Pages

Monday, November 8, 2010

သူ ပေါက်သွားသည်


သူ ပေါက်သွားသည်


သူ ပေါက်သွားသည်လို့  ပြောလိုက်ရင် အဓိပ္ပါယ်က နှစ်မျိုးပေါက်သွားတယ်။ ဟိုလို ပေါက်သွား တာရယ်၊ ဒီလို ပေါက်သွားတာရယ်။ အဲ... ဒီလိုပြောလိုက်တော့လည်း ပိုမရှင်း ဖြစ်သွားလိမ့်ဦးမယ် နဲ့ တူတယ်။ ရှင်းအောင် ပြောရရင် အရူးစိတ်ပေါက်တာမျိုးရယ်၊ တကယ် တရားဘောကို သာမန် သဘောပေါက်တာနဲ့  တရားထူးပေါက်တာရယ်လို့  နှစ်မျိုးပေါ့။


၁၇ နှစ်သား ဂျာမန် ကောင်လေးက ကျောင်းလာပြီး ဗုဒ္ဓဘာသာ အကြောင်းလေ့လာဖို့  နှစ်ပတ် အချိန်ပေးပါတယ်။ နှစ်ပတ်မပြည့်သေးခင် ဟိုကထိန်သွားလည်း သူက နောက်က ကပ္ပိယ အနေနဲ့  လိုက်။ ဒီကထိန်သွားလည်း သူကလည်း လိုက်ပေါ့လေ။ ကထိန် မသွားခင်က သူတရားထိုင်တာ မညောင်းတော့ဘူး၊ တစ်ခါမှ မပျော်ဖူးတဲ့ အရသာမျိုး ခံစားရတယ်တဲ့။ ဘယ်လိုခံစားရသလဲဆိုတော့ သူပြောတာကိုလည်း ပါးစပ်က တအားကြီး မဖေါ်ပြတတ်။ သို့ သော် မျက်နှာကတော့ ပင်ပန်းတဲ့ အရိပ်ရောင် မရှိလေသလော လို့ တောင် ထင်မိရဲ့ ။ လူငယ်၊ သွေးနုသားနု ခွန်အားပြည့်ချိန်လည်း ဖြစ်မှာပေါ့လေ။

အော်... စီးပွါးရေး ၊ ပညာရေး ၊ အချစ်ရေး ၊ ဓမ္မရေး ။ အရေးမှန်သမျှ လောကီ လောကုတ်ဟာ အရွယ် ငယ်တုန်းက ကိုယ်ထင်သလို လုပ်ရင် လုပ်သလိုမျိုးကို ဖြစ်ပါ့လားဆိုတာ သူ့ ကို ကြည့်ပြီးလည်း သဘောပေါက်နိုင်ပါတယ်။

တကယ် မပျင်းမရိနဲ့  နံနက် ၆နာရီထိုးမှ ည ၉ နာရီထိ သူ့ မှာ တကယ့်ကို အားတက်သရော ရှိပုံများ။ ပြောစကားကိုလည်း နားကလည်းထောင် ၊ စိတ်ကလည်းမှတ် ၊ မေ့လည်း မမေ့ပစ်ပါ့လားလို့ တောင် ထင်မိရဲ့ ။ ( မတော်မရှိ ငါ့တပည့်ကွ၊ တော်ရင်ကိုယ့်ဟာ ၊ မတော်ရင် သူ များဟာ..)။

ကိုယ်က အနည်းငယ် ပြောလိုက်တာနဲ့  ပေါက်လွယ်ပါ့လား။ တစ်နေ့ သားမှာတော့ ကထိန်တစ်ခုကို သွားပါတယ်။ ဘုန်းကြီး တစ်ပါးက သူ့ ကို မေးတယ်။ မင်း ဒီပွဲမှာ ကြည့်ရတာ ပျော်ရဲ့ လားပေါ့။ သိပ်မပျော်လှဘူးတဲ့။ ပလစ် ပလစ် ပလစ် ၊ ပလာ ပလာ ပလာနဲ့  ညံပွက်နေတာပဲတဲ့။ ဘာတွေမှန်းကို မသိဘူးတဲ့။

