မသိနိုင်ဘူး။ ကျောင်းလာလျှောက်သူ၊ ခုလို ချက်တင်း နဲ့ လျှောက်သူတွေကြောင့် သိရတာပါ။ ဘုန်းကြီးက အကုန်မသိနိုင်ပါဘူး။

ကဲ ပြောဆိုကြပုံလေး
ဝါသနာပါရင် ကလိုက်ကြစို့ လား-

me: ဥပုသ်နေ့ က
8:31 AM အမြဲဥပုသ်စောင့်တာလား
ဝါတွင်း ၀ါပပေါ့လေ။
( ဘုန်းကြီး ဆိုတော့ ဥပုသ်စောင့်ဖြစ်လားလို့ 
သိသော်လည်း မေးလိုက်တယ်)

ဒကာမလေး: ဒီနှစ်မှ စစောင့်တာ။
me: အော်
ဒကာမလေး: ခါတိုင်းနှစ်တွေ မစောင့်ဖြစ်ဘူး
me: ကောင်းတယ်ကွယ်၊
အဲဒီမှာ အဲလိုပဲ စောင့်ကြတာလား၊
ဝါပ ၀ါကျွတ်မှာရော။
မလေး : မှန်ပါ့။
8:32 AM စောင့်တဲ့သူလည်းစောင့်ကြပါတယ်။

me: ဒကာမလေး က တော့ လူချစ် နတ်ချစ်

ပို ချစ်ခံရတော့မှာပဲ။
( လူချစ်ခင်တာ လူတိုင်းသဘောကျတတ်တယ်။
ဒါကြောင့်မို့  သဘောကျလေမလားလို့ ပြောလိုက်ပါတယ်။)

မလေး: ရိပ်သာမှာတော့ အမြဲစောင့်ကြတယ်။
မေမေ ကလည်း ကျန်းမာရေးကောင်းရင်
me: အဲ ရိပ်သာမှာတော့ သိပါတယ်။
မလေး: စောင့်တယ်
me: ကောင်းတယ်။
မလေး: နေမကောင်းရင် လပြည့် လကွယ်ပေါ့

me: ကောင်းတယ်
ငယ်ငယ်ရွယ်ရွယ်
8:33 AM ဘာရည်ရွယ်ချက်ရှိပါသလဲ မသိ။
မလေး: သီလ နည်းတော့ အသက်တိုတယ် ဆိုလို့လေ
အဟဲ ( ဒကာမလေးလည်း သူ့ ဖာသာ
ကောင်းတာပြောတာကိုပဲ
မိကျောင်းမင်း ရေခင်းပြသလို ဖြစ်လို့ လေလားမသိ
အဟဲ လုပ်လိုက်သေးတယ်။)

me: အော ...ဒါကြောင့်ကိုး
( ဘုန်းကြီးအို လေသံဖြင့်)
8:34 AM မလေး: ဒါ န နဲ့သီလ မပါရင် သေခါမှ သိဆိုလို့လေ
( လုပ်ပြီ ၊ တရားနာတာ ကျေတယ်ဟေ့။
အပီကွက် ရထားတဲ့ သူလိုပဲ)


me: လူ ချစ် နတ်ချစ် ခံချင်လို့ ထင်နေတာ

အဲလိုမဟုတ်ဘူးကိုး။
မလေး: အခြေခိုင်မှ အမြင့်တက်လို့ရမှာပေါ့။
8:35 AM me: အင်း
မလေး: အဲဒါကြောင့် အခြေခံက စပြီး သီလစောင့်တာလေ
me: ဟောပါဦး၊ ဆက်ပီး-
အဲဒါပီး ဘာလုပ်ရမယ်။
မလေး: ဘုန်းဘုန်းက လည်း
သိသလောက် ပြောပြတာက၊ို
ဘုန်းဘုန်းက ဟောပြမှပေါ့။
me: အေးလေ
မလေး: ပြည့်စုံအောင်
me:
8:36 AM သီလစောင့်ရင် လူချစ်နတ်ချစ၊်
လူကစောင့်ရှောက် နတ်ကစောင့်ရှောက်ပေါ့ကွယ်။
မလေး: မှန်ပါ့ ဘုရား
me: သီလဆိုတာ - အကာအပွေးပေါ့
8:37 AM မလေး: မှန်ပါ့
me: သမာဓိက အခေါက်ပေါ့
ပညာက အလယ်က အူတိုင် အနှစ်ပေါ့
မလေး: သမာဓိ က အခေါက်
me: ကိုင်းပြီးပြီ ၊ သာဓုခေါ်တော့။
မလေး: ပညာက အလယ်
( ဒီက အပြောမစောင့်ဘူး ၊
သူ့ လက်နှေးလို့ သာ၊
လူရွှင်တော်တွေ ပျက်သလို
ဘုန်းကြီးက အဟံ ဘန္တေဆိုရင်
သူက တိသရဏေန လုပ်သလိုမျိုး၊
ဘယ်ရမလဲ လက်ကသွက်လို့ တော်သေး။)


