Pages

Saturday, November 6, 2010

တောရကျောင်း အမှတ်တရ


တောရကျောင်း အမှတ်တရ




တောရကျောင်းဝိုင်းအတွင်း
( ဤနိုင်ငံမှာ စေတီတည်ခွင့် မရှိသေးတာနဲ့ )
မြေကြီးတွေ ခပ်မြင့်မြင့် စုပုံပြီး
အပေါ်မှာ ဘုရားရုပ်ပွါး တည်ထားပုံ






ကျောင်းအတွင်း မှာ
မဂ္ဂင် ရှစ်ပါး ကိုယ်စားပြု
အလှဆင်ထားသည့် နံရံ တစ်ခု




သိမ်ကံဆောင် သံဃာများ
မိုးရွာကြီးထဲမှာ ကံဆောင်နေကြသည်





ကံဆောင် အပြီးမှာ ကျောင်းနေသံဃာများက
ဘုရား ရုပ်တုတော်များကို
လူပရိသတ်မျာအား
ဝေငှ စွန့် ကြဲလှူဒါန်းကြပုံ





တောရကျောင်း နာမည်က

မုတ္တောဒယ ကျောင်း

(တိုးတက်လွတ်မြောက်ရေးကျောင်းတော်ပေါ့)




တောအုပ်ကြားမှာ တစ်ပါးနေ
ကမ္မဋ္ဌာန်းကျောင်းလေးကလည်း
စိတ်ဝင်စားစရာ




စင်္ကြန်သွားရင်း တရားမှတ်ဖို့ 
လမ်းလေးကလည်း တမင်္ဂလာပဲ
သန့် သန့် ရှင်းရှင်း လုပ်ထားတယ်





ကျောင်းဝိုင်းအတွင်း သပိတ်ကိုယ်စီနဲ့ 
ဆွမ်းလောင်ပွဲ
ဦးသူတော်မှ သပိတ်ဆွမ်းပြည့်သည့်အခါ
ဆွမ်းများကို လှယ်ပေးနေသည့်ပုံ




သိမ်နယ်နိမိတ်သတ်မှတ်သည့်
ပါသာဏနိမိတ္တ ကျောင်းလုံးကို
ရွှေပြားများဖြင့် အဓိဋ္ဌာန် လှူ ကြသည့်
ထိုင်းမိသားစု အများအပြား




မှတ်ချက်။ ။ ၅ရက်နေ့  ညသွားကြိန်းစက်
၆ရက်နေ့  ပြန်လာပါသည်။
စာမရေးအားသည့်အတွက် ဓာတ်ပုံတင်လိုက်ပါသည်။
ဓာတ်ပုံကို ယောဂီတပည့်သားလေးက
ဆရာ့စိတ်ကြိုက် သူထင်သလို ရိုက်ပေးပါသည်။





မြတ်ရောင်နီ
( ၀၆ ၊ ၁၁ ၊ ၂၀၁၀ )


.

2 comments:

  1. ဘုန်းကြီးကျောင်းကို ကြားဖူးနေပေမဲ့ အခုမှပဲ
    တွေ့ ရတော့တယ်။ သာသနာ ပြန့် ပွား လာအောင်
    ဆောင်ရွက်နေကြသူများအား လေးစား ဦးတင်မိပါတယ်ဘုရား။

    ReplyDelete
  2. ဓာတ်ပုံက ပိုတောင်ကောင်းသေး။ :)

    ReplyDelete