ဟော.. သူက ဒီလို ပြောတော့ ဘာသာရေးနဲ့  ပျော်ရွှင်တာဟာ ရောသွားတာပါကွာ။ ဒါက လူတွေက ဒီလို ပျော်တာကို ပြောနေကြတာကို သဘောကျတာကွ။ မင်းသိတဲ့ အတိုင်းပဲလေကွာ ၊ ဒါက လူ့ ထုံးစံပဲ ။ ဘာသာရေးနဲ့ တော့ မဆိုင်ဘူး။ ဘာသာတိုင်းမှာ ရှိတယ်ကွ။ လို့  တစ်ပါးက ထပ်ရှင်း လိုက် တော့လည်း အင်း... သူလည်း လက်ခံသွား ပါတယ်။

နောက်တစ်ခု သူမရှင်းတာ တစ်ခုကိုလည်း ပြောပါတယ်။ ပရိတ်ရွတ်ပြီးတော့ ရေကို ပက်ဖြန်းတာ တစ်မျိုးကြီးလို ဖြစ်နေတယ် တဲ့၊ အခြားဘာသာမှာလည်း ဟိုးလီးဝါးတား နဲ့  သွားတူတယ်တဲ့။ သူကိုယ်တိုင်က ဒီ ရေမျိုးလောက်ပဲ နားလည်သွားပါတယ်။ ပရိတ်ရွတ်တာ ဖတ်တာကိုတော့ သူ လက်ခံတဲ့ သဘောကို ပြောပါတယ်။ သို့ သော် လူတွေကို ဖြန်းပေးတဲ့ ပုံစံမျိုး သူမကြိုက်သယောင် ပြောပါတယ်။


ဟော လုပ်ပြန်ပြီ ။ ဒီနေ့  ညနေခင်း ဘုရားဝတ်ပြု ၊ တရားထိုင်ပြီးချိန်။ သံဃာတွေကို ဖျော်ရည်ကပ်ဖို့  ပြောလိုက်တော့နားလည် ပါးလည်စွာ သင်ထားတဲ့ အတိုင်း သေချာကပ်ပါတယ်။ ဘုန်းကြီးဆိုတော့ လည်း ကိုယ့်အတွက် ထည့်ပြီးချိန်မှာ သူများကိုလည်း ကိုယ်ချင်းစာ ဗိုက်ချင်း စာနာပြီး သူ ပင်ပန်း နေတာ လိုအပ်လေမလား အထင်နဲ့  သောက်ပါဦးလား မေးမိပါတယ်။ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးတဲ့။
အောင်မာ. သူက လုပ်ချလိုက်ပီ။
ဖျော်ရည်အတွက် လောဘ မရှိပါဆိုပါလား...

နောက်သလို ပြောင်သလိုနဲ့  ရယ်ပြီးပြောပါတယ်။

အဲဒါနဲ့  သူ သဘောပေါက်အောင် တစ်ပါးက သောက်တယ် သောက်တယ် လို့ မှတ်သောက်ရင် ဒါတရားမှတ်ခြင်းပဲပေါ့။ နောက်တစ်ပါးကလည်း အေးကွ။ ဒါက လောဘ ဖြစ်မယ်ဆို ဖြစ်စရာ ၊ မင်းကတော့ လောဘမဖြစ်ဘူး။ တို့ ကတော့ သောက်ချင်လို့  မဟုတ်ဘူး၊ ဗိုက်ကို ပေးတာ ၊ ဒါန လုပ်တာကွ လို့  ။ သူ့ ကိုပြန်ပြီး ရယ်သလိုလို တကယ်ပြောလိုက်ပါတယ်။

သူပေါက်သွားသည်။
သူပေါက်သွားသည်။


မှတ်ချက်။ ။ ဒိုင်ယာရီစာအုပ်မှာ မဆန့် လို့ 
ဘလော့ပေါ်မှာ ရေးတင်လိုက်ပါသည်။
အတွေ့ ကြုံမျှဝေခြင်းလည်း ပါဝင်ပါသည်။



မြတ်ရောင်နီ
( ၀၈ ၊ ၁၁ ၊ ၂၀၁၀ )


.

1 comment:

  1. အတွေ့ အကြုံများဝေငှပေးတာကျေးဇူးတင်ပါတယ်ဘုရား။

    ReplyDelete