me: ကိုင်း ... နားလည်လည် မလည်လည်

မလေး: သာဓု (သုံးကြိမ်)
me: လူတို့ ထုံးစံအတိုင်း
8:38 AM မလေး: သတည်း ဆိုရင်
သာဓုပေါ့
me: အတည်ပြောမယ် နားထောင်-
အဓိက ကတော့ လွတ်မြောက်ဖို့ ပဲ

အချစ်ခံချင်လို့ 
သီလ စောင့်တာလည်း မဟုတ်သေး

8:39 AM အသက်ရှည်ချင်လို့ 
သီလစောင့်တာလည်း မဟန်သေး
မလေး: ဘုန်းဘုန်း ကလည်း
ဆွမ်းအကျိုး ငါးပါးထဲမှာ ရေအကျိုး
ဆယ်ပါးလည်း ပါသွားပီလေ။
ပေါင်း 15 ပါးပေါ့
( ကဲဗျာ တတ်လိုက်တာ ဒကာမလေးကို
မယ်တတ်ပါ့ လို့  အသစ်နာမည်ပေးလိုက်ရရင်... ။)


me: ဘုရားရှင် အလိုကျ ဒါန သီလ ဘာပဲပြုပြု

လွတ်မြောက်ရေး လမ်းစဉ် ဦးတည်မိဖို့ ပဲ။
8:40 AM ဖြတ်ထားတဲ့ လက်မှတ်က ပျဉ်းမနားဆိုရင်
ဘယ်လိုလုပ်ပြီးတော့ မန္တလေး ရောက်မှာလဲ
ပြောတော့ အသက်ရှည်စေဖို့ ဆို
မလေး: အခြေ မခိုင်ပဲ အမြင့်လှမ်းရင် ပြုတ်ကျမှာမို့
အခြေခံ သီလက စ နေတာပါ။
8:41 AM me: လွတ်မြောက်ဖို့ လက်မှတ်မဖြတ်ဘူးလေ
ကိုင်း...ပြောစမ်း
မလေး: အသက်ရှည်မှ ဒါန သီလ ဘာဝနာ ကျင့်နိုင်မှာလေ
ခုနေ သေသွား ဘာမှ ပါမှာ မဟုတ်
me: ဟော ရှိသလောက်အသက်လေး
အသုံးချနိုင်ဖို့ ပဲ မဟုတ်လား။
ရှည်တာ တိုတာက-
8:42 AM မလေး: မွေးလာပီး ဆုံးသွားတဲ့
ကလေးတွေ ကျတော့ရော-
( သူမေးတာ ဟုတ်သလိုလို )

me: လိုတော့လိုပါတယ်။ အသက်ရှည်လည်း
တရားမသိရင် မတရားအသက်က ပိုဆိုးတယ်
မလေး: ဘယ်အချိန် ကုသိုလ်ရှိလို့တူန်း
me: အဲဒါက သူကံက
ဒီလောက်ပဲကိုး

မလေး: အဲဒီကံကို ကိုယ်က လုပ်တာပဲ

me: လုပ်လေ၊ ဟုတ်ပါတယ်။
8:43 AM မလေး: အဲဒီလို အသက်တိုမှာစိုးလို့
me: အင်း
ဟုတ်ပါသည်
မလေး: ဒီ ဘ၀မှာ လုံးဝ လွတ်မြောက်နိုင်မှာ
မသေချာရင် နောက်ဘ၀ အတွက်လည်း
ပါရမီပါအောင်ပေါ့။
( ကောင်းလိုက်လေ၊ မှန်လိုက်လေ၊ ခုမှ ပြောရတယ်၊
ချက်တင်းတုန်းက မပြောလိုက်ရလို့ ။ )


me: သီလစောင့်တဲ့ ဦးတည်ရာ
ဦးတည်ချက်ကို ပြောပါတယ်

8:44 AM မလေး: ဦးတည်ရာကတော့
me: အသက်ရှည်မှာကို
ပဓာန ဦးမတည်ဖို့ ပြောလိုရင်းတည်း။
မလေး: လွတ်မြောက်ရာလမ်းပေါ့ ဘုန်းဘုန်းရာ
ဒါပေမယ့် အခြေခိုင်အောင် စ ကျင့်နေတာပါ။
me: အသက်ရှည်မှာကတော့ မရည်ရွယ်လည်း
အသက်ရှည်မည်သာ
မလေး: ပြုတ်ကျမှာစိုးလို့
ဒကာမလေးတို့ ဆီမှာရှိတယ်
me: ဟုတ်
8:45 AM မလေး: လုပ်လိုက်တာ
ဝိပဿနာ အလုပ်ကို သူများတွေ ထက်ပေါ့။
me: အင်း
မလေး: သူ့ကိုယ်သူပဲ သောတာပန်
ဖြစ်နေသလိုလို
me: အင်း
မလေး: နောက် မကြာပါဘူး
me: အင်း
မလေး: အရက်တွေသောက်နေပြန်ရော
me: အင်း
မလေး: အဲဒီတော့ သောက်တာပန်
ြုဖစ်သွားရော
me: အဟဲ ဟဲ ဟဲ။
8:46 AM ဟော...လုပ်ပီ
သောက်တာပန်၊ သောက်တာပန်
မလေး: အခြေခံမှ မခိုင်ပဲနဲ့
အဟဲ
me: မှတ်ထားဦးမယ်
မလေး: ဟုတ်တယ်လေ
me: ဒကာမ စကား
ဘုန်းဘုန်းက မှတ်ရပြန်ရော
မလေး: သောတာပန် မဖြစ်ပဲ
သောက်တာပန် ဖြစ်သွားတာ
သက်ငယ်စကား သက်ကြီးကြားတဲ့

me: သဘောင်္သီးခေတ်ပေကိုး၊

8:47 AM ကောသလ အိပ်မက်လိုလားမသိဘူးလေနော်
မလေး: ကောသလ အိပ်မက်တွေ မှန်တယ်နော်

ဖေဖေ ဆို သိပ်သဘောကျတာ
me: အင်း
ဘုန်းဘုန်းလည်း သဘောကျ
မလေး: အားလုံး တဖြည်းဖြည်းနဲ့ အဲလိုဖြစ်တာပဲနော်

me: ဖေဖေတင်မဟုတ်ဘူး

8:48 AM ဒီတိုင်းပဲ
ဘယ်သူတရားပျက်ပျက်
မလေး: ပညာရှိတွေ ဘေးရောက်ကုန်ပီ
me: ကိုယ်မပျက်စေနဲ့ ပေါ့ဗျာ။
မလေး: မှန်ပါဘုရား

me: ကိုယ်ပျက်ရင် ဆံပင်ညှပ်ဆိုင်က လက်ခံမှာမဟုတ်ဘူး။
မလေး: အဟား ဟား ဟား
နောက်ပီ
me: ( ကြေးမှုံ ဟာသ အမှတ်ရလို့ ကွယ့်)။
8:49 AM တကယ်တော့ ဆံပင် ညှပ်ဆိုင်မှ မဟုတ်ဘူးကွယ့်
ကိုယ်ကျင့်တရားပျက်ရင်
လူတိုင်းကကို လက်မခံချင်တော့တာလေ

မလေး: မှန်ပါ့
me: ကိုယ့်မှာ တရားမရှိတဲ့အခါပေါ့ဗျာ
ကဲ ကြည့်ပါ့လား
မလေး: ကိုယ်ကျင့် တရားဆိုတာ
ဝယ်ယူလို့ ၇တဲ့အရာမှ မဟုတ်တာနော်
me: ဟုတ်ပါ့။ ကိုယ်ကျင့်တရားဆိုတာ-
စိတ်ကို လေ့ကျင့်ပေးရတာ ပဲ အဓိကကတော့။
8:50 AM စိတ်ကောင်းမှ ကိုယ်က လိုသလို ကောင်းတာ ဖြစ်မယ်
နှုတ်ကလိုသလို ကောင်းတာဖြစ်မယ်။
မလေး: လူတွေက ပိုက်ဆံရှိတဲ့သူကို
ကိုယ်ကျင့်တရားကောင်းမယ်လို့ ထင်နေကျတာ
ပိုက်ဆံမရှိတဲ့သူကျတော့ အလိုလို မရှိခိုးနိုး
မလှ စုန်းယိုးနဲ့ ။
8:51 AM me: အင်း

