Pages

Wednesday, November 10, 2010

ကထိန် ဖိတ်ကြားလွှာ



ကထိန် ဖိတ်ကြားလွှာ

သာသနာနှစ် ၂၅၅၄ခုနှစ်၊ မြန်မာနှစ် ၁၃၇၂ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်၊ ခရစ်နှစ် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ( ၁၄ )ရက်၊ တနင်္ဂနွေနေ့ ၌ ဂျာမဏီနိုင်ငံ ၊ ဖရိုက်ဇင်းမြို့ ၊ ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း သီတင်း သုံးနေထိုင်ကာ ပုရိမ၀ါမှ ထတော်မူကုန်သော ဘုရားသားတော် သံဃာတော် အရှင်မြတ်တို့ အား ကထိန် သင်္ကန်းလျာနှင့် အခြံရံ ပရိက္ခရာ လှူဖွယ် ပစ္စည်း ၀တ္ထု အဖြာဖြာတို့ ကို တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းခြင်း၊ ဆရာတော် သံဃာတော် တို့  ဟောကြား အပ်သော ပရိတ်တရားတော် နှင့်၊ကထိန် အနုမောဒနာ တရားတော်တို့ ကို အတူတကွ နာယူလိုပါ သောကြောင့် ကျွန်ုပ်တို့ နှင့် ညီတူ ညီမျှ ကုသိုလ်ထူးကို ရယူကြစေရန် မေတ္တာရှေ့ ထား လေးစား သောအားဖြင့် ဖိတ်ကြား လိုက်ပါသည်။

ကထိန် အလှူခံ သံဃာတော်များ
ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း

အရှင်တေဇောဘာသ ( မြန်မာ )

အရှင်လာဘသာမိ ( မြန်မာ )
အရှင်ဌိတဓမ္မ ( ဂျာမဏီ )

နှင့် အခြားပင့်သံဃာ သုံးပါး ဖြစ်ပါသည်။

အကျိုးတော်ဆောင်
ဗောဓိဝိဟာရကော်မတီ
ဗောဓိဝိဟာရ ဗုဒ္ဓဘာသာကျောင်း
ဖရိုက်ဇင်းမြို့ ၊ ဂျာမဏီနိုင်ငံ


အစီအစဉ်
၈နာရီ မှ ၉ နာရီ ထိ
မနက်စာ Buffet စနစ်ဖြင့် သုံးဆောင်ကြပါမည်။

၉ နာရီမှ ၁၀ နာရီ ထိ
(Morgenandacht) ဘုရားရှိခိုး၊ တရားထိုင်ခြင်း

၁၀- ၁၀ : ၃၀ အစီအစဉ် စတင်ခြင်း နှင့်
နှုတ်ခွန်းဆက် စကားပြောကြားခြင်း
( ကထိန်ပွဲတော် အကြောင်း ပြောကြားခြင်း)

၁၀:၃၀ - ၁၀:၄၅ ကထိန်သင်္ကန်းကပ်လှူခြင်း
၁၀:၄၅ - ၁၁:၀၀ ပရိတ်တရားတော်ရွတ်ဖတ်ခြင်း၊
ဆုတောင်း။ အမျှဝေ ခြင်း
၁၁:၀၀ - ၁၁:၃၀ သံဃာများအားဆွမ်းလောင်းခြင်း။
၁၁:၃၀ - ၁၂:၃၀ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ တရုတ်၊
ဂျာမနီ နိုင်ငံတို့ မှ ရိုးရာယဉ်ကျေးမှု အစီအစဉ်
၁၂:၃၀ - ၁၄:၀၀ နေ့ လည်စာ Buffet

၁၄:၀၀ - ၁၅:၀၀ တရားတော် ဟောကြားသွားပါမည်။
၁၅:၀၀ - ၁၆:၀၀ တရားဆွေးနွေးပွဲ ( တရား အမေး ၊ အဖြေ )
၁၆:၀၀ - ၁၆:၃၀ ညနေပိုင်းဘုရားရှိခိုးခြင်း၊

Veranstalter(စီစဉ်သူ):
Buddhistische Gemeinde des Kloster Bodhi Vihara,
Domberg 10, 85354 Freising
Telefon: ,8161 8627310
Fax: 08161-8627312
Webseite: www.bodhi-vihara.org

Ort: (နေရာ)NIFO -
Thailändische Spezialitätenrestaurant
Bajuwarenstraße 5
85375 Neufahrn bei Freising
+49 8165 9759860

Anfahrt:(လမ်းညွှန်)

Bajuwarenstraße
လမ်းနာမည်က အသစ်ဖြစ်သောကြောင့်
Navigationssystem မှာရှိမှာမဟုတ်သေးပါ။
အနီးဆုံးလမ်းကတော့ အရင်ကတည်းက ရှိသည့်
Römerstraße. ဖြစ်ပါသည်။ Römerstraße.
ဆိုရင်တော့ သိကြပါမည်။
Bodhi Vihara ကျောင်းနဲ့  NIFO က
ု ကြိုပို့ ပေးမည့်ကားများ စီစဉ်ထားပါသည်။


မှတ်ချက်။ ။ ( ၀၈ ၊ ၁၀ ၊ ၂၀၁၀ ) မြတ်ရောင်နီ ဘလော့ဂ်မှာ
ကြေငြာပြီးသားကို ကိုးကားပါသည်။

ကျောင်းနေ သံဃာသုံးပါး ဟုသာ ပထမ ကြေငြာထားသော်လည်း
ယခု ပင့်သံဃာ သုံးပါးလည်း ထပ်တိုးကြောင်း
အသိပေး ပြောကြားလိုက်ပါသည်။






မြတ်ရောင်နီ
( ၁၀ ၊ ၁၁ ၊ ၂၀၁၀ )



.

No comments:

Post a Comment