မလေး: ပိုက်ဆံ ဘယ်လောက်ရှိရှိ

ကိုယ်ကျင့်တရား ပျက်နေတာတွေ ပုံလို့
သူတို့က ပိုဆိုးသေး။
me: ရွှေဘုံမှာ စံရပေမယ့် တရားမသိရင် ရင်လေးဖွယ်
တဲအိုပျက်မှာ နေရပေမယ့် တရားသိရင် ရင်အေးဖွယ်
( ကိုယ်လည်း ရထားတဲ့ ကဗျာ ရွတ်ပြပြီ၊)

8:52 AM မလေး: ဒကာမလေး လည်း စာမရေးဖြစ်တာ ကြာပီ

ရေးချင်တာတွေကတော့ ရင်ထဲမှာ။
me: နေရေး သေရေး အစဉ်တွေးတော့
မလေး: ပြည့်နေပီ
me: ရင်အေးအောင် ကြံကြစေလိုတယ်။
( ခုမှ ကဗျာက အပြီးသတ်မလို့  သူကလည်း
သူပြောချင်ရာပြော၊ ကိုယ်ကလည်း ကိုယ်ရွတ်ချင်တဲ့ဟာရွတ်
သူပြောတာကို နားမထောင်နိုင်၊ ရွတ်နေပုံများကတော့၊)

ဟုတ်ပီလေ ၊ ရေးလေကွယ်။
မလေး: မှန်ပါ့ဘု၇ား
me: ကောင်းပီ ဒကာမ
8:53 AM အချိန် ပြည့်တော့မယ်
နောက်မှ ဆက်ကြစို့ လား
မလေး: အခုရက် ဘုန်းကြီးတွေနဲ့
စကားပြောနေ၇တော့ လူတွေနဲ့ပြောရင်
စကားကို မနည်းသတိထားပြောရတယ်
( တင်ပ၊ မှန်ပါ့ တွေ ထည့်ပြောနေမိလို့  ထင်ပါရဲ့ )


me: အင်း
ပြောရင် ကုန်မှာ မဟုတ်ဘူး၊
ဘုန်းဘုန်းကလေပေါ။

မလေး: ကထိန် ပင့်စာတွေ
ဖိတ်စာတွေ ရိုက်နေ၇တယ်လေ
တင်ပါ့။
me: လုပ်လုပ်
ဒီဒကာမမလေး အလုပ်ရှိနေတာကို
8:54 AM ၀မ်းသာပါတယ်ကွယ်
ကဲကဲ...
( သူ့ အရိပ်ကဲ ကြည့်ရတာ စကား ဖျက်ချင်တော့
အလုပ်ရှိကြောင်း ဘုန်းဘုန်းကပဲ အလိုက်တသိ
ကဲကဲ လုပ်ပြီး ရပ်လိုက်ပါတော့တယ်။)



ဒီလိုနဲ့  အားတဲ့ အချိန်လေးမှာ စကားမပေါပဲ ချက်တင်းသောတာတွေ ရပ်ခဲ့ပါတော့တယ်။ ကိုယ်ကျင့် တရားဆိုတာလည်း ဥပုသ်သီလစောင့်တာ ၊ စိတ်ကို ထရိန်နင်ပေးရင်း ကိုယ်နဲ့ နှုတ်ကို မကောင်း တာတွေ မလုပ်မိစေဖို့ စောင့်ထိန်းခြင်း တစ်ခုပါပဲလားလို့  သဘောပေါက်မိပါတော့တယ်။


မှတ်ချက်။ ။ ရေးစရာ အထူးအထွေ မတွေးတောတော့ပဲ
ချက်တင်းလုပ်ထားတာလေးကို
အနည်းငယ် ပြေပြစ်အောင် ပြင်ဆင်ကာ
ရေးသားလိုက်ခြင်းဖြစ်ပါတယ်။


မြတ်ရောင်နီ
( ၀၁ ၊ ၁၁ ၊ ၂၀၁၀ )


.

No comments:

Post a